...... ရင်ကွဲနာ ......
အလှူငွေ 50000 ကိုလက်ထဲမှာ ဆုပ်ရင်း
ကျွန်တော်ရင်ထဲက နာနေတယ် ... ၊
လွန်ခဲ့တဲ့ 2 နာရီလောက်ကသာ
ကျွန်တော် ဆောက်မယ့် ကျောင်းလေး အတွက်
အလှူငွေ လာပေးရင် သိပ်ပျော်ခဲ့မှာ ကျွန်တော်ပေါ့
ပုသိမ်က ပြန်လာတုန်းက
ကျွန်တော့်ဆီ ဖုန်းတစ်ခု ၀င်လာတယ်
ဗလ မင်းလာမှ ရမယ်တဲ့ ...
ဘာအကြောင်းလဲ ဆိုတော့
ကျွန်တော်တို့ သူငယ်ချင်းတွေ နဲ့ စေတနာရှင်တွေ စုပေါင်းပြီး
အဆင်မပြေတဲ့
ကျွန်တော်နဲ့ ဘ၀တူ
HIV ခံစားနေရသူတွေကို
တစ်လကို အာဟာရအတွက် အထောက်အပံ့ရယ် + ဆေးဖိုး ရယ်
25000 ပေးတာပေါ့
အများကြီး မဟုတ်ပါဘူး
တက်နိုင်သလောက် လူ 8 ယောက်ထဲရယ်ပါ ...
" အဲဒီက လူနာ တစ်ယောက် ဆေးဖိုးတွေကို ဆေးမသောက်ပဲ ရောင်းပစ်လိုက်လို့တဲ့လေ
( သူ့ကျန်းမာရေးကလဲ တော်တော်လေးဆိုးနေတာကြောင့် ) ဆေးရောင်းပစ်ဖို့ မသင့်ဘူးပေါ့ "
မင်းလာပြောမှ အဆင်ပြေတော့မယ်တဲ့ ....
ရန်ကုန်ရောက်ရောက်ခြင်း ကိုယ်ကလဲ
နေသိပ် မကောင်းခြင်တာကြောင့် အဲဒီကို ချက်ခြင်း မသွားနိုင်ဘူး
ဒီနေ့ ညနေတော့ ဘာပဲ ဖြစ်ဖြစ်ဆိုပြီး
အဲဒီကို သွားဖို့ ဆုံးဖြတ်ခဲ့တယ် ....
ကားပေါ်မှာ 1 နာရီ 30 မိနစ်လောက် အောင့်အီး ထိုင်စောင့်ရင်း
............. ကိုရောက်သွားတော့
စိတ်ဆောနေတဲ့ စိတ်တွေကြောင့် လူနာဆီ ဆိုင်ကယ် Taxi နဲ့ သွားခဲ့တယ် ...
အိမ်ကိုရောက်တော့
အိမ်ယာထဲမှာ လဲနေတဲ့ အမကိုကြည့်ပြီး ဘားမှ မပြောနိုင်ဘူး
............. :-( ................
ကျွန်တော်လာတော့ မကြီးရဲ့ သမီးလေးက
ပြေးလာပြီး
ဒညင်းသီး ဆီစိမ် နောက် ပုရစ်ကျော်ကို လာကျွေးတယ်
ရေနွေးဗန်းလေး နဲ့ပေါ့ ... ( ကျွန်တော် သိပ်ကြိုက်တဲ့ အစားအစာပေါ့ )
စား မောင်လေး စား
နောက်မှ အမတို့ပြောကြအောင်ဆိုတဲ့ စကားကို နားထောင်ရင်း
" အမရယ် အမဒီလောက် နေမကောင်းတာ
ဆေးတွေ သောက်လေ အမရယ်
ဘာလို့ ဆေးတွေ ကိုရောင်းပြစ်တာတုန်း လို့ မေးလိုက်မိတယ် ...... "
အသံတုန်တုန် နဲ့ ပြောလာတဲ့စကားတွေ ကို နားထောင်ရင်း
ဘေးကနေ အားကိုး တကြီး လက်လေးကို လာဆုပ်ကိုင်တဲ့
လက်သေးသေးလေးကို
ကိုင်ရင်း ကျွန်တော်ဘားမှ ပြန်မပြောနိုင်တော့ပါ ... :-(
" မောင်လေးရယ်
အမတို့ ဘ၀က ဆင်းရဲလွန်းတာမှ
ဘာကြောင့်မှန်းမသိ ပြည့်တန်ဆာ ဘ၀ကိုရောက်ခဲ့တယ်
.... ပိုက်ဆံလေး နည်းနည်းရဖို့
အမ နဲ့ အမ အမေ ထမင်း ၀ဖို့ အမ ခိုင်းတာလုပ်ခဲ့ရတယ် :-(
အမ သမီးလေး ကိုယ်ဝန်နဲ့ အတူ
HIV ဆိုတဲ့ ရောဂါကိုပါ ရခဲ့တယ်
ပါတ်ဝန်းကျင်က အဖေမပေါ်တဲ့ ကလေးဆိုပြီး ဖျက်ချဖို့ပြောပေးမယ့်
အမ မဖျက်ရက်ဘူး .....
အမလေ
သမီးလေးကို စာသင်ပေးခြင်တယ်
အဆင်မပြေနိုင်တဲ့ ဘ၀မှာ ဆန္ဒတွေ မြိုသိပ်ရင်း အမတို့ ဒီတိုင်း .... :'(
အမတို့ ဘ၀မှာ အလှူဆိုတာ
သေချာ စဉ်းစားရင် သိပ်မလှူဖြစ်ခဲ့ဖူးနဲ့ တူတယ်
အမလေ တစ်လစာ ဆေးဖိုးကို မသောက်ပဲ သိမ်းထားလိုက်တယ်
အမ နဲ့ အမသမီးလေး အရက်ဆိုင်မှာ
ဒညင်းသီး ဆီစိမ် နဲ့ ပရစ်ကျော် လိုက်ရောင်းဖို့ အရင်း အနှီးလေး လုပ်လိုက်တယ်
" အမ စုထားတာ နဲ့ အခု 50000 ပြည့်ပြီ မောင်လေးတဲ့ "
အမကို ကထိန် တစ်ခုခုမှာ နည်းနည်း
မောင်လေးဆောက်နေတဲ့ ကျောင်းမှာ ကျန်တာကို လှူပေးပါတဲ့ .... :'( :'( :'(
အမ နဲ့ အမ သမီးလေး သမာအာဇီဝ စစ်စစ်ပါ မောင်လေးရယ်တဲ့ ....
အမကို မဆူပါနဲ့မောင်လေးရယ်
အမလေ နောင်ဘ၀ ဖြစ်ဖြစ် သမီးလေးကို ပညာတက်ဖြစ်စေခြင်တာကြောင့်
လုပ်မိလုပ်ရာလုပ်လိုက်ရတာပါ .....
စားနေတဲ့ ပရစ်ကျော်နဲ့ ဒညင်းသီး ဆီဆိမ်က
လည်ချောင်းမှာ နင်လာတယ် ....
ရှေ့က ဘ၀ တူ အမ
ဘေးက အားကိုးတကြီးလက်ကို လာကိုင်တဲ့ ဘ၀တူ သမီးငယ်
ကျွန်တော် .... :-( :-( :-(
ကျွန်တော် ဘာများ တက်နိုင်မလဲ ........
" ..... ကျွန်တော် ဆောက်နေတဲ့ ကျောင်းလေး အတွက်
ဆေးမသောက်ပဲ အရက်ဆိုင်မှာ
ဈေးလိုက်ရောင်းရင်းစုထားတာတဲ့ေ လ
သမီးလေး နောင်ဘ၀မှာ ပညာတက်ဖြစ်စေခြင်လို့တဲ့ ...... "
ကျောင်းလေးတည်ဆောက်ဖို့ အလှူငွေ 50000 ကိုလက်ခံရင်း
ကျွန်တော့် ရင်တွေနာနေတယ် .......
ပြန်ရာလမ်းတစ်လျှောက်မှာ
ကားပေါ်မှာ ဘယ်သူ ဘာကြည့်ကြည့်
ဂရုမစိုက်နိုင်တော့ပဲ ချုံးပွဲချ ထိုင်ငိုနေမိပါတော့တယ် ....
ကျောင်းလေးဆောက်ဖို့ ၊ နောင်ဘ၀ ပညာတက်ဖြစ်ဖို့တဲ့လေ ....
ကျွန်တော် ဘာလုပ်ရပါ့ ။
—
0 comments:
Post a Comment