Thursday, November 29, 2012

ပရိသတ် ဖြစ်သွားသော တရားခံများ


by Myo Chit Myanmar on Thursday, November 29, 2012 at 11:37am 


ဒီရက်ပိုင်း သိပ်နေမကောင်းလို့ တစ်ချက်တစ်ချက် မှ FB ဝင်ဖတ်လိုက်တိုင်း မြင်နေကြားနေတာတွေ နဲ့ ပါတ်သက်ပြီး တွေးမိတာလေးတွေ ရှိလာတယ်ခင်ဗျ။
ခု ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေက သိပ်ကိုင်တွယ်ရခက်နေတဲ့ အချိန်မှာ အစိုးရကိုယ်တိုင်ရော အမေစု တို့ ပါ ဘယ်လောက် ခေါင်းစားနေမလဲ ဆိုတာ အဝေးကြီးတွေးကြည့်စရာမလိုပါဘူး။


ဒီလို အချိန်မျိုးမှာ တစ်ကယ် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူတွေက FB တို့ Blog တို့ ကို သတင်းဖတ်ရုံ / တင်ရုံတောင် သေချာ မသုံးနိုင်တော့ဘူးဗျ။ 
ဆေးအိပ် နဲ့ ငွေထုပ် နဲ့ ပိုက်ပြီး နေ့ည မအိပ်ရဘဲ လက်တွေ့ကြိုးကွင်းထဲမှာ ရောက်နေကြရပြီ။

အဲ့လိုအချိန်တွေရောက်လာတိုင်း Online ပေါ်ကနေ (ချဟေ့ ဆော်ဟေ့ မခံနဲ့ကွ) ဘာညာ ပြိုင်တူ ဒိုးပတ်တီးနေတဲ့သူတွေကြည့်လိုက် ရင် အကုန်လုံးက အပြင်က သူတွေချည်းဖြစ်ဖြစ်နေတာ အစဉ်အလာတစ်ခုလို ဖြစ်နေတာ ကြာခဲ့ပြီဘဲ။

ကြားရပေါင်းများလာတော့ အထဲက တကယ်ခံနေရတဲ့သူတွေရော ဖြေရှင်းနေရတဲ့ လူကြီးတွေရော သနားအားနာ လာလို့ပါ။

သေချာတာက ဒေါ်အောင်ဆန်းစုကြည် လို ပညာရှိတစ်ယောက်ဟာ လူသားချင်း မတရားမှုတစ်ခုကို ဘာကြောင့်မှ ဘယ်တော့မှ လစ်လျူရှူနေမယ့်သူမဟုတ်သလို နာမည်ကောင်းရကာစ အစိုးရဟာလဲ ခုမှ တရေးနိုး ယောင်ပြီး ခြင်ရိုက်သလို နာမည်ပျက်ရာပျက်ကြောင်း သွေးရူးသွေးတန်း ထလုပ်ရလောက်အောင် မအ ဘူးဗျ။
မအ လို့လဲ ခုချိန်ထိ ဆက်အုပ်ချုပ်နေနိုင်သေးတာကိုလဲ မမေ့သင့်ဘူး။

တစ်ကယ်တမ်းတွေးရမှာက ပြဿနာရဲ့နောက်က မမြင်ရတဲ့ တွန်းအားတွေက ဘယ်ကလာနေတာလဲ ဆိုတာဘဲ။

ခုချိန်မှာ ( ပြည်သူ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ အစိုးရ ) ကြား သုံးပွင့်ဆိုင် ပြဿနာ ထတက်မှာကို လိုချင်ရလောက်အောင် ဒီ လူတန်းစား ၃ ရပ်လုံးက ရူးမနေဘူး။
အဲ့လို ပြဿနာ ဖြစ်ခဲ့ရင် ဒီလူတန်းစား ၃ ခု လုံး မှာ ဘာ အကျိုးအမြတ် မှ မရှိလာနိုင်ဘူးဆိုတာ သူတို့ အားလုံး သေချာ နားလည်ထားပြီးသား။
၃ ဖက်လုံး လုံးဝ မလိုချင်ဆုံး အနေအထားဟာ ခု အခြေအနေဘဲ။

ဒီတော့ အိမ်ကြက်ချင်း အိုးမဲသုတ်နေတာ ဘယ်သူဆိုတာ ဆန်းစစ်ရမယ်လေ။

  • ဒီလို ပြဿနာတွေကြောင့် အမေရိကန် နဲ့ နိုင်ငံတကာက မြန်မာ ကို ပေးလာမယ့် စီးပွားရေး အကူအညီတွေ ရပ်ဆိုင်းသွားစေချင်တာ ဘယ်သူတွေ ဖြစ်နိုင်မလဲ။
  • မြန်မာ ကို အမေရိကန် ရဲ့ စီးပွားရေး နဲ့ စစ်ရေး မှာပါ မဟာမိတ် ဖြစ်သွားမှာ ဘယ်သူတွေ မလိုလားဘူးလဲ။
  • မြန်မာတွေကို အာရှတိုက်ရဲ့ အမှောင်ထုထဲမှာဘဲ အမြဲ ခေါင်းငုံနေရစေချင်တာ ဘယ်သူတွေလဲ။
  • တိုင်းပြည် ခုလို မငြိမ်သက်ဘဲ အလဲလဲအကွဲကွဲ ပြန်ဖြစ်လာမှ ပျောက်လုဆဲဆဲ စားခွက်တွေ ယိုင်နဲ့နဲ့ ထိုင်ခုံတွေ ပြန်မြဲသွားဖို့ ဘယ်သူတွေက တစ်ကယ်လိုလားမှာလဲ။

ဒါတွေကို ထည့်တွေးမှရမယ်။

" နွားကွဲရင် ကျားဆွဲတယ် " ဆိုတာ မြန်မာ တွေ ကိုယ်တိုင် ထွင်ထားပြီး မြန်မာ တွေဘဲ ဘယ်တော့မှ မလေးစား မလိုက်နာခဲ့တဲ့ စကားပုံတစ်ခု ဆိုတာ ခုထိလဲ ဘယ်လိုမှ ပြင်မရတဲ့ ပြဿနာအကြီးကြီး တစ်ခုဘဲဗျ။

ကျွန်တော် တို့ လူမျိုးတွေဟာ လည်မလို နဲ့ ရိုးအလွန်းတယ်
ဒါပေမယ့် ကိုယ့်ဘာသာ ကိုယ်တော့လဲ အရမ်းလည်တယ် ထင်နေတတ်ကြပြန်တယ်။

သဘောကောင်းလွန်းတော့ ...
သနားလွယ်တယ် ..
အယုံလွယ်တယ် ..
သွေးဆူလွယ်တယ် ..
ချစ်လွယ် မုန်းလွယ် ခံစား မေ့ပျောက် လွယ်ကြတယ် ..
ဒီတော့ လိုသလို မှိုင်းတိုက် လှည့်ဖျား သိမ်းသွင်း ရတာလဲ သိပ်လွယ်တယ် .. ။

ဒါကို သိထားတဲ့ တိုင်းပြည်ရဲ့ ရန်သူ တရားခံအစစ် ပေါက်ဖေါ်ကြီး နဲ့ မာမွတ် တို့ ကတော့ ခုချိန် ...
အကောင်းစား အရက်ပျင်းပျင်း တစ်ခွက်ဆီ နဲ့ အပြန်အလှန် CHEERS လုပ်ပြီးသောက်နေရင်း ..
အကြိမ်ကြိမ် မရိုးအီနိုင်တဲ့ အိမ်ကြက်ခြင်း ခွပ်ပွဲကို တဝါးဝါး ဟားတိုက်ရင်း ..
နှစ်ထောင်းအားရစွာ ပြုံးပြုံးကြီးကြည့်နေကြတဲ့အချိန်မှာ ..


ခါတော်မှီ ပြည်ပ သူရဲကောင်းတွေကတော့ FaceBook ရှေ့ဖွင့်ထိုင်ပြီး ..
သူတို့ Monitor တွေ အာပုပ်စော် တစ်ထောင်းထောင်း နံနေအောင် ..
လေသိုင်းနဲ့ BLAME GAME ဆော့နေကြလေရဲ့။


အဲ့ဒါပါဘဲ။

တိုက်ဆိုင်မှုရှိရင် ဝမ်းမြောက်စွာ ရည်ရွယ်ပါတယ်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...