ဗုဒ္ဓဘာသာစွဲ ပြဿနာလည်း မဟုတ်၊ အစ္စလမ် ဘာသာစွဲ ပြဿနာလည်း မဟုတ်။ ဖြေရှင်း ရမည့်ပြဿနာမှာ လူစုလူဝေးစွဲပေတည်း။
မကြာသေးမီက
ရှမ်းပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများက ညွှန်ပြနေသည်မှာ
မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၏ သဘာဝသည်
နှစ်ပရိဒေစ္ဆများစွာ မတည့်ခဲ့သည့် အသိုင်းအဝိုင်း
တစ်ခုနှင့်တစ်ခုကြားမှာသာပေါ်ပေါက်သော ရန်ပွဲဆိုသည့်
အနားသတ်မျဉ်းကိုကျော် လွန်နေပြီ ဆိုသည့် သဘောပါတည်း။ အမှန်ကတော့
နှစ်ပေါင်းများစွာ မည်သည့် အထွေအထူး ပြဿနာမှ မရှိဘဲ နေလာခဲ့သည့်
ပြည်သူလူထုသည် ရုတ်ချည်းဆိုသလို ရိုင်းစိုင်းကြမ်းကြုတ်သော
ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် မူဆလင်ဘာသာဝင်များအဖြစ်
ပြောင်းလဲသွားကုန်ကြလေ၏ ။ ထိုအချက်က သက်သေပြု သည်မှာ တကယ်မတော့
ပြဿနာ၏သဘောသည် တချို့သော သူတို့သည်တခြား သူတို့အပေါ်မှာ သူတို့ မြင်သော
အမြင် ပြောင်းလဲလာခြင်းပေါ်မှာ မူတည်နေကြောင်းဆိုတာ ဖြစ် ပါသည်။