ဒီမိုကရေစီ အသိနှင့်အရှိ
သစ္စာနီ
|
တနင်္လာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၅၃ မိနစ်
၁၉၆၂ ကစ၍ ကျွန်တော်တို့နိုင်ငံတွင် ဒီမိုကရေစီစနစ် တစ်ခန်းရပ်ခဲ့သည်။ ဗဟိုဦးစီးချုပ်ကိုင်မှု (TOTALITAR IANISM) အနှစ် ငါးဆယ်နီးပါး လွှမ်းမိုးခဲ့သည်။ အခုတော့ သမိုင်းဘီးတစ်ပတ်လည်ကာ၊ ဒီမိုကရေစီစနစ်ပြန်လည် အသက်ဝင် လာသည်။ ၈၈ အရေးတော်ပုန်မှာ လူထုအုံကြွမှုမှ ထွက်ပေါ်လာသော အသီးအပွင့်ဖြစ်သဖြင့် တန်ဖိုးထားကြရမည်။ တန်ဖိုးထားဖို့ ဆိုသည်မှာ တန်ဖိုးရှိကြောင်းသိမှ ဖြစ်နိုင်သောအရာ ဖြစ်သည်။
ဒီမိုကရေစီမှာ ဘာတန်ဖိုးတွေ ရှိသနည်း။ မကြာခင်က လျှပ်စစ်မီးပျက်မှုကို ဖယောင်းတိုင်ထွန်း၍ ဆန္ဒပြကြရာတွင်၊ ဆန္ဒပြသူတစ်ဦး ကိုင်ဆောင်ထားသည့်စာတန်းကို သတိထားမိ၏။ ''ဒီမိုကရေစီ နောက်မှပေးပါ၊ လျှပ်စစ်မီး အရင်ပေးပါ'' တဲ့။ တောင်ကိုးရီးယားသမ္မတ လာရောက်စဉ် က ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံခိုက်ပြောသွားသော စကားတစ်ခွန်းကို ကျွန် တော် အမှတ်ရနေ သည်။ ''ဒီမိုကရေစီကို ဘာနဲ့မှမလဲပါနဲ့'' တဲ့။
သူတို့ နိုင်ငံသည်လည်း စစ်အုပ်ချုပ်ရေးလက်အောက်မှ ရုန်းထွက်လာရသောနိုင်ငံဖြစ်လေရာ၊ သမိုင်း ဆိုင်ရာ အတွေ့ အကြုံအရ သတိပေးခဲ့သော စကားဖြစ်သဖြင့် အလေးဂရုပြုသင့်သည်။
ကျွန်တော်တို့နိုင်ငံတွင် လူတိုင်း နိုင်ငံရေးပါတီတိုင်းဟာ ယင်းဒီမိုကရေစီကို ပြင်းပြင်းပြပြ တောင့် တတောင်းဆို
နေသည်။ ဒါဆို မရှိခင်သိအောင်လုပ်ဖို့ လိုသည်။ ဒီမိုကရေစီ၏ စံနှုန်းများ၊ တန်ဖိုးများ၊ ဥပဒေများ၊ မူဝါဒများ ကိုမသိဘဲ မည်ကဲ့သို့ ဒီမိုကရေစီကို တည်ဆောက်နိုင်ပါ မည်နည်း။ တည်ဆောက်မည်ဆိုလျှင်၊ လတ်တလော ကလေးကစားစရာ ရွဲတစ်လုံးအတွက်၊ ရွှေဖလားကို အဆုံးအရှုံးခံမည့် သူတွေ ပေါနေပေမည်။
ဒီမိုကရေစီ နောက်မှပေးပါ။ လျှပ်စစ်မီးအရင်ပေးပါ ဆိုတာမျိုးတွေ တွေ့နေရဦးမည်။ လူ့အခွင့်အရေးကို ထမင်း တစ်နပ်နှင့်လဲဖို့ ဝန်မလေးသူတွေကြောင့်၊ ကမ္ဘာပေါ်တွင် အာဏာရှင်နိုင်ငံတွေ တည်တံ့နေခြင်း ဖြစ်သည်။
မြို့ပြနိုင်ငံများအမွေကို ဆက်ခံခဲ့သည့် ရောမဒီမိုကရေစီသည်၊ ဂျူးလီးယက်ဆီဇာလို စစ်အာဏာရှင်များကြောင့် ပျက်သုဉ်းခဲ့ရသည်။ ထို့ကြောင့် ရှည်လျားသော သမိုင်းတစ်လျှောက် ဖိနှိပ်ချုပ်ချယ်မှုအရပ်ရပ်ကို မခံနိုင်သော
ပြည်သူတို့သည် တော်လှန်ရေးများဆင်နွှဲကာ၊ အင်္ဂလိပ်တော်လှန်ရေး (၁၆၄၁-၈၉)၊ အမေရိကန်တော်လှန်ရေး (၁၇၇၅-၈၃)၊ ပြင်သစ်တော်လှန်ရေး (၁၈၄ဝ-၇ဝ) ဒီမိုကရေစီစနစ်ကို ပြန်လည် အသက်သွင်းခဲ့ကြသည်။ သူတို့ကြွေးကြော်သံမှာ၊ လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူ အခွင့်အရေး ရရှိရေးနှင့် ပြည်သူ့ဆန္ဒအရ အုပ်ချုပ်ရေးတို့ဖြစ်သည်။ နိုင်ငံရေး သုခမိန်တစ်ဦးက၊ ''ဒီမိုကရေစီစနစ် တွင် ချို့ ယွင်းချက် အနည်းငယ်ရှိနေသည်မှာ မှန်ပါ၏။ သို့သော် လူ့အဖွဲ့အစည်းအတွက်၊ ဒီမိုကရေစီထက်ပို၍ ကိုက်ညီသင့်လျှော်သောစနစ်ကိုလည်
ဒီမိုကရေစီတွင် အလျားနှင့် အနံဟူသော မျဉ်းနှစ်မျဉ်း ရှိသည်။ လွတ်လပ်ခွင့်၊ တရားမျှတမှု၊ အများဆန္ဒအရ အုပ်ချုပ်ခြင်း၊ တန်းတူညီမျှခြင်းတို့သည် ဒေါင်လိုက်သဘောဆောင်သော မျဉ်းများဖြစ်၍'' ဒီမိုကရေစီ ယဉ်ကျေးမှုဟု ဆိုနိုင်သော ကျင့်ဝတ်၊ တာဝန်တို့မှာ အလျားလိုက် သဘောဆောင်သော မျဉ်းများ ဖြစ်လေသည်။ တချို့က ဒီမိုကရေစီကို လူကြိုက်များသော ကုန်ပစ္စည်းအမှတ်တံဆိပ်လို သဘောထားကာ မိမိအစွန်ထုတ်လိုသော ပစ္စည်း တိုင်းတွင် ထိုတံဆိပ်တပ်ကပ်ကြသည်။ ထိုအထဲတွင် လင်္ကျာအစွန်းရောက်များ၊ မင်းမဲ့ဝါဒီ အကြမ်းဖက်သမားများ လည်း ပါဝင်နေသည်ကို တွေ့ရသည်။ ထို့ကြောင့်တစ်ဖက်က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု တဖွဖွပြောနေကြခြင်း ဖြစ်သည်။ အမှန်တော့ ထိုစကားမှာလည်း မလိုအပ်။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီသည် သူ့ မူလသဘာဝကပင် စည်းကမ်း ပြည့်ဝပြီးသောကြောင့်ဖြစ်သည်။
စစ်မှန်သောဒီမိုကရေစီဟု ပြောကြသေးသည်။ ဒီမိုကရေစီမှာ ဘယ်လို နာမဝိသေသမျိုးမှ မလိုချေ။ မစစ်မှန်သောဟု ဆိုလျှင်၊ ထိုဒီမိုကရေစီမှာ ''အတု'' သာဖြစ်သဖြင့် စကားထဲထည့်ပြောနေစရာမလို။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ပါဝင်လိုသူတိုင်း (တကယ်တော့ လူတိုင်းပါဝင်ရမည်သာ ဖြစ်သည်။) ဒီမိုကရေစီဆိုတာ ဘာလဲ၊ သဲသဲကွဲကွဲသိမြင်ထားကြဖို့ လိုအပ်နေလေသည်။
ယခုပင် စာပေစိစစ်ရေးမရှိတော့သည်နှင့် ထိုအခွင့်အရေးကို တလွဲအသုံးပြုသော စုန်းပြူးတချို့ ပေါ်လာသည်။ ဒီမိုကရေစီနှင့် လွတ်လပ် ခွင့်ကို ဒွန်တွဲမြင်တတ်၏။ သို့သော် လွတ်လပ်ခွင့်နှင့် ပရမ်းပတာကို ခွဲခြားမမြင်တတ်ကြ။ လွတ်လပ်ခွင့်ဆိုသည်မှာ လူ၏ မွေးရာပါ အခွင့်အရေးပင် ဖြစ်သည်။ ထိုအခွင့်အရေးကို မည်သည့်အရာကမှ ချုပ်ကိုင်နှောင်တည်း၍ မရ။ သို့သော် ကန့်သတ်ထားသော အရာတော့ရှိသည်။ လူတစ်ဦး၏လွတ်လပ်မှုသည် အများစု၏ အကျိုးစီးပွားအသွယ်သွယ်ကို ထိခိုက်အန္တရာယ်ပြုမှု အဆင့်သို့ မရောက်သင့်သလို၊ အများစု၏ဆန္ဒ သည်လည်း လူပုဂ္ဂိုလ်တစ်ဦးစီ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို စော်ကား ချုပ်ချယ်ရာ မရောက်စေသင့်ဆိုသော အချက်ဖြစ်သည်။
ဒီမိုကရေစီတန်ဖိုးအတွင်း ရှိနေသော လွတ်လပ်မှုမှာ၊ တရားမျှတခြင်း၊ ကိုယ်ချင်းစာနာမှုရှိခြင်း စသည်တို့နှင့်ပေါင်းစပ်ဆက်နွှယ်နေသော တရားသာ ဖြစ်လေသည်။
0 comments:
Post a Comment