Wednesday, June 26, 2013

သမိုင်းတလျှောက်အကောင်းဆုံး Jazz သီချင်းများ...(၁)

by Sithu Aung (Notes) on Monday, June 24, 2013 at 2:37am
 
ဦးဦးသခင်ဂျီး(JL Tkg)ရဲ့ status တစ်ခုထဲက ကောင်မလေးပြောသလို၊ ဒီနေ့ကျွန်တော်စိတ်မပျော်ပါဆိုတဲ့အတိုင်း ဖြစ်နေတာမို့... အင်မတန်မှ ရင်နာစရာကောင်းတဲ့ Jazz သီချင်းတစ်ပုဒ်အကြောင်း ပြောပြပါမယ်... သီချင်းအကြောင်း မပြောခင် အဲဒီသီချင်းကိုဆိုတဲ့ အဆိုတော်အကြောင်း အရင်ပြောချင်သေးတယ်...


နာမည်က Billie Holiday တဲ့... ကမ္ဘာပေါ်မှာ အတော်ဆုံး Jazz အဆိုတော်လို့ပြောရင် ငြင်းတဲ့သူ ရှိကောင်းရှိနိုင်ပေမယ့်... အင်မတန်အဆိုပညာပိုင်နိုင်တဲ့ အဆိုတော်ပါလို့ ပြောရင်တော့ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ဘူး... သူ့ဘဝကသနားစရာ... ၁၉၁၅ မှာ ဖလာဒဲဖီးယားမှာမွေးတယ်... ငယ်တုန်းက ဒုက္ခသုတ်ခပေါင်းများစွာကြုံခဲ့ရတယ်... အဆိုးဆုံးကိုပြောပါဆိုရင် အသက်ဆယ်နှစ်မှာ လူငယ်ပြုပြင်ရေးစခန်းကို ရောက်တယ်..၊ ပြုပြင်ရေးစခန်းကနေ ၆ လပြည့်လို့ ခံဝန်နဲ့ထွက်လာတော့ စားသောက်ဆိုင်မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရတယ်... အသက် ၁၁ နှစ်မှာ ကျောင်းထွက်တယ်... သူ့အမေက သူ့ကိုအိမ်မှာ တစ်ယောက်တည်းထားခဲ့တုန်း ၁၉၂၆ မှာ အိမ်နီးချင်းက အဓမ္မကျင့်တာကိုခံရတယ်... အဲဒီလိုအဓမ္မကျင့်ခံရတဲ့ လူငယ်တွေကို ပြန်လည်ထူထောင်ပေးတဲ့ ထူထောင်ရေးစခန်းမှာ သွားနေရတယ်... ၁၂ နှစ်သမီးမှာ ထူထောင်ရေးစခန်းက ပြန်လွတ်လာတယ်... နောက်သူ့အမေနဲ့အတူတူ နူးယောက်ခ်ကို လိုက်လာတယ်... နူးယောက်ခ်မှာ သူ့အမေက ပြည့်တန်ဆာအိမ်မှာနေပြီး ပြည့်တန်ဆာလုပ်စားတယ်... ၁၉၂၉ မှာ နူးယောက်ခ်ရောက်ပြီးလို့ ရက်ပိုင်းပဲရှိသေးတဲ့အချိန် အသက် ၁၄ နှစ်မှာ Holiday လည်းပဲ တစ်ခါဆက်ဆံရင် ငါးဒေါ်လာရတဲ့ ပြည့်တန်ဆာဖြစ်သွားရတယ်... ဒါပေမယ့်အဲဒီနှစ် မေလလောက်မှာပဲ... ပြည့်တန်ဆာအိမ်ကို ရဲဝင်ဖမ်းလို့ မအေရော၊ သမီးပါ အဖမ်းခံရတယ်... အလုပ်စခန်းမှာ ၆ လလောက်နေပြီးတဲ့နောက်မှာမှ ပြန်လွတ်လာတယ်... အောင်မြင်လာတော့ Holiday က ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် မူးယစ်ဆေးအလွန်အကျွံသုံးသူ ဖြစ်လာတယ်... အဲဒါကြောင့်ပဲအဖမ်းခံရတယ်... အဲဒါကြောင့်ပဲ နောက်ဆုံးသေတယ်...

Holiday ဆိုခဲ့တဲ့ သီချင်းတွေ အများကြီးရှိပေမယ့်... ဒီသီချင်းက အကောင်းဆုံးပဲ... ဘယ်ပွဲမှာမဆို ပရိတ်သတ်အတောင်းခံရတဲ့သီချင်းပဲ... သီချင်းက အစကနဦးမှာ ကဗျာအနေနဲ့ ရေးထားတာ... ဒါကိုပဲ ကျွန်တော်တို့ ဗေဒါလမ်းတို့ မျက်သွယ်တို့လိုပဲ သံစဉ်ထည့်ပြီး သီချင်းလုပ်ဆိုထားတာ... ရေးတဲ့သူက Abel Meeropol တဲ့... Lewis Allan ဆိုတဲ့နာမည်နဲ့ စာတွေ၊ ကဗျာတွေရေးတယ်... ဒီကဗျာကို လက်ဝဲယိမ်းစာစောင်ဖြစ်တဲ့ The New Masses မှာ ထည့်သွင်းဖော်ပြခံရတယ်... နောက်ပိုင်းသီချင်းဖြစ်လာတယ်ပေါ့...

သီချင်းရဲ့အဓိကအကြောင်းအရာက lynching လို့ခေါ်တဲ့ ပြဿနာပဲ... အဘိဓာန်ထဲရှာကြည့်ရင် ဥပဒေလက်လွတ် လူစုလူဝေးနဲ့ ဝိုင်းအနိုင်ကျင့် (မ)တရားစီရင်တယ်လို့ အဓိပ္ပာယ်ဖွင့်ကြတယ်... ဒီမှာတော့ လူဖြူတွေက လူမည်းတွေကို မတရားအနိုင်ကျင့်ပြီး သတ်ဖြတ်တာကို ပြောတာပဲ... အဲဒီအချိန်က တောင်ပိုင်းပြည်နယ်တွေမှာ Ku Klux Klan ဆိုတာမျိုးတွေက အရမ်းကြီးထွားနေတယ်... လူမျိုးမတူတာနဲ့၊ အသားအရောင်မတူတာနဲ့ သတ်မယ်ဖြတ်မယ်ဆိုတာချည်းပဲ... (Time မဂ္ဂဇင်းက အခုမှာသာ ငါတို့ဘုန်းဘုန်းကို ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့... သူတို့ဆီမှာလည်း ဒါမျိုးတွေရှိခဲ့တာပဲ... မဟုတ်လား... ဟွန်း... လူတွေများ ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်လိုက်ကြတာ... မုန်းထှာအေ...) ဆိုတော့ကာ လူမည်းတွေ အများကြီး ဘာမဆိုင်ညာမဆိုင်နဲ့ အသတ်ခံကြရတယ်... မစ္စစပီမှာဆိုရင် အရမ်းဆိုးရွားတယ်... လူမည်းတွေကို သတ်တာဆိုတာ ရိုးရိုးမသတ်ဘူး... ငယ်ပါကိုဖျက်ထုတ်လိုက်ပြီး ဒီအတိုင်းအဝေးပြေးလမ်းကြီးမှာ ပစ်ထားတယ်... နောက်ဆုံးသွေးထွက်လွန်ပြီး လဲကျတော့မှ ကားကျိတ်ခံရအောင်လို့... အဲဒီလိုမျိုး ရက်ရက်စက်စက်တွေ လုပ်ခဲ့ကြတယ်... အိမ်တွေကို အလုံးလိုက်မီးရှို့တယ်... (ပြောတယ်နော်... နင်တို့လည်း ဒါမျိုးလုပ်ဘူးတယ်လို့... အခုမှ... လူ့အခွင့်အရေး... လူ့အခွင့်အရေး... ဖင်ဖြဲအော်မနေကြနဲ့... ကိုယ်လုပ်တုန်းကကြတော့ ကောင်းတယ်... ဟုတ်လား...) အိမ်သာတွေမှာ လူဖြူအိမ်သာကို လူမည်းဝင်မိရင် ရှိသမျှသွား၊ နံရိုးအကုန်ကျိုးတဲ့အထိ အရိုက်ခံရမယ်... လမ်းလျှောက်တာကအစ ပလတ်ဖောင်းကို နှစ်ပိုင်းပိုင်းထားတယ်... တစ်ခါသားတော့ ဘတ်စ်ကားပေါ်မှာ လူဖြူတွေ ထိုင်ခွင့်ရှိတဲ့နေရာက ကုန်သွားပြီ... လူမည်းတွေအတွက် နေရာပဲ ကျန်တော့တယ်... အဲဒါလူမည်းအမျိုးသမီးတစ်ယောက်က သူ့အတွက်ထိုင်ရမယ့် လူမည်းထိုင်ခုံလေးမှာ ထိုင်နေတာကို လူဖြူက "နင်ထပေးစမ်း... နင်နဲ့တူတူတွဲမထိုင်နိုင်ဘူး... နင့်ဟာနင်တော်ရာ နောက်နားမှာ သွားထိုင်"ဆိုပြီး မောင်းထုတ်တယ်... အဲဒါကိုလည်း ဘတ်စ်ကား မောင်းတဲ့သူက "ခင်ဗျားဗျာ... လူဖြူအတွက် ခုံမရှိတော့လို့ လူမည်းခုံဝင်ထိုင်မယ်ဆိုလည်း သူများထိုင်နေတာကို အတင်းမထခိုင်းပါနဲ့... သူနဲ့တူတူတွဲထိုင်ရင်ထိုင် မဟုတ်လည်း တော်ရာလွတ်တဲ့နေရာ သွားထိုင်ပေါ့"လို့ ဖြစ်သင့်တဲ့အတိုင်း ပြောရမယ့်အစား လူဖြူကိုကူပြီးတော့ မောင်းထုတ်ပေးတယ်... အဲဒါကို ဖယ်မပေးလို့ဆိုပြီး တရားစွဲတာ ခုနင်ကလူမည်းအမျိုးသမီးကြီးက အဖမ်းခံရတယ်... နောက်ဆုံးလူမည်းတွေအကုန်စုပြီး ဘတ်စ်ကားကုမ္ပဏီကို သပိတ်မှောက်ကြတော့မှ ဘတ်စ်ကားပေါ်မှာ လူဖြူလူမည်း နေရာခွဲထိုင်ရတဲ့ အမှုက ပျောက်သွားတာ... (တို့နိုင်ငံမှာ ဟိုးပဝေဏသီကစလို့... မာမူက ဒီနေရာထိုင်၊ အီစမန်ဒီနေရာထိုင်၊ ရာကွတ်ဒီနေရာထိုင်ဆိုပြီး ခွဲခြားတာမျိုး ဘယ်တုန်းကမှ တရားဝင်ရော၊ တရားမဝင်ရော မရှိဖူးဘူး... ဒါကိုပဲ လူမျိုးရေးခွဲခြားသတဲ့... ဘာသာရေးခွဲခြားသတဲ့... လူမျိုးတုန်း သတ်ဖြတ်နေပါသတဲ့... တို့ဆီမှာက ဖြူဖြူ၊ မဲမဲ ကြမ်းတပြေးတည်းနေလာတာ ဟူးမန်းရိုက်ဝက်ဆိုတာချည်းတောင် မမွေးသေးဘူး... အခုအချိန်မှ ငပြူးကငပြဲလာလုပ်နေတယ်... ခွဲခြားခြင်းခွဲခြား... ဒင်းတို့ကသာ ငါတို့သောက်ပြီးသားရေခွက်ကို ဝက်သားစားတဲ့သူတွေ သောက်တဲ့ရေခွက်မို့ မသောက်နိုင်ရတာနဲ့... ငါတို့စားတဲ့အသားက လည်မလှီးရသေးလို့ မစားနိုင်ရတာနဲ့... ငံပြာရည်တောင်မှ သီးသီးသန့်သန့် အလ္လာငံပြာရည်လို့ လုပ်ရတာနဲ့... ခွဲခြားခွဲခြားလုပ်တယ်ပြောကြေးဆိုရင် ဘယ်သူစတာလဲ... ပြန်မေးလိုက်မယ်...) အဲဒီလိုမျိုး လူလူချင်း နှိမ့်ချဆက်ဆံမှုတွေ အားကောင်းနေတဲ့အချိန်မှာ လူမည်းအဆိုကျော်ကြီးက ဒီသီချင်းကိုလည်း ဆိုချလိုက်ရော... ချက်ချင်းကိုပဲ ဒါကလူမည်းတွေအတွက် အားတက်စရာ၊ စီတန်းလမ်းလျှောက်ပွဲတွေမှာ လူစုလူဝေးနဲ့ နားထောင်စရာ၊ ဆိုစရာ သီချင်းဖြစ်လာတယ်...

Holiday နောက်ပိုင်းမှာ ဒီသီချင်းကို ပြန်ဆိုကြတဲ့သူ အများအပြားရှိပေမယ့် Holiday ရဲ့အရှိန်အဝါကို မယှဉ်နိုင်ကြဘူး...

သီချင်းစာသားက

"Strange Fruit"

Southern trees bear a strange fruit
Blood on the leaves and blood at the root
Black bodies swingin' in the Southern breeze
Strange fruit hangin' from the poplar trees

Pastoral scene of the gallant South
The bulgin' eyes and the twisted mouth
Scent of magnolias sweet and fresh
Then the sudden smell of burnin' flesh

Here is a fruit for the crows to pluck
For the rain to gather, for the wind to suck
For the sun to rot, for the tree to drop
Here is a strange and bitter crop

ဒါကိုမြန်မာလို ပြန်လိုက်ရင်

အံ့သြဘနန်းသစ်သီး

တောင်ပိုင်းက သစ်ပင်တွေမှာ ထူးဆန်းတဲ့အသီးတွေသီးနေတယ်...
သစ်ရွက်တွေပေါ်မှာသွေးတွေ...
အမြစ်တွေပေါ်မှာသွေးတွေ...
မဲညစ်ညစ် အတ္တဘောတွေက တောင်ပိုင်းလေပြည်အဝှေ့မှာ တွဲရရွဲလွှဲခိုလို့..
ပေါ့ပလာပင်တွေမှာ ထူးဆန်းတဲ့သစ်သီးတွေတွဲလွှဲခို...

ခမ်းနားလှတဲ့တောင်ပိုင်းရဲ့ကျေးလက်မြင်ကွင်းတွေမှာ..
ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ လိမ်တွန့်သွားတဲ့အာခံတွင်းတွေ...
တတိုင်းမွေးပန်းရဲ့ ချိုမြလတ်ဆတ်တဲ့ ရနံ့က...
အသားကင်နံ့အဖြစ် ပြောင်းလဲရုတ်ချည်း...

ဒီမှာကွယ်...
ကျီးတွေ ထိုးဆိတ်ဖို့၊ မိုးရေတွေ ရိတ်သိမ်းသွားဖို့ ထူးလှပါတဲ့ဒီသစ်သီး..
လေနဲ့အတူ သွေ့ခြောက်သွားဖို့၊ နေရောင်နဲ့အတူ ပုတ်သိုးဆွေးမြေ့သွားဖို့ ဆန်းလှပါတဲ့ဒီသစ်သီး...
အပင်ပေါ်ကနေ ကြွေကျမြေခပါလို့ အံ့လှပါတဲ့ဒီသစ်သီး...
ဒီမှာလေကွယ်...
ထူးပါပေ့... ဆန်းပါပေ့... အံ့ပါပေ့ဆိုတဲ့
ခါးသီးလှပါတဲ့ ဒီသစ်သီး...

လို့ ဘာသာပြန်ရမယ့်ပုံပါပဲ...

နားထောင်ကြည့်လိုက်ကြပါဦး...

MP3 လိုချင်သူများ ဒီ Link မှာ ဒေါင်းနိုင်ပါတယ်...
Link

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...