Monday, June 24, 2013

သစ်ထူးလွင် သတင်း စုစည်းမှု (၂၄-၆)

သစ်ထူးလွင်



Posted: 24 Jun 2013 06:34 AM PDT
နေပြည်တော်တွင် ဇွန် ၁၅ရက်မှစတင် ကျင်းပသော အကြိမ်(၅၀)မြောက် ကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက် ရတနာအချို့ပျောက် ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ ယင်းကျောက်မျက် ရတနာ ပျောက်ဆုံးမှုများမှာ ကျောက် မျက်ပွဲ စတင်ဖွင့်လှစ်သော ဇွန် ၁၅ ရက်နှင့်ဇွန် ၁၆ရက်များတွင် ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျောက်မျက်ပြပွဲတစ်ခုတွင် ကုန်သည်တစ်ဦး ရတနာတစ်ပွင့်ကို စစ်ဆေးနေစဉ်။ File Photo/AFP

Posted: 24 Jun 2013 06:18 AM PDT
ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများကို စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများအား ရာထူးလျှော့ချ သည်အထိ အရေးယူသွား မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။ “ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်အောင် ကျောင်းတက်ရပါမယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 06:06 AM PDT
ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဧရာရွှေဝါ ကုမ္ပဏီက သိမ်းထားတဲ့ လယ်တွေကို မူလပိုင်ရှင် လယ်သမားတွေထံ ပြန်မပေး နိုင်သေးတာဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတာ တွေကြောင့် ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာညောင်ချောင်းနဲ့ ဘုရားချောင်း ကျေးရွာတို့မှာ ဧရာရွှေဝါကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်မြေဧက ၂၀၀၀ ကို ပြန်ပေးဖို့ တိုင်းလွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆုံးဖြတ်ပေးပြီး ဖြစ်ပေမယ့် အခု စိုက်ပျိုးချိန် ရောက်တဲ့ထိ လယ်တွေ ပြန်မရသေးဘူးလို့ လယ်သမားတွေက ပြောကြောင်း

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဧရာဝတီတိုင်းအတွင်းရှိ လယ်ကွက်တကွက်

Posted: 24 Jun 2013 06:02 AM PDT
မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းကို နိုင်ငံတကာ အကူအညီများဖြင့် ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ် ပည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။ လက်ရှိတွင် အဆိုပါ အမြန်လမ်း တစ်လျှောက် ယာဉ်အစီး ၁၀၀၀ လျှင် ယာဉ်တစ်စီးနှုန်းဖြင့် မတော်တဆမှုများ ဖြစ်နေခြင်းကြောင့် ယခင်အမြန်လမ်း တည်ဆောက်ခဲ့သည့် မာစတာပလန်အတိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဇွန် ၂၂ ရက်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 05:57 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း-နမ့်တောသွား မော်တော်ယာဉ်လိုင်းများကို ဇွန်လ ၁၈ ရက်နေ့မှ စတင်ကာ ရပ်နားထားမှုကြောင့် ဒေသတွင်း ခရီးသွားလာမှု စရိတ်များ အဆမတန် မြင့်တက်လျက်ရှိကြောင်း ယင်းမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ "မိုးတွင်းရောက်ပြီဆိုပြီး ဟုမ္မလင်း- နမ့်တောဘက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ခရီးစဉ်တွေကို ပိတ်လိုက်တော့ ဆိုင်ကယ် ကယ်ရီတွေနဲ့ပဲ သွားလာရတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 05:37 AM PDT
လူကောင်သေး သေး၊ ချည့်နဲ့နဲ့နှင့် စကားကိုပင် ဖြောင့်အောင် မပြောနိုင်ရှာသော ET အဖြစ် လူသိများလှသည့် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ဗေဒင်ဆရာမထံ ဗိုလ်ချုပ်ကြီး များမှသည် နိုင်ငံရပ်ခြား မှ နိုင်ငံ ရေးသမားများ အထိ အာရှ၏ ချမ်းသာကြွယ်ဝ၍ ဩဇာအရှိန် အဝါကြီးမား သူများအား ရှေ့ဖြစ် ဟောကိန်းများကို ဟောကြားနေ သည်မှာ နှစ်ကာလအတန်ကြာ နေပြီဖြစ်ကြောင်း သိရသည်။  ET ၏ရေပန်းစား မှုက မကြာသေးမီက ထိုင်းနိုင်ငံတွင် ET ၏ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၂၀၁၂ ဇူလိုင်လက ဗန်ကောက်မြို့သို့ ဗေဒင်ဆရာမ ET ဗေဒင်ဟောထွက်စဉ်။ File Photo/AFP

Posted: 24 Jun 2013 12:18 AM PDT
လယ်မြေများ အသိမ်းခံရပြီးနောက် လုပ်ကိုင်စား သောက်စရာ မရှိ ဇြစ်နေကြရသော ကျောက်တော်
 မြို့နယ် မှ ရခိုင်လယ်သမား ၁၀ ဦးခန့်သည် စစ်တပ်က သိမ်းယူသွားသော သူတို့၏ လယ်မြေများပေါ်တွင် ယမန်နေ့က တက်ရောက်ပြီး လယ်ထွန်ခဲ့ကြသည်ဟု သတင်း ရရှိသည်။ လယ်သမား ၁၀ ဦးမှာ ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနှင့် အုတ်တောင်ပြင် ကျေးရွာ များမှ ဖြစ်ကြသည်ဟု လယ်ထွန်ရာတွင် ပါဝင်သူ ဦးမောင်လိုင်ဝင်းက ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယမန်နှစ်က လယ်သမားများ စိုက်ပျိုးထားသော စပါးများကို စစ်တပ်ကရိတ်ပြီး တပ်ရင်းသို့ ဤသို့ ကားများဖြင့် သယ်ယူခဲ့ကြသည်။

Posted: 24 Jun 2013 12:13 AM PDT
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံ(အရှေ့မြောက်)ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ ဓမ္မာရုံမှတ်တိုင် အနီးရှိ ငါးထပ်တိုက် လေးလွှာ တိုက်ခန်းရှေ့ ဝရန်တာမှ အသက် ၃၆ နှစ် အရွယ်ရှိ ပန်းချီဆရာတစ်ဦး ခုန်ချ သေဆုံးခဲ့မှု ဇွန်လ ၂၃ ရက် ညနေ ၄နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ အချို့က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 11:34 PM PDT
ဇွန်လ (၂၃)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 23 Jun 2013 11:19 PM PDT
“(၁) အသက်အရွယ် ပြည့်သူ အမျိုးသား၊ အမျိုးသမီး တိုင်းသည် လူမျိုး၊ နိုင်ငံသား(သို့မဟုတ်) ဘာသာရေးအရ ကန့်သတ်ထားမှု တစ်စုံတစ်ရာ မရှိဘဲ လွတ်လပ်စွာ ထိမ်းမြားခွင့်၊ မိသားစုထူထောင်ခွင့် ရှိသည်။ ၎င်းတို့သည် လက်ထပ်ထိမ်းမြားခြင်း မတိုင်မီ လည်းကောင်း၊ အိမ်ထောင်ဖက် ဘ၀၌လည်းကောင်း၊ ကွာရှင်းပြတ်စဲ ရာမှာလည်း ကောင်းတူညီသော အခွင့်အရေးများ ရှိရမည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 11:11 PM PDT
ရန်ကုန် ၊ ဇွန်၂၂

လမ်းမတော်မြို့နယ်၊ (၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အထက(၁) ကျောင်းဝင်း အတွင်းရှိ အမှိုက်ကန်ဘေးတွင် ဇွန်လ ၂၀ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က စွန့်ပစ်ထားသော မွေးကင်းစ ကလေးအလောင်းကို စည်ပင် အမှိုက်သိမ်းဝန်ထမ်း တစ်ဦးက စတင်တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

“အလောင်းကို ဆရာဝန်၏ ဆေးစစ်ချက် ထွက်မှသာ အတည်ပြုနိုင်မှာ၊ ကျွန်တော်တို့ကတော့ အလောင်းကို ဖျောက်ဖျက်ခြင်းနှင့် မွေးဖွားခြင်း ထိမ်ချန်သူကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု အမှုစစ် ဒုရဲအုပ်အေးကျော်သူက ပြောကြားသည်။

အလောင်းကို ဖျောက်ဖျက်ခြင်းနှင့် မွေးဖွားခြင်းကို ထိန်ချန်သူကို အရေးယူရန် (ပ)၁၀၄/၁၃၊ ပြစ်မှုပုဒ်မ-၃၁၈ဖြင့် အမှုဖွင့်ထားကြောင်း လမ်းမတော်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly


Posted: 23 Jun 2013 11:09 PM PDT
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အိမ်ပြန်မယ့် အရေအတွက်ကို ၂ ဆ တိုးခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။ ဒီသတင်းအပါအ၀င်  အကြမ်းဖက်ခံရပြီး ဖမ်းဆီးခံရတဲ့ မြန်မာတွေကလည်း  ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရဖွယ် ရှိနေတဲ့အတွက် မြန်မာအစိုးရထံက အကူအညီ လိုအပ်နေပါတယ်။ မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနက မြန်မာပြည်ကို ပြန်မယ့်သူတွေကို ၁ ရက်ကို လူ ၄၀ ခွင့်ပြုရာက ၂ ဆတိုးပြီး ၈၀ အထိ ခွင့်ပြုပေးတယ်လို့ လိုက်ပါ ဆောင်ရွက်နေတဲ့ ဦးသီဟက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 11:01 PM PDT
ဇွန်လ (၂၄)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 10:47 PM PDT
နိုင်ငံကူး လက်မှတ် မရှိလျှင်ပင် မလေးရှားရောက် မြန်မာများ မိခင်နိုင်ငံ သို့ပြန်ရန် မြန်မာသံရုံးက ထောက်ခံ ပေးနေကြောင်း အစိုးရက ပြောထားသော်လည်း သံရုံးသို့ သွားသည့် ထိုလမ်းခရီး မလုံခြုံ၍ ပုန်းနေကြ သူများ ရှိနေကြောင်း မလေးရှားမှ ပြန်လာသူ ကိုဝေအောင်သိန်းကပြောသည်။ သံရုံးသို့ လာသည့် မြန်မာများကို မလေးရှားရဲများက ဖမ်းဆီး စစ်ဆေးကြပြီး နိုင်ငံကူး လက်မှတ်ရှိသူများကို ပြန်လွှတ်ပေးသော်လည်း မရှိသူများကိုမူ ဖမ်းဆီးထောင်ချသ ဖြင့် သံရုံးသို့သွားရန်ပင် အခက်အခဲရှိနေ သည်ကို သူကရှင်းပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 23 Jun 2013 10:32 PM PDT
သုဝဏ္ဏဘူမိမြို့ဟောင်းကို နေရာ သတ်မှတ်ရန် စာတမ်း ဖတ်ပွဲ ကျင်းပပြီး နေရာ သတ်မှတ်ပြီး ပါက ရှေးဟောင်း သုတေသန ပညာရှင်များဖြင့် တူးဖော်သွား မည်ဟု မွန် ပြည်နယ် စီမံ/စီးပွား ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။ စာတမ်းဖတ်ပွဲကို ပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သမိုင်းကြောင်း အရသော် လည်းကောင်း၊ ဒေသခံတို့၏ ပြောကြားချက် အရသော် လည်းကောင်း သုဝဏ္ဏဘူမိမြို့ဟောင်း နေ ရာသည် ၁ဝ နေရာခန့် ပင်ရှိနေသည်ဟု သူကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရာဇဝင်များထဲမှ သုဝဏ္ဏဘူမိ

Posted: 23 Jun 2013 10:09 PM PDT
ဇူလိုင် (၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် မြန်မာ ဘုန်းတော်ကြီး အရှင် ဝီရသူ၏ မျက်နှာဖုံးဖြင့် ဖော်ပြထားသည့် ဆောင်းပါးရှင် Hannah Beech   ၏  When Buddhists Go Bad ဟူသော ဆောင်းပါး ဖော်ပြထား သည်ကို တွေ့ ရသည်။ ယင်းဆောင်းပါး နှင့်ပတ်သက်၍ အွန်လိုင်းစာမျက်နှာများပေါ်တွင် အမျိုးမျိုး ဝေဖန်နေကြသကဲ့သို့  မြန်မာ နိုင်ငံပြည်တွင်းရှိ အချို့ သောပြည်သူများကလည်း ယင်းဆောင်းပါး တွင် မည်သို့ ရေးသားထားသည်ကို သိချင်နေကြသူ များလည်းရှိရာ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ စာဖတ်ပရိ သတ်များ ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန်နှင့် ချင့်ချိန်ဆုံးဖြတ်နိုင်ကြစေရန် ယင်း ဆောင်းပါး အ ပြည့်အစုံကို အထူးဆောင်းပါးအဖြစ် ရန်ကုန်တိုင်းမ် နေ့ စဉ် သတင်းစာမှ မူရင်းအတိုင်း ဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Time Magazine တွင်ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံ။

Posted: 23 Jun 2013 09:50 PM PDT
ယခင် အစိုးရ အရာရှိကြီးများနေထိုင်ရာ ကမ္ဘာအေးဗီလာ အတွင်းရှိ ကွန်ဒို (D) ရှိ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် သိန်းထွန်း ပိုင်ဆိုင်ပြီး အိမ်ငှားချထားသည့် ကွန်ဒို တိုက်ခန်း၌ ဇွန်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းတပ်ဖွဲ့ထံမှ စုံစမ်း သိရှိ ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Photo ; Yangon Police (facebook)

Posted: 23 Jun 2013 09:41 PM PDT
လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က တိုက်ပွဲဖြစ်ရာ နယ်မြေမှ ကောက်ယူလာသည့် ကျည်ဆန်ခွံများနှင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်ကို လိုင်ဇာ သို့ ပင့်ဆောင်ခဲ့သော်လည်း KIA ခေါင်းဆောင်များက ဆန္ဒမရှိ၍ မန္တလေးမြို့ သို့ ပြန်လည် သယ်ဆောင်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ထံ ဓမ္မလက်ဆောင် အဖြစ် ပေးဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်း ပင့်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ ဦးဝင်းချိုက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 09:39 PM PDT
ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ လမ်းတစ်လျှောက် ကောက်ခဲ့သော ကျည်ခွံများဖြင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်း တုတော်နှင့် လက်ဝါးကားတိုင် အား လိုင်ဇာမြို့သို့ဇွန်၂၂ ရက်တွင် ပင့်ဆောင်ခဲ့ရာ ကချင်လူထုများ သဘောမတူကြသည့် အတွက် လက်ဝါးကားတိုင်ကို လိုင်ဇာမှာ ချန်ခဲ့ပြီး ဆင်းတုတော်အား မန္တလေးသို့ ပြန်လည်ပင့်ဆောင် သွားပြီး ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 09:34 PM PDT
ဇွန်လ (၂၆)ရက်နေ့ ထုတ် Mobile Guide Journal ဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 08:16 PM PDT
အင်ဒိုနီးရှားနိုင်ငံ တောမီး လောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီး ချင်းနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မီးခိုးတွေကြောင့် မ လေး ရှား နိုင် ငံ ရဲ့ တောင် ပိုင်း ရှိ ပြည်နယ် နှစ် ခု က လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်သွားပြီး ၈ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် လေထု ညစ်ညမ်းမှု ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ခဲ့ရတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 08:06 PM PDT
ဇွန်လ (၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Jun 2013 08:04 PM PDT
ဇွန်လ (၂၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Jun 2013 07:30 PM PDT
အမေရိကန် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဒွပ် စနိုဒင် ဟာ အီကွေဒေါ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားလိုက် ပါတယ်။ ခိုလှုံခွင့် လျှောက်ထားတဲ့ သတင်း မှန်ကန်ကြောင်း အီကွေဒေါ နိုင်ငံခြားရေး ဌာနက တွစ်တာ ကနေ အတည်ပြု ပြောကြား ခဲ့ပါတယ်။ သူ့အကြောင်းဟာ ဘာ့ကြောင့်များ ကမ္ဘာမှာ ဟိုးလေးတကျော် ဖြစ်နေရသလဲ။ သူဟာ ဘာ့ကြောင့်များ တည်းခို နေထိုင်စရာ နိုင်ငံ မရှိအောင် ပြေးလွှား နေရတဲ့ ဝရမ်းပြေး ဘဝ ရောက်နေရ ပါသလဲ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမေရိကန်အကြောင်း ဖွင့်ချဖော်ထုတ်သူ

Posted: 23 Jun 2013 07:19 PM PDT
မန္တလေးမြို့မှာရှိတဲ့  ကုသိုလ်တော်လို့ခေါ်တဲ့ မဟာလောက မရဇိန်ကျောက်စာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကြီးက Memory of World ကမ္ဘာ့မှတ်တမ်း စာရင်းမှာ ထည့်သွင်း သတ်မှတ်ပေးခဲ့ပါတယ်။ စာရွက်စာတမ်း၊ အထောက်အထား၊ မှတ်တမ်း စတဲ့ သမိုင်းအတွက်အရေးပါတဲ့ အထောက်အထားတွေကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကုသိုလ်တော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...