Friday, June 21, 2013

တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ် သုံးသပ်ခြင်း

by Myo Set (Notes) on Friday, June 21, 2013 at 4:57pm
 
-အရင်ဆုံး ခေါင်းစဉ်ကိုကြည့်ရအောင်ပါ။ ခေါင်းစဉ်မှာသုံးထားတဲ့စကားလုံးက The Face of Buddhist Terror ပါ။ Terror ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပေမယ့် ယနေ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်သော ဆောင်းပါးမှာ Terror ဆိုတဲ့စကားလုံးခြင်းသည် အကြမ်းဖက်၊အစွန်းရောက်ဆိုတာနဲ့ အလိုလိုချိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်နားလည်ပြီးဖြစ်ရပါတယ်။ ဒါက Time မဂ္ဂဇင်းရဲ့ ခေါင်းစဉ်...ရွေးချယ်ထားမှုပါ။ ဒီဟာကို ကြည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဝါဒီ ဘုန်းကြီးတစ်ပါးရဲ့ ရက်စက်မှုတွေကို ဒီဆောင်းပါးထဲမှာ မြင်တွေ့ရတော့မယ်လို့ ဆိုလိုလိုက်တာပဲဖြစ်ပါတယ်။


ပထမဆုံးစာပိုဒ်ကိုကြည့်ရအောင်ပါ။ ပထမဆုံးစာပိုဒ်မှာ အဖွင့်အပိတ်မျက်တောင်နဲ့ “the Burmese bin Laden” begins his sermon လို့စသုံးလိုက်ပါတယ်။ အပေါ်က ခေါင်းစဉ် Terror နဲ့ ဘင်လာဒင်ချိတ်လိုက်ရင် စာဖတ်သူက မျက်မှောင်စကြုံ့ပြီး ဒီရဟန်းအပေါ် ဘာသာေ၇းအစွန်းရောက်ခိုမေနီအလားမြင်လာစေမှာမလွဲပါ။ အဲ့ဒီပထမအပိုဒ်ရဲ့ အောက်ဆုံးစာကြောင်းမှာပဲ  “Now is the time to rise up, to make your blood boil.” လို့သုံးလိုက်ပါတယ်။ အချိန်ကျပြီ။ သွေးတွေ ဆူပွက်အောင်လုပ်ကြ စသဖြင့်ပေါ့လေ။ ဒီလိုနည်းနဲ့ပိတ်လိုက်ခြင်းအားဖြင့် နိဒါန်းမိတ်ဆက်စာပိုဒ်မှာတင် စာဖတ်သူကို ဆောင်းပါးရှင်က ဒီဆောင်းပါးထဲပါသော ရဟန်းဟာ ဘင်လာဒင်လို ဘာသာရေးအစွန်းရောက် သွေးဆာသူ လို့ နိမိတ်ပုံပြပြီးဖြစ်စေပါတယ်။ ကျန်တဲ့စာပိုဒ်တွေကို ဆက်ဖတ်ဖို့ စာဖတ်သူရဲ့ အတွေးအာရုံဟာ ဘယ်ဖက်ကို တိမ်းညွှတ်မယ်ထင်ပါသလဲ။ အကောင်းဖက်လား။ အဆိုးဖက်လား။ သိသာနေပါတယ်။

"Buddhist blood is boiling in Burma, also known as Myanmar — and plenty of Muslim blood is being spilled." ဗုဒ္ဓဘာသာတွေရဲ့သွေးတွေဟာ မြန်မာ့မြေပေါ် ဆူပွက်နေတယ်။ မွတ်ဆလင်တွေရဲ့သွေးတွေဟာ မြေခနေရတယ် လို့ ဒုတိယအပိုဒ်ကို ဆက်ဖွင့်လိုက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်ရဲ့ပထမစာကြောင်းပါ။ ခုနက ခေါင်းစဉ်၊ ပထမစာပိုဒ်ထဲက အကြောင်းအရာတွေနဲ့ အခု ဒုတိယစာပိုဒ်အဖွင့်စာကြောင်းကို ဆက်လိုက်တဲ့အခါမှာ ...စာဖတ်သူက "ဟာ..အတော်ရက်စက်တဲ့ ဗုဒ္ဓဘာသာတွေပါလား"လို့တွေးချင်စရာကောက်ကြောင်းကြီးက ပီပီပြင်ပြင်ပေါ်လာခဲ့ပါတယ်။ မိတ္တီလာအရေးအခင်းမှာ အကြမ်းဖက်သူတွေဘေးကနေ ကာကွယ်ပေးခဲ့တဲ့ဆရာတော်၊ နော် ဘာသာမရွေးအကူအညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြီးမားတဲ့ကဏ္ဍ ပျောက်ကွယ်သွားပြီး 969 ဆိုတဲ့ Cultural Nationlistic Movement ကြီးဟာ အကြမ်းဖက်မှုဆိုတာကနေ မှေးမှိန်သွားကာ မြန်မာတစ်နိုင်ငံလုံား အာဖဂန်ရှိတာလီဘန်များစစ်သွေူးကြွသလို ကြွနေတယ်ဆိုတဲ့ ဖက်ကို ဆွဲခေါ်သွားပါတော့တယ်။

Over the past year, Buddhist mobs have targeted members of the minority faith. ဒါက ဒုတိယစာပိုဒ်ရဲ့ဒုတိယအကြောင်းပါ။ Minority in Faith လို့သုံးပြသွားပါတယ်။ ဘာသာခြားကိုးကွယ်သူ မည်သူမဆို ဆိုတဲ့အဓိပ္ပါယ်ပါ။ ဆိုလိုတာကတော့ ခရစ်ယာန်တွေကိုလဲ ဖိနှိပ်တယ်ဆိုတဲ့သဘောပါပဲ။ ဒါဟာ မတိကျတဲ့ေ၇းသားမှုပဲဖြစ်ပါတယ်။ ထပ်ပြီးတော့ Much of the violence was directed against the Rohingya, a largely stateless Muslim group in Burma’s far west that the U.N. calls one of the world’s most persecuted people. လို့ သုံးပြလိုက်ပါတယ်။ဒီမှာတင် ဒီစာဖတ်သူကြားထဲ ပါးပါးကလေးထည့်ချင်တဲ့ အချက်က ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ Minority လူနည်းစုဆိုတဲ့စကားကို ဒီမိုကရေစီသည်းခြေကြိုက်တွေအတွက် အရင် Minority in Faith လို့သုံးပြလိုက်ပြီး Minority Rohingya ဆိုပြီးဆက်စပ်လိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာလူများစုဟာ ရှိသမျှ လူနည်းစုကို ရိုဟင်ဂျာအပါအဝင် ......နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံ ထင်ရှားပြတ်သားစွာထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုနည်းအားဖြင့် ဘင်္ဂလီရိုဟင်ဂျာတွေအနေနဲ့ ဘာသာရေးပဋိပက္ခသားကောင်အဖြစ် အလိုလို ရောက်ရှိသွားပြန်ပါတယ်။ ဒီ Minority ဆိုတာကို ဆက်စပ်သုံးစွဲပြလိုက်ခြင်းအားဖြင့် စာဖတ်သူအတွေးကို ဘယ်ဖက်ရောက်သွားအောင်တွန်းပို့နေတာလဲဆိုတာကိုခွဲယူပြတာပါ။နောက်သုံးထားတဲ့ စကားလုံး Key Words တွေကတော့ Radical Monk, Virulent Sermons, စတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ သဘောထားတင်းမာသူ ဘုန်းကြီး အဆိပ်သင့်တရားများဟောကြားနေသူ စတဲ့အဓိပ္ပါယ်ရောက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်အထိ စာရေးသူပုံဖော်ထားတဲ့ ဗုဒ္ဓဘာသာနဲ့မြန်မာပြည်ကောက်ကြောင်းပဲဖြစ်ပါတယ်။ ဆ
 "Such hate speech threatens the delicate political ecosystem in a country peopled by at least 135 ethnic groups that has only recently been unshackled from nearly half a century of military rule" ဒါက တတိယအပိုဒ်၇ဲ့ ပထမအဖွင့်စာကြောင်းပါ။ ဆောင်းပါးရှင်ဘာကိုဆိုလိုချင်နေပါသလဲ တူးဖော်ကြည့်လိုက်ပါတယ်။ စာကြောင်းအဓိပ္ပါယ်က 135 မျိုးသောတိုင်း၇င်းသားတွေနဲ့ဖွဲ့...စည်းထားပြီး ရာစုနှစ်တစ်ဝက်နီးပါးကြာစစ်အုပ်ချုပ်ရေးအောက်က လွတ်ခါစ နုနယ်သော နိုင်ငံရေးစံနစ်ကို ဒီလို အမုန်းစကားတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုလိုလိုက်တာဖြစပါတယ်။ ဒီအထိက အငြင်းပွားဖို့မလိုသေးပါ။ သူဘာဆက်ပြောမလဲ လိုက်ကြည့်ရအောင်ပါ။ Already some government officials are calling for implementation of a ban, rarely enforced during the military era, on Rohingya women’s bearing more than two children.  ဒုတိယစာကြောင်းမှာတော့ အမုန်းစကားတွေရဲ့နောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် ကလေးနှစ်ယောက်ပေါ်လစီအဖြစ် အစိုးရအရာ၇ှိအချို့ကတောင်းဆိုနေကြောင်း ရေးသားလိုက်ပါတယ်။ အမုန်းစကားတွေကို ပြောနေတဲ့ဦးဝီရသူနဲ့ ဒီလို ရိုဟင်ဂျာတွေကို ကလေးမမွေးရအမိန့်နဲ့ ဆပ်စပ်လိုက်တဲ့အခါ ဗုဒ္ဓဝါဒီတွေအနေနဲ့ လူနည်းစုကို အတင်းကန့်သတ်နေပြီဆိုတဲ့ စာဖတ်သူအတွေးလမ်းကြောင်းကို ပိုမိုခိုင်မာမသွားစေဘူးလား။ နောက်ဆုံးမှာ အပိတ်စာကြောင်းကို ဒီလိုသုံးလိုက်ပါတယ်။ ကြည့်ရအောင်ပါ။ And many Christians in the country’s north say recent fighting between the Burmese military and ethnic Kachin insurgents, who are mostly Christian, was exacerbated by the religious divides. အဓိပ္ပါယ်ကချင်တွေဟာ ခရစ်ယာန်တွေဖြစ်တာမို့ ကချင်ဒေသစစ်ပွဲတွေပိုမိုငြ်းထန်လာခဲ့ရတယ်လို့ခရစ်ယာန်များစွာကပြောတယ်ဆိုတဲ့ စာကြောင်းဖြစ်ပါတယ်။ ဒိစာကြောင်းနဲ့ တတိယစာပိုဒ်ကိုပိတ်လိုက်ခြင်းအားဖြင့် မြန်မာဗုဒ္ဓဘာသာနိုင်ငံဟာ အီရန်လို သီအိုခရက်တစ် ဘာသာရေးဖိနှိပ်မှုတွေနဲ့ ကြီးစိုးနေတဲ့နိုင်ငံလို့ ပီပီပြင်ပြင်ရေးခြယ်လိုက်ပါတယ်။

လေးပိုဒ်မြောက်စာပိုဒ်မှာတော့ဒီလိုဖွင့်လိုက်ပါတယ်။ Radical Buddhism is also thriving in other parts of Asia.အာရှာမှာလဲ ဒီလို အစွန်းရောက်ဗုဒ္ဓဘာသာတွေကြီးထွားလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ရဟန်းတွေဟာ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကို ဖိနှိပ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာနဲ့ ထပ်မံအင်အားဖြည့်ပါတယ်။ နောက် တတိယအချက်အနေနဲ့ ထိုင်းမှာရှိတဲ့သံဃာတွေအနေနဲ့ ထိုင်းစစ်တပ်ရဲ့ စောင့်ရှောက်မှုကို ယူနေရပြီး "လက်နက်ကိုင်ဘုန်းကြီးတွေ" (mons ,some of whom have armed themselves) ဆိုတဲ့ စာသားကိုသုံးပြီး ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဆိုတဲ့ Argument ကိုတည်ဆောက်ယူပြသွားခဲ့ပါတယ်။

နောက်ထပ်စာတစ်ပိုဒ်မှာကတော့ ဆောင်းပါးရှင်ဟာ သူ့ရဲ့ စာရဲ့ ဟန်ချက် (Balance) ကိုထိန်းတဲ့အနေနဲ့ မလေးရှားမှာရှိတဲ့မြန်မာတွေဟာ မွတ်ဆလင်တွေအသတ်ခံရမှုအတွက်ပြန်လည်လက်စားချေခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုဖော်ပြသွားပြန်ပါတယ်။ ဟန်ချက်ထိန်းတဲ့သဘောလို့ယူဆပါတယ်။ တစ်ဖက်သတ်ဖြစ်လာရင်စာဖတ်သူ သံသယဝင်လာတတ်တဲ့အချိန်ဒီလိုပြန်ထိန်းပေးရတဲ့သဘောတွေရှိပါတယ်။ နောက်ထပ်တစ်ပိုဒ်ဟာလဲ ဟန်ချက်ကို ပြန်ထိန်းပေးပြန်ပါတယ်။ ဟင်ဒူ၊ မွတင်ဆလင်၊ ခရစ်ယာန် အစွန်းေ၇ာက်တွေရှိပေမယ့် ဗုဒ္ဓဝါဒီတွေကတော့ ဒီစမ်းသပ်မှုဒဏ်ကို ကြံကြံ့ခံနိုင်ခဲ့ကြတယ်။ အခုတော့ ဘာသာရေးလူမျိုးကြီးဝါဒရဲ့ဖြားယောင်းမှုကို ရဟန်းတွေမတောင့်ခံနိုင်တော့ဘူးလို့ ရေးပြသွားပါတယ်။ ဒီစာပိုဒ်မျိုးဟာ အဖြည်သဘောလို့ယူဆပါတယ်။ တစ်ဖက်က တည်ဆောက်လာတဲ့ Arugment က ဗုဒ္ဓဘာသာတွေများပြီး ဖိနှိပ်မှုသိပ်ကြီးနေတဲ့တိုင်းပြည်လို့ ပုံဖော်လာပြီး ဒီလို ဘာသာရေးဖိနှိပ်မှုတွေဟာ ဖြစ်တတ်တယ်လို့ ဖြည်တတ်ပါတယ်။


နောက်ထပ်တစ်ပိုဒ်မှာတော့ ဘယ်လိုဖော်ပြထားသလဲဆိုရင် ယခင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်နဲ့ ပုံပန်းကို ဥပမာဆောင်ပြထားပါတယ်။ ဗီယက်နမ်ဘုန်းတော်ကြီးရဲ့ ဖိနှိပ်သူအစိုးရအပေါ် ဆန့်ကျင်ပုံ၊ 2007 စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနဲ့ ကိုလိုနီခေတ်ကာလ ဦးဆောင်မှုများကိုဖော်ပြထားပြီး အဆုံးသတ်စာကြောင်းမှာတော့ ကျန်ဘာသာရေးတွေလိုပဲဒီ ဗုဒ္ဓဘာသာဟာလဲ အခြေခံဗုဒ္ဓသွန်သင်မှုမျ...ားနဲ့ လွန်ဆွဲနေတဲ့ အိုင်ဒီယာတွေနဲ့အဆိပ်ခတ်ခံလိုက်ရပါတယ်လို့ ဖော်ပြသွားပါတယ်။

အဲ့ဒီနောက် စာရေးသူရဲ့ လမ်းကြောင်းကိုခြေရာခံလိုက်တဲ့အခါ "Mantra of Hate" လို့ဖော်ပြထားပါတယ်။ အမုန်းနဲ့ရွတ်ဆိုအပ်သော တရားများလို့ ဘာသာပြန်ရင်သင့်မယ်ထင်ပါတယ်။အဲ့ဒီအောက်မှာတော့  U.S. President Barack Obama has “been tainted by black Muslim blood.” လို့ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလဲ လူမည်းမွတ်ဆလင်သွေးနှောဇာတ်နိမ့်ပါပဲလို့ပြောတယ်လို့ရေးပြထားပါတယ်။ နောက်တစ်ကြောင်းကတော့ သူပြောနေတဲ့ နာမည် (ဘင်လာဒင်)ဆိုတာ အာရပ်အကြမ်းဖက်မှန်းသိပေမယ့်ခပ်တည်တည်နဲ့ဆက်ပြောနေခဲ့သလို ကုလကိုလဲ အာရပ်တွေက ပြန်ပေးဆွဲ (Hijacked) လို့ ရေးထားပါတယ်။ “Taking care of our religion and race is more important than democracy,” says Wirathu. ဘာသာရေးနဲ့လူမျိုးရေးဟာ ဒီမိုကရေစီအရေးထက် အရေးကြီးတယ်လို့ ပြောသော ဦးဝီရသူစကားနဲ့ပိတ်သိမ်းလိုက်ပြီး ဦးဝီရသူရဲ့ စကားကို နင်းကာ အိုဘားမားကို နှိပ်ကွပ်ခြင်း၊ ကုလကို မဆင်မခြင်ပြောခြင်းတို့နဲ့ချိတ်ဆက်ပြီး ဦးဝီရသူကို ဘာသရေးအစွန်းရောက်အကြမ်းဖက်အသွင်ဖြစ်ပုံဖော်ယူသွားပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ဦးဝီရသူကို ထိုးနှက်တာတွေပါလာတာကိုတတွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ "ဦးဝီရသူဟာ ပညာမတတ်လို့ဒီလိုပြောတာလို့ ခွင့်လွှတ်ချင်စ၇ာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မွေးချင်းရှစ်ယောက်အနက် ပါးစပ်တစ်ပေါက်သက်သာပြီးရောအနေနဲ့ဘုန်းကြီးကျောင်းပို့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဦးဝီရသူဟာ စန်းကောင်းတယ်။ " အဲ့လိုရေးခဲ့ပါတယ်။ နောက်ပြီး ဒီလို စန်းကောင်းရခြင်းအချက်ဟာ ဗမာတွေကြားထဲ မွတ်ဆလင်တွေဟာ အာရပ်ငွေတွေနဲ့ ဗလီတွေဆောက်တယ်၊ အမြန်ပြန့်ပွားနေတယ်ဆိုတာတွေကို "သက်သေမရှိဘဲ" ကြောက်တဲ့အကြောက်တရားကလဲရှိပါသေးတယ်လို့ေ၇းသားသွားပါတယ်။ ဒီနည်းအားဖြင့် ဦးဝီရသူဟာ ပညာမဲ့ဘာသာေ၇းအရူးအနှမ်းတစ်ယောက်အဖြစ်ပုံပေါ်လာခဲ့ပါတယ်။ နောက်လိုက်တွေအနေနဲ့အရူးအနှမ်းတွေသာသာဖြစ်ကုန်ပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ စာရေးသူရဲ့စိတ်တွင်းအမုန်းကိုတစ်စွန်းတစ်စ ထပ်မံတွေ့ရှိလိုက်ရသလိုပါပဲ။ သူပြောထားတာက "ဖိနှိပ်တဲ့တိုင်းပြည်မှာနေနေလဲ စစ်တပ်ဖိနှိပ်မှုကို တာဝန်ယူဖို့ လူနည်းနည်းလေးကပဲပြောပြီး အများစုကခွင့်လွှတ်ဖို့ပြောကြတယ်။ ဒါကို ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုတရားနဲ့ ထောက်ပြကြပါတယ်။ ဒါပေမယ့်ဒီ ဒီမိုကရက်တိုင်ဇေးရှင်းဟာ အစွန်းရောက်တွေရဲ့အသံတွေကိုပျံ့နှံ့ဖို့ ပိုဖြစ်လာစေခဲ့တယ်" လို့ဆိုသွားတာပါ။ အဲ့ဒီမှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ နောက်တစ်ချက်ထပ်ရေးပါတယ်။ "လူ့အခွင့််အရေးအစီရင်ခံစာအရ မွတ်ဆလင်တွေဟာ အချိုးအစားမမျှတစွာအသတ်ခံရတယ်။ ရိုဟင်ဂျာ ရွာ ၇ဝကို ဗုဒ္ဓဘာသာတွေဝင်တိုက်ခိုက်တယ်"လို့ရေးသွားပါတယ်။ Disporportionate ဆိုတဲ့ စကားလုံးကိုသုံးသွားပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာတစ်ယောက်သေရင် မွတ်ဆလင်အများကြီးသေတယ်ဆိုတဲ့စကားပါ။ ရခိုင်လို့ လုံးဝမသုံးသွားပါ။ ဗုဒ္ဓဘာသာလို့ပဲသုံးသွားပါတယ်။ နောက်ပြီး ဒီစာပိုဒ်အဆုံးသတ်မှာတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာတွေကို ဒီဘုန်းကြီးတွေက နောက်ကွယ်ကကြိုးကိုင်နေတယ်လို့ ရေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် ဒီစာပိုဒ်အထိ ပုံပေါ်လာတာက ဗုဒ္ဓဘာသာဝင်ရဟန်းတော်တွေဟာ ဟန်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေဆိုတဲ့ အသွင်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် ဗုဒ္ဓဘာသာကိုလဲ တိုက်ခိုက်ပြီးဖြစ်သလို ရိုဟင်ဂျာ ကိစ္စကိုလဲ သုံးကြိမ်တိတိ ဒီဆောင်းပါးထဲမှာ ထည့်လိုက်ပါတယ်။ (TIME ဟာ အမေရိကန်မဂ္ဂဇင်းဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ အမေရိကန် ကစားနိုင်ပုံကိုကျနော်အကြိမ်များစွာ ဆွေးနွေးဖူးပါတယ်။)
နောက်ထပ်တစ်ပိုဒ်မှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စတင်ကြားနာရပါတယ်။ “My son was killed because he was Muslim, nothing else,”  ကျမသားလေးဟာ မွတ်ဆလင်လေးမို့အသတ်ခံလိုက်ရတာ။ အခြားဘာကြောင်းမှ မရှိပါဘူး လို့ ပိတ်သိမ်းရေးပြသွားပါတယ်။ မိတ္တီလာမြို့ထဲမှာရှိတဲ့ ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို ဂျာနယ်လစ်တွေဝင်ခွင့်မရှိဘူးလို့လဲ ...ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင်ဖော်ပြဖို့ကျန်နေတာလား တမင်ချန်ထားတာလားမသိတာကတော့ ဒီဘေးဒုက္ခကြားညှပ်မိနေတဲ့ ဗုဒ္ဓဘာသာဒုက္ခသည်တွေပါပဲ။

"ကျောင်းတော် နဲ့အာဏာ" ဆိုတဲ့ခေါင်းစဉ် ပြလိုက်ပြီး သီ၇ိလင်္ကာက ရဟန်းတွေအကြောင်းကို ဆောင်းပါးရှင်ကဖော်ပြပါတယ်။ ဖော်ပြချက်မှာ သီရိလင်္ကာ ထဲက ဗုဒ္ဓဝါဒီရဟန်းတွေရဲ့ အစိုးရကိ စိုးမိုးဖို့အားထုတ်ပုံတွေ၊ ကျောင်းတွေမှာ သမိုင်းသင်ခန်းစာတွေသင်ကြားပေးဖို့ အားထုတ်တာတွေ။ ညီလာခံမှာ ရင်ဘတ်ထက် လက်သီးဆုပ်တင်ပြီး ဗုဒ္ဓဘာသာကို ခုခံကာကွယ်ဖို့ ကြွေးကြော်တာတွေကို ဖော်ပြပါတယ်။ ဒါပေမယ့် ပထမဆုံးအကြောင်းလေးမှာတင် သူဖော်ပြထားတာက မြန်မာပြည်ကဖြစ်ရပ်တွေဟာ ဒီသီရိလင်္ကာံကလိုပါပဲ ဆိုတဲ့ စာကြောင်းလေးပါ။ ဒီစာကြောင်းလေးကြောင့် အောက်က ဖော်ပြထားသမျှရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးဟာ မြန်မာပြည်မှာဒီလိုဖြစ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသက်ရောက်သွားစေပါတော့တယ်။ “This is a Buddhist government. This is a Buddhist country.” ဗုဒ္ဓဘာသာအစိုးရ၊ ဗုဒ္ဓဘာသာတိုင်းပြည် ဆိုတဲ့ သီရိလင်္ကာကြွေးကြော်သံနဲ့ ပိတ်သိမ်းလိုက်ပြီး မြန်မာဟာလဲ ဒီလိုပါပဲ ဆိုတာကို နိမိတ်ပြပြောဆိုသွားခဲ့တာပါ။  “It is the monks who protect our country, religion and race.” အမျိုးဘာသာသာသနာကို ကာကွယ်နေတာ ဘုန်းတော်ကြီးတွေပဲ လို့ သီရိလင်္ကာကာကွယ်ရေးဌာနအတွင်းရေးမှုးပြောစကားကို ထပ်မံကိုးကားအားဖြည့်ပေးသွားခဲ့ပါတယ်။

"ဆွမ်းနဲ့ သေနတ်" ဆိုတဲ့ခေါင်းစဉ်ကိုထပ်မံဖော်ပြလိုက်ပြီး ထိုင်းနိုင်ငံထဲက ဥပမာတွေကို ပေးပါတယ်။ “We cannot separate Buddhism from guns anymore.” ဆိုတဲ့စာသားနဲ့ ထိုင်းဥပမာကို သေသေချာချာ ညွှန်းဆိုသွားခဲ့ပြီး ကျန် အစ္စလာမ်အကြမ်းဖက်တွေနဲ့မကွာလှတဲ့နမူနာကိုပေးဖို့ကြိုးစားနေဟန်ကို တူးဖော်မိလိုက်ပါတယ်။  “Maybe I felt a little bit guilty as a Buddhist,” he says. “But we have to protect ourselves.” အဓိပ္ပါယ်ကဒီလိုပါ။ ကျနော် ဗုဒ္ဓဘာသာဖြစ်ရတာကို နည်းနည်းတော့မလုံသလိုခံစားရတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ့်ကိုယ်ကိုကာကွယ်ရမှာပဲလေလို့ ပစ္စတိုသုံးလက်ရှိတယ်ဆိုတဲ့ ထိုင်းတောင်ပိုင်းကရဟန်းက ဒီလိုပြောတယ်ဆိုပြီး ထပ်မံ ဖော်ပြပါတယ်။ "ကျနော်တို့က ဒီတိုင်းပြည်သားတွေဗျ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့ကို ဘယ်တော့မှ ထိုင်းနိုင်ငံသားတွေလို့မမှတ်ဘူး။" ဒီစကားကိုပြောသူက ထိုင်းတောင်ပိုင်းမွတ်ဆလင် တော်လှန်ရေးသမားတစ်ဦးပါ။ အဲ့ဒီစကားအပြီးမှာ ဒါလေးနဲ့ ထိုင်း ဥပမာကိုပိတ်သိမ်းလိုက်ပါတယ်။ “Islam is a religion of violence,” says Phratong Jiratamo, a marine turned monk. “Everyone knows this.” အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒပဲ။ ဒါလူတိုင်းသိတယ်လို့ ဘုန်းကြီးက ပြောပါတယ်ဆိုပြီး ပိတ်သိမ်းလိုက်တာပါ။ လှပါတယ်။ မွတ်ဆလင်တော်လှန်ရေးသမားရဲ့ စကားလုံးက Equality ဖက်ရောက်ပါတယ်။ ထိုင်းဘုန်းကြီးစကားက တော်တော်လေး ပိန်းတဲ့ ပညာမဲ့စကားဆန်ပါတယ်။ ဒီနှစ်ခုကို တွဲပြလိုက်ပါတယ်။ ဒီမိုကရက်တွေ အသည်းစွဲ တန်းတူညီမျှမှုကို မွတ်ဆလင်ဖက် ထည့်လိုက်ပြီး ဘုန်းကြီးပြောစကားကို ခပ်ပိန်းပိန်း ဘာသာရေးအစွန်းရောက်အနေနဲ့တင်လိုက်ပါတယ်။ ဒီနည်းနဲ့ သင်္ကန်းနဲ့သေနတ်၊ ဖိနှိပ်မှုတွေဟာ ကောက်ကြောင်းထင်းထင်းကြီးပေါ်လာပါတော့တယ်။
နောက်ဆုံးစာနှစ်ပိုဒ်မှာတော့ စာရေးသူအာဘော်ကိုပိုမြင်လာရပါတယ်။ စာရေးသူက ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာနဲ့ ဝီရသူရဲ့ အကြမ်းဖက်မှုကို ဘယ်လို သဟဇာတ ဖြစ်အောင်လုပ်မယ်ဆိုတာကို နားမလည်နိုင်အောင်ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။ ဝီရသူဟာ ထိုင်းတောင်ပိုင်းက ဘုန်းကြီးတွေလိုပါပဲ လို့ရေးပြပါတယ်။ သူ့တရားပွဲအဆုံးမှာ သူ့ပရိသတ်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိအသက်ကို စတေးပါမည် ဆိုတဲ...့ ဟာကိုလိုက်ရွတ်ဆိုကြပါတယ်လို့ ဖော်ပြပါတယ်။

နောက်ဆုံးနိဂုံးမှာတော့စာရေးသူရဲ့အဘော်ကို အထင်ရှားဆုံးမြင်လိုက်ရပါတော့တယ်။စာရေးသူဖော်ပြထားတာက ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုဆိုတာဟာ တစ်ကယ့်ကို မဖြစ်နိုင်လောက်တဲ့နေရာမှာတော့ ကျန်နေပါသေးတယ်လို့ ဆိုလိုက်တာပါ။ Unlikeliest လို့သုံးပြသွားတာပါ။ ဒီနည်းအားဖြင့် ကျန်အများစုကြီးဟာတော့ဖြင့် ခွင့်လွှတ်မှုဆိုတာမရှိတဲ့လူတွေလို့ အဓိပ္ပါယ်အလိုလိုသက်ရောက်သွားစေပါတော့တယ်။ ဆောင်းပါးရှင်က ဥပမာပေးပါတယ်။ 2011 ထိုင်းမှာ ဗုံးကွဲတော့ ရဟန်းတစ်ပါးဟာ ဆွမ်းခံလျက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီးရခဲ့ပါတယ်။ အမာရွတ်တွေလဲမနည်း။ မျက်လံုးလဲ မကောင်းလှတော့ပါဘူး။ ဒါပေမယ့်သူက အစ္စလာမ်ဘာသာဆိုတာ ကျန်ဘာသာရေးတွေလိုပဲ အင်မတန်ငြိမ်းချမ်းတဲ့ဘာသာပါလို့ ပြောနေဆဲပါ လို့ ဥပမာပေးခဲ့ပါတယ်။ မွတ်ဆလင်တွေကို အပြစ်တင်တယ်၊ သူတို့က ကျနော်တို့ကိုပြန်အပြစ်တင်မယ်..ဒါဆို ဘယ်တော့မှအကြမ်းဖက်မှု မပြီးဆုံးပါဘူးလို့ အဲ့ဒီထိုင်းရဟန်းက ပြောသွားတယ်ဆိုပြီးရေးသွားပါတယ်။ နောက်ဆုံးစာပိုဒ်...နိဂုံးပိုဒ်မှာ မွတ်ဆလင်တွေကို အပြစ်တင်ခြင်းသည် ဗုဒ္ဓဘာသာမမည် ဆိုတဲ့ မက်ဆေ့ကိုရအောင်ထည့်ပေးသွားပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာကိစ္စကိုသုံးကြိမ်တိတိသုံးပါတယ်။ တစ်ကယ်တော့ ဒီလို ခွင့်လွှတ်နိုင်မှု မျိုး၊ သူပေးတဲ့ဥပမာမျိုးဟာ သာမန် (Average) တွေအနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ရှားပါးတဲ့ ဥပမာမျိုးကိုပေးလိုက်ခြင်းအားဖြင့် ကျန် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလိုမကျင့်လျှင် အလကားဆိုတဲ့မက်ဆေ့ခ်ျကို ရသွားစေတော့တာပါပဲ ။

ဆောင်းပါးရှင်ရဲ့ကောက်ကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ဦးဝီရသူထက် မြန်မာပြည်တွင်းနဲ့ အရှေ့တာင်အာရှ၊ တောင်အာရှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်တွေကို သီးသန့ဖော်ပြထားပြီး ထိုင်းတောင်ပိုင်းကိစ္စ၊ မြန်မာပြည်တွင်းကိစ္စ နဲ့ သီရိလင်္ကာကိစ္စတွေမှာ ဆန့်ကျင်ဖက်တွေရဲ့အမြင်တွေကို လလုံးဝ ထည့်မထားတာကို အထူးသတိပြုမိပါတယ်။ စာကြောင်းချိတ်ဆက်ပုံ၊ အိုင်ဒီယာချိတ်ဆက်ပုံတွေ၊ ဥပမာပြပုံတွေရဲ့ လားရာဦးတည်ဖက်ဟာ ဗုဒ္ဓဘာသာ ဟာ ကျဆုံးနေတဲ့ဘာသာရပ်ဖြစ်ပြီး ကျန်အလားတူဘာသာများလိုပဲ အကြမ်းဖက်တွေထွက်လာတဲ့ "ညွှန်းသလောက်မဟုတ်တဲ့ဘာသာရေးပါ" ဆိုတဲ့ အမြင်ကို တူးဖော်လိုက်မိပါတယ်။

ဒါကတော့ ဒီဆောင်းပါးအပေါ် အနုစိပ်သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။

  2 comments:

  1. အထူး ကျေးဇူးတင်ပါတယ် ။ ဒီလို နိုက်နိုက်ချွတ်ချွတ်ထောက်ပြနိင်တာ ချီးကျူးပါတယ် ။ ဒီဆောင်းပါးရှင်ဟာ ဗုဒ္ဓဘာသာ အထူးသဖြင့် ဘုန်းကြီးတွေ သံဃာတော်တွေကို စားစရာမရှိလို့  ကျောင်းပို့  ဆိုတာကို ဇောင်းပေးပြီး သံဃာတော် အာလုံးကို ဘာသာခြားတွေ မြင်သလို ဘာသာခြားတွေအကြိုက်ရေးလိုက်ပါတယ် ။ ဗုဒ္ဓဘာသာကို အထင်အမြင်သေး မျက်မုန်းကျိုးနေတာ သူကိုယ်တိုင် အမုန်းအာဃာတ ကြီးနေတာ ပေါ်လွင်သွားပါတယ် ။

    အချုပ်ကတော့ မြန်မာဗုဒ္ဓဘာသာတင်မဟုတ်တော့ အာရှမှာ ရှိသမျှ ဗုဒ္ဓဘာသာ အထူးသဖြင့် ဘုန်းတော်ကြီးတွေ ကို သူကိုယ်တိုင် တော်တော်လေး မုန်းနေတာ ကို လှစ်ပြလိုက်တာပါဘဲ ။

    တကယ်က မိထ္ထီလာဖြစ်စဉ်မှာ နံနက်ပိုင်း ဆိုင်ဖျက်ကြတာ ပြီးနောက် ငြိမ်သလိုဖြစ်နေပါပြီ ။ မဆီမဆိုင် ခရီးသွားနေတဲ့ သံဃာတော်နဲ့  ဆိုင်ကယ်သမားကို ဗမာဗမာ သတ်သတ် လို့ အော်ပြီးတိုက်ခိုက်လိုက်တာ ဗုဒ္ဓဘာသာကိုသာ ဦးတည်တာမဟုတ်တော့ဘဲ ဗမာမှန်ရင်သတ်ကြ လို့ စိန်ခေါ်လိုက်တာကို ထဲ့ရေးမထားပါဘူး ။ အဲဒါက စစ်ကြေငြာလိုက်တာပါဘဲ ။ လူမျိုးရေးစစ်ကြေငြာလိုက်တာပါ ။

    အဲဒီမှာ ဗမာဘက်က နောက်ဆုတ်လိုက်ရင် သူတို့ ဘက်က ဆက်ဆော်လာတော့မှာပါ ။ အဲဒီလိုတွေးကြည့်ပါ ။ အခြေအနေက စစ်ပွဲအသွင်ကို ပြောင်းသွားပြီ ။ သူတို့ ဘက်က အင်အားသာလို့သတ်ရင် မောင်တော ဗူးသီးတောင်မှာ မွတ်စလင်ဘက်က မြန်မာမိတ်ဆွေ တစ်ဦးကို ကာကွယ်ခဲ့တာ ပုန်းပေးခဲ့တာ ရှိပါသလား ။

    မိတ်ဆွေအရင်းခေါက်ခေါက် ဆရာအရင်းခေါက်ခေါက် ကျောင်းဆရာကြီးကိုတောင် ဆရာကြီးရဲ့ တပည့်အရင်းခေါက်ခေါက်တွေ နဲ့  ဆရာတွေက ပိုင်းခုတ်သတ်လိုက်ကြတာပါ ။

    အဲဒါ မြန်မာပြည်မှာ မို့ ပါ ။ မလေးရှားနဲ့  အင်ဒိုနီးရှားမှာဆို ဗုဒ္ဓဘာသာ လူနည်းစုက သူတို့ လုပ်သလို ကုလား ကုလားသတ်အော်ဖို့ နေနေသာသာ စိတ်တောင်မကူးရဲပါဘူး ။ အော်လို်က်တာနဲ့  လုပ်လိုက်ရင် ဘယ်လိုနေမလဲ ။

    လူတစ်ယောက်ကို အိမ်အလည်ခေါ်တယ် ။ အိမ်မှာ ခွေးအကြီးကြီးရှိတယ် ။ မကြောက်ပါနဲ့ ဘာမှ မလုပ်ဘူးပြောလဲ ကြောက်နေမှာဘဲ ။ လူ့ အသိ အသိ ခွေးဆိုတာ ကိုက်တတ်တယ် ။ ဒီလိုဘဲ ယုန်ကလေးတစ်ကောင်မွေးထားတယ် ။ ဧည့်သည်ကို ဒီယုန်ကိုသတိထားနော် ကိုက်တတ်တယ်ပြောတောင် ဧည့်သည်က ကြောက်မလား ။ နောက်ပြောင်နေတယ်ဘဲထင်မှာပေါ့ ။

    ကဲ လူတွေ ဘာကြောင့် တချို့ ဘာသာတွေကို အသေကြောက်နေကြတာလဲ ။ ဘယ်ဘာသာကိုလဲ ကိုယ့်ဟာကိုစဉ်းစား ။ WHY ???

    တခြားထားပါ ။ မြန်မာဗုဒ္ဓဘာသာ မိန်းခလေး သူတို့ ဘာသာနဲ့ ရပြီးနောက် ဗုဒ္ဓဘုရားစာ ရွတ်ကြညိ့ခို်င်းလိုက်ပါ ။ ဘုရားပုံတော်လေးတစ်ခု ဆောင်ထားကြည့်ခိုင်းလိုက်ပါလား ။ အဖြေသိလာပါမယ် ။ ဒါတွေကိုချန်ပြီး တဖက်သတ်ရေးသွားတာကတော့ မီဒီယာကျင့်ဝတ် နဲ့ ညီပါရဲ့ လား ။

    Billy Mackenzie

    ReplyDelete
  2. အရင်က မွတ်ဆလင်ဆိုရင် လူသားတစ်ယောက်အနေနဲ့ အကောင်းမြင်ပေးလို့ ရသေးတယ်။ ရိုဟင်ဂျာတွေကို သနားစိတ် ဖြစ်မိတယ်။
    ခုတော့ ရိုဟင်ဂျာ၊ မွတ်ဆလင်ဆိုတဲ့ အသံကြားရင် အော်ဂလီဆန် ရွံမုန်းနေမိတယ်။ လူ့အသိုင်းအ၀ိုင်းနဲ့ မထိုက်တန်တဲ့ အင်မတန်ကောက်ကျစ် စဉ်းလဲလွန်းတဲ့ အောက်တန်းစားတွေပါပဲ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...