Friday, June 28, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၆)

သစ်ထူးလွင်



Posted: 28 Jun 2013 06:25 AM PDT
ဇွန်လ (၂၈)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Jun 2013 06:10 AM PDT
ဇွန်လ (၂၈)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၄၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 05:23 AM PDT
မြေငှားသက်တမ်း တစ်နှစ်ခြောက်လ ထိသာခွင့်ပြုခဲ့သော ကန်တော်ကြီး အမျိုးသားဥယျာဉ် အတွင်းရှိ ရေခဲကမ္ဘာ (ငွေနှင်းကမ္ဘာ)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထပ်မံသက်တမ်း မတိုးပေးသဖြင့် ဇွန်လကုန်တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ခိုင်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 05:10 AM PDT
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည် စခန်းတွင် မတည်ငြိမ်မူ ဖြစ်ပွားသဖြင့် စစ်တပ်က ပစ်ခတ်၍ လူ (၂) ဦး သေဆုံးသွားကြောင်း ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။ ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူသိသလောက် ရှင်းပြရာ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းတွင် အစိုးရမှ တည်ဆောက်ပေးသော အိမ်ယာ အစီအစဉ်ကို လက်ခံသူများနှင့် လက်မခံသူများဟူ၍  အုပ်စု (၂) စုကွဲနေကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 05:07 AM PDT
ထိုင်းမှာအလုပ်လုပ်ဖို့ ဘန်ကောက်ရောက်နေတဲ့ မြန်မာ အလုပ်သမား တွေဟာ နယ်စပ်ကို အတင်းအကျပ် ခေါ်ဆောင်ခံ ရပြီးနောက် မြန်မာအချင်းချင်း ကယ်တင်လို့ လွတ်မြောက်ခဲ့ပါတယ်။ နှစ်နိုင်ငံသဘောတူ အလုပ်သမား ငှားရမ်းခန့်ထားရေး စာချွန်လွှာ (အမ်အိုယူ) အရ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာတဲ့  အလုပ်သမား ၃၆ လောက်ဟာ မြန်မာနယ်စပ်ဘက်ကို မနေ့ညက ပြန်ပို့ခံခဲ့ရတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ထိုင်းနိုင်ငံ စံခရဘူရီ စက်ရုံတခုမှ မြန်မာအလုပ်သမားများအား တွေ့ ရစဉ်

Posted: 28 Jun 2013 04:16 AM PDT
GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်းလာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
"ခုအချိန်ထိ (၅) ကျပ် နှုန်းအထိ အဆိုပြု ကမ်းလှမ်းထားတာ များမရှိသေးသည့်တိုင် အပြိုင် အဆိုင် လုပ်လာ ကြမည့် ကုမ္မဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင် မှု ရဲ့ သဘောတရား အရ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 04:00 AM PDT
မီဒီယာတွေက ချောင်ပိတ်စေ နိုင်မယ့် မေးခွန်းတွေ မေးလာရင် နိုင်ငံရေး သမားတွေ ရင်ဆိုင် ဖြေဆိုရ မှာဖြစ်ပြီး တကယ် တာဝန်ရှိတဲ့ အစိုးရကိုလည်း မေးရမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ ပြည်သူ့ လွှတ်တော်ထဲမှာ ဒီဗွီဘီသတင်းထောက် အောင်ထွန်းမြင့်က မေးမြန်းရာမှာ ဖြေကြားလိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Jun 2013 03:33 AM PDT
မြန်မာပြည်မှာ မုန်းတီးမှုကို ဖြစ်ပေါ်စေတဲ့ ပြောဆိုရေးသား ချက်တွေဟာ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာတွေက သွားနေတာဖြစ်ပြီး ပြည်တွင်းမှာ ဖေ့စ်ဘွတ်အကောင့် ၈ သိန်းလောက်တဲ့ထဲက ထက်ဝက်ဟာ အကောင့်အတုတွေ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ရန်ကုန်မြို့က ချက်ထရီရမ်ဟိုတယ်မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမုန်းတရား ကာကွယ်ရေး စကားဝိုင်းမှာ သူက ပြောလိုက်တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 03:29 AM PDT
ဂျပန်နိုင်ငံသား Mr. Tetsuya Nakajima (၂၇ နှစ်) ထံမှ ရှင်းထက်ကျော် သွင်းကုန်ပို့ကုန် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးညီညီဟန်က မြေပိုင်ဆိုင်မှု စာရွက်စာတမ်း အတုဖြင့် ကျပ်သိန်း ၅၀၀၀ ကို လိမ်လည်ရန် ကြိုးစားသည်ဟု ဆိုကာ ဂျပန်နိုင်ငံသားက အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 03:27 AM PDT
သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းများမှ ရရှိလာမည့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG-Compressed Natural Gas) ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးများတွင်သာ ဦးစားပေး အသုံးပြုမည့်အတွက် ယခင် CNG တက္ကစီ များမှလွဲ၍ CNG အိုးအသစ်များ ထပ်မံ ချထားပေးတော့မည် မဟုတ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရန်ကုန်) မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Jun 2013 03:24 AM PDT
ဘော်စတွန် မာရသွန် ဗုံးခွဲမှုတွင် သံသယ တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ဇိုခါဆာနေ့ဗ်သည် ၎င်းတို့ညီအစ်ကို အသုံးပြုခဲ့သည့် ဗုံးကို ပြုလုပ်ရန်အတွက် အင်တာနက်မှ နည်းလမ်းရှာခဲ့ကြောင်း သိရှိရသည်။ အမေရိကန် ထောက်လှမ်းရေး အရာရှိများက မိမိတို့၏ စစ်ချက်အရ ဇိုခါသည် အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့က ထုတ်ဝေသည့် မဂ္ဂဇင်း တစ်ခုတွင် ပါဝင်သော ဗုံးပြုလုပ်နည်း လမ်းညွှန်ကို #Download ပြုလုပ်ကာ ယခုကဲ့သို့ ဗုံးများ ဖန်တီးခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 03:19 AM PDT
ဘော်စတွန် မာရသွန်ပြေးပွဲမှာ ဗုံးခွဲတိုက်ခိုက်ခဲ့သူလို့ သင်္ကာမကင်း ဖြစ်ခံနေရတဲ့ Dzhokhar Tsarnaev ကို ရာဇဝတ်မှု အတော်များများနဲ့ အမေရိကန် အစိုးရ အာဏာပိုင်တွေက စွဲချက်တင်လိုက်ပါတယ်။

အဲဒီ အထဲမှာ လူသတ်မှု ၊ လူအများအပြား သေကြေပျက်စီးစေတဲ့ လက်နက်တွေ အသုံးပြုမှုတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖြစ်ပွားခဲ့တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲမှုမှာ လူသုံးယောက် သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားပြီး လေးရက်မြောက်နေ့မှာ အကိုဖြစ်သူ တာမလန်း ဆာနာရက်ဖ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ရဲတယောက် သေဆုံးသွားခဲ့ပါတယ်။

တာမလန် ဆာနာရက် ကိုယ်တိုင်လည်း ပစ်ခတ်မှု အတွင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ချက်ချင်ညှာ မှာ မွေးဖွားခဲ့သူ အသက် ၁၉နှစ်သာ ရှိသေးတဲ့ ဂျိုခါ ဆာနာရက်ဖ်ဟာ အခုတင်ထားတဲ့ စွဲချက် တော်တော်များ များကြောင့် သေဒဏ် ဒါမှဟုတ် တသက်တကျွန်း ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အကိုဖြစ်သူ တာမလန်း (ယာ) နဲ့ ညီဖြစ်သူ ဂျိုခါ ဆာနာရက်ဖ်

Posted: 28 Jun 2013 03:14 AM PDT
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ သမ္မတဆီ သ၀ဏ်လွှာတစောင် ရေးသားပြီး အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေး အမြန်ဆုံး ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

အကြောင်းကတော့ သမ္မတဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီရဲ့ ဆောင်ရွက်ချက်တွေ အနက် တချို့အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အောင်မြင်တာတွေ ရှိသလို၊ တချို့အဖွဲ့နဲ့ တွေ့ဆုံတဲ့ အခါမှာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေနဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပေါ် လာနိုင်တယ်ဆိုပြီး ပြည်သူတွေနဲ့ အမတ်တွေက သူကို တင်ပြလာခဲ့ကြောင်း၊ ဒါကြောင့် ဒီကိစ္စတွေကို အလေးအနက်ထား ဆွေးနွေးဖို့ လိုအပ်လာလို့ တောင်းဆိုရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအတွက် ဒီနေ့ သမ္မတဆီက သ၀ဏ်လွှာ တစောင် ပေးပို့လာပေမယ့် ဘယ်လို အချက်တွေ ဖော်ပြထားတယ်ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မသင့်သေးဘူးလို့ သူရဦးရွှေမန်းက ပြောပါတယ်။

by ဒီဗွီဘီ


Posted: 27 Jun 2013 11:32 PM PDT
ချောင်းဦး၊ ဇွန် ၂၈

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းအနီး ယခုလ ၂၇ ရက်နေ့မနက် ၇ နာရီ ခွဲအခိန်ခန့်က မွေးကင်းစ ကလေးငယ်အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

အဆိုပါ မှတ်တမ်းများတွင် ကလေးသူမွေးဖွားခြင်းကိစ္စရပ်အား ထိန်ချန်လိုသော ရည်ရွယ်ချက်များဖြင့် မွေးကင်း စ ကလေးသူငယ်(ယောင်္ကျားလေး)ဖြစ်သူကိ
ု ယင်းကဲသို့ လာရောက်စွန့်ပစ်ထားခြင်းဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊ စွန့်ပစ်ခံ ကလေးသူငယ်၏ ရုပ်အလောင်းသည် ချက်ကြိုးဖြတ်တောက်ထားခြင်းမရှိသေးကြောင်း အမှုမှန်ပေါ်ပေါက်စေရေး အတွက် ချောင်းဦးရဲစခန်း (ပ) ၁၇၃/ ပုဒ်မ ၃၁၈ အရ ဒုရဲအုပ် အောင်ခိုင်ထွန်းမှ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း ဖော်ပြပါရှိသည်။

မွေးကင်းစ ကလေးသူငယ်စွန့်ပစ်ခြင်းနှင့်ပတ်
သက်၍ ပြီးခဲ့သည့် မေလခန့်ကလည်း ချောင်းဦးမြို့နယ် ဘူတာ ကျေးရွာလမ်းခွဲ အမှိုက်ပုံပေါ်တွင် အလားတူ ကလေးစွန့်ပစ်သည့် ကိစ္စတစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ လူမှုကွန် ယက် အဖွဲ့၏ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း


Posted: 27 Jun 2013 11:13 PM PDT
ဇွန်လ ၂၅ ရက်နေ့ ည ၁၀း ၀၀ နာရီခန့်က အမှတ် (၁) အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ထရပ်ကား တစီးတိမ်းမှောက်ခဲ့သဖြင့် ကားဒရိုင်ဗာနှင့် စပယ် ယာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရ သည်။ သေဆုံးသူ ကားဒရိုင်ဗာ Dongh Khen Khai ( 21) နှင့် ကားစပယ်ယာ တို့သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ည ၇း၀၀ နာရီခန့်တွင် ချင်းပြည် နယ် ဟားခါးသို့ ထွက်လာကြပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Jun 2013 11:04 PM PDT
ဇွန်လ (၂၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၁၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Jun 2013 10:51 PM PDT
ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူ မြို့နယ်ခွဲတွင် စခန်းချသော ခလရ (၂၈၃) တပ်ရင်းမှူးက တပ်ကုန်းရေမလာသည့် ကိစ္စနှင့် ပတ်သက်ပြီး ထွေ/အုပ်ဝန်ထမ်း ဦးဖြိုးဇေယျာ (ခေါ် ) မင်းမင်းဆိုသူအား ရိုက်နှက်သဖြင့် ရရှိ ဒဏ်ရာများကြောင့် ယခုအခါ အဆိုပါ ဝန်ထမ်းခွင့်ယူထားရသည်ဟု သိရသည်။ အမည်မဖေါ်လိုသော ထွေ/အုပ်ရုံး ဝန်ထမ်းတစ်ဦးက “ဒဏ်ရာကနာတယ်၊ အတွင်းဒဏ်လိုဖြစ်နေတယ်၊ ရှက်လည်းရှက်မိတယ်၊ ဒါကြောင့် သူခွင့်ယူလိုက်တာပါ” ဟု ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Jun 2013 10:23 PM PDT
တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများ အနက် လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းမြေများမှအပ ကျန်လယ်ယာမြေ အားလုံးကို ဇူလိုင်လအတွင်း မူလ ပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှု စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Jun 2013 10:10 PM PDT
မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်  ကမ္ဘာကျော် တောင်သမန် အင်းစောင်း လင်းဇင်းကုန်း     သင်္ချိုင်းတွင်ရှိသော ထိုင်းဘုရင် သင်္ချိုင်းတော် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို     ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် မြန်မာပြည်မှ ထိုင်းဘုရင်ဂူ သင်္ချိုင်းတော် ပြုပြင်ထိမ်းသိမ်းရေး အဖွဲ့တို့က  ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် လင်းဇင်းကုန်း သင်္ချိုင်းတော်ရှိ ဇရပ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာပြည်အဖွဲ့ ထဲတွင်ပါဝင်သော ဦးခင်မောင်သန်း(သုတေသီ)ကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လင်းဇင်းကုန်း သင်္ချိုင်းတော်

Posted: 27 Jun 2013 10:02 PM PDT
ဇွန်လ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Jun 2013 09:59 PM PDT
ဇွန်လ (၂၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Jun 2013 09:09 PM PDT
မြန်မာနိုင်ငံမှာ နိုင်ငံရေးး စီးပွားရေး ပြောင်းလဲ ပွင့်လင်းလာနေပေမယ့် ကလေးအလုပ်သမားကိစ္စဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေဆဲပဲလို့ ပြင်သစ်သတင်းဌာန တစ်ခုက ဖော်ပြပါတယ်။ ၂၀၁၂ ခုနှစ် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( ILO ) ရဲ့ ညွှန်းကိန်းတွေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အလုပ်ခိုင်းစေခံရမှု အခြေအနေမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန် နိုင်ငံတွေနဲ့အတူ အဆိုးရွားဆုံးနိုင်ငံများစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မုန့် ဖက်ထုပ် ရောင်းနေသော ဈေးသည် ကလေးသူငယ် တစ်ဦးဖြစ်ပါသည်။ (Photo: AFP)

Posted: 27 Jun 2013 09:06 PM PDT
လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမြင်ခြင်းမတူ သဘောထားကွဲလွဲနေတဲ့ ကောလ ဟာလ ပြောဆိုချက်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန် ကိုယ် အလေးအနက်ထား ဆောင်ရွက်သွားဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ် photo: AFP

Posted: 27 Jun 2013 08:57 PM PDT
 ကလေးမြို့ နဲ့ တမူး မြို့က  မြို့နယ်ရဲတပ်ဖွဲ့မှူး နဲ့    ခရိုင်  ရဲတပ်ဖွဲ့မှူး  တွေကိုယခုလ ၁၅ ရက်နေ့က စတင် စုံစမ်းစစ်ဆေး  နေပြီး သူတို့နေရာကို အခြား ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ပေး ထားတယ်လို့  သိရပါတယ်။ အရင်မြို့နယ်မှူး နဲ့ခရိုင်ရဲ မှူးကို ခရိုင်ရုံးထဲမှာပဲ  လွတ်လွတ်လပ်လပ် ထားပြီး စုံစမ်း စစ်ဆေး နေပါတယ်၊  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကလေးခရိုင် တပ်ဖွဲ့မှူးအသစ် အဖြစ် တာဝန်ယူနေသူ ဒုရဲမှူးကြီး သိန်းဝင်းနှင့်တွေ့ဆုံခြင်း

Posted: 27 Jun 2013 07:46 PM PDT
မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြည်ပက ကုမ္ပဏီ ၂ ခုကို တင်ဒါ စိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တဲ့ အထဲမှာ နော်ဝေးနိုင်ငံက တယ်လီနော ကုမ္ပဏီလည်း ပါဝင်ပါတယ်။ ဒီ တယ်လီနော ကုမ္ပဏီ အနေနဲ့ အခုလိုင်စင် ရရှိပြီးနောက်မှာ ဘာတွေ ဆက်ပြီးလုပ်သွားကြမလဲ ဆိုတာကို အဲဒီ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ ပထမ အဆင့်အနေနဲ့ ဒီလိုင်စင် အတွက် လိုအပ် တာတွေကို မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ နိုင်ငံမှာ ဆက်သွယ်ရေး လိုင်စင် ရသွားတဲ့ နော်ဝေက တယ်လီနော ကုမ္ပဏီ အမှတ်တံဆိပ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...