Friday, June 28, 2013

`` Ecology..... (သို့မဟုတ်) ဂေဟ ဗေဒ ´´

`` Ecology.....  (သို့မဟုတ်)  ဂေဟ ဗေဒ ´´

Ecology (ဂေဟဗေဒ) ဆိုတာဘာလဲ ?

Ecology ဆိုသည့် စကားလုံးမှာ ဂရိဘာသာစကား (Oitos)(Household) မှဆင်းသက်လာသည်။ Ecology ဆိုသည်မှာ အပင်နှင့် သက်ရှိတို့၏ ဆက်သွယ်မှု၊ အကျိုးပြုမှု ဂေဟစနစ် (Ecosystem) နှင့် ၎င်းတို့၏  Phycical ဆိုင်ရာနှင့် Biology ဆိုင်ရာ ၀န်းကျင်ကို လေ့လာခြင်းဖြစ်သည်။ 

ရုပ်ပိုင်းဆိုင်ရာ ၀န်းကျင်တွင် အလင်း၊ အပူ၊ (သို့မဟုတ်)  နေရောင်၊ ရေခိုးရေငွေ့၊  လေ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မြေဆီလွှာ အဟာရ၊ ရေ နှင့် လေထုတို့ပါဝင်သည်။ ဇီဝ ဆိုင်ရာဝန်းကျင်တွင် အပင်နှင့် တိရိစ္ဆာန် နှင့် သက်ရှိအားလုံးတို့ပါဝင်သည်။

ဂျာမန် ဇီဝဗေဒ ပညာရှင် ``Ernst Haeckel´´ ဆိုသူက ၁၈၆၆ ခုနှစ်တွင် ထုတ်ဝေသော ၎င်း၏ `` Generelle Morpologie Der Organismen ´´ စာအုပ်တွင် ဂေဟဗေဒ ဆိုသည့် သက်ရှိများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကြား အပြန် အလှန်ဆက်စပ်နေမှုနှင့် အကျိုးပြုနေမှု ဂေဟစနစ် (EcoSystem) ကို စတင်မိတ်ဆက်ပေးခဲ့သည်။

ခေတ်သစ် ဂေဟဗေဒသည် ဒါဝင် ( Charles Darwin) ၏ ဆင့်ကဲဖြစ်စဉ် (evolution) မှ စတင်ခဲ့သည်။  ယင်းသီအိုရီတွင် သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား ဂေဟစနစ် (Ecosystem) တွင် လိုက်လျောညီထွေရှိအောင် ပြောင်းလဲကြပြီး ထိုပတ်ဝန်းကျင်တွင် အပြန်အလှန်အမှီသဟဲပြု၍ အတူတကွ အသက်ရှင်နေထိုင် သည်ဟု ဆိုသည်။

Ref: encarta 2009 & http://en.wikipedia.org/wiki/Ecology

ဂေဟဗေဒ စနစ် (Ecosystem) ဆိုတာဘာလဲ?

ဂေဟဗေဒ စနစ်ဆိုသည်မှာ သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား အပြန်အလှန် အမှီသဟဲပြု ဆက်စပ်နေ သည့် စနစ်တစ်ခုဖြစ်သည်။ ထိုစနစ်ကိုလေ့လာသောဘာသာရပ်ကို ဂေဟဗေဒ (Ecology) ဟုခေါ်သည်။ အင်တာနက် ၀က်ဆိုဒ် (Wikipedia) တွင်လည်း ဂေဟဗေဒစနစ်ကို ၀န်းကျင်တစ်ခု၏ ဓာတု နှင့် ဇီဝ ဆိုင်ရာ ပါဝင်မှုများကို စုပေါင်းထားခြင်းဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ဂေဟဗေဒစနစ်တွင် နယ်နိမိတ် အကန့်အသတ်မရှိပေ။ ၎င်းသည် သမုဒ္ဒရာကြီးတစ်ခုမျှ ကြီးမားနိုင်ပြီး၊ ရေစက်လေး တစ်စက်လောက်လည်းသေးငယ်နိုင်သည်။ ဥပမာ စမ်းချောင်းလေးတစ်ခုသည် သစ်တော အုပ်လေး အတွင်းဖြတ်သန်းစီးဆင်းသည်ဆိုပါစို့။ ထိုသစ်တောသည် စမ်းချောင်းလေးကို အမှီပြုနေသကဲ့သို ထိုစမ်းချောင်းလေးသည်လည်း ထိုသစ်တောလေးကို အမှီပြုနေထိုင်ခြင်းဖြစ်သည်။ စမ်းချောင်းလေးမရှိလျှင် ထိုသစ်တောလည်းမရှိနိုင်ပေ။ ထိုသစ်တောလေး မရှိလျှင်လည်း စမ်းချောင်းလေး ခန်းခြောက်မည်သာ ဖြစ်သည်။

ကမ္ဘာမြေကြီးတွင် ထိုကဲ့သို့ အပြန်အလှန် အမှီသဟဲပြုမှုများ မရေတွက်နိုင်အောင်ရှိနေသည်။ ထိုဂေဟဗေဒ စနစ်ကြီးထဲမှ တစ်ခုခုချိုးယွင်းသွားပါက အခြားအရာများလည်း လိုက်လံပြောင်းလဲမည်သာဖြစ်သည်။ ကမ္ဘာကြီး ကိုယ်တိုင်လည်း ဂေဟဗေဒစနစ်တွင် ပါဝင်သည်။

Ref;  Greenbox
greenbox20100@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...