Sunday, June 23, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၆)

သစ်ထူးလွင်



Posted: 23 Jun 2013 05:15 AM PDT
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်မှု များကြောင့် စစ်တွေမြို့နယ်သို့ ရောက်ရှိ ခိုလှုံ နေထိုင်ကြသော အခြားမြို့နယ်များမှ မူဆလင် ဒုက္ခသည်များ မူလဒေသသို့ ပြန်ပို့ရန် အစီအစဉ်ကို ငြင်းဆန်နေ၍ ရခိုင် ပြည်နယ်အစိုးရ အနေဖြင့် အခက်တွေ့ နေရကြောင်း အစိုးရ အဖွဲ့၊ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော် မတီဥက္ကဋ္ဌ ဦးလှသိန်း က မဇ္ဈိမကို ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 23 Jun 2013 05:13 AM PDT
ဇွန်လ (၂၃)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 05:10 AM PDT
ဇွန်လ (၂၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 05:08 AM PDT
ဇွန်လ (၂၃)ရက်နေ့ ထုတ် The Reporter ဂျာနယ် အမှတ် ၂၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 03:37 AM PDT
တောင်ငူခရိုင် ဖြူးမြို့နယ် ပြည်သူ့ ဆေးရုံ ကြီးတွင် သွေးအားနည်း ရောဂါဖြင့် တက်ရောက် ကုသခဲ့သော ခုနစ်နှစ်အရွယ် လူနာ ဖြစ်သူ၏ အဘွားကို ဖြူးမြို့နယ် ဆေးရုံ အုပ်ကြီး ဒေါတ်တာ ဇော်လွင်က ဝတ္တရား နှောင့်ယှက်မှုဖြင့် ဖြူးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီ တွင် သွေးပေါင်ကျ သွေးအား နည်း ရောဂါကြောင့် ဖြူးဆေးရုံသို့ တက်ရောက် ကုသခဲ့သူ မနှင်းပွင့်ဖြူ (ခုနစ်နှစ်) ကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 03:00 AM PDT
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ သုသာန်ရှိ စွန်နီဂျာမေဗလီ ကျောင်းရှေ့တွင်
ဇွန်လ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ် ခန့်က လူတစ်ယောက် သွေးအန်သေဆုံး ခဲ့သည်ဟု အဆိုပါ ဆ/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောကြားသည်။ သေဆုံးသူသည် သင်္ဃန်းကျွန်း မြို့နယ်၊ ဆ/က ရပ်ကွက်၊ ရတနာဒီပလမ်း၊ အမှတ်-၉၅/၁၁၄ နေ ဦးသံချောင်း (ခ) အန်ကာစူ ၄၇ နှစ်ဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 02:43 AM PDT
ရန်ကုန်၊ ဇွန် ၂၃

၂၂.၆.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ရန်ကင်းမြို့နယ်နေ ဒေါ်ခင်စန်းနွဲ့ (၈၁)နှစ်၊ (ဘ)ဦးဖေထွန်းသည် ရန်ကင်းမြို့နယ်၊ ရန်ကင်း လမ်းဆုံ အနီးတွင် ရပ်နေစဉ် အမည်မသိ အသက်(၄၀)နှစ်ခန့်စီရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ရောက်ရှိလာပြီး ၎င်းတို့အလုပ်လုပ်သည့် ရုံးတွင်
သက်ကြီးရွယ်အိုများ အတွက်ဆန်/ဆီများ ထောက်ပံ့ ပေးနေကြောင်း ယုံကြည်အောင် ပြောဆိုကာ ဆင်းရဲသားများ ကိုသာ ထောက်ပံ့ ပေးခြင်းဖြစ်၍ ဆင်းရဲသားပုံ ပေါက်စေရန် ဒေါ်ခင်စန်းနွဲ့ ၀တ်ဆင်ထားသော စိန်တစ်ပွင့်စီပါ တန်ဘိုး (၁၀)သိန်းရှိ နားကပ်(၁)ရံအား ချွတ်ခိုင်းပြီး ဒေါ်ခင်စန်းနွဲ့၏ အိတ်အတွင်း သိမ်းဆည်း ပေးမည့်ဟန်ဆောင်ကာ လိမ်လည်ယူဆောင် သွားသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပေါ် အရေးယူ ပေးရန်တိုင်တန်း၍ ရန်ကင်းမြို့မရဲစခန်း (ပ)၁၃၉/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။


Posted: 23 Jun 2013 02:32 AM PDT
နားကျပ်များ၊ နေကာ မျက်မှန်များ ဝတ်ဆင်ကာ လူးဝစ်ဗွီတန် Louis Vuitton တန်ဖိုးကြီး လက်ကိုင်အိတ် များ နှင့် ကိုယ်ပိုင်ဂျက် လေယာဉ် စီး၍ ခရီး သွား ခဲ့သော ထိုင်း ရဟန်းတော် သုံးပါး ကြောင့် ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာ ရဟန်း တော်များ၏ ဣနြေ္ဒ သိက္ခာကို ဝေဖန်နေ ကြသည်။ ယင်းမြင်ကွင်းကို You Tube မှ အကြိမ် ၂ သိန်းကျော် ဝင်ရောက် ကြည့်ရှုခဲ့ကြ၍ သင်္ကန်း အနည်းငယ်မှ အပ အခြား ပိုင်ဆိုင်မှု များမထားဘဲ တင်းကျပ်သော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


(ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 23 Jun 2013 02:11 AM PDT
သူ့ဟန်က တစ်စုံတစ်ရာကို အလွန် စိုးရိမ်နေသလိုပင်။ အဆောက်အအုံ တစ်ခုကို သေချာ ကြည့်နေသည်။ အမှတ်တံဆိပ် သက်တမ်း နှစ် ၉၀ ကျော်ရှိ မာဘိုရို စီးကရက် တစ်လိပ်ကို မက်မက်မောမော ဖွာရှိုက်လိုက်ရင်း စိုးရိမ်တကြီး လေသံဖြင့် စကား စပြောသည်။ “နောက် ၂ နှစ်၊ သုံးနှစ်အတွင်း ဒီအဆောက်အအုံတွေကို ဘယ်သူမှ ဘာမှ မကာကွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီအဆောက်အအုံတွေကို ဘယ်တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး” ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 02:07 AM PDT
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စတင်စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ တရားမဝင် ကုန်သွယ်မှု တားဆီးစစ်ဆေးရေး အဖွဲ့၏ တာဝန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရထံသို့ လွှဲပြောင်းပြီး နောက်လာမည့် ဇူလိုင်လတွင် ယင်းဆိပ်ကမ်းနှင့် လေဆိပ် စစ်ဆေးမှုကို စတင် လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 02:01 AM PDT
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန်အတွက် ထုတ်ပြန်ထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်သည်။ ဆူပူ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန်အတွက် လမ်းများပေါ်တွင် မည်သူမဆို တုတ်၊ ဓား၊ လက်နက်များနှင့် မီးလောင်စေမှုကို ဖြစ်ပွားစေသော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 01:55 AM PDT
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တောင်ပိုင်း မြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ် ကျင်းပမြဲ ဖြစ်တဲ့ ခွေးသား စားပွဲကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့ အတွက် တိရစ္ဆာန် အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ထောင်ပေါင်းများ စွာသော ညစာ ဟင်းပွဲတွေ အတွက် အရေဆုတ်ပြီး ဟင်းချက်ဖို့ ခွေးတွေကို လှောင်အိမ်များ မှာ လှောင်ထားပုံတွေကိုလည်း ယူလင်းမြို့က လာတဲ့ သတင်း ဓာတ်ပုံတွေမှာ တွေ့ရပါ တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jun 2013 01:46 AM PDT
ယနေ့ 23-6-2013 ရက်နေ့ 1010 အချိန် မိတ္ထီလာမြို့ နာရီစင်နားမှာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တာဝန်ကျနှစ်ဦး မှ ပြည်သူများအား ဆိုင်ကယ် တွင် ဦးထုပ် နောက်ကြည့်မှန် နံပါတ်ပြား မပါရှိသူများအား ဖမ်းဆီး နေသောပါသည်။ ၄င်းတို့နှစ်ဦး၏ ၀တ်စားထားပုံ ဆိုင်ကယ် ကိုကြည့်ကြပါ။ ဦးတုပ် ဖိနပ် ဆိုင်ကယ်နံပါတ်ပြာ နောက်ကြည့်မှန် ပါပါဘူး...







Posted: 22 Jun 2013 08:02 PM PDT
နာဂစ် အလွန်ကာလများ အတွင်း လပွတ္တာမြို့ကို “နာဂစ်ဆိုင်ရာ ပြန်လည် ထူထောင်ရေး အထူးဒေသ” အဖြစ် သတ်မှတ်ကာ ဒေသဖွံ့ဖြိုးရေး အတွက် မဟာဓါတ်အား လိုင်းတစ်ခုကို ချထားပေး ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း အတွင်း အသက်ပေး သွားရသော ပြည်သူတို့၏ အသက်ပေါင်း သိန်းချီပြီး ရင်းနှီးထား ရသော ဓါတ်အားလိုင်းဟု ဆိုချင်က ဆိုနိုင်ပါသည်။

အဆိုပါ မဟာဓါတ်ဓါတ်အားလိုင်းမှ လပွတ္တာမြို့သို့ ၂၄နာရီ ဓါတ်အား ဖြန့်ဖြူး ပေးသွားမည်ဟု သိခဲ့ရပါသည်။ သို့သော် ၂၄နာရီ လျှပ်စစ်မီး အပြည့်အ၀ ရရှိသောရက် အလွန်နည်းပါး ခဲ့ပါသည်။

နွေရာသီကာလ တလျှောက် ရေမလုံလောက်သည့် အတွက် ဓါတ်အား အပြည့်အ၀ မဖြန့်ဝေနိုင်ပါဟု ဆိုကာ ရပ်ကွက် တစ်စုချင်းစီ အလိုက် အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ နွေရာသီကာလများ အတွင်း မြန်မာ့လျှပ်စစ်ဓါတ်အား လုပ်ငန်းမှ ဓါတ်အား ဖြန့်ဝေမည့်အချိန်ဇယားကို ပြည်သူများသို့ ဝေငှထားပါသဖြင့် မီးလာမည့် အချိန်၊ မီးပြတ်မည့် အချိန်ကို ပြည်သူအများမှ ကြိုတင်သိခွင့် ရနေခဲ့ပါသည်။

ထိုအချိန်ဇယားမှာလည်း ရက်အနည်းငယ်အကြာတွင် ပြောင်းလွဲသွားပါသည်။ ပြောင်းလွဲဖြန့်ဝေသော အချိန်ဇယားကို ပြည်သူမှ မသိရတော့ပါ။ ထိုနွေရာသီ ကာလများအတွင်း နေ့ပိုင်းတွင် အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေသော်လည်း ညပိုင်းတွင် တစ်မြို့လုံးကို တပြိုင်နက် ဖြန့်ဝေပေး ထားနိုင်ပါသည်။

ယခုမိုးရာသီကာလတွင် နွေရာသီထက် ပိုမိုမီးပြတ်နေသည်မှာ ပြည်သူအများက နားမလည်နိုင်အောင် ဖြစ်နေရပါသည်။ နေ့ပိုင်းတွင် အလှည့်ကျစနစ် (မည်သို့အချိန်ဇယား ဆွဲထားသည်ကို မသိရ) ဖြင့် ဖြန့်ဝေပြီး ညပိုင်းပါ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေနေပါသည်။

ထို့ကြောင့် ယခုလိုကျောင်းဖွင့်ရာသီတွင် ညပိုင်းအချိန်တွင် လျှပ်စစ်မီးမရှိပဲ မှောင်မိုက်နေသော ရပ်ကွက်များမှ ကျောင်းသား/သူများအနေဖြင့် များစွာ အခက်ကြုံနေရပါသည်။

ဘာအကြောင်းကြောင့် ညပိုင်းတွေပါ မီးပျက်နေရကြောင်း၊ ဓါတ်အားခွဲဝေမှုစနစ်ကို မည်သို့သောအချိန်ဇယားဖြင့် ခွဲဝေနေကြောင်း၊ မည်သည့်အချိန်တွင် မီးမှန်မှန်ပြန်လာမည်ဖြစ်ကြောင်
း ပြည်သူအများမှ သိချင်နေသော်လည်း ဆိုင်ရာဝန်ထမ်းများမှ ရှင်းလင်းပြခြင်းများ ယခုအချိန်ထိ လုံးဝမရှိသေးပါ။ “ရေရလျှင် မီးလာမည်” ဟုဆိုသော ၀န်ကြီး၏စကားအရ ယခုမိုးရာသီကာလတွင် လျှပ်စစ်မီးကို အပြည့်အ၀ရတော့မည်ဟု မျှော်လင့်နေသော ပြည်သူများအဖို့ နွေရာသီတုန်းကထက် ပိုနည်းနေသော မီးရရှိချိန်ကို နားမလည်နိုင်အောင် ဖြစ်နေကြရပါသည်။

လပွတ္တာမြို့ ခံ ပြည်သူများ




Posted: 22 Jun 2013 06:54 PM PDT

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ကနေ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ဖို့ရေး ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ် နိုင်ငံက ဝှာဝေး ကုမ္ပဏီ ကို ရွေးချယ် လိုက်ပြီ ဖြစ်ပါတယ်။
အခုလို ပူပေါင်းဆောင်ရွက်ခွင့် ရရေး အတွက် MPT ရဲ့ တင်ဒါ ကို လျှောက်ထား ခဲ့တဲ့ နိုင်ငံခြား တယ်လီဖုန်း ကုမ္ပတွေထဲမှာ Errison Nokia နဲ့ ZTE တို့လည်း ပါဝင်တဲ့ အထဲကမှ ဟွာဝေးကို ရွေးချယ်လိုက် တာ ဖြစ်ပါ တယ်။

MPT ဟာ ရှေ့မဝေးတော့တဲ့ အနာဂတ်မှာတော့ အစိုးရ ကနေ ဘတ်ဂျက် ချပေးမှုနဲ့ ဝန်ကြီး ဌာနအောက်မှာ မဟုတ်ဘဲ ကိုယ်ပိုင် ကော်ပိုရေးရှင်း တခု အနေနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်နေပြီး အဲဒီက တဆင့်ကနေ ပုဂ္ဂလိက ပိုင် ကုမ္ပဏီ တခု ဖြစ်လာဖို့ကို ကြိုးပမ်းနေတယ်လို့ MPT က အရာရှိတဦး ကနေ ဘီဘီစီကို ပြောပါတယ်။

BBC Burmese


Posted: 22 Jun 2013 04:05 PM PDT
အခုတပတ်ထုတ် Time မဂ္ဂဇင်းနဲ့ နယူးယောက်ခ် တိုင်းမ်သတင်းစာတို့မှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် တချို့ရဲ့ လုပ်ရပ်တွေ အပေါ် ဝေဖန် ရေးသားထားတဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး ပြည်ပမှာ သီတင်းသုံး နေကြတဲ့ သံဃာတော် တချို့က ဒီရေးသား မှုတွေဟာ မှန်ကန်ခြင်း မရှိဘူးလို့ ပြန်လည်ချေပ လိုက်ကြပါတယ်။ ဒီတပတ်ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ “ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသော မျက်နှာစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိကအား ဖြင့်တော့ အရှင်ဝီရသူကို အိုစမာဘင်လာဒင်နဲ့ တင်စားပြီး သွေးထွက် သံယိုမှုကို လှုံ့ဆော်သူအဖြစ် ဝေဖန်ရေးသား ထားသလို The New York Times သတင်းစာထဲမှာ မြန်မာ ဗုဒ္ဓဘာသာတွေ အကြား အစွန်းရောက် ဝါဒ ပေါ်ထွန်းလာခြင်း ဆိုတဲ့ မွတ်ဆလင်တွေ အပေါ် အကြမ်းဖက်ခဲ့ ကြတယ်ဆိုပြီး ဝေဖန်ရေးသား ခဲ့တာဖြစ်ပါတယ်။ ဒီရေးသားချက်တွေနဲ့ ပတ်သက်ပြီး  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jun 2013 03:58 PM PDT
ဒီသီတင်းပတ်ထုတ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးရဲ့ မျက်နှာကို ဘာသာရေး အကြမ်းဖက်သူတစ်ဦး အဖြစ် ဖော်ပြလိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို သွေးထိုးလှုံ့ဆော်ပေး သလိုဖြစ်စေမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလို နိုင်ငံတကာ သတင်းမီဒီယာမှာ မြန်မာနိုင်ငံတွင်းက မတူကွဲပြားတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး သတင်းဆောင်း ပါးရေးသား ဖော်ပြမှုတွေကြောင့် အုပ်စုမတူသူတွေ ကြား အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Jun 2013 03:55 PM PDT
အမေရိကန် ထောက်လှမ်းရေး အတွက် စာချုပ်နဲ့ အလုပ် လုပ်ခဲ့တဲ့ ထောက်လှမ်းရေး ဟောင်း အက်ဝက်ဒ် စနိုဒန်ကို အမေရိကန် ပြည်ထောင်စု ကနေ ရာဇဝတ်မှု စွဲချက် တွေနဲ့ တရား စွဲဆို လိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ စနိုဒန်ဟာ အမေရိကန် အစိုးရရဲ့ အင်တာနက် ထောက်လှမ်းရေး အစီ အစဉ် တွေကို ဖွင့်ချ ဖေါ်ထုတ် လိုက်တာ ဖြစ်တဲ့ အတွက် သူ့ကို သူလှျို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သူ့ကို သူလှျို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်

Posted: 22 Jun 2013 03:52 PM PDT
အစိုးရနဲ့ မနှစ်တုန်း အပစ်အခတ် ရပ်စဲထားပြီးဖြစ်တဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်စခန်းတခုကို ဖယ်ရှားပေးဖို့ အတွက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က SSPP/SSA ခေါင်းဆောင်တွေဆီကို ညွန်ကြားလိုက်တယ်။ ဒီညွန်ကြားချက်နဲ့ ပက်သက်လို့ SSA ဘက်က ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

SSPP/SSA စစ်ရေးပြ ချီတက်နေ

Posted: 22 Jun 2013 03:37 PM PDT
မြန်မာနိုင်ငံမှာ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ဆိုရင် မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့် လိုင်စင် အတွက် တင်ဒါ လျှောက်ထား ကြတဲ့ ကုမ္ပဏီ ၁၁ ခု ထဲကနေ ၂ ခုကို ရွေးချယ်ပြီး လုပ်ကိုင်ခွင့်တွေ ချပေးတော့မှာ ဖြစ်ပါတယ်။ တင်ဒါ လျှောက်ထားတဲ့ ကုမ္ပဏီ တွေထဲက တခု ဖြစ်တဲ့ Digicel ကုမ္ပဏီရဲ့ အော်ပရေးရှင်း ဒါရိုက်တာ လော်နာ မက်ဖာဆင်ကို ဆက်သွယ် ပြီး အခု လောလောဆယ် လုပ်ငန်း လုပ်ကိုင်ခွင့် ရွေးချယ်ပေးမယ့် စနစ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ပိုင်းမှာ ဘယ်လို ရှိပါသလဲ ဆိုတာကို စတင်ပြီး မေးကြည့်တော့-

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ့ မိုဘိုင်းဖုန်း ဝန်ဆောင်မှုတွေ ပိုကောင်းလာ တော့မလား

Posted: 22 Jun 2013 10:09 AM PDT
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ၀ိန်းကျော်ရပ်ကွက် စိန်ပန်းနီနီ အအေးဆိုင်၌ ဇွန်လ(၁၈)ရက်နေ့ ည(၇)နာရီ အချိန်ခန့်တွင် အအေးဆိုင်ထိုင် နေသူနှစ်ဦး သေနတ်နှင့် ပစ်သတ်ခံရပြီး၊ တစ်ဦးမှာ ခြေသလုံး  တွင်ဒဏ်ရာရပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံး သွားခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ သည်။  သေဆုံးသူမှာ စိုင်းဝန်းကျောက် ဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jun 2013 08:27 AM PDT
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကျည်စုအရှေ့ကျေးရွာမှာ မက်စ်မြန်မာ ကုမ္ပဏီက သိမ်းယူထားတဲ့ ဧက ၄ဝဝ နီးပါးရှိတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးအဖြစ် ကုမ္ပဏီဘက်ကနေ လယ်တစ်ဧကကို ကျပ်ငွေ သိန်း ၂ဝ နှုန်းနဲ့ မနေ့က ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။ မက်စ်မြန်မာ ကုမ္ပဏီကနေ ဒေသခံတောင်သူတွေကို ခုလိုလျော်ကြေးငွေ ပေးအပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းဌေးက RFA ကို အခုလို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 22 Jun 2013 08:25 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း တလန်ခရိုင် ကတန်မြို့နယ်က ဖက်ကျော်စင်လှေဆိပ် မှာ လှေပေါ်ကို ရောင်းစား ခံရတော့မယ့် မြန်မာနိုင်ငံသား ၁ဝ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း(MAT)အဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လူကုန်ကူးသူတွေက ငါးဖမ်းလှေတွေဆီကို ရောင်းစားခံခဲ့ရတဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Jun 2013 08:30 AM PDT
မန္တလးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် တကောင်းမြို့နယ်ခွဲ တကောင်း အထကတွင် ဇွန် ၂၁ရက် နံနက် ၁ဝနာရီက မဟုတ်မမှန်လုပ်ကြံ ဖန်တီးသော ကောလာဟလသ တင်းကြောင့် မိဘများနှင့် အရပ် သားများ ကျောင်းသို့ စုရုံးရောက် ရှိလာရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးတို့မှ ကျောင်း အတွင်း၌ မည်သည့်ပြဿနာမှ ဖြစ်ပွားခြင်းမရှိကြောင်းနှင့် ကျောင်း ဝင်းအတွင်းသို့ မည်သူ့ကိုမှအဝင် မခံကြောင်းပြောပြရာ လူစုကွဲ သွားခဲ့သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jun 2013 07:52 AM PDT
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထား သော မြန်မာနိုင်ငံသား မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကား သူတစ်ဦးအား ထိုင်းအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ပေးလိုက်ကြောင်း သိရသည်။ ထိုသတင်း ကို ဇွန်၂၁ရက် က ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းသတင်းအဖြစ် ဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ပြန်အပို့ခံရသူမှာ ရှမ်းပြည်နယ်တွင်နေထိုင်သူ ရွှေ နုဆိုသူဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မူးယစ်ပြေးတရားခံ ရွှေနု ကို ထိုင်းရဲက ဖမ်းဆီးပြန်ပို့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...