Saturday, June 29, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၆)

သစ်ထူးလွင်



Posted: 29 Jun 2013 06:45 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://3.bp.blogspot.com/-jj3nnpzwqms/uc7k2aajlyi/... more info...
http://3.bp.blogspot.com/-lfuvmmjqnuu/uc7e8xtoqni/... more info...
http://3.bp.blogspot.com/-sp_s-bonvrw/uc7gouh5czi/... more info...
http://3.bp.blogspot.com/-xyelcb0js9q/uc68qhf1ysi/... more info...
၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။   ရန်ကုန်အရှေ့ မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 06:20 AM PDT
၂၈.၆.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်ကား မှတ်တိုင်တွင် အမှတ်(၄၃)လိုင်းယာဉ်ပေါ်မှ ဆင်းလာသူ ခါးပိုက်နှိုက် မှတ်တမ်းဝင် မြင့်ဦး(ခ)စိုးမြင့် (ခ)ဂျပန်ကြီး၊ (ဘ)ဦးမောင်ချစ်၊ ကဒုံးစီးရပ်ကွက်၊ ပေါင်မြို့ နေသူအား စစ်ဆေးရှာဖွေရာ  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 06:04 AM PDT
မြန်မာနိုင်ငံမှာ လက်ရှိသမ္မတ ကြီး ဦးသိန်းစိန် အပါအဝင် သမ္မတ ၈ ဦးရှိပါ တယ်။ အစဉ်လိုက်အားဖြင့် စဝ်ရွှေသိုက်၊ ဦးဘဦး၊ ဦးဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်နဲ့ ဦး သိန်းစိန်တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ အိမ်ထောင်မရှိတဲ့လူပျိုကြီး တစ်ယောက်မှ မပါဘဲ အားလုံးက အိမ်ထောင်သည်များ ဖြစ်ကြပါတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Jun 2013 05:44 AM PDT
"ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြစ်ပြီး မကြားခဏရန်ဖြစ်တယ်။ ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာ ခံစားရအောင် ပြုလုပ်တယ်။ နေမကောင်း
 ဖြစ်ရင်လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီး သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်"ဟု ဗုဒ္ဓဘာသာသို့ ပြန်လည် ကူးပြောင်းသူ မခင်းမျိုးဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ


Posted: 29 Jun 2013 05:20 AM PDT
ယခုနှစ်အတွင်း အထည်ချုပ် စက်ရုံ ၁၃ရုံ တိုးလာသော်လည်း အဆိုပါစက်ရုံ အားလုံးသည် လက်ခစားစနစ် အပေါ် အခြေပြုသည့် CMP လုပ်ငန်းများသာ ဖြစ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များ အသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 05:07 AM PDT
ရန်ကုန်-ကရင် နှစ်သစ်ကူးနေ့တွင် နိုင်ငံတော်အလံ လွှင့်တင်ရာ၌ မြေပေါ် ကျအောင် လုပ်ဆောင်ခဲ့သည် ဟု စွပ်စွဲခံရသော ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် အလံဇောက်ထိုး လွှင့်ထူသူ နှစ်ဦးလုံးကို ခြောက်လခန့် အကြာတွင် နိုင်ငံတော်အလံ ဥပဒေပုဒ်မဖြင့် အရေးယူ လိုက်ကြောင်း သတင်းရရှိသည်။ ၂၀၁၃ ဇန်န၀ါရီ ၁၂ ရက်က ကွမ်းခြံကုန်းမြို့နယ်၊ ဆူးကလပ်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပစဉ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Jun 2013 04:53 AM PDT
ရန်ကုန်-ပြည်တွင်းရွှေဈေးနှုန်းများ သည် ခန့်မှန်းထားသည်ထက် ကျဆင်းနေပြီး ယခုနှစ်၏ အနိမ့်ဆုံးဈေးဖြစ်သော ၆၆၆,၀၀၀ ကျပ်သို့ ဇွန် ၂၈ ရက်တွင် ရောက်ရှိလာကြောင်း ရွှေဈေးကွက်မှ သတင်းရရှိသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၁၀,၀၀၀ ကျပ် ရှိနေရာမှ ကမ္ဘာ့ရွှေဈေးကျဆင်းခြင်းကြောင့် ၁၀ ရက်အတွင်း ပြည်တွင်းရွှေဈေးများမှာ ကျပ် ၅၀,၀၀၀ ခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁,၃၇၀ ဒေါ်လာဝန်းကျင်ရှိရာမှ ၁,၁၈၃ ဒေါ်လာအထိ ဈေးနှုန်းများ ကျဆင်းလာသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 04:50 AM PDT
ရန်ကုန်- အာဏာပိုင်များနှင့် ပူးပေါင်းခဲ့သည်ဟု မူးယစ်တရားခံများက ထုတ်ဖော် ၀န်ခံသောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို နေပြည်တော်မှ ရဲမှူးကြီး ကိုယ်တိုင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ပျော်ဘွယ်နှင့် သာစည်မြို့နယ်များမှ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ သူများကို မန္တလေးတိုင်း တောင်ပိုင်း မူးယစ်အဖွဲ့အထူးတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာမှ တရားခံများက ထုတ်ဖော်သောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိသုံးဦးကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Jun 2013 04:34 AM PDT
ယခုအခါ မုံရွာမြို့နှင့်မန္တလေး မြို့အကြား ပြေးဆွဲ လျက်ရှိသည့် ခရီးသည် တင်ယာဉ်လိုင်း များပေါ်တွင် ယာဉ်ပေါ်သို့ ကြားဖြတ်လိုက်ပါ်၍ ခရီးသည်များထံ အလှူခံ စာရွက်များ ဝေငှကာ အလှူခံနေမှုများ ရှိနေကြောင်း သိရသည်။ အဆိုပါ အလှူခံပုဂ္ဂိုလ် သည် ညောင်ပင်ဝန်းရွာနှင့် နုံးတွင်း ကျေးရွာများရှိ စားသောက်ဆိုင်၌ ယာဉ်များ ထမင်းစားရပ်ချိန်တွင် တက်ရောက်လိုက်ပါ လာကြောင်း လမ်းခရီး တစ်ဝက်သို့ ရောက်ချိန်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 04:26 AM PDT
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ခမီး တိုင်းရင်းသား တောင်သူ လယ်သမား (၄) ဦးအား စစ်တပ်က တရားစွဲဆိုလိုက်ကြောင်း  သတင်း ရရှိသည်။ တရားစွဲရခြင်းမှာ စစ်တပ်က သိမ်းထားသော  လယ်ဧက ၁၃၂ ဧက ပေါ်တွင် လယ်တက်ထွန်၍ ဖြစ်ကြောင်း လယ်သမားများက ပြောသည်။
တရားစွဲခံရသူ လယ်သမားများမှာ ကျောက်တော်မြို့နယ် အုတ်တောင်ပြင် ကျေးရွာမှ ခမီး အမျိုးသားများ ဖြစ်ကြသော  ဦးမောင်ရွှေလှ၊ ထွန်းစံဖြူ၊ ဦးကျော်အေး၊ ဦးစောလှတို့ ဖြစ်ကြသည်။ ---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 04:23 AM PDT
ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့်  ၁၁ နှစ်ကျော် အချိန်ကာလအတွင်း  တစ်ကြိမ် တစ်ခါမျှ ကျောင်းသို့ ရောက်မလာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Jun 2013 03:59 AM PDT
သံဃာတော်အပါး ၁၅၀၀ကျော်၏ ထောက်ခံမှုဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဇွန်လ ၂၇ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အရှင်စန္ဒာသီရိက မိန့်ကြားသည်။ အဆိုပါ အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသ တာဝန်ယူမည် ဖြစ်ပြီး သံဃာတော် အပါး ၆၁ ပါးဖြင့် ကနဦး ဖွဲ့စည်းလိုက်ကြောင်း၊ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 03:52 AM PDT
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ပဋိပက္ခများဖြစ်ပွား ခဲ့သော မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် အထူး အစီအစဉ်အဖြစ် ဇွန်လ ၂၉ ရက်နေ့တွင် ပထမဆုံးအကြိမ် အခမဲ့ ပျံသန်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း လက်မှတ် အရောင်း မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Jun 2013 03:48 AM PDT
မြေဈေး အဆမတန် မြင့်မားနေသည့် မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှုများ ပြုလုပ်ရာ၌ အခွန်ရှောင်မှုနှင့် ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန် ဆုံးရှုံးမှုများ ဖြစ်နေသဖြင့် စတင်စိစစ်နေပြီ ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြော ကြားသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Jun 2013 03:44 AM PDT
အသက် ကိုးနှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးကို ၎င်း၏ အစ်မဝမ်းကွဲ တော်စပ်သူ (အသက် ၃၅ နှစ်အရွယ်) ဒေါ်မိုးဇာဇာက တိုင်တွင်ကြိုးတုပ်၍ ရိုက်နှက် ဆုံးမသဖြင့် ကလေး သူငယ်ဆိုင်ရာ ကော်မတီက လှိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဇွန်လ ၂၇ ရက်နေ့က ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Jun 2013 09:14 PM PDT
မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကစပြီး နှစ် ၂ဝ ကြာ အမေရိကန် ဒေါ်လာ အစား သုံးခဲ့တဲ့ အက်ဖ်အီးစီကို အသုံးပြုခွင့် ပေးခဲ့တာဟာ မနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တစ်ရက်နေ့ကစပြီး ဇွန် ၃ဝ ရက်နေ့အထိ အက်ဖ်အီးစီ ကို အမေရိကန် ဒေါ်လာနဲ့ဖြစ်စေ မြန်မာကျပ်ငွေနဲ့ ဖြစ်စေ လဲလှယ် ခွင့်ပြုခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မနေ့က နောက်ဆုံးထားပြီး အက်ဖ်အီးစီကို ဒေါ်လာနဲ့ ဖြစ်ဖြစ် ကျပ်နဲ့ ဖြစ်ဖြစ် နောက်ဆုံးထား လဲခွင့်ပြု

Posted: 28 Jun 2013 09:03 PM PDT
ဇွန်လ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 09:00 PM PDT
ဇွန်လ (၂၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 05:57 PM PDT
အီဂျစ်နိုင်ငံ Alexandria မြို့မှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်တိုက်ပွဲတွေ အတွင်း သမ္မတ မိုဟာမက်မော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက် သူတွေ အကြား သေနတ်တွေ၊ ဗျောက်အိုးတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ခဲ့ကြပါတယ်။ လုံထိန်းရဲတွေက သံချပ်ကာ ကားတွေနဲ့ မျက်ရည်ယို ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပေမဲ့ မစ္စတာမော်စီရဲ့ နိုင်ငံရေးပါတီ ရုံးတွေ မီးရှို့ ဖျက်ဆီးမှုတွေကို အချိန်မီ မတားဆီးနိုင်ခဲ့ပါဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဆန့်ကျင်ကန့်ကွက်နေကြသူများ။

Posted: 28 Jun 2013 05:53 PM PDT
မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဆရာတော်များ စီစဉ်နေသော မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး အဆိုကို ထောက်ခံသည့် လှုပ်ရှားမှုတစ်ခု မန္တလေး ခရိုင်လေးမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိရသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 05:42 PM PDT
မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေး သာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ ကျောက် မျက် ရတနာ ရောင်းဝယ်ရေး ဆိုင်သို့ ကျောက်လာ ဝယ်သူ တရုတ်နိုင်ငံ သားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်မျက်ထည်များခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကျောက်မျက် ရတနာဆိုင်၏ ပြောကြား ချက်အရ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 03:17 PM PDT
အခုလ ၂၈ ရက်နေ့က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံဆိုပြီး ပုန်းတွေနဲ့ ခပ်ကာ ဆီပီပါတွေထဲကို ထည့်နေတာ ဖြစ်ပါတယ်။ စည်ပင်ကတာဝန်ရှိသူ တယောက်ကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာ အရင်က အဲ့ဒီ့အောက်မှာ ရေနံပိုက်လိုင်း မရှိဘူးလို့ ပြန်လည် ဖြေကြားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 သတင်း-ဓါတ်ပုံ ။  ။ နေရီရီ - DVB TV News



Posted: 28 Jun 2013 03:09 PM PDT
ငွေကြေးအရင်းပြု၍ လယ်ယာမြေကို အခြားစီးပွားရေး လုပ်ငန်းအဖြစ် အသွင်ပြောင်း ကိုယ်ကျိုးရှာသူများကို စုံစမ်းဖော်ထုတ် အရေးယူရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအုန်းသန်း က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 28 Jun 2013 03:07 PM PDT
သံဃာတော် များ တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြရန် သီတဂူ ဆရာတော် ရှင်ဉာဏိဿရက သံဃာတော်များသို့ ဇွန်၂ရရက် က ဩဝါဒမိန့်ကြားခဲ့သည်။ အင်းစိန်မြို့နယ် မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ အောင်ဆန်း တောရ တပ်ဦးကျောင်းတိုက်တွင် ကျင်းပသည့် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာတော်များဆွေးနွေးပွဲ နှင့် ဩဝါဒခံယူပွဲတွင် သီတဂူဆရာ တော်ကြီးမှ သံဃာ တော်များ သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Jun 2013 02:57 PM PDT
ဗြိတိန် နိုင်ငံမှာ ဖန်ပြွန် သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူမယ့် ကလေးတွေ အတွက် မျိုးဗီဇကို လူ ၃ ယောက်ဆီက ရယူခွင့် ပြုမယ် ဥပဒေကြမ်း တင်သွင်းတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ထွန်းလာတော့မယ့် မျိုးဗီဇပေါင်းစပ် သိပ္ပံနည်းပညာသစ်ဟာ မိခင်ရဲ့ မျိုးဗီဇ DNA ထဲက ခိျု့ယွင်း နေတဲ့ မိုက်တို ကွန်ဒရိယ လျှပ်စစ်သိုလှောင်ရုံ ကို ဖယ်ရှားပြီး အခြား အလှူရှင်ရဲ့ သန်စွမ်းတဲ့ မိုက်တို ကွန်ဒရိယ ကို အစားထည့်သွင်း ပြုပြင်ဖို့ ကြိုးစား နေတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မျိုးဗီဇကို ၃ ယောက်ဆီက ယူတဲ့အတွက် ကလေးရဲ့ ကျန်းမာရေးပိုကောင်းနိုင်တယ်လို့ တွေ့ရှိ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...