ဒီလို ဖြစ်သင့်တယ်
ယခုတစ်လော မြန်မာနိုင်ငံတွင် ခေတ်စား အငြင်းပွားနေသော မျိုးစောင့်ဥပဒေနှင့် ပါတ်သက်ပြီး မြန်မာ နိုင်ငံသား အမျိုးသမီး တစ်ဦးအနေဖြင့် ရေးသားလိုပါသည်
။ အမျိုးစောင့် ဥပဒေ ဆိုသည်ကို ကျမက ဘာမှန်း မသိတော့ ဒီလူတွေ ဘာကြောင့် အကြောက်အကန်ငြင်းနေကြတာလဲ
။ ဘာလဲပေါ့ ။ ဒီ့ထက်ဆိုးတာက ဘာလူသတ်တရားမှ မဟောတဲ့ ဘုန်းကြီးတစ်ပါးကို နင်ပဲ ငဆ ပြောနေကြတာပဲ
။
ဒီ့အတွက် ကျမ ကွန်မန်.တွေလိုက်ရေးခဲ့တယ် ။ ဒီအမျိုးစောင့်
ဥပဒေကို လိုက်ရှာခဲ့တယ် ။ ဖတ်ခဲ့တယ် ။
ရေးထားတာတွေ ၊ ထောက်ပြထားတာတွေက ကောင်းပါတယ် ။ စင်္ကာံပူနိုင်ငံအကြောင်း ဥပမာလေးတွေနဲ.ဆိုတော့ ဗဟုသုတတောင် ရပါသေးတယ် ။
ရေးထားတာတွေ ၊ ထောက်ပြထားတာတွေက ကောင်းပါတယ် ။ စင်္ကာံပူနိုင်ငံအကြောင်း ဥပမာလေးတွေနဲ.ဆိုတော့ ဗဟုသုတတောင် ရပါသေးတယ် ။
တစ်ခုတော့ နည်းနည်းစဉ်းစားစရာရှိတာက
မြန်မာနိုင်ငံမှာ ဒီ မွတ်ဆလင်ပဲ ဘာသာခြားရှိတာမဟုတ်ပဲ ခရစ်ယာန်၊ ဟိန္ဒူ စသည်ဖြင့် အေးဆေးနေတဲ့ ဘာသာခြားတွေ ရှိသေးလေတော့
ဒီဘာသာတွေအတွက် ထည့်တွက်ပေးရမယ် ။ ဒီတော့က မည်သူမဆို ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးကို လက်ထပ်လိုသူသည်
ဗုဒ္ဓဘာသာဖြစ်ရမည် ဆိုတဲ့ အချက်ကို ပြင်ဖို.စဉ်းစားရပါမယ် ။ ဒီနေရာမှာ ထပ်ဖြည့်လိုတာက
မြန်မာအမျိုးသမီးတွေ အနေအထိုင်မတတ်လို. ခုလို ဘုန်းကြီးတွေက ဝင်ပါနေရတယ်ဆိုတဲ့ ရှက်စရာကောင်းတဲ့
အမျိုးသမီး ရွပိုးထိုးမှု.လို.တောင် ပြောရပါတော့မယ် ။
ဒီအချက်က အမျိုးသမီး အခွင့်အရေးနဲ.လည်း မညီဘူးလို.အော်နေကြတော့
သူတို.ပြောသလို လွတ်လပ်စွာ လက်ထပ်ခွင့်ပေးလိုက်ပါ ။ သို.သော် စင်္ကာပူကလို တရားရုံး ခွဲပြီး
မွတ်ဆလင်ကလွဲပြီး ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ ဟိန္ဒူ ကြိုက်တာယူလုပ်ပေးလိုက်ပါ ။ မွတ်ဆလင်များအတွက်
တရားရုံးတစ်ခုထားပေးလိုက်ပါ ။ ကိုယ့်မြန်မာအရွမက မွတ်ဆလင်ယူချင်သပဆိုလည်း ပေးယူလိုက်ပါ
။ အမျိုးတောင် သန်.စင်သွားပါသေးသည် ။ ကိုယ်မွေးသော သမီး ကို ဆုံးမရမှာ မိဘတာဝန်ဖြစ်သည်
။ မိမဆုံးမ ဖမဆုံးမပေမို. လို. သဘောထားလိုက်ရင် အများကြီး စိတ်ချမ်းသာပါလိမ့်မည် ။
ထိုသို. ကိုယ့်သဘောဖြင့် ကိုယ် ယူပြီးမှ ခလုပ်ထိမှ အရပ်ကယ်ပါ လူဝိုင်းပါဆိုလျှင် ပစ်သာထားလိုက်ပါ
။ နောင်လူများ သင်္ခန်းစာ ယူကြပါလိမ့်မည် ။ (ထိုအမျိုးသမီးအခွင့်အရေးဟု ဟစ်နေသော အမျိုးသမီးကို
စကားမစပ် မေးချင်သည်မှာ
မွတ်နိုင်ငံမှ မွတ်ဘာသာနှင့်ပတ်သက်၍ မိမိအမြင်ကို ရေးမိသော
မလတ်လတ်ဇော်ခေါ်သော မြန်မာအမျိုးသမီးတစ်ယောက် အသက်ဘေးကြုံစဉ်က ဒီမိန်းမ ဘယ်ချောင်အိပ်နေပါသလဲဟု
သိလိုပါသည် ။ )
ထို.အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် အမျိုး ၊ ဘာသာ ၊
သာသနာ မပျောက်ပျက်ရလေအောင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်အတွက် ဘုန်းတော်ကြီးဖြစ်နေခြင်းပင်ဖြစ်သည်
။ သူတို.အလုပ် သူတို.လုပ်နေခြင်းပင်ဖြစ်သည် ။ ယင်းကို ဘုန်းကြီး အလုပ်မဟုတ်ဟု ပြောဆိုနေကြသူများအား
မေးလိုသည်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများသည် လူသတ်ဟု တရားဟောပါသလား ။ လူသတ်ဖို. အမိန်.ပေးပါသလား
။ လူသတ်ခြင်းကို အားပေးပါသလား ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းတွင် ပါဝင်ခဲ့သော်
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် ဘုန်းကြီးများ အား သူရဲကောင်းများ အဖြစ်တင်စားအားပေးခဲ့ပြီး
ယခု အမျိုးပျောက်မှာစိုး၍ နှုတ်ဖြင့် တတ်အားသရွေ.လိုက်လံ သတိပေးနေရသော် ဆရာတော်များအား
ဘာကြောင့် ဘုန်းကြီးအလုပ်မဟုတ်ဟု ပြောရပါသနည်း ။ ထိုသို.ပြောသော မဇီးကွက်အား မေးလိုသည်မှာ
ရွှေဝါရောင်အရေးအခင်းတွေင် ပါဝင်ခဲ့သော သံဃာတော်များအား မဇီးကွက် ယောင်္ကျား ကိုကျော်သူသည် ဘာကြောင့် ဆွမ်းကပ်လှု.ခဲ့ပါသနည်း
။ နာမည်ကြီး လိုသောကြောင့် အကွက်ထွင်ခဲ့ခြင်းပါလား ။
ဗုဒ္ဓဘာသာဝင်များဖြစ်လျှက် ဘာကြောင့် ဆရာတော် တစ်ပါးအပေါ်မိုက်ရိုင်းကြပါသနည်း ။ ကျမသည်
ဆရာတော် ဦးဝီရသူကို သိလည်း မသိပါ ။ အားလည်း မပေးသလို ၊ ကန်.လည်း မကန်.ကွက်ပါ ။ သူ.ဘာသူ
ဘာအဖွဲ. ဖွဲ.ဖွဲ. မဖွဲ.ဖွဲ. စိတ်လဲ မဝင်စားပါ ။ ယခုပြောနေခြင်းသည် ဗုဒ္ဓဘာသာကို စော်ကားနေခြင်းများကြောင့်
ပြောနေခြင်းဖြစ်သည် ။
ဘုန်းကြီး
အလုပ်မဟုတ် ဟု ဆိုသူများ စိတ်ချမ်းသာစေရန် ဘုန်းကြီးများ တာဝန်ယူဆောင်ရွက်နေခြင်း မှ
ရပ်ဆိုင်းပေးပြီး နိုင်ငံတော် အစိုးရမှ တာဝန်ယူပြငှာန်းသတ်မှတ်ပေးပါ ။
ထို.အပြင်
နိုင်ငံတော်၏ လူမှု.ရေး ၊ စီးပွားရေး ၊ ဘာသာရေး များနှင့် လိုက်လျောညီထွေဖြစ်စေမည့်
အချက်များ ထပ်မံထည့်သွင်း ပြငှန်းဖို.လိုသလို အရင်ရှိနေသော အချက်များကို ပြင်ဆင်ရမည့်
နေရာ ပြင်ဆင်ပေးစေလိုပါသည် ။
စင်္ကာပူကဲ့သို.
မွတ်ဆလင်မှလွဲ၍ မည်သည့်ဘာသာမဆို လက်ထပ်ထိမ်းမြားခွင့်ပေးသည့်ရုံး ၊ မွတ်ဆလင် အချင်းချင်းသာ
လက်ထပ်ခွင့်ပေးသည့်ရုံး သတ်မှတ်လိုက်ပါ ။
မြန်မာပြည်တွင်
နေသော မည်သူမဆို တစ်လင်တမယား စနစ်သာ ကျင့်သုံးခွင့် ပြငှာန်းပေးပါ ။ အကယ်၍ နောက်တစ်ယောက်ထပ်ယူချင်ပါက
ပထမ အိမ်ထောင်နှင့် ကွာရှင်းခြင်းပြုပြီးမှသာ ခွင့်ပြုပေးပါ ။ မယားပြိုင်ဟူသော စနစ်ကို
ပါယ်ဖျက်ပေးပါ ။ မယားငယ်သည် မယားငယ်ပင်ဖြစ်သည် ။
မယားပြိုင်ဟူသော
စကားသည် သူတစ်ပါးအိမ်ထောင်ကို ဖျက်ဆီးသည် မိန်းမကို သာ အရှက်သိက္ခာအတွက် အမျိုးသမီး
အခွင့်အရေး ပေးထားခြင်းဟု နားလည်မိပါသည် ။ သို.ပါလျှင် ပထမ မယားကြီးအတွက် အမျိုးသမီး
အခွင့်အရေးဆိုသည် မှာ မေးစရာဖြစ်လာပါသည် ။ သူတစ်ပါး အိမ်ထောင်ကို ဖျက်ဆီးတတ်သည့် မိန်းမသည်
ဘယ်မှာ အရှက်သိက္ခာ ရှိသည့် မိန်းမ ဖြစ်နိုင်ပါမည်နည်း ။
သို.ဖြစ်ပါ၍
မယားပြိုင်အစား မယားငယ်ဆိုပါကလည်း ရှက်တတ်မည် မဟုတ်ပါ ။ ထို.ကြောင့် နောက်အိမ်ထောင်
ပြုလိုသော မိန်းမ ၊ ယောင်္ကျားများကို ပထမ အိမ်ထောင်ဖြင့် ကွာရှင်းပြီးမှ သာ ခွင့်ပြုပေးရမည်
။
အကယ်၍
နိုင်ငံသားမဟုတ်သူ
(သို.) နိုင်ငံခြားသား ဖြစ်သူနှင့် ယူပါက နိုင်ငံခြားသားဖြစ်သူသည်
နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့် ညီမှသာ
နိုင်ငံသားဖြစ်ခွင့်ပြုနိုင်မည်ဖြစ်ပြီး လက်မခံနိုင်ပါက
မိမိ အိမ်ထောင်ဖက် နိုင်ငံသို. လိုက်ပါနေထိုင်ခွင့်ပါစေ ။ ဤအချက်များသည်
နိုင်ငံတစ်ကာ
အဆင့်အတန်းနှင့် ညီပါလိမ့်မည် ။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလန်တွင်ပင်လျှင်
လက်ထပ်ထိမ်းမြားခွင့်
ဥပဒေများကို တင်းကြပ်စွာ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီးဖြစ်သောကြောင့်
ဖြစ်သည် ။ ထို.ထက်ပို နိုင်ငံတစ်ကာ အဆင့်အတန်းမီလိုပါက
နိုင်ငံခြားသားနှင့်လက်ထပ်ပြီး မိမိတိုင်းပြည်တွင်း ခေါ်သွင်းလိုပါက
မည်သည့် စီးပွားရေး ၊ လူမှု.ရေး ၊ ပညာရေး ၊ ဝင်ငွေ ၊ မြန်မာစာ စွမ်းရည်
အဆင့်မီရမည် ကို အင်္ဂလန်နည်းတူ ပြငှာန်းပေးလိုက်ပါ ။
ထို.သို.ဆိုပါက အမျိုးသမီးအခွင့်အရေး ဟု တစာစာအော်နေသော မိန်းမများသည်လည်းကောင်း
၊ နိုင်ငံတစ်ကာ စံချိန်စံညွှန်းနဲ.ညီရမယ်ဆိုသော ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း ၊ ဘုန်းကြီးအလုပ်မဟုတ်ဟုဆိုသော
မဇီးကွက်နှင့် ဘုန်းကြီးတွေကြောင့် ဖြစ်ရတာပါဆိုသော ဦးရွှေမန်းသည်လည်းကောင်း အလိုလို
အပေါက်ပိတ်သွားပါလိမ့်မည် ။
တဆက်တည်းပြောလိုသည်မှာ
THE TIME မဂ္ဂဇင်းတွင် ဖော်ပြထားသော
ဆရာတော် ဦးဝီရသူအား အကြမ်းဖက်ဝါဒီအဖြစ် ဖော်ပြထားခြင်းကို လုံးဝ
ကန်.ကွက်ပါသည် ။ ဗုဒ္ဓဘာသာသည်
မည်သည့် ဘာသာတရားကိုမှ မစော်ကားပါ ။ ကိုယ့်ဘာသာမပျောက်ရလေအောင် အသိပေး
ခုခံကာကွယ်နေခြင်းသာဖြစ်သည်
။ ဗုဒ္ဓဘာသာဆရာတော်တစ်ပါးအား မဟုတ်ပဲ အခြားဘာသာ တရားဟော
ဆရာတစ်ယောက်ကို ရေးကြည့်ပါလား ။ ဘာဖြစ်သွားမလဲဆိုတာ ။ Twin tower
လိုဖြစ်သွားမလား ၊ Benghazi လို ဖြစ်သွားမလားပဲ ။
ဗုဒ္ဓဘာသာဝင် ဟု လေကြီးမိုးကြီး ဟစ်ကာ ဆရာတော်အား ရိုင်းစိုင်းစွာပြောနေကြသူများကိုလည်း
ပြောချင်ပါသည် ။ သင်တို.ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ ဘုရားပုံတော်များ ကို မသင့်တော်သည့်
နေရာမှာ သုံးစွဲခြင်း ၊ ပျက်ရယ်ပြုခြင်းများအတွက် သင်တို. ဘာများ လုပ်ပေးဖူးပါသလဲ ။
ကိုယ့်ဘာသာအတွက် ကာကွယ် ၊ တားဆီး ၊ ချေပ ရမယ်ဆိုတာ နားမည်ပါသလား ။ ဒါဟာလည်း ဘာသာတရားတစ်ခုအတွက်
အခွင့်အရေးပါပဲ ။ ဒီလိုမရှိပဲ ကျော်လွှားသွားကြသည် မဟုတ်ပါလား ။ ကျမသည် Bratain Got
talent မှ အစီအစဉ်တခုတွင် အင်တာဗျူးသူမှ ဘုရားဆင်းတုတော်အား chest box အတွင်းမှ အရုပ်ကဲ့သို
ထုတ်လိုက် သွင်းလိုက် အလွဲသုံးစား အသုံးပြုနေမှု.ကို စာရေးတားမြစ်ခဲ့ဖူးပါသည် ။ နောက်ထပ်
လုပ်စရာများလည်း ရှိနေပါသေးသည် ။ သင်တို.သည် ပြည်ပရောက် ဗုဒ္ဓဘာသာဝင်သော်လည်းကောင်း
၊ ဘုန်းတော်ကြီးသော်လည်းကောင်း ဖြစ်ခဲ့ပါက မိမိကိုးကွယ်ရာ ဗုဒ္ဓဆင်းတုတော်များကို အလွဲသုံးစား
ပြုလုပ်နေခြင်းများတွေ.ရှိခဲ့ပါက တားမြစ်ပါ ၊ ဝေဖန်ပါ ၊ complaint တက်ပါ ။ ဒါသည် သင်တို.ရဲ့
religious right ပင်ဖြစ်သည် ။ အကယ်၍ သင်တို.သည် ထိုသို.မလုပ်ရဲလျှင် ကြောက်လျှင် ကြောက်သည်ဟုပြောပါ
။ ဗုဒ္ဓလမ်းစဉ် ၊ သည်းခံတယ်ဟု မပြောပါနှင့် ။ မိမိကိုးကွယ်ရာ ဗုဒ္ဓဘုရားကို စော်ကားနေတာမြင်လျှက်နှင့်
ရေငုံနှုတ်ပိတ်နေသူသည် မည်ကဲ့သို. ဗုဒ္ဓဘာသာဝင်ဖြစ်တော့မည်နည်း ။
သင်တို.ရောက်ရှိနေထိုင်ရာ နိုင်ငံများတွင် ယေရှု.ခရစ်ကို
လက်ဝါးကပ်တိုင် ကပ်ရိုက်ထားသည့် ပုံများ လမ်းဘေးတွင် အရုပ်ကဲ့သို. ရောင်းချနေသည်ကို
တွေ.ဖူးပါသလား ။ မိုဟာမက် နဲ. အထဲဘာရှိမှန်းလူသိမခံဝံ့သော မည်းမည်းရုံကြီးပါတဲ့ ပုံကို
လမ်းဘေးချရောင်းနေတာ တွေ.ဖူးပါသလား ။ စဉ်းစား ။ ကိုယ့်ဘာသာ ဘယ်လောက် စော်ကားခံနေရလဲဆိုတာ
။ ရောင်းနေတာက တိဘက် ၊ ထိုင်း ၊ တရုတ် ဒါမျိုး ဗုဒ္ဓဘာသာ အမည်ခံကောင်တွေ ။ ဒါကြောင့်
ဗုဒ္ဓဘာသာ လမ်းစဉ်ကို တကယ်လိုက်နာကျင့်သုံးနေတဲ့ ဖြန့်ဖြူးပေးနေတဲ့ မြန်မာနိုင်ငံက ရဟန်းသံဃာတော်များကို
ဤနေရာမှ နေ၍ လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးကန်.တော့အပ်ပါသည် ။
ထပ်မံဖြည့်စွက်ချက် ။ ။ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ ကို သတိပေးချင်လို.ပါ ။ ယခုခေတ်က နည်းနည်းပြော များများဖော်ပြ ၊ ဒါပြော ဟိုဟာ ထည့်ရေး ခေတ်ဖြစ်နေလေတော့ ကိုယ့်ဘာသာဝင်များကို အသိစိတ်မြင့်မားအောင်သာ ဟောပေးပါ ။ ၉၆၉ တို. တခြားဘာသာအကြောင်းတို. ထည့်မဟောတော့ရင် ဟောင်နေတာတွေ ရပ်သွားပါလိမ့်မည် လို. သတိပေးချင်လို.ပါ ။ ထပ်မံသတိပေးလိုသည်မှာ ဆရာတော် ဥိးဝီရသူ ဟောနေသော စားစရာမရှိအောင်လုပ်မယ် ၊ နေစရာမရှိအောင် လုပ်မယ်ဟု ဒဲ့ဟောနေခြင်းသည် အများ လက်ညှိုးထိုးစရာ ဖြစ်နေပါသည် ။ ထိုကဲ့သို. တိုက်ရိုက် တိုက်ခိုက် ဟောပြောခြင်းများကို ရှောင်ကြဉ်စေလိုပါသည် ။ ဥပမာ အနေဖြင့် ပြောရလျှင်
တပည့်တော်မ ရောက်ရှိနေထိုင်ရာ ဒီမိုကရေစီ လူ.အခွင့်အရေး နိုင်ငံကြီး အင်္ဂလန်တွင် ဥရောပတိုက်သားမဟုတ်သူများကို လက်မခံဟု တိုက်ရိုက်မပြောပဲ ထိုသူများ ဝင်မလာနိုင်အောင်၊ ဝင်လာပြီးလည်း နိုင်ငံသားမဖြစ်အောင် ဥပဒေစည်းကမ်းများကို တိုးမြှင့်တင်းကျပ်လိုက်ပါသည် ။ ထို.အပြင် နိုင်ငံခြားသား လက်မထပ်ရဟု ဒဲ့မပြောပဲ နိုင်ငံခြားသားနှင့်လက်ထပ်ပြီး ပြည်တွင်း အလွယ်တကူခေါ်ဆောင်လို.မရတော့အောင် ဥပဒေများ ပြင်ဆင် သတ်မှတ်ထားပြီးဖြစ်ပါသည် ။ ထိုနည်းသည် မြွေမသေ ဒုတ်မကျိုးဆိုသလို မည်သူမှ အပြစ်တင်လို.မရနိုင်ပါ ။ ထို.အပြင် တခြားဒီမိုကရေစီ ကျင့်သုံးစ နိုင်ငံများကိုလည်း ဆရာကြီးဆက်လုပ်လို.ရမည့် ပညာသားပါသည့် နည်းဖြစ်သည် ။ ထို.ကြောင့် ဆရာတော် အနေဖြင့် နောင်တွင် ဒဲ့ပြောခြင်းကို ဆင်ခြင်သင့်ပေသည် ။
မီဒီယာများသည် သတင်းထုတ်ဖော်သူများဟု အမည်ရသော်လည်း ဘက်လိုက်တတ်သည်ကိုလည်း မေ့မထားသင့်ပေ ။ နာမည်ကြီးမီဒီယာဖြစ်လေ ၊ ဘက်လိုက်ရာတွင် လွယ်ကူလေ ၊ လူတွေကို လှည့်စားရလွယ်လေပင် ဖြစ်သည် ။ အရာရာ နိမ့်ကျသော အာရှတိုက်နိုင်ငံများကိုသာ ဖိအားပေးပြောဆို နေသော်လည်း လူ.အခွင့်အရေး ၊ လူနည်းစုများအတွက် အခွင့်အရေး ၊ အမျိုးသမီးအခွင့်အရေး မရှိသလောက်ဖြစ်သော အာရပ်နိုင်ငံများ ၊ အရှေ.အလယ်ပိုင်းနိုင်ငံများကို အပေါ်ယံလောက်သာရေးသားခြင်းပြုပေသည် ။ ရေနံပေါ်မှီခိုနေရခြင်း ၊ summer ဈေးဝယ်ထွက်ချိန်များတွင် သန်းချီ ဈေးဝယ်ခြင်းတို.ကြောင့် ထိုနိုင်ငံများ တွင် ဖြစ်ပေါ်နေသည့် တချို.ကိစ္စများကို နှာစေးထားတတ်ကြပေသည် ။ သံတမန် တစ်ယောက်လုံး အသက်ဆုံးရသော်လည်း ငြိမ်နေလိုက်ရသည့် အဖြစ်ကိုသာ ကြည့်ပါ ။ အာရှတိုက်တွင်သာဖြစ်ပွားပါက ကျီးအာသကဲ့သို ဝိုင်းအာကြပေလိမ့်မည် ။ ထို.ကြောင့် အနောက်နိုင်ငံမှ မီဒီယာဆိုတိုင်းလည်း အထင်ကြီးစရာ တစ်ကွက်မှ မရှိပါ ။
စေတနာဖြင့်

simple views
ရှက်စရာကောင်းတဲ့ အမျိုးသမီး ရွပိုးထိုးမှု.လို.တောင် ပြောရပါတော့မယ် ။
ReplyDeleteဟားဟား..... ဒါဆိုရင်... ဘုန်းကြီးတွေ ကျောင်းကပစ္စည်းတွေနဲ့ ၀က်မွေးငါးမွေး အတိုးချ ကျောင်းထိုင်လု ပီးတော့ အိမ်ထောင်ပြု...ဒါဆိုရင်ရော ဘုန်းကြီးတွေ ရွပိုးထိုးမှူလို့ ပြောရမှာလားဗျာ..ဟားဟ
အမှန် ကိုအမှန်တိုင်းမြင် ပါစေ
ReplyDelete