Saturday, June 22, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၆)

သစ်ထူးလွင်



Posted: 22 Jun 2013 06:59 AM PDT
၂၂/၆/၂၀၁၃ ရက်နေ့တွင် မန္တလေး - မိုးကုတ် လမ်း မိုင်တိုင်အမှတ် (၁၀၁) ၃ ဖာလုံ နှင့် ၄ ဖာလုံ အကြား မိုးကုတ်မြို့နယ်အပိုင် ကင်းတံတားကြီး ကျေးရွာအနီး တွင် လမ်းပိတ်ဆို့မှု့တစ်ခု ဖြစ်ပွား ခဲ့သည်။ ဖြစ်ပွားပုံမှာ ကတ္တရာလမ်းပေါ် မြေသားများ တင်နေရ်ျ ၄င်းမြေသားများမှာ မိုးရွာချသောအခါ ရွံ့နွံများဖြစ်ပေါ်ပြီး ကားများ ဖြတ်မောင်းသော အခါတွင် စလစ်ဖြစ်ခြင်း ကားဘီးချော်ပြီး တစ်ပတ် လည်သွားခြင်း တစ်စီးနှင့် တစ်စီး ပူးယှဉ်သွားခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှု့ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၂/၆/၂၀၁၃ ရက်နေ့တွင် မိုးကုတ်- မန္တလေးကားလမ်း လမ်းပိတ်ဆို့မှု့ဖြစ်ပွားစဉ်




Posted: 22 Jun 2013 06:50 AM PDT
ကျောင်းမီးရှို့ခံရမည်ဟု ယခုလ ပထမပတ်အတွင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စကြာနွယ်စဉ် ရပ်ကွက် ၇၆၊ (၃၅x၃၆) လမ်းကြားရှိ အထက (၃) ကျောင်းတွင် ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ကျောင်းသားများကို နွားနို့ တိုက်ကျွေးရာတွင် အဆိပ်ခတ် တိုက်ကျွေးသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့ကြောင်း မန္တလေးမြို့ ဒေသခံအချို့က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Jun 2013 06:42 AM PDT
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက တယ်လီဖုန်း ခေါ်ဆိုခကို စက္ကန့်နှုန်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ပြီး တစ်စက္ကန့်လျှင် ပြားရှစ်ဆယ်သာ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသည့် စာရင်းတွင် ပါဝင်သည့် ပြင်သစ်ဆက်သွယ်ရေး ကုမ္ပဏီ Organge Telecom မှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ Elie Girard က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 22 Jun 2013 06:36 AM PDT
ဇွန်လ (၂၄)ရက်နေ့ ထုတ် The Voice ဂျာနယ်၊ အတွဲ(၉)၊ အမှတ်(၂၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။
http://www.mediafire.com/?ojojmbuhp3sq1jm


Posted: 22 Jun 2013 06:32 AM PDT
ဇွန်လ (၂၂)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၁၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jun 2013 10:27 PM PDT
ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပေပင်လေး ကျေးရွာရှိ လယ်သမားတို့၏ လယ်မြေများအား ပုသိမ်မြို့ မင်္ဂလာ ဆန်စက်ပိုင်ရှင် ဒေါ်ဟိုက်ဝေးက အကြွေးဖြင့် သိမ်းယူကာ အတင်းအဓမ္မ၀င်ရောက် စိုက်ပျိုးမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ပေပင်လေးရွာနေ လယ်သမားများဖြစ်သည့် ဦးကိုထွေးနှင့် ဦးငွေစံတို့ ၂ ဦး၏ လယ်မြေ ၂၂ ဧကကျော်အား ဒေါ်ဟိုက်ဝေးက ၁ ဧက ၄ သိန်းနှုန်း ဈေးသတ်မှတ်ကာ အကြွေးဖြင့် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးနိုင်ဝင်းနှင့် ပူးပေါင်းကာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပုသိမ်မြို့ မင်္ဂလာ ဆန်စက်သူဌေး ဒေါ်ဟိုက်ဝေးက အကြွေးဖြင့် သိမ်းယူထားသည့် လယ်ယာမြေများအား ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ရန် ခန့်အပ်ထားသော လူဌား ၂ ဦးပုံ ဖြစ်ပါတယ်။
လယ်ဓာတ်ပုံက အခင်းဖြစ်နေတဲ့ ကန်ကြီးထောင့်မြို့နယ် ပေပင်လေး ကျေးရွာက
ဦးကိုထွေးတို့ လယ်ယာမြေ ဖြစ်ပါတယ်။

Posted: 21 Jun 2013 10:10 PM PDT
ဇွန်လ (၂၀)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jun 2013 10:03 PM PDT
ဇွန်လ (၁၉)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၄၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jun 2013 10:01 PM PDT
ဇွန်လ (၂၀)ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ် ၈၁၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jun 2013 09:59 PM PDT
ဇွန်လ (၂၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jun 2013 09:57 PM PDT
ဇွန်လ (၂၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jun 2013 09:33 PM PDT
မန္တလေးမြို့က နှစ်၁၅၀နီးပါး သက်တမ်း ရှိပြီဖြစ်တဲ့ ပိဋကတ် ကျောက်စာတွေကို ယူနက်စကို ကုလသမဂ္ဂ အဖွဲ့က ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်း အသိအမှတ်ပြုလိုက်ပါပြီ။ အဲဒီကျောက်စာတွေကို မင်းတုန်းမင်းကြီးက မန္တလေးမြို့ ကုသိုလ်တော် ဘုရားအတွင်းမှာ တည်ထားခဲ့တာ ဖြစ်ပြီး ကုသိုလ်တော် ကျောက်စာတွေအဖြစ် လူသိများကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယဉ်ကျေးမှု အမွေအနှစ်သစ် ၅၄ခုကို ဒီနှစ် အသိအမှတ်ပြု လက်ခံခဲ့

Posted: 21 Jun 2013 03:59 PM PDT
ဒုက္ခသည်တွေဟာ တိုင်းပြည်မလုံခြုံလို့ ထွက်ပြေး တိမ်းရှောင်သွား တာမို့ ပြန်လာအောင် အတင်းအကြပ်လုပ်ဆောင်လို့ မတရတဲ့ အကြောင်းနဲ့ ဘဝလုံခြုံရေးကို အစိုးရက တာဝန်ယူ ရမယ်လို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ကမ္ဘာ့ ဒုက္ခသည်များနေ့ ဇွန်လ ၂၁ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jun 2013 03:48 PM PDT
အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့၊ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန (MPC) မှာ ဇွန်လ ၂၁ ရက်၊ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အစိုးရရဲ့သဘောထားဟာ ပြောင်းလဲနေပြီ ဖြစ်ပြီး ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဘ၀ လုံလုံခြံခြုံနဲ့ အိမ်ပြန်လာနိုင်ရေး အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ ကရင်လူမျိုးဒုက္ခသည်များ။

Posted: 21 Jun 2013 03:42 PM PDT
မွန်ပြည်နယ်တဝန်း ၁၀ မြို့နယ်စလုံးမှာ မူးယစ်ဆေဝါးသုံးစွဲမှု ပြသနာကြီးထွားလျှက်ရှိပြီး လူငယ်တွေကို အန္တရာယ်ပြုနေတယ်လို့ မွန်ပြည်နယ် လူ့အခွင့်အရေး ဖေါင်ဒေးရှင်းက ပြောပါတယ်။ သူတို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ Bitter Pills ဆေးခါး ဆိုတဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူငယ်တွေကြား စိတ်ကြွဆေးသုံးမှု ပံျ့နှံ့

Posted: 21 Jun 2013 03:40 PM PDT
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးလို့ သေကြေတဲ့လူ အရေအတွက်ဟာ ၅၀၀ ကျော်လာပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒီထက်လည်း လူ အသေအပျောက် များနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Action Aid ကလည်း ပျောက်ဆုံးနေသူ အရေအတွက်ဟာ ငါးထောင် ကျော်နေတယ်လို့ ပြောပါတယ်။

သည်းထန်တဲ့ မုတ်သုန်မိုးကြောင့် အွတ်တရာခန်းပြည်နယ်က လမ်းတွေနဲ့ အိမ်တွေ ပျက်စီးခဲ့လို့ လူ ၅ သောင်းကျော်ဟာ မိုးထဲမှာပဲ ရှိနေသေးတယ်လို့ အစိုးရက ကြေငြာပါတယ်။

မွန်ဘိုင်းမြို့မှာတော့ အိမ်တလုံးပြိုလို့ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ပိတ်မိနေဆဲလို့ ယူဆရကြောင်း ရဲက ပြောပါတယ်။ မွန်ဘိုင်းမှာလည်း ဒီရက်ပိုင်းအတွင်း မိုးသည်းထန် နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရေကြီးလို့ အသေအပျောက်များ

Posted: 21 Jun 2013 03:28 PM PDT
ကလေးမြို့က ရဲတခိျု့ တရားမဝင် လုပ်ငန်းတွေနဲ့ ဆက်နွယ်နေလို့ စစ်ဆေး အရေးယူနေချိန်မှာပဲ နောက်ထပ် ရဲ ၂ ဦးဟာ ကားပိုင်ရှင် တစ်ဦးကို ခြိမ်းခြောက် ငွေညှစ်နေတဲ့ အမှုနဲ့ ဖမ်းဆီး အရေးယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲ ၂ ဦးဟာ ကား ၂ စီးပိုင်တဲ့ ယာဉ်ပိုင်ရှင် တစ်ယောက်ကို ခြိမ်းခြောက် ငွေတောင်းနေတုန်း တာဝန်သိ လူငယ်တွေက ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့လို့ အဲဒီ ရဲ ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကလေးမြို့မှာ ရဲတခိျု့ ဖမ်းဆီးစစ်ဆေးခံနေရ

Posted: 21 Jun 2013 03:25 PM PDT
ကမ္ဘာကျော် တိုင်း မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ် မျက်နှာဖုံးမှာ မန္တလေး မစိုးရိမ် တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ ဓာတ်ပုံနဲ့အတူ ဆရာတော်ကို "The Face of Buddhist Terror" ဗုဒ္ဓဘာသာ အကြမ်းဖက်မှုတွေရဲ့ မျက်နှာစာက ပုဂ္ဂိုလ်အဖြစ် ဖော်ပြလိုက်ပါတယ်။ ဦးဝီရသူ ဟောပြောတဲ့ တရား တွေကြောင့် ဘာသာ မတူသူတွေ ကြားမှာ အမုန်းတရားတွေ ပွားများ စေတယ်လို့ မဂ္ဂဇင်း ထဲက ဆောင်းပါးမှာ ထောက်ပြ ထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jun 2013 03:19 PM PDT
ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင် လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံး မှာ ဖော်ပြလိုက်ပါတယ်။ ဒီဖော်ပြချက်တာဟာ မိမိကို ချိုးနှိမ်ရေးသားလိုက် တာဖြစ်ကြောင်း အရှင်ဝီရသူက RFA ကို မိန့်ကြားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဇူလိုင်လဆန်းထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ဆရာတော် ဦးဝီရသူပုံ
photo: Time Magazine

Posted: 21 Jun 2013 03:15 PM PDT
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရှောပြာကုန်းကျေးရွာအုပ်စုက လယ်သမား ၁၅ဝ ကျော်ဟာ ဧရာရွှေဝါ ကုမ္ပဏီကနေ သိမ်းယူခဲ့တဲ့ လယ်ယာမြေဧက ၁၄ဝ ကျော်မှာ ထွန်တုံးတိုက်ပွဲအဖြစ် ဒီကနေ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီလယ်ယာမြေ ဧက ၁၄ဝ ကျော်ကို လယ်သမား ၉ ဦးက ပိုင်ဆိုင်တာဖြစ်ပြီး လယ်ယာမြေတွေထဲမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ အခုလို ထွန်ယက်စိုက်ပျိုးရတာ ဖြစ်တယ်လို့ လယ်သမား ဦးမျိုးမင်းထွန်း က RFA ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jun 2013 03:12 PM PDT
ဇွန်လ (၂၁)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၄၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jun 2013 03:11 PM PDT
ဇွန်လ (၁၈)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၃၊ အမှတ် ၁၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jun 2013 08:30 AM PDT
တရုတ်နိုင်ငံ လျှပ်စစ် ဓာတ်အား ရင်နှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ၂၀၁၅ ခုနှစ်တွင် မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်လည် စတင်နိုင် မည်ဟု ဒေသခံများ အား ပြောဆို ခဲ့ကြောင်း ပြောင်းရွှေ့ခံ အောင်မြင်သာ ကျေးရွာ သားများနှင့် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ပြောသည်။ မြစ်ဆုံ စီမံကိန်း နေရာများသို့ သွားရောက် ကြည့်ရှုလေ့လာ ခဲ့သည့် CPI ဒု-ဥက္ကဋ္ဌ Sha Ram နှင့် အင်ဂျင်နီယာများ အပါအဝင် ၆ ဦးသည် အောင်မြင်သာ ကျေးရွာ ရှိ နှစ်ခြင်း အသင်းတော် ကော်မတီ အဖွဲ့ဝင်များနှင့် ဇွန်လ ၁၄ ရက်နေ့က တွေ့ဆုံခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Jun 2013 08:19 AM PDT
ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ညနေ ၄ နာရီလောက်က ပုဂ္ဂလိက မှော်လုပ်ကွက်ဟောင်း တစ်ခုမှာ ရေမဆေး ကျောက်ရှာဖွေနေတဲ့ လုပ်သားတွေ မြေတူးနေရင်း တွင်းပြိုကျမှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးခန့် ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင် တစ်ဦးဖြစ်သူ ဦးဇော်မိုးထက်က RFA ကို အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jun 2013 08:07 AM PDT
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်  ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူငယ်တစ်ဦး ကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့် စကား တဆင့်ကြားမိရာမှ အဖြစ်အပျက် အကြောင်းစုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေး အတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အရပ်ရှစ်ပေလေးလက်မရှိ ကိုဝင်းဇော်ဦး


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...