မျိုးစောင့်ဥပဒေအား ဝေဖန်ဆန်းစစ် သုံးသပ်ခြင်း
Min Kyaw Khine and 2 other people shared Nge Naing's photo.
မျိုးစောင့်ဥပဒေ ဆိုတာကို စပြီးကြားရစဉ်က အခုဖတ်ရတဲ့အတိုင်း တကယ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းတခုလို့ ကျွန်မ မထင်ခဲ့မိဘူး။ အွန်လိုင်းပေါ်မှာ ကြာကြာမ၀င်ဖြစ်ဘဲ အကုန် လိုက်မဖတ်ဖြစ်ခဲ့တော့ ဆရာတော် ဦးဝီရသူရဲ့ လုပ်ရပ်တွေ၊ ဟောပြောမှုတွေကို မကြိုက်လို့ ဆန့်ကျင်သူတချို့က တမင်အရွဲ့တိုက် ဟာသလုပ်ပြီး တင်ထားတယ်လို့ ထင်ခဲ့တာ အမှန်ပါ။
နောက်တော့ အွန်လိုင်းပေါ် တခါဝင်လာတိုင်း ဒီအကြောင်းကိုပဲ လူတွေက ပြောနေတင်နေကြတာ တွေ့ရတော့မှ ဒါတကယ်ရေးထားတာပဲ ဆိုတာ သိလိုက်ရတယ်။ သိရပေမယ့်လည်း ဘာတွေရေးထားတယ်ဆိုတာကိုတော့ ကိုယ်တိုင်မဖတ်ရခင်ထိ တိတိကျကျ မသိရသေးဘဲနဲ့ ကျွန်မဘာမှ ၀င်မပြောဖြစ်ဘူး။ ဒီနေ့တော့ ကိုကိုးအိမ်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ မျိုးစောင့်ဥပဒေကို ပေးထားတဲ့လိပ်စာအတိုင်း ဒေါင်းလုပ်ပြီး ကိုယ်တိုင် ဖတ်လိုက်ရပြီးမှ မပြောချင်မရေးချင်ပေမဲ့ ပြောသင့်ရေးသင့်တယ်ထင်လို့ အခု ဒီပို့စ်ကို ရေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။
စာမျက်နှာ ၂၇ မျက်နှာရှိတဲ့ မျိုးစောင့်ဥပဒေကို ဖတ်ကြည့်တော့ ဒီဥပဒေကို ရေးသားတင်ပြရတဲ့အကြောင်းအရင်းနဲ
ဒီလိုနဲ့ ဖတ်ရင်းဖတ်ရင်း နောက်ဆုံး အဓိကမိန်းပွိုင့်ကို ရောက်လာတော့မှပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် မယုံကြည်နိုင်လောက်အောင် အဓိပ္ပာယ်ကင်းမဲ့နေတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့လိုက်ရလို့ ကျွန်မကို တကယ်ပဲ အံ့သြသက်စေပြီး ဆွေးနွေးစရာ မေးခွန်းထုတ်စရာတွေ အစီအရီဖြစ်လာစေခဲ့ပါတယ်။ အားနည်းချက် အားသာချက်ဆိုတာ အနည်းနဲ့ အများကွာတာကလွဲပြီး နေရာတိုင်းမှာ ရှိတတ်ပေမဲ့ ဒီဥပဒေကို ကျွန်မ ဖတ်ရတာ အားသာချက်တချက်မှ မတွေ့ရတော့ စေတနာနဲ့ ရေးဆွဲထားသူတွေကို အပြစ်တင်လိုချင်းမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း ထောက်ပြချင်လိုတဲ့စိတ်ကို တားမရဆီးမရ ဖြစ်စေခဲ့ပါတယ်။ ကျွန်မတချက်ချင်းစီကို ဆန်းစစ်သုံးသပ်ပြီး ဆွေးနွေးပြချင်ပါတယ်။ ပထမအချက် (၁) ဤဥပဒေကို ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။
မျိုးစောင့်ဥပဒေ ဆိုလို့ ဒီလူမျိုးတွေမှီတင်းနေထိုင်ပြီး
(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။ စဖတ်လာတုန်းက အကောင်းကြီး၊ ကျွန်မကို စိတ်ကုန်စေတာ အဲဒီအချက်ကနေ စပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်စင်စစ်က ဘာသာတူမှ လက်ထပ်ရမယ်လို့ ဗုဒ္ဓ မြတ်စွာဘုရား ဟောတဲ့တရားတွေထဲမှာ မရှိဘူး။ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်ပြီး ဘုရားနဲ့ သံဃာတော်တွေကို အင်မတန်မှ ကြည်ညိုသဒ္ဒါပွားခဲ့တဲ့ ဥတ္တရဆိုတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဘာသာခြားဖြစ်ပေမဲ့ သူဟာ အိမ်ထောင်ကျပြီးလည်း မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ကိုးကွယ်ယုံကြည်မှုမပျက်ဘဲ တခါတော့ သူက ဥပုဒ်သီလ ဆောက်တည်နေစဉ် ကာလမှာ ဘာသာခြား ခင်ပွန်းကို ပြည့်တန်ဆာမ သီရိမာနဲ့ ခဏထားပြီး သူကိုယ်တိုင်ကတော့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဘာသာခြားနဲ့အတူ နေတဲ့ အိမ်မှာပဲ ဆွမ်းပင့်ဖိတ်ကျွေးခဲ့တဲ့ သာဓက တခုရှိပါတယ်။ ပြီးတော့ ဘုရားလက်ထက်က နာမည်ကျော်ကြား လူသိများလှတဲ့ ကျောင်းအမကြီး ၀ါသာခါဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းလည်း ဘာသာခြားလို့ သိရပါတယ်။ ဒီတော့ ဘုရားလက်ထက်က ၀ိသာခါတို့ ဥတ္တရတို့ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရေးမှာ ဘာသာမတူလို့ နစ်နာစရာမရှိ ဘာသာတူဖို့ထက် မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မိမိလေးလေးနက်နက် ယုံကြည်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာနဲ့ မြတ်စွာဘုရားဟာ ဗုဒ္ဓဘာသာအမျိုးသမီးကို ယူတဲ့အမျိုးသားဟာ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ မဟောခဲ့ဘူးဆိုတာ သက်သေဖြစ်ပါတယ်။ ဘုရားတောင်မှ အမျိုးသမီးအမျိုးသား မခွဲခြားဘဲ လွတ်လပ်စွာ ထိမ်းမြားလက်ထပ် ရွေးချယ်ခွင့် ပေးခဲ့မှတော့ အခုဒီဥပဒေကြမ်းကို ရေးဆွဲတဲ့ဘုရားရဲ့ သာဝကတွေနဲ့ ထောက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဘုရားလမ်းစဉ်ကို မလိုက်နာနိုင်၊ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးကို ကန့်သတ်တာဟာ အဓိပ္ပာယ်မရှိ ဖြစ်စေပါတယ်။ တခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့ မူစလင်တို့မှာ သက်ဆိုင်ရာဘုရားတွေက ဘာသာတူမှ ယူရမယ်လို့ ဟောထားလို့ သူတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းမှာ ဒီလိုကန့်သတ်ထားပါတယ်။ ပြဌာန်းတဲ့ နေရာမှာလည်း အမျိုးသမီးမှ မဟုတ် သူတို့ဘာသာထဲက အမျိုးသားကိုပဲယူယူ အမျိုးသမီးကိုပဲ ယူယူ လက်ထပ်မည့်သူဟာ ဘာသာတူရမယ်လို့ ပြောတယ်။ အခု ဒီဥပဒေမှာ အမျိုးသမီးကိုမှ ရွေးချယ်ပြီး ကန့်သတ်တယ်ဆိုတော့ ဗုဒ္ဓဘာသာကို တခြားဘာသာတွေထက် ပိုပြီးအဆင့်နှိမ့်အောင် ချိုးနှိမ်ရာရောက်နေပါတယ်။ ပြီးတော့ သူများဘာသာမှာ ဘုရားကန့်သတ်လို့ လူတွေက လိုက်နာရတာကို ဘုရားက ဘာမှမကန့်သတ်ထားဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့ ဗုဒ္ဓဘာသာက သူများဘာသာတွေမှာလည်း ဒီလိုပဲ ပြဌာန်းထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဘာသာကလည်း ဒါကို အားကျမခံ လိုက်လုပ်ချင်တယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ ဘုရားဟောနဲ့လည်းမညီ မိမိဘာသာနဲ့ သဘောသဘာဝချင်းလည်း လုံးဝမတူတဲ့ ဘာသာခြားတွေရဲ့ ပြုမူကျင့်ကြံ လုပ်ဆောင်ပုံတွေကို ပုံတူခိုးချတဲ့ သူများနောက်ပဲ ဖြစ်သွားမယ် မဟုတ်ဘူးလား။
(၃) ဘာသာခြား ဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ထိမ်းမြားမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်။
ဒီနေရာမှာ စောဒက တက်စရာက ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်အောင် ကိန်းကြီးခမ်းကြီး လုပ်ပြီးခက်ခက်ခဲခဲ လုပ်ရတာမဟုတ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် လက်ခံပြီး ငါးပါးသီလကို ခံယူလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။ ဒီလောက်လွယ်တော့ ဘာသာခြား (သို့) ဘာသာမဲ့တယောက်က တကယ်ယုံကြည်တာ မဟုတ်ဘဲ သူ့ချစ်သူနဲ့ နီးစပ်ချင်ယုံသက်သက်နဲ့ ကျွန်တော် ဗုဒ္ဓဘာသာ ဖြစ်ပြီဆိုပြီး ဟန်ဆောင်လို့ကော မရနိုင်ဘူးလား။ ခရစ်ယာန်မလေးနဲ့ လက်ထပ်သွားတဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကျွန်မ သူငယ်ချင်းတယောက်ဆိုရင် အဖွဲ့အစည်းမှာ လက်မထပ်ခင် ဘုရားကျောင်းမှာ အရင် လက်ထပ်တယ်ဆိုတာ သိရလို့ ဒါဆို နင်သူတို့ဘာသာ ၀င်လိုက်ပြီလားလို့ မေးကြည့်ဖူးတယ်။ သူက ရေနစ်ခံတာ ဘာခက်လို့လဲ အဲဒါလုပ်မှ လက်ထပ်လို့ရတယ်ဆိုတော့ အလုပ်ဖြစ်ရုံ ရေနစ်ခံလိုက်ပေမဲ့ ငါဘုရားပုံမှန်ရှိခိုးနေတာပဲလို
(၄) ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည်။
ဒီအချက်ကို ကြည့်ရင် လက်ထပ်ပေါင်းသင်းမည့်သူ အမျိုးသမီးရဲ့ ဆန္ဒ၊ အသိဥာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုံးဝ လစ်လျှရှုပြီး မိဘ အုပ်ထိန်းသူဆန္ဒကိုပဲ ထည့်တွက်ထားတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေကို လူသားတဦးရယ်လို့တောင် သတ်မှတ်ပုံမရတာကို တွေ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တိုးတက်ရေးနဲ့ မိသားစု စားဝတ်နေရေး ဖူလှုံမှုကို မဖန်တီးပေးနိုင်ဘဲနဲ့ ဒီလိုဥပဒေမျိုး ချမှတ်ရင်တော့ မိန်းကလေးတွေဟာ မိမိချစ်ခင်နှစ်သက်သူနဲ့ လက်ထပ်ထိမ်းမြားခွင့် ဘယ်တော့မှ ကြုံလာစရာ မရှိတော့ဘဲ ငွေမက်တဲ့မိဘတွေ ဒါမှမဟုတ် ဆင်းရဲမွဲတေလှတဲ့ မိဘတွေရဲ့ သမီးဖြစ်ရင် မိဘဆီက ငွေနဲ့ပေါက်ပြီး ငွေဝယ်ကျွန်အဖြစ် အ၀ယ်ခံရတဲ့ဘ၀ကို ခေတ်နောက်ပြန်ဆွဲ ပြန်ရောက်သွားအောင် တွန်းပို့ပေးနေတာနဲ့ အတူတူပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ မိမိအိမ်ထောင်ဘက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာေ
(၇) အထက်ပါ သတ်မှတ်ချက်များကို မလိုက်နာဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုပါက ထိုသူကို ထောင်ဒဏ် (၁၀) နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ထိုသူပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးအား လွဲပြောင်းပေးအပ်ရမည်။
(၈) ထို့အပြင် ထိုသို့ကျူးလွန်သည့် ပုဂ္ကိုလ်အပေါ် ရာဇသတ်ကြီးဥပဒေ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့ဖြင့်သာ သီးခြား အရေးယူ အပြစ်ပေးအရေးယူရမည်။
ဒီအချက်တွေက အတင်းဓမ္မပြုကျင့်ပြီး မယားအဖြစ် အသိမ်းသွင်းခံရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်တော့ ထောင် ၁၀ နှစ်မကလို့ အနှစ်တရာ သတ်မှတ်လည်း ဘာမှပြောစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်လို့ ဖြစ်တဲ့ကိစ္စဆိုရင်တော့ တခြားအချက်တွေထက်စာရင် ပိုတောင်ဆိုးသွားသေးတယ်။ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခံစားမှု၊ သူသားဆန်မှုကို ထည့်တွက်စဉ်းစားမှု လုံးဝ မရှိရလောက်အောင်ကို ရေးတဲ့သူတွေဟာ Critical thinking နဲ့ Common Sense ကင်းမဲ့နေပြီလား၊ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိသင့်ရှိအပ်တဲ့ အကြင်နာတရားနဲ့ ကိုယ်ချင်းစာတရားဆိုတာ မရှိတော့ဘူးလား။ မိမိက ချစ်နှစ်သက်လို့ မိဘတွေရဲ့ ဆန္ဒကိုတောင် လွန်ဆန်ပြီး မိဘသဘောမတူဘဲ ဘာသာမတူသူနောက်ကို ခိုးရာလိုက်သွားမိတဲ့ အမျိုးသမီးတဦးဟာ ချစ်စခင်စ ကြင်နာစမှာ ခင်ပွန်းသည်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားပြီး ထောင်သွင်း အကျဉ်းချထားတဲ့အချိန်မှာ အတင်းအဓမ္မသိမ်းပိုက် ခံထားရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရွှေဘုံပေါ်မှာစံစားပြီး ပျော်နေနိုင်လိမ့်မယ်လို့ မထင်ပါ။ အဲလို ထင်နေတယ်ဆိုရင်တော့ ထင်သလောက်မလွယ်ဘူး ဆိုတာနဲ့ သမီးရင်ကွဲနာကျပြီး ခံစားနေတာကို ကြည့်ပြီး မိဘဖြစ်သူကတွေကလည်း ပျော်နိုင်မှာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းကြည့်စေချင်ပါတယ်၊ ဒီလိုလုပ်တာဟာ ဓမ္မမဟုတ်ဘူး အဓမ္မဖြစ်သွားပြီဆိုတာနဲ့ လူ့အခွင့်အရေးနဲ့ ကိုက်ညီနေတဲ့ ဗုဒ္ဓဘာသာကို လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်တဲ့ အကျည်းတန်ဘာသာ အထင်ခံရအောင် လုပ်ရာရောက်တယ်လို့လည်း ထောက်ပြချင်ပါတယ်။
(၉) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဆိုင်ရာ အက်ဥပဒေကို မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအသစ် ရေးဆွဲပြဌာန်း ပြီးသည်အထိ ရပ်ဆိုင်းထားရမည်။
ရှိပြီးသား ၁၉၅၄ ခှုစ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက ဗုဒ္ဓဘာသာနဲ့လည်း ဆန့်ကျင်တာမရှိ အမျိုးသမီးတွေအတွက်လည်း အကာအကွယ်ပေးထားတာ ရှိပါလျှက်နဲ့ ဒါကိုရပ်ဆိုင်းပြီး အခုလို ဘုရားဟော တရားဓမ္မနဲ့လည်း မကိုက်ညီ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီတဲ့ ဥပဒေနဲ့ အစားထိုးမယ်ဆိုတာဟာ လုံးဝသဘာဝမကျတဲ့ အချက်ဖြစ်တယ်။ တခုတော့ ရှိတယ် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်းဥပဒေမ
အချုပ်အားဖြင့် ပြောရရင်တော့ ဒီဥပဒေကို ရေးဆွဲသူတွေရဲ့ စေတနာကို နားလည်အသိအမှတ်ပြုပေမဲ့ အမျိုးသမီးတွေအတွက် ရေးဆွဲထားတဲ့ ဒီမျိုးစောင့်ဥပဒေဟာ အမျိုးသမီးတွေရဲ့ ဘ၀ကို ကာကွယ်ပေးထားတာ ဘာမှမရှိဘဲ လူ့အခွင့်အရေးနဲ့ ပြည့်စုံလှတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို အကျည်းတန်အောင် ဘာသာခြားတွေက ဗုဒ္ဓဘာသာကို သေးသိမ်ပြီး အမြင်ကျဉ်းမြောင်းတဲ့ ဘာသာတခုလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ရာရောက်နေပါတယ်။ အကယ်၍ ဒီလိုမဟုတ်ပါဘူးလို့ အမျိုးသမီးတွေ ကောင်းကျိုးအတွက် တကယ်ယုံကြည်ပြီး ရေးဆွဲထားတယ်ဆိုရင်လည်း ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ပဲ ရေးဆွဲပြီး ကျန်တဲ့အမျိုးသမီးတွေအတွက် မပါတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဒါဟာ တရားမျှတမှု မရှိတဲ့ဥပဒေလို့ ပြောလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ လူမျိုးတမျိုးတည်း ဘာသာတခုတည်း ရှိတာမဟုတ်၊ လူမျိုးတိုင်း ဘာသာတိုင်းဟာ မိမိလူမျိုး မိမိဘာသာကို တိုးတက်ချင်စိတ်ရှိကြပါတယ်။ ဒီနိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ ဥပဒေဆိုတာ လူမျိုးတမျိုး ဘာသာတမျိုးတည်းအတွက် ကွက်ကွက်လေး မျက်နှာလိုက်ရေးဆွဲလို့ မဖြစ်၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ကိုက်ညီပြီး သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။
အမျိုးသမီးတွေကို ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှ ကင်းဝေးပြီး အမျိုးဘာသာ သာသနာကို တကယ်ထိန်းသိမ်းစေချင်တယ်ဆိုရင် အမျိုးသမီးတွေအတွက်ပဲ ကန့်သတ်လို့ မရနိုင်ဘူး။ လက်ရှိအမျိုးသမီးတွေရဲ့ ဘ၀ကို တိုးတက်မြင့်မားအောင် လုပ်ပေးပြီး မိမိအခွင့်အရေးကို မိမိနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ အနာဂတ်မှာ အရွယ်ရောက်လာမည့်သူတွေအတွက် ကလေးတွေကို မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို ကလေးတွေသိအောင် ငယ်စဉ်ကတေည်းက သင်ကြားပေးဖို့ လိုပါတယ်။ အခုတော့ ကျွန်မတို့ဟာ ငယ်စဉ်ကတည်းက ဘုရားရှိခိုးတွေကို ကြက်တူရွေးစာရွတ်သလိုပဲ တတွတ်တွတ်ရွတ်ရုံသာ ရွတ်လာပြီး အနှစ်သာရဘာမှန်းမသိရုံတင်မက တို့ဗမာသာကီမျိုးဆိုပြီး ကိုယ့်ဘာသာ ကိုယ့်လူမျိုးမှ မြတ်တယ် တခြားဘယ်သူနဲ့မှ မတူသလိုလို သွေးနားထင်ရောက် ဂုဏ်မောက်အောင်လည်း သင်ကြားပေးခံလာရတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာနဲ့ ဆန့်ကျင်ပြီး စိတ်ကြီးဝင်စေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ အမျှော်အမြင်ကြီးမားတဲ့ မိဘတွေနဲ့ ကြီးလာတဲ့ ကလေးတွေကလွဲရင် ကြီးလာမှ စိတ်ဝင်စားလို့ ကိုယ့်ဖါသာကိုယ် လေ့လာတဲ့သူတွေကပဲ မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို သိရှိနားလည်ခွင့်ရပြီး စိတ်မ၀င်စားတဲ့သူကတော့ ဘာသာမဲ့ဖြစ်သွားသူနဲ့ မဖြစ်တဲ့သူကလည်း မိမိဘာသာရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို နားမလည်ဘဲ မိရိုးဖလာအဖြစ်နဲ့ပဲ ရှိနေပြီး ဒီလိုနားမလည်ခြင်းက ဘာသာခြားနဲ့ လက်ထပ်ရင် ဘာသာကူးပြောင်းဖို့ လွယ်ကူစေတဲ့အကြောင်းရင်း ဖြစ်တယ်။ တကယ်တော့ ဒီလို ဥပဒေတွေ ထုတ်မည့်အစား ဗုဒ္ဓဘာသာ ကလေးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့သိမ်မွေ့အောင် သင်ကြားပေးနိုင်တဲ့ အစီစဉ်တွေကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်လို့ အမျိုးပျေက်မှာကို အခုလို တွေးကြောက်နေစရာအကြောင်း ရှိမလာနိုင်ဘူး။
Credit ဓာတ်ပုံကို ကိုကိုးအိမ် ဆီက ပြန်လည်ကူးယူဖေါ်ပြပါတယ်။
0 comments:
Post a Comment