Sunday, June 30, 2013

ဝီ-ဂူ-၀ါ အာဏာမရူးပါ

သီတဂူဆရာတော်၊ ရွှေည၀ါဆရာတော်တို့ဆိုတာ အတိတ်တုန်းကရော၊ အခုလက်ရှိရော၊ ဒီမိုကရေစီဘက်တော်သားတွေအဖြစ်နဲ့ မဖောက်မပြန်၊ ရပ်တည်ချက်မှန်ကန်စွာနဲ့ ဒေါ်စုကို ရပ်တည်ပေးခဲ့ကြတဲ့သူတွေပါ။
အာဏာရူး၊ သမ္မတရူး၊ ရူးကြတဲ့သူတွေမဟုတ်ပါ၊ လူသားတစ်ယောက်ရဲ့တန်ဘိုးဖြစ်တဲ့ မိမိလူ့ပတ်ဝန်းကျင်ရှိ လူသားတွေအတွက် လူမှုရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေ
ကိုပါတီနိုင်ငံရေးသမားတွေလို မစားရ၀ါးရကမှန်းပြောဆိုနေတဲ့၊ ပါးစပ်ဖျားစာနာစိတ်ရှိတဲ့
သံဃာတွေမဟုတ်ဘူးဆိုတာ၊ သူတို့ရဲ့လက်တွေ့ဆောင်ရွက်ဘူးခဲ့တဲ့၊၊ ဆောင်ရွက်နေ ဆဲဖြစ်တဲ့၊ ဆောင်ရွက်နေဦးမည့်လုပ်ရပ်များနဲ့ တိုင်းတာကြည်နိုင်ပါတယ်။
တကယ့်နိုင်ငံရေး၊ပြည်သူ့နိုင်ငံရေးဆိုတြာ ပည်သူတွေအတွက် လက်တွေ့လုပ်ရပ်နဲ့တိုင်းတာပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ ဘယ်ပါတီမှပြည်သူမျက်ရည်မသုတ်ပေးနိုင်ပါဘူး၊
ထမင်း၀၀လင်လင်မကျွေးနိုင်ပါဘူး၊ ကျန်တဲ့အရာတွေတော့ပြောမနေချင်တော့ပါဘူး၊ မစားရ၀ကမန်းပြောနေကြတာတွေချည်းပါဘဲ။ ဘုန်းကြီးတွေအာဏာမရူးပါဘူး၊ပြည်သူ့အမှု ဘုန်းကြီးပတ်နေလို့ပါ။ ဒကာဒကာမအရေးနဲ့ဘုန်းကြီးအရေးဆိုတာ တိုက်ရိုက်ဆက်စပ်လျှက် ရှိနေလို့ပါ။ပြည်သူငတ်ရင်၊ ဘုန်းကြီးတွေလည်း သာသနာပြုခွင့်မရနိုင်တော့လို့ပါ။
အခုလည်း အင်စိန်သံဃာညီလာခံမှာ သံဃာတော်များအနေနဲ့Time မဂဇင်းပါအချက်များကို ကန့်ကွက်ကြောင်း၊ မဟုတ်ရင်မဟုတ်ဘူး ဆိုတာဖြေ၇ှင်းခြင်း သာဖြစ်ကြောင်း၊ ဘာသာရေးကြောင့်နိုင်ငံရေးကျားစာမဖြစ်ဖို့ သတိရှိဖို့လိုအပ်ကြောင်းနဲ့ ညီညွှတ်ရေး၊ငြိမ်းချမ်းရေး နဲ့စောင့်လေမျိုးနွယ်ဆိုတဲ့ အမျိုးအနွယ်ကို စောင့်ရှောက်ရေးဆိုတာကိုဘဲ ဟောပြောတာသည် အာဏာရူးခြင်းမဟုတ်ပါ။ ဟင်္သာကိုးသောင်းဇာတ်ပျက်တာ သည်အမျိုး အနွယ်ကို မစောင့်ရှောက်ခဲ့ကြ လို့ပါ။

ဒါကိုဘုမသိ၊ ဘမသိ၊နဲ့ ၀ိ-ဂု-၀ါ (၀ီရသူ၊ သီတဂူ၊ ရွှေည၀ါ) ဆရာတော်တို့၏ ရပ်တည်ချက်၊ ဆုံးဖြတ်ချက်ကြောင့် ဒီမိုကရေစီမရတော့မှာလို့ ဆိုလိုဆို၊ကြံဖွံ့လက်ကိုင်တုတ်ဖြစ်သွား သလိုလို၊ မိမိဘာသာသာသနာကို ကာကွယ်စောင့်ရှောက်တာနဲ့ဘဲလူ့အခွင့်အရေးတွေဘဲ ဆုံးရူံးတော့မှာ လို့ပြောလိုပြော၊ ဆရာတော်တွေကဘဲ တိုင်းပြည်အုပ်ချုပ်တော့မည့် ပုံစံဝေဖန်လို့ဝေဖန်၊ အဲဒီကောင်တွေကိုမေးလိုက်မယ်၊ မွတ်ဆလင်နိုင်ငံ ၅၇ နိုင်ငံက OIC အဖွဲ့ဖွဲပြီး သူတို့ဘာသာ၊ လူမျိုးကာကွယ်၊ ကူညီစောင့်ရှောက်တာကြတော့မင်းတို့ဘာလို့ လူ့အခွင့်ချိုးဖောက်တာလို့ မဆဲကြလဲ။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီနဲ့ ကူမင်တန်ပါတီစစ်ဖြစ်နေတဲ့ အချိန်မှာဖက်ဆစ်အာဏာရှင် တရုတ်ပြည်ဝင်လာတဲ့အခါ၊ တရုတ်တွေဘာလုပ်ခဲ့သတုန်း၊ လူမျိုးပြုတ်မည့် ဖက်ဆစ်စနစ်ကို အတူလက်တွဲပြီးတော်လှန်ခဲ့ကြတာကို သင်ခန်းစာယူရမည်။ စစ်ပွဲပြီးတော့မှ အချင်းချင်း ရန်ဆက်ဖြစ်ကြတာပါ။
အခုလည်းကုလားကို မုန်းလို့ပြောနေတာမဟုတ်၊ ဦးဝီရသူလုပ်ရပ်အားလုံးကိုထောက်ခံနေတာမဟုတ်၊ မိမိဘာသာ၊သာသနာ့ကိုမချစ်တဲ့ လူမျိုးဆိုတာကမ္ဘာပေါ်မှာမရှိဘူး၊ အမှန်တကယ်က မျိုးစောင့်ဥပဒေ ဆိုတာ ထုတ်စရာတောင်မလိုဘူး၊ အမျိုးဘာသာသာသနာ့ကို ထိပါးစော်ကားလာရင် ဘယ်လူမျိုး မှခေါင်းငုံမခံပါဘူး၊ သို့သော်မိမိလူမျိုး၊ မိမိဘာသာ၊မိမိပိုင်မြေ၊ကိုကာကွယ်ဖို့ပြောဆိုတာ သည်နိုင်ငံသား တစ်ယောက်ရဲ့မွေးရာပါတာဝန်ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းလို့မရနိုင်ပါ။ ဘာလို့ကာကွယ်ရသလဲဆိုတော့ တိုင်းပြည်ကတိုင်းရင်းသားအချင်းချင်း ရန်ဖြစ်နေတာနဲ့ဘဲ တိုင်းတပါး အကွက်ထဲ၊ လူမျိုးရေး၊စီးပွားရေး၊ သံယံဇာတအရေး၊ အကုန်လုံးဆုံးရူံးနေတာကိုသိလျက်နဲ့ မပြင်နိုင် ခဲ့ကြဘူး၊ မကယ်နိုင်ခဲ့ကြဘူး၊ ဘယ်သူသေသေ၊ ငတေမာပြီးရော့ဆိုပြီးနေထိုင်ခဲ့ကြတာ တွေ၊ ပေါင်း စားနေခဲ့ကြတာတွေကြောင့်ပါ။

နောက်သာဓကတစ်ခုပြောဦးမယ် အမေရိကန်ကအီရတ်ကို ဘာကြောင့်ဝင်တိုက်ခဲ့သလဲ။
အဲဒီတုန်းကကာကွယ်ရေးဝန်ကြီးကောလင်းပါဝဲလ်က ဘာပြောသလဲဆိုရင်
'အစွန်းရောက်နေတဲ့ ရန်သူက လာတိုက်တော့မည်ဆိုတာကိုသိနေရက်မှန်းနဲ့ ရန်သူလက်ထဲကို အကျမခံနိုင်၊ ဒါကြောင့်မိမိနိုင်ငံကို ကာကွယ်တဲ့အနေနဲ့ စတင်ပြီး ရန်သူမတိုက်ခင်လက်ဦးမှုရယူပြီး တိုက်မည်လို့ လွှတ်တော်တင်ဆုံးဖြတ်ချက်ချပြီးတိုက်ခိုက်ခဲ့တာပါ။ ဒါလူ့အခွင့်အရေးချိုးဖောက်တဲ့ အမေရိကန်ကိုဘာလို့ မဆဲကြသလဲ။ပြည်သူတွေဘာလို့ထောက်ခံခဲ့ကြသလဲ။ အနည်းစုကတော့ ကန်ကွက်မှုတော့ရှိခဲ့ပါတယ်။
ဆရာတော်ကြီးများရဲ့သြ၀ါဒများကိုလည်း သေသေချာချာနားထောင်ပြီးမှ ဆုံးဖြတ်ပြောဆိုပါ။
ညီညွှတ်ရေး၊ သည်းခံရေး၊ ထိန်းသိန်းရေး၊ ကာကွယ်ရေး၊ သတိရှိရေး၊နိုင်ငံရေးသမားတွေရဲ့
အသုံးချခံဖြစ်မသွားရေးတို့အတွက် မျက်စီကြီးကြီး၊ နားကြီးကြီးထားဖို့အရေးတို့ကိုသာ ရဟန်းသံဃာများကို
တွင်တွင်မှာကြားဟောပြောပို့ချသွားတာကိုတွေ့လိုက်ရပါတယ်။ ဒါကိုဘုန်းကြီးတွေကိုစော်ကား
၊မော်ကားနဲ့ အာဏာရူးတွေဆိုပြီးဝေဖန်နေကြတယ်။ အမှန်တကယ်တော့ ၀ီ-ဂူ-၀ါ အာဏာမရူးပါ။
အဲဒီဝေဖန်နေတဲ့ကောင်တွေကို ကျုပ်မေးလိုက်မယ်။
မင်းတို့လိုကောင်တွေ ရပ်ရေး၊ ရွာရေး၊ ဘာသာရေး၊ လူမှုရေး၊တွေ ဘယ်နှစ်ခါလုပ်ခဲ့ဖူးသလဲ၊ Figure Politician ဖြစ်ချင်တာနဲ့ဘဲ ဒီမိုကရေစီဘက်တော်သားအချင်းအချင်းတောင်အဖက်မလုပ်၊
မစည်းရုံးနိုင်ကြတဲ့ကောင်တွေ ဘယ်မှာလည်းမင်းတို့ညီညွှတ်မှု၊ စစ်ဘိနပ်ရူနေရတဲ့အချိန်တုန်း
ကညီညွှတ်မှုမျိုးဘာလို့မတည်ဆောက်နိုင်ကြသလဲ၊ အဖြေကရှင်းရှင်းလေးပါ။
"မင်းတို့ အားလုံးအာဏာရူးနေကြလို့ဘဲ"
ဝန်ခံချက်၊ ၊ ကျနော်သည် ဘာသာရေးအစွန်းရောက်ဝါဒီစွဲ ကိုင်ထားသူတစ်ယောက်မဟုတ်ပါ။ လူသားအားလုံးတစ်သံသရာလုံး ဒုက္ခရောက်မည့်အရေးကို မလိုလားအပ်သောကြောင့် ဒီစာကိုခံစားချက်ဖြင့်ရေးမိခြင်းဖြစ်ပါသည်။ ဘယ်လူသားမှမနစ်နာ၊မဆုံးရူံးစေချင်ပါ။ငြိမ်းချမ်းရေး၊ သံသာရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေး အစစ်အမှန်ကို ပို့ဆောင်ပေးနိုင်တဲ့ ဘာသာတစ်ခု ဆုံးရူံးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။

မောင်သာမြား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...