Saturday, June 29, 2013

ပြောပြချင်တဲ့ စကားတွေ။

မခင်ဦး။
( ၂၄၉)

မနေ့က နံနက်ခင်းမှာ လက်ဖက်ရည်ဝိုင်းတခု ထိုင်မိခဲ့တယ်ဆိုတာကို ပြောဖြစ်ခဲ့တယ်။
ရှေ.နေတယောက်ရယ် ၊ အခြားသူ့ဘော်ဒါ နှစ်ယောက်ရယ်။ အိမ်နဲ့နီးလို့ ဈေးသွားရင်း လှမ်းနှုတ်ဆက်လို့ ထိုင်ဖြစ်တာပါ။. အပြင်လောကမှာ ဖြစ်နေတဲ့ လေသံတချို.ကိုနားစွင့်ချင်တာလဲပါတယ်ပေါ့။

ကိုယ်က အမျိုးသမီးဖြစ်နေပေမဲ့ နိုင်ငံရေးဆိုတာမျိုးကလဲ အမျိုးသားထုကဘဲ အများစုပြောဆို ဆွေးနွေးကြတာ မဟုတ်လား။ ဒီတော့ သတင်းပုလင်းနားထောင်ချင်ရင် အမျိုးသားတွနဲ့ စကားပြောရတာ မလုပ်တခုဘဲ။

မနေ့က တိုင်းမ်ကို တရားစွဲဆိုဘို့ ပြောဆိုဆော်သြသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်နေတယ်။ တိုင်းမ်မဂ္ဂဇင်း ဆီက ဒေါ်လာသန်း (၃၀၀၀လောက်) ရချင်တယ်ဆိုဘဲ။

သူ့နံဘေးက သံယောင်လိုက် မျက်နှာကျောတင်း တယောက် ကတော့ ဘယ်ကလဲ မသိခဲ့ဘူး။ ထားပါလေ။ ဘယ်ကဖြစ်ဖြစ်။ အရေးမကြီးပါဘူး။

တကယ်တော့ အဲဒီရှေ.နေဟာ ၁၉၉၆ခုနှစ်လောက်ကတဲက အဖမ်းအဆီးတွေ ကြမ်းရမ်းချိန်ကစလို့ NLD ကင်းကွာ။ အခုမှ ချောင်လို့ အမတ်ရူးနဲ့ ပြန်ဝင်လာသူ။

လေသံက တစိမ်းဆန်နေတယ်။ သူ့ဘေးကလူက အဖွဲ့ချုပ်မှာ တိုင်းပြည်အုပ်ချုပ်နိုင်လောက်အောင် အရည်အချင်း မရှိဘူးနဲ့ စကားစလာတယ်။ ဒီလိုလသံရှိသူနဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ဝင်တဦး တွဲနေတာ အံသြမိတယ်။ ဟာသဘဲနော်။

( ဘယ်သူရှိသလဲ--ဘယ်သူရှိသလဲ။ ဗိုလ်ချုပ်ကြီးတင်ဦး---NOတဲ့။ )

မနေ့က စကားဝိုင်းမှာ ကျွန်မဟာ ဗီလိန်ဖြစ်လာတယ်။

( ခင်ဗျားတို့က နာခံမှုနဲ့ တသွေးတသံတမိန့်အလုပ်လုပ်တဲ့စစ်အုပ်စုလို အဖွဲ့အစည်းတခုဆီက တိုင်းပြည်ကောင်းလာမယ်ဆိုတာကို မျှော်လင့်ချင်တုံးလား။)လို့ မေးမိတယ်။)

တကယ်တော့လဲ ကျွန်မတို့တိုင်းပြည်တွင်းက မပြေလည်နိုင်တဲ့ ပြသနာတွေဟာ စစ်အုပ်စုက တမင်ဖန်တည်ထားလို့ ဖြစ်နေတဲ့ ပြသနာချည်းဘဲ မဟုတ်လား။

ခက်ခက်ခဲခဲ ပြသနာရယ်လို့ သိပ်မရှိလှပါဘူး။ စစ်အုပ်စုလုပ်ထားတဲ့ အရှုပ်ထုပ်ပြသနာတွေကို စစ်အုပ်စုဖြည်နေလို့ ကတော့ ဘယ်တော့မှ အရှုပ်ြပည်မယ်မထင်မိဘူး။

မြန်မာပြည်က နိုင်ငံရေးသမားခေါ်-နိုင်ငံရေးသမားယောင်ယောင်ခေါ်ခေါ်တွေဟာ နေရာရရှိရေးနဲ့ နိုင်ငံရေးဆိုတာကို ထမင်းစားဘို့ လုပ်ချင်တာလောက်ကနေ တဆင့်မတက်သေးတာ အတော်ဆိုးတယ်။

မိမိနေရာမရတာနဲ့ အတင်းချဘို့သာစိတ်ဝင်စားကြတယ်။

နိုင်ငံရေးလူဂယောင်ခြောက်ခြားတွက အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ထဲကို ဒေါ်အောင်ဆန်းစုကြည် လွတ်ပြိဆိုတာနဲ့ ၀င်ပါလာကြတယ်ဆိုတာလဲ အသေအချာပါဘဲ။

တိုင်းပြည်အတွက် အလုပ်လုပ်ဘို့ဆိုတာထက် နိုင်ငံရေးဆိုတာ စားပေါက်ချောင်တယ်ထင်လို့၊ နာမည်ကြီးမယ်။ နေရာရမယ် ဆိုတဲ့အရိုးစွဲအတွေးတွေနဲ့ ၀င်လုပ်နေသူကလဲ များနေတယ်လေ။

ပြောရရင်တော့ ကျွန်မတို့ ငယ်ငယ်က ကုလားထိုင်လုပွဲ ကစားနည်းကို လူအတော်များများ ကစားဘူးခဲ့ကြမယ် ထင်ပါတယ်။ နိုင်ငံရေးကို နိုင်ငံကောင်းဘို့ လုပ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းမရှိရင် မူလတန်းပြန်ဆင်းပြီး ရပ်ထဲရွာထဲက လမ်းမပေါ်ကျင်းပတဲ့ ကုလားထိုင်လုပွဲထဲသာပြန်ဝင်ကစားလို့ ပြောချင်မိတယ်။

ကျွန်မအမြင်ကိုထပ်ပြောရရင် နေရာဆိုတာ အလုပ်သာကောင်းကောင်းလုပ်ပါ။ နေရာက မလိုချင်အောင်ကို ရလာ တတ်ပါတယ်။

တကယ်ပါ။

ကျွန်မအနေနဲ့ မိမိယုံကြည်ရာကို အိမ်ကနေထိုင်ပြီး ကွန်ပြူတာတလုံးနဲ့ ဇွဲနဘဲကြီးကြီးနဲ့ စာရေးနေတယ်။

အခုအခါမှာ ယုံကြည်လောက်သူရော-မယုံကြည်လောက်သူတွေပါ ဂျာနယ်-မဂ္ဂဇင်းတွေမှာ စာရေးဘို့ကမ်းလှမ်း လာကြတယ်။ ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်မိပါတယ်။

ကျွန်မအတွက် စာရေးဆရာမဆိုတဲ့ နေရာလဲ အရေးမကြီးပါဘူး။

နိုင်ငံကောင်းဘို့သာ အဓိကပါ။

ကျွန်မ စာရေးနေခြင်းအတွက် နိုင်ငံကောင်းစေချင်တဲ့ စေတနာအရင်ခံနဲ့ဆိုတာသည်ပင် မိမိလိပ်ပြာမိမိလှနေပါတယ်။ ဒါကဘဲ ကျွန်မရဲ. စိတ်တွေ ပျော်ရွင်ကျေနပ်ရောင့်ရဲတင်းတိမ်ခြင်းကိုဖြစ်နေပါတယ်။

ဒီလောက်ဆို ကျွန်မအတွက်လုံလောက်နေပါပြီ။

နိုင်ငံရေးအတွက် လိုရင်းအချက်ကိုပြောရရင် အမျိုးသားဒီမိုကေရစိအဖွဲ့ချုပ် အာဏာရလာရင် တိုင်းပြည်ကောင်းအောင် လုပ်နိုင်မလား။ မလုပ်နိုင်ဘူးလား။

မေးခွန်းတွေ ရှိနေတယ်။

နိုင်ငံရေးဆိုတာ နိုင်ငံရေသမားက မူဝါဒဦးဆောင်သက်သက်ဘဲ။ တိုင်းပြည်ထဲက တိုင်းသူပြည်သား ပညာတတ်တွေ ။ကျွမ်ျးကင်သူတွေက ၀ိုင်းဝန်းလုပ်ကိုင်ကြရမှာ။

တိုင်းသူပြည်သားကျွမ်းကျင်သူတွေ အမှန်တကယ်သာ လုပ်နိုင်က်ုင်နိုင်ခွင့်တွေ ရရှိဘို.သာလိုအပ်တယ်။

စစ်ရေးစစ်ရာ ဆိုပါတော့။

စစ်ဘက်က နိုင်ငံကောင်းစေချင်သူကို တွန်းထိုးတင်ပေးလိုက်ယုံပါဘဲ။ ညှိနှိုင်းဆောင်ရွက်သွားယုံပါဘဲ။ လက်ရှိ အာဏာရ အစိုးရထဲက လူကောင်တွေ-လူတော်တွေကိုလဲ ပြန်သုံးနိုင်တာပါဘဲ။

နောက်တက်နိုင်တဲ့ အစိုးရမှာ လုပ်နိုင်ကိုင်နိုင်မရှိဘူးဆိုတဲ့ အပြောမျိုးဟာ တိုင်းပြည်မှာ တယောက်အာဏာရရင် မတူကွဲပြားသူတွေကို ချေမှုန်းတိုက်ခိုက် ဖယ်ရှားပစ်ရမယ်ဆိုတဲ့ ဆိုးရွားလှတဲ့အမြင်ရှိသူတွေ ထင်မြင်ယူဆတာပါ။

တကယ်တော့ တိုင်းသူပြည်သားမှန်ရင် မည့်သူကိုမှ ဖယ်ရှားစဉ်းစားတာမျိုး မဖြစ်သင့်ပါဘူး။

ပွင့်လင်းမြင်သာမှုနဲ့ ဆက်လျောက်မယ်ဆိုရင် လူဟောင်းထဲက လူကောင်တွေလဲ ပြန်သုံးနိုင်ပါတယ်။

ကျွန်မအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူတော်လူကောင်းရွေးချယ်မှုမှုာ ညံ့ဖျင်းတယ်လို့ မထင်မြင်ယုံမက၊ စိတ်နှလုံးသားက အလိုလိုခံစားသိရှိမှုနဲ့ လူတော်လူကောင်းရွေးချယ်ခြင်းအတတ်ပညာကို နားလည်သိရှိသူလို့ယုံကြည်တယ် ။

ဒါမျိုးအတတ်ပညာက ပါရမီနဲ့ လာတာ။

ဥပမာ--- ဗိုလ်ချုပ်အောင်ဆန်း ဇနီးရွေးချယ်တာ ( ၂)လလောက်အချိန်တိုလေး အတွင်းမှာပါ။

မိန်းမကဲကို အချိန်တိုအတွင်း ထက်မြက်တဲ့ အမြင်နဲ့ ရွေးချယ်သွားတာ လက်ဖျားခါတယ်။ နှစ်အနည်းငယ်သာပေါင်းသင်းခဲ့ရပေမဲ့ ရာသက်ပန်မေတ္တာနဲ့ ဇနီးမယားကိုရရှိတယ်။ အချို့သော အမျိုးသားတွေ ကမ္ဘာပတ်ရှာတာတောင် အူကြောင်ကြောင်နဲ့ သစ္စာမထားတဲ့ ဇနီးမယားမျိုးရတတ်တယ်လေ။

ကွာတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကို လက်ထပ်ထားခဲ့ပေမဲ့ ကမ္ဘာပေါ်မှာ ဇနီးမယားကို ပါရမီဖြည့်နိုင်တဲ့ အစွမ်း၊ မြတ်နိုးချစ်ခင်မှု အရာတွေမှာ ထူးခြားတဲ့ ယောင်္ကျားမြတ်ခင်ပွန်းကိုရရှိတယ်

( နေပြည်တော် ကျပ်ပြေးက ဆတ်စလူးအဘကြီးတွေနဲ့ ကွာပါ့။)

ပြောရရင် ဘုရာေးလာင်းဇာတ်ကြိးဆယ်ဖွဲ့မှာ မဟောသဓာသတိုးသား ဇနီးလောင်းအရှာထွက်တာ (၇)ရက် မကြာသလို ဇနီးသည် ပညာရှိ အမရာက ထိုက်တန်တဲ့ခင်ပွန်း မဟောသဓာကို မြင်မြင်ခြင်းဘဲ သူမနဲ့ ထိုတန်သူခင်ပွန်းဆိုတာ ရွေးတတ်တယ်ရှင့်။

လူမိုက်တွေ လူမိုက်တပည့်ရှာတာမခက်ခဲသလို လူတော်တွေလူတော်ရှာတာလဲ မခက်ပါဘူးရှင်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အာဏာရရင် မည်သူဦးဆောင်မှာလဲ ။ အရည်အချင်းရှိပါ့မလား။

ဒါတွေ မမေးနဲ့။ မေးရင် တုံးရာကျတယ်။

ဂျိုကုပ်ရှိရာ ဂျိုကုပ်လာမယ်။

ဂျိုထောင်ရှိရာ ဂျိုထောင်လာမယ်။

အဟောင်း-အသစ် လွှင့်မပြစ်ဘဲ ဒေါ်စုနဲ့လက်တွဲလုပ်မယ်။

အဓိကက နာခံမှုတွေ၊ ထုံထိုင်းမှုတွေ ၊ တသွေးတသံ တမိန့်တွေ ရှင်းထုတ်ပစ်မယ်။

နိုင်ငံသားတွေ ၀ိုင်းလုပ်မယ်။

ရှေ.ဆက်တက်မယ်။ ဒါပါဘဲ။

( ၂၉-၆-၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...