Friday, June 28, 2013
“ အိမ်ပြန် ငါး… ”
by Kyar Phyu Nwe (Notes) on Thursday, June 27, 2013 at 1:21pm
“ အိရာရှိင်းအိမတ်ဆဲ … ”
“ ဒိုးဇို……. ”
ဆူရှီဆိုင် မှန်တံခါး ကို ဆွဲဖွင့် လို က်ရင်ပဲ ကြိုဆိုနုတ်ဆက်သံတွေက စီခနဲ ထွက်လာပါသည်။
ရောက်ခါစက ဆိုင်ထဲဝင်တိုင်း ဒီလိုနုတ်ဆက်သံတွေတချိန်လုံး ဆူညံနေတာသီတာ့နားထဲ အထူးအဆန်းဖြစ်နေ မိပေမယ့် နှစ်ပတ်တာအတွင်း တော်တော်လေး ကျင့်သားရသွားပါပြီ။
ဂျပန်လူမျိုးတွေ ရဲ့ စားသုံးသူ အပေါ် ရိုသေလေး စားမှု ကိုလည်း ချီး ကျူးမိပါ၏
ခေါက်ဆွဲဆိုင်သွား စားတုန်း က လည်း ရှိသမျှ ၀န်ထမ်းတွေဟာ လ က် က သူ့ အလုပ်သူလုပ်နေရင်း မှန်တံခါး မှ  ၀င်လာတဲ့ လူရိပ်တွေ့ တာနဲ့  ပါး စပ် ကကြိုဆိုပါတယ်ဆိုပြီး အော်နေတော့တာပဲ…
ခေါ က်ဆွဲပြုတ်နေသူ ကလည်းအော်တာပဲ…ဗန်းကြီးနဲ့  စားပြီးသားပန်း ကန်တွေ တထပ်ကြီးသယ်လာတဲ့ သူ ကလည်း
အော်တာပါပဲ..ခုလည်း ဆူရှီ ဆိုင်မှာ ထမင်းလိပ်နေတဲ့ သူ တွေကလည်းထမင်းဆုပ်လေးကိုင်နေရင်း အြော်ပီးနုတ်ဆက်နေပါသည်။
မြန်မာ့နွေခေါင်ခေါင် မတ်လဆန်းမှ လာခဲ့ရတဲ့သီတာတယောက်ဒီရောက်တော့ အေး စက်နေတဲ့ ရေခဲလေတွေ တိုက်ခတ်ဆဲဖြစ်တဲ့ ဂျပန်ရဲ့ ဆောင်း နှောင်းရာသီဥတုနဲ့ ဆုံနေရပါသည်။
ခု သီတာလာစားတဲ့ ဆိုင် က ခိုင်းတန်းဆူရှီ  လို့ ခေါ်တဲ့  ဆုံလည် ထမင်းလိပ်ဆိုင်အသေးလေးပါ။ လူအယော က် ၂၀လော က် ထိုင်လို့ ရတဲ့  ပတ်လည်စားပွဲအကြီး ကြီး ရဲ့  အတွင်းဘက်မှာတော့  ထမင်းလိပ်ပေးနေကြသူတွေ က မတ်တပ်ရပ်ပြီး အမယ် အမျိုးမျိုးသော  ဆူရှီထမင်းလိပ်လေးတွေ လိပ်ပေးနေတာပါ..သူတို့ ပတ်လည်မှာ ထမင်းအိုးတွေ ၊ ငါး အမျိုးမျိုး ၊ ဂဏန်း ၊  ရေညှိလိပ် တွေဝိုင်းနေပြီး စားပွဲ မှ စားတဲ့သူတွေ မှာသမျှ ဆူရှီတွေလိပ်ပေးနေသူတွေ ကို ကြည့်ရတာ ဆိုင်းဆရာ က ဆိုင်းဝိုင်းထဲမှာ ပတ်ခြာလည်ပြီးဆိုင်းတီးနေသလိုပါပဲ…
ပထမ ဗိုက်ဆာဆာ နဲ့ ကိုယ့်ရှေ့ ရောက်ရောက်လာတဲ့ ဆုံလည်ပန်းကန်လေးတွေဆွဲစားရင်း သီတာ ကြို က်တဲ့  ဆယ်လမွန်ငါး ဆူရှီ ပန်းကန် မတွေ့ တာ နဲ့  လိပ်နေသူ ကို လှမ်းမှာလိုက်ပါသည်။ထမင်းဆုပ်ပေါ် ဆယ်လမွန် ငါး စိမ်း နဲ့ မရောနိ တင် ပြီးဂက်မီးပိုက်လေးနဲ့  မီးပြင်းတို က်ပေးတဲ့  ဆယ်လမွန်အာဘုရိ ဆိုတာသီတာသိပ်ကြိုက်ပါသည်။ လတ်ဆတ်တဲ့ ဆယ်လမွန်ငါးလေး က နူးညံ့  ကာ ပါးစပ်ထဲမှာအရေပျော်သွား ကာအရသာရှိလှသလို ရှေ့ မှာ ချပေးထားတဲ့  ဂျင်းချဉ်ဖတ်နုနုလေးတွေကလည်း ခံတွင်းရှင်းစေလို့  အားရပါးရစားနေစဉ်မှာပဲ….
“ အိမ်ပြန်ငါး ကို ကြို က်လှချည်လား.. သီတာ ”
အို..ဘုရား ဘုရား …သီတာတဲ့ ..ဗမာလို ပြောနေတာပဲ...
ဂျပန်သံဆူဆူညံညံတွေထဲကြားလို က်ရတဲ့  ဗမာသံပီပီသသ ကြောင့် သီတာ လန့် သွား ကာ အသံပိုင်ရှင် ကို လို က်ရှာလိုက်တော့  ဆူရှီလိပ်နေတဲ့ှဂျပန်ကြီးတွေဘက်ကထွက်လာတဲ့အသံပဲ..
ဒီဆယ်လမွန် ငါး ကို အိမ်ပြန်ငါး လို့  ခေါ်တာ သီတာတို့  သုံးယောက်ပဲရှိတာပါ..
သီတာ ရယ် ၊ အေး ရယ် ၊ နောက် ……………
“ သီတာရယ်..ငါ့  ကိုတောင်မမှတ်မိတော့ဘူးလား..ဝေယံလေ ”
ဝေယံ ..ဝေယံ ပါလား
အိုး ဟုတ်ပါ့ ..ပြုံးလိုက်မှ ပေါ်လာတဲ့ သွားတက်လေး နဲ့  ဝေယံ မျ က်နှာ ကို သီတာ မှတ်မိပြီ။
အသားတွေဖွေးဆွတ်နေပြီး ပြည့်ဖြိုးလာတဲ့ ဝေယံ့  ကို ကြည့်ရင် မသိတဲ့သူဆို တ ကယ့်ဂျပန်လူမျိုးလို့ ပဲ ထင်ကြမှာပါ…
သူ မြန်မာပြည် ကထွ က်သွားတာဆယ်စုနှစ်တစ်နှစ်ရှိပြီ။ သီတာတို့ နဲ့ လုံးလုံးအဆ က်အသွယ်ပြတ်သွားတာက ၆နှစ်ကျော်ပါပြီ။
“ နင် ဒီ ကို ဘာလာလုပ်တာလဲသီတာ ”
“ ငါ့ သူဌေးနဲ့ လို က်လာတာယယ မြန်မာပြည်မှာရှိတဲ့  ဂျပန်အဖွဲ့ အစည်း JICA (Japan International Cooperation Agency ) က မြန်မာပြည် ထွက်ကုန်တွေ အားလုံးစုပြီး မြန်မာ့ကုန်စည်ပြပွဲ  ပြဖို့  ဒီ တိုကျိုမှာစီစဉ်ပေးတယ်လေ…
ငါတို့ စက်ရုံက ထုတ်ကုန်ကို ဒီပြပွဲမှာ လာပြတာ..သူတို့ ဂျပန်တွေတော်တော်သဘောကျတယ်ဟ..”
“ အော.တယ်ဟုတ်ပါလား..ခုပြပွဲပြီးသွားပြီလား..နင့် သူဌေးကရော ”
“ အေး..ပြပွဲပြီးသွားပြီ..သဘ က်ခါ ပြန်မယ်..ငါ့ သူဌေး က ဟိုတယ်နား ကအမဲသားကြော်ဆိုင်မှာ ရှိတယ်…
ငါ အမဲသားမစားလို့  ဒီဆူရှီဆိုင်လာတာ..ငါတို့ တည်းတာ ဟိုဘ က်လမ်း က ဟိုတယ်မှာလေ”
“ ဟုတ်လား..နီးနီးလေးပဲ..ဒီလိုလုပ်ပါလား.ခု အလုပ်ချိန်ဆိုတော့ငါမအားဘူး.နောက်သုံးနာရီ လောက်ဆို နင်တည်းတဲ့ 
ဟိုတယ် ငါ လာတွေ့မယ်လေ ”
“ အေး..ဒါဆို ငါ စောင့်နေမယ်နော်… ”
“ဆ က်ဆက် စောင့်နေနော်…ငါ နင့်  ကိုမေးချင်တာရှိလို့ … ”
စိတ်လှုပ်ရှားစွာပြောလို က်တဲ့  ဝေယံအသံတွေ က တုန်ယင်နေသလိုပါပဲလား
သူ့ မျ က်ဝန်းထဲမှာလည်း အရိပ်တချို့ ဖြတ်ပြေးနေတယ်....
နင်မေးချင်တာ ဘယ်သူ့ အကြောင်းလည်းဆိုတာငါသိပါတယ်သူငယ်ချင်းရယ်
ငါ ကလည်းလေ ….အကြောင်းအမျိုးမျိုးကြောင့် မချင့်မရဲ နဲ့ နုတ်ပိတ်နေခဲ့ရပေမယ် ခုလိုမျိုး နင်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပြန် ဆုံတွေ့ ရမှတော့ နင်မမေးလည်း ပြောပြဖို့  စိတ်ကူးပြီးသားပါ..
အတွေးများစွာနဲ့ အတူ စိတ်လှုပ်ရှားရင်ခုန်ရင်း ဝေယံ လာမယ့်အချိန် ကို သီတာ စောင့် နေခဲ့ပါသည်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကညိုညိပိန်ပိန် အရပ်ကလန်ကလား ၊  မျက်နှာတည်တည်၊ အမြဲတမ်း တီရှပ်နွမ်းနွမ်း နဲ့  ဂျင်းဘောင်းဘီအရောင်လွင့်  ပဲဝတ်ခဲ့တဲ့ လူတယောက်ဟာ....
ခုတော့  ဖွေးဆွတ်နေတဲ့ အသား ၊ ထောင်မောင်းမြင့် မားတဲ့ အရပ် နဲ့ လိုက်ဖက်တဲ့ ခပ်ထည်ထည် ခန္ဓာကိုယ် ပေါ်မှာ ၀တ်ဆင်ထား     တာက တကယ့် နာမည်ကြီး Brand တွေချည်းပါလား…
“နင့်ပုံစံ အရမ်းကိုပြောင်းလဲသွားပါလား ဝေယံ..ငါ လမ်းမှာသာဆုံရင်မှတ်မိမှာမဟုတ်ဘူး..တကယ်ပြောတာ”
“ နင်ကတော့ နည်းနည်းဝ လာတာကလွဲရင် သိပ်မပြောင်းလဲဘူးနော်..
နင် ဆိုင်ထဲဝင်လာတာမြင်လိုက်ကတည်းက ငါ ချက်ချင်းမှတ်မိတာ. ”
“ ဟုတ်လား…ငါ ကနင်မခေါ်ရင်လုံးဝသိမှာမဟုတ်ဘူး ”
“ လာ..သီတာ ၊ တို့  ဆိုင်တဆိုင်သွားပြီးစကားပြောရအောင်..နင်လိုက်လို့ ရမလား ”
“ ရတယ်..ငါ့ သူဌေးကိုပြောထားတယ်..ဆယ်နှစ်ကျော် ကွဲနေတဲ့ အခင်ဆုံးသူငယ်ချင်းနဲ့ မမျှော်လင့် ပဲပြန်ဆုံလို့ လို့ ..
သူဌေးကတောင်အံ့ သြ၀မ်းသာနေတာ… ”
“ ဟုတ်လား.ဒါဆို သွားရအောင်..ငါ ကားပါတယ် ”
ဝေယံရဲ့  ကားက ခု ဂျပန်မှာခေတ်စားနေတဲ့  ဆီမထည့်ဘဲဘထ္ထရီနဲ့ မောင်းရတဲ့  ဟိုက်ဘရစ်လို့ ခေါ်တဲ့ အမျိုးအစား  …နောက်ဆုံးပေါ်ဒီဇိုင်းပဲ… .ဂျပန်မိတ်ဆွေတစ်ယောက်ပြောဖူးလို့  ဒီကားတစ်စီးဘယ်လောက်တန်လည်း သီတာသိနေပါသည်။
“ နင်ကသူဌေးပဲဝေယံ..ငါ့ အသိဂျပန်သူဌေးတောင် ဒီကားဝယ်ဖို့  ခုမှ ပြောနေတုန်း ”
“  ဟားဟားဟား………. ”
“ ဟဲ့ ..ငါကအကောင်းပြောပြတာကို..ဘာရယ်တာလဲ ”
“ အထင်မကြီးပါနဲ့သီတာရယ်…နင် ငါ့ ဘ၀ အမှန်ကို သိရင်ထိုင်ငိုချင်သွားမယ် “
ဝေယံခေါ်သွားတဲ့ ဆိုင်ကလည်း သီတာနဲ့ သူဌေး အမြဲသောက်နေကျ သာမာန်ကော်ဖီဆိုင်မျိုးမဟုတ်ဘဲအဆင့်မြင့် ကော်ဖီဆိုင်ပါ
သီတာလည်း Espresso ကော်ဖီသောက်မယ်လို့ တွေးပြီး ဈေးနှုန်းကြည့်လိုက်တော့ မျက်လုံးပြူးသွားပါသည်။
ဝေယံ ကတော့သီတာ့ ပုံကိုကြည့်ကာ ပြုံးနေပါသည်။
“ နင် အဲလိုဖြစ်သွားတာမြင်တော့ ဟိုးတုန်းက အပြင်သွားရင် ငါ ၀ယ်ပေးတာတွေဈေးကြီးလို့ အသည်းအသန် ငြင်းတတ်တဲ့                အေး ကို သတိရမိတယ်...ခုရော..အေး နဲ့ နင် အမြဲ အဆက်အသွယ်ရှိလား ”
ဘာမှမဖြစ်သလို ပေါ့ ပေါ့ ပါးပါး မေးတဲ့ပုံ ဖမ်းထားပေမယ့် ဝေယံ့ ရင်ထဲ ကို သီတာမြင်နေရပြီ။                                 သက်ပြင်းတချ က်ချလို က်ပြီး ဝေယံမေး တာသီတာဖြေလို က်ပါသည်။
“ သီတာနဲ့ ငါ အဆက်အသွယ်ရှိတာပေါ့ ဝေယံရယ် …သူ့ ဘ၀ မှာ သူ ချစ်ခင်အား ကိုးတာ နင်နဲ့ ငါ နှစ်ယောက်တည်း ရှိတာလေ…    နင် နဲ့ ဝေးသွားပြီးကတည်းက သူ့ မှာငါတယောက်တည်းကျန်နေတာ…”
“ သူ အိမ်ထောင်ပြုလိုက်ပြီမှတ်လား.. ”
“ ဘာ….ဘယ်သူပြောတာလဲ အေးကအိမ်ထောင်ပြုသွားပြီလို့  ”
“ဟုတ်တယ်..သူ ခုအရင်နဲ့ မတူတဲ့ဘ၀သစ်မှာတော့နေနေရတာပဲ.ဒါပေမယ့် နင် ထင်သွားသလို အိမ်ထောင်ပြုလိုက်တာမဟုတ်ပါဘူး ”
“ဒါဆို…ဘယ်လိုဘ၀သစ်လဲ…သူဘာလုပ်နေတာလဲ…အိမ်ထောင်လည်းမပြုသေးဘူးပေါ့ ....
ဒါဆိုငါ့ ကို အေး ညာခဲ့တာပေါ့ .. ငါ့ မှာတော့ သူအိမ်ထောင်သည်ဖြစ်နေပြီဆိုပြီးကြေကွဲလိုက်ရတာ.
.အေးသိပ်ရက်စက်တယ်..
နင်လည်းအတူတူပဲ..ငါ့ ကို နည်းနည်းပါးပါးပြောပြပါလား ”
“ငါ သိပ်ပြောပြချင်တာပေါ့ ဝေယံရယ်..သိပ်ချစ်ကြတဲ့ ငါ့ သူငယ်ချင်းနှစ်ယောက်ကို ငါ ကွဲကွာစေချင်ပါ့မလား…        ဘ၀မှာလောကဓံ အမျိုးမျိုးကြုံနေရတဲ့ အေးကိုလုံခြုံအေးချမ်းသွားအောင် နင့် လက်ထဲ ငါ ထည့်ပေးချင်တာပေါ့ 
ဒါပေမယ့် အေး က ခေါင်းမာတယ်…နင့် ကို မဆက်သွယ်ရဘူးဆိုပြီးငါ့ ကိုကတိပေးခိုင်းထားလို့ .. ”
“ သူကတိတောင်းတိုင်းပေးရလား…ငါ ၀င်ပါလို့ မရတာတွေသူ့ ဘ၀ထဲရှိခဲ့ဖူးလို့လား..
ငါ့ ပဲ အားကိုးခဲ့တာလေ… ”
“ဟုတ်တယ်….အရင်ဆို အေး က နင့် ကို အားကိုးနေရတဲ့ ဘ၀ပါ..ဒါပေမယ့် ခု အေး က သူ့ ကိုအားကိုးနေရတဲ့              သူတွေအတွက်    အားမာန် အပြည့်နဲ့ ကြိုးစားနေတယ် ”
“ ဘယ်သူတွေလဲ  ”
“ သူ့ အမေ နဲ့ မောင်လေး ”
“ ဒါဆိုသူ့ အဖေက ဘယ်ရောက်သွားလို့ လဲ ”
“ ဆုံးသွားပြီ..”
 “ ဟာ  ….တ ကယ်ပြောနေတာလားသီတာ..သေချာရှင်းအောင်ပြောပါ ”
“ ဟုတ်တယ်..အေး  အဖေ ခရီးသွားရင်း ကားမှောက်လို့ ရုတ်တရက်ဆုံးသွားတယ်  ….
နဂိုကတည်းက ဘာမှမလုပ်တတ်တဲ့  ရိုးရိုးအေးအေး အမေ နဲ့  ဆေးကျောင်းဒုတိယနှစ်ရောက်နေတဲ့            မောင်ငယ်လေးအတွက်   အေး က ဦးဆောင်ခဲ့ ရတယ်..
နင် က ထွက်သွားတုန်းကတော့  ၃နှစ် စာချုပ် အလုပ်ဆိုတော့ ပြန်လာတာနဲ့ လက်ထပ် မယ်ဟဲ့ ဆိုပြီး အေးခမျာ အားတင်းထားတာ....ဒါပေမယ့် နင် က သုံးနှစ်ပြည့်တော့ပြန်မလာဘဲ ဆက်နေခဲ့တယ်… ”
“ငါ ပို က်ဆံရှာချင်လို့ ပါသီတာရယ်..နင်သိပါတယ်..ငါဟာ ငယ်ငယ်လေးကတည်းက မိဘမဲ့ မို့ အဒေါ်အိမ်မှာ ကပ်နေပြီး ကျောင်းပြီးအောင်မနဲ  ကြိုးစားလာရတာ..ဒါကြောင့် ငါရဲ့ ကိုယ်ပိုင့် ဘ၀ ကို ပြည့်ပြည့် စုံစုံလေးနဲ့ တည်ဆောက်ချင် လို့  ပါ…  အေး ကိုမချစ်လို့ မဟုတ်ပါဘူး..ဒါကြောင့့်အေးဂျပန်မှာအလုပ်ရဖို့ ငါ အသည်းအသန်လုပ်ပေးခဲ့တာပေါ့   အေးကငါ့နောက် လိုက်လာပြီး အလုပ်အတူလုပ်ပြီး ငွှေစုပြီးမှ မြန်မာပြည်ပြန်ကြမယ်လို့ တွေးခဲ့တာ… ”
“ဟုတ်တယ်..နင် ပြောသလိုပဲ အေး က နင့် နောက်လိုက်လာဖို့ှစီစဉ် ရှာပါတယ်..အေးအမေ လည်းခွင့်ပြုတယ်…                သူ့ ခမျာ ဂျပန်စကားပြောသင်တန်းတွေအသည်းအသန်တက်လိုက်ရတာ..နင်လာခေါ်ရင်အဆင်သင့် ဖြစ်အောင်လေ….
ဒါပေမယ့် …..”
“အေး အဖေ ဆုံးတာဘယ်အချိန်တုန်းက လဲ…ငါ ဒီရောက်ပြီး ၄ နှစ်ကြာတော့ အေးကိုလာခေါ်တယ်လေ…
အဲ့ ဒီတုန်း က အေး က ငါ့နောက် မလိုက်နိုင်ဘဲ ဘ၀သစ်မှာပဲနေတော့မယ်ပြောလို့ ငါ ဂျပန်ကို ချက်ချင်းပြန်လာခဲ့တာ. .အဲ့ ဒီနောက်ပိုင်း မြန်မာပြည်မပြန်တာ ခုဆို  ၆ နှစ်ရှိပြီ.. ”
“ဟုတ်တယ်..အေး က နင် ဂျပန်မှာပျော်နေတာ..အသားကျနေတာသိတယ်
နင် ပျော်ရာအရပ်မှာ လာနေပေးဖို့ သူ စီစဉ်ခဲ့ပေမယ့် ကံကြမ္မာကရက်စက်တယ်
 နင်ပြန်မလာခင် ၄ လ လောက်က  အဲဒီ့ ပြသနာတွေဖြစ်တာ  ”
“ ဒါဆို …ငါ လာခေါ်တဲ့အချိန် အေးအဖေ ဆုံးပြီးသွားပြီပေါ့   ”
“ဟုတ်တယ်.. အဲဒီအချိန်မှာ နင် ပြန်လာပြီး ခွင့် တပတ်ပဲရတယ်ဆိုပြီး  ကမန်းကတန်း နဲ့  အေး ဘာဖြစ်နေလဲ မမေးမြန်းမစုံစမ်းဘဲဂျပန်လိုက်ဖို့  ဗီဇာ အသည်းအသန်လျှောက်ခိုင်းခဲ့ တယ် ”
ငါ့ ကို အေး ဘာမှမပြောပြခဲ့ဘူး…နေနိုင်လိုက်တာ ”
“နေနိုင်တာ မဟုတ်ပါဘူးဝေယံ…အေး က နင့် စိတ်ကို သိနေလို့ ပါ…နင် ဂျပန်မှာပျော်နေတာသိလို့ ပါ…                                နင် က ငယ်ငယ်ကတည်းက အသန့် ကြိုက် ၊ အကောင်းကြိုက်လေ..အဒေါ်အိမ်မှာ သည်းခံပြီးနေနေရပေမယ့်  တနေ့ မှာ ကောင်းကောင်းမွန်မွန် အဆင့် မြင့် မြင့်နေချင်တယ်လေ…ဒီလိုနေရအောင်လည်း နင်ကြိုးစားနေတာ                        အေး သဘောကျတယ်၊ သူ့ အကြောင်းတွေသိလို့  နင် မြန်မာပြည်အပြီးပြန်လာရင် နင့် အိပ်မ က်တွေ ပျောက်ကုန်မှာ               နင့်  ကို လှေလှော်ရင်းတက် ကျိုးမှာသူကြောက်တယ်လေ...
အေး ဟာ သူ့ ကိုယ်သူ ထက် နင့် ကို ပိုချ စ်ခဲ့တာပါဝေယံရယ် ”
 “ ဖြစ်ရလေ ..အေးရယ် .. “
ခေါင်းငိုက်စိုက် ကျသွားသည့်ဝေယံ့ ကို ကြည့်ကာ သီတာ့ ရင်ထဲမှာလည်းဆို့ နင့်နေပါသည်။
“ နင် …. ခု အဆင်ပြေနေတယ်မှတ်လားဝေယံ…နင်ဒီလိုဝတ်နိုင်သုံးနိုင်တာအေးသိရင်လည်းကျေနပ်မှာပါ”
“တော်တော့ သီတာ..ငါ .. ဂျပန်မှာ အဆင်ပြေနေတယ်လို့ နင် ထင်နေလား”
“မဟုတ်ပါဘူးသီတာရယ်..ခုလေ ငါ့မှာမစုမိဘဲ အသုံးအဆောင်တွေအတွက်တစ်လတစ်လ ကုန်နေတဲ့ငွေတွေ အများကြီး…”
“ဒါဆို နင် ခြွေတာသုံးလေ ၊ ခု နင်သုံးနေတဲ့ပိုက်ဆံတွေ မြန်မာငွေ နဲ့ တွက်ရင် တော်တော်စုမိမှာ ”
“မရတော့ဘူး..သီတာ ၊ ရောက် ခါ စကတော့  ငါ တော်တော်ကို ခြွေတာတာပါ....
ဘာမှမစားရက်မသောက်ရက်နဲ့  မြင်မြင်သမျှ မြန်မာငွေ နဲ့ လိုက်တွက်ပြီးနှမြောခဲ့တာ...
“ ဘာလို့ လဲ..ဂျပန်လူမျိုးတွေ သဘောကောင်းပါတယ်…နင်တို့ ဆူရှီဆိုင်မှာပဲကြည့်လေ
လာစားတဲ့ သူတွေများ နှုတ်ဆက်နေကြတာ .. ”
“ ဟုတ်တယ်..သူတို့ ဆီ ငွေ  ယူလာပေးသူဆိုနတ်ဘုရားပဲလေ...အရမ်းဂရုစိုက်တယ်… ဒါကြောင့် သူတို့  နေ့ မနား ညမအား ငွေရှာနေကြတာ..ငွေ …ဆိုတာက သူတို့ ဘ၀ ကို  ထိန်းချုပ်နေတဲ့သခင်…”
“ ဝေယံရယ် ...  ”
“ ငါ…ဆူရှီလိပ်တဲ့ အခါ ဆယ်လမွန်ငါးလေးတွေ ကို မြင်တိုင်းရင်နာနေရတယ်သီတာ...
ငါတို့ သုံးယောက် ဒီငါးလေးတွေ ကို သိပ်သဘောကျခဲ့တာလေ..နင်မှတ်မိလား ”
“အင်း မှတ်မိတယ်…ဆယ်လမွန် ငါးလေးတွေဟာ ဇာတိချစ်စိတ်ပြင်းထန်တယ်…သူတို့ ဘယ်အရပ်ရောက်နေနေ
သေဆုံးတော့မယ်ဆိုရင်  သူတို့ ရဲ့  မွေးရပ်နေရာ ကို မရောက်ရောက်အောင်ပြန်လာတယ်..
နောက်မျိုးဆက်အတွက် မျိုးဥ ချပေးခဲ့ပြီးမှ သူတို့ အရပ်မှာပဲခေါင်းချသွားတယ်
ပင်လယ်သမုဒ္ဒရာခြားပြီး ဘယ်လောက်ဝေးနေပါစေ ၊ အတားအဆီးဘယ်လောက်များနေပါစေ..
အရိုးကြေ ကြေ အရည်ခမ်းခမ်း  လမ်းခုလတ်မှာ မနေဘူး..မသေဘူး..ဇာတိမြေ ရောက်အောင်ပြန်တယ်..
ဒါကြောင့်  ငါတို့  သုံးယောက် က ဒီငါးလေးတွေကို အိမ်ပြန်ငါးလို့ မှည့်ထားတာလေ”
“ ဟုတ်တယ်..သီတာ ၊ ဒါကြောင့်  ဆယ်လမွန်ငါးလေးတွေမြင်တိုင့်း ဂျပန်မှာဆယ်နှစ်ကြာပြီး                                   အမိမြန်မာပြည် မပြန်နိုင်တဲ့   ငါ့ ကိုယ်ငါ ရှ က်မိတယ်..လူသားပေမယ့် ဒီဆယ်လမွန်ငါးလေးတွေလောက်တောင် ငါဟာအသုံးမကျပါလားလို့ ထင်မိတယ်.. ”
“  သူငယ်ချင်းရယ်…”
ဆို့ နင့်ကြေ ကွဲစွာ ပြောနေတဲ့ ဝေယံ့  ကို  ကြင်နာသနားစွာနဲ့ သီတာငေးကြည့်ရင်း စိတ်ထဲမှ အေးကိုပြောနေမိပါသည်။
“အေးရယ်..အေးတွက်ကိန်းလွဲနေပြီ..နင် ထင်သလို နင့် ချစ်သူ အဆင်ပြေ ပျော်ရွှင်နေတာ မဟုတ်ဘူးဟဲ့  .. ”
ခုတော့ မယ်တရွာမောင်တမြို့ နေရင်း မောင်လည်းမပျော်မေလည်းကြေကွဲနေရပါလား..
ဒီအလွမ်းဇာတ်ဟာ သိမ်းဖို့ ကောင်းနေပါပြီ..ချစ်သူငယ်ချင်းနှစ်ယောက်အတွက် သီတာပဲဒီဇာတ်ကို သိမ်းပေးမယ်လို့ တွေးရင်း
“ဝေယံ ၊ ခုမှ နင် နဲ့ အေး အတွက်အဖြေ ရသွားပြီ ”
“ ဘာအဖြေလဲ..သီတာ ”
“ ပြန်ဆုံရမယ့်အဖြေလေ ၊ နင် အေးဆီပြန်ရမယ် ”
“ဟာ..သီတာ ၊ ခုမှ ငါပြန်သွားရင် ဘာလုပ်စားမရမလဲ..ငါ့ အသက်လည်းကြီးနေပြီ..
မြန်မာပြည် မှာ ငါ့ အတွက် အလုပ်ရှိပါ့မလား ”
“ခက်လိုက်တာ ဝေယံရယ်..ဆယ်လမွန်ငါးလေးတွေဟာ ဇာတိပြန်ချိန်မှာ အဲ့ လို ပူပန်စိတ် နဲ့  ပင်လယ်သမုဒ္ဒရာ ကို ဖြတ်ခဲ့တာ မဟုတ်ဘူး… သူတို့ သိတာ အချိန်တန်ရင် သူတို့ ဇာတိပြန်ကို ပြန်ရမယ်ဆိုတာပဲနားလည်တယ်.. လမ်းမှာတွေ့ သမျှ အခက်အခဲ သူတို့ ကျော်ဖြတ်တယ်…
ချောင်းမြောင်းအင်းအိုင်ထဲရောက်သွားပြီး စားစရာအစာ မရှိတဲ့ အခါများဆို သူတို့ ဟာ အားအင်ကုန်ခမ်းလို့ မောပန်းနေပေမယ့် သူတို့ ပေါက်ဖွားခဲ့ တဲ့ နေရာ ရောက်အောင်ပြန်တယ်…ရောက်ပြီဆို အမြှီးနဲ့  မြစ်ကြမ်းပြင်မှာ တွင်းရအောင်တူးပြီး သူတို့ ရဲ့ မျိုးဆက် အတွက် မျိုးဥ ဥ ခဲ့ ပြီးမှ သေသွားကြရရှာတာ..
နင် လည်း ဘာအခက်အခဲရှိရှိ ရင်ဆိုင်မယ်ဆိုတဲ့ အားမာန်နဲ့ အမိမြေပြန်လာရမယ့်အချိန်ရောက်နေပြီဝေယံ…
နင် နဲ့ အေး တို့ ရဲ့ မျိုးဆက် လေးတွေ ချန်ထားရမယ့်အချိန်ရော့က်နေပြီ ..
အေး..က လေ ဒီတသက် နင်မဟုတ်တဲ့ ဘယ်ယောင်္ကျားကိုမှ ယူမှာမဟုတ်ဘူး ”
“ ငါလည်းဒီလိုပါပဲသီတာ..အေး အိမ်ထောင်ပြုသွားပြီလို့ ထင်ထားရက်နဲ့တောင် ငါ မေ့ လို့ မရဘူး..အေးနေရာမှာ ဘယ်မိန်းကလေးမှ အစားထိုးလို့ မရခဲ့ ဘူး ”
“ဒါကြောင့် ပြောတာပေါ့ သူငယ်ချင်းရယ်...နင် ပြန်ကို ပြန်လာရမယ်နော်..ဝေယံ ”
“ဟုတ်တယ် ငါ..ပြန်လာမယ်သီတာ..ငါ အေးဆီရောက်အောင် ပြန်လာခဲ့တော့မယ်
ကဲ..ညဉ့် လည်းနက်နေပြီ..နင့် ကို ငါဟိုတယ်ပြန်လိုက်ပို့ ပေးမယ်နော် ”
ဝေယံ အပြောကြောင့် သီတာ ပြန်ဖို့ ထရပ်ရင်း ကြည့်လိုက်မိတဲ့ အခါ....
အလာတုန်းက နဲ့ မတူဘဲ ဝေယံမျက်နှာပြင်ဟာကြည်လင်တောက်ပနေလိုက်တာ..
သီတာ့ မျက်လုံးလေးတွေကတော့ ကြည်နူးမှုမျက်ရည်တွေနဲ့ တဖျတ်ဖျတ်လက်နေရင်း
မြန်မာပြည်မှာကျန်ခဲ့တဲ့  ချစ်လှစွာသော သူငယ်ချင်း ကိုသာဝမ်းမြောက်ဝမ်းသာ တိုင်တည်နေမိပါတော့တယ်..
အေး…ရေ
ငါ မြန်မာပြန်ရောက်ရင် နင့်ဆီ ချက်ချင်းပြေးလာခဲ့မယ်
နင့် အတွက် ငါ သတင်းကောင်းလေး သယ်လာတယ်..သိလား
ဘာသတင်းလဲဆိုတာ နင် သိချင်တယ်မှတ်လားဟင်
ငါ နင့် ကို ၀မ်းသာကြည်နူးမှုတွေ နဲ့ အတူပြောပြချင်တာကတော့....
နင် ချစ်မြတ်နိုးလှတဲ့  အိမ်ပြန်ငါးလေး ဇာတိမြေ ကို ပြန်လာတော့မယ့် အကြောင်းပေါ့ ..အေးရယ်
 ရေခြားမြေခြား မှာ အသက်မွေးနေကြရသူအားလုံးလည်း  မွေးရပ်ဇာတိ ကို ခွန်အားအပြည့်နဲ့  ပြန်လာနိုင်ကြပါစေလို့ 
ဆန္ဒခြွေလျှက်…
ကြာဖြူနွယ်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...