Monday, March 31, 2014
“သိုင်းသမားလေးရဲ့ ချစ်ပုံပြင်”
‘ဦးဦး… ပုံကြောချိန်ရောက်ပီရေ ကြောတော့’
‘အေးပါကွာ… လာလာ’
ဒီကလေးနဲ့တော့ ခက်တယ်၊ သူ့အဖေကြီးငုတ်တုတ်ရှိရဲ့နဲ့ လူကိုပဲ လာလာဒုက္ခပေးနေတယ်
ကလေးနာမည်က ကြည်ဆွေတဲ့၊ ကျနော်ငှားနေတဲ့ အိမ်ရှင်ရဲ့ ကလေးလေးပါ
အသက်က ၄နှစ် ၅နှစ်လောက် ရှိပြီ။
စည်းနဲ့ စနစ် ပေါင်းစပ်ပါ
စည်းနဲ့ စနစ် ပေါင်းစပ်ပါ
****************
ဘ၀မှာ ဖြတ်သန်းဖို့  အကန့် အသတ် အပိုင်းအခြားဆိုတာ ရှိတယ်။ အချိန်တွေ ဒလဟော မပေးထားဘူး။
အခွင့်အရေးတွေ အမြဲမလာနေဘူး။ 
ဒီကန့် သတ်ချက်ရှိတဲ့ အချိန်တွေမှာ စည်းဆိုတဲ့ အရာကို နားလည်ရမယ်။ စည်းတားထားခြင်း မရှိတဲ့ ဘဝ
ဟာ အန္တရာယ်ကြီးတယ်။ လွတ်ထွက်နေတတ်တယ်။
ဆိုကြပါစို့ မိဘက သားသမီးကို ညချိန်(၁၀)နာရီနောက်ပိုင်း အပြင်မထွက်နဲ့ နော် ညည့်နက်ပြီ လို့ မှာထား
တယ်။ ဒါကို ကလေးတွေက နားမထောင်ဘူး ထွက်မယ်ဆိုရင် အမှောင်ကြားက အန္တရာယ်နဲ့ ကြုံတတ်တယ်။
ဒါက မိဘနဲ့ သားသမီးကြားက စည်းလေး တစ်ခုပါ။
မိတ်ဆွေတွေကြားမှာ မထားသင့်တဲ့ မာန၊ နောက်ကွယ်က ကောက်ကျစ်မှု၊ ပေါင်းသင်းဆက်ဆံရေးမှာ မပြေ
ပြစ်မှုတွေဟာ ကြားက စည်းမထားကြလို့  ဖြစ်ပါတယ်။ ဒါလည်း မိတ်ဆွေအချင်းချင်းကြားက စည်းပါပဲ။
ဘ၀မှာ အမှောင်ထုအန္တရာယ်ဆိုတာ ရှိသလို အလင်းထဲမှာလည်း မမြင်နိုင်တဲ့ အန္တရာယ်တွေရှိတယ်။ ဒါတွေ
ကို မကြုံစေရန် လုပ်သင့်တာကိုလုပ်ဖို့ ၊ ပြောသင့်တဲ့ စကားကို ပြောဖို့  အစရှိတဲ့ စည်းတွေဆိုတာ လိုတယ်။
ဒါ့ပြင် ဒီစည်းဆိုတာကို ပုံစံတစ်ခုနဲ့ တွဲပြီး အသုံးချတတ်ရပြန်တယ်။ တနည်းအားဖြင့် စနစ်တစ်ခုနဲ့ သုံးရတာ
မျိုးပါ။ ဘယ်အလုပ်ကို ဘယ်ပုံစံနဲ့ လုပ်ရတာမျိုးကို ဆိုလိုတာ။ ကာလ၊ဒေသ၊အချိန်အခါနဲ့ လိုက်ပြီးပေါ့။
အဲ့လိုကျင့်သုံးတတ်တဲ့ လူမျိုးကို စည်းစနစ်ကျတယ်လို ခေါ်ပါတယ်။ စည်းစနစ်ကျတယ်ဆိုလို့ လည်း အလုပ်
ဆိုတာကိုပဲ ပြေးမမြင်ကြနဲ့ ။ သွားတာ၊လာတာ၊နေတာ၊ထိုင်တာ၊ပြောဆိုတာ အားလုံးကို ပြောချင်တာပါ။
လူငယ်ဘ၀မှာ စည်းစနစ်ဆိုတာကို နားလည်မှ လူကြီးဖြစ်တဲ့အခါ ဒီတန်ဖိုးတွေကို အသုံးချနိုင်မှာ၊ လမ်းညွှန်
ပေးနိုင်မှာပါ။ ဘ၀မှာ ပိုင်းခြားထားတဲ့ စည်းလေးတွေကို လုပ်သင့်၊ လုပ်ထိုက်တဲ့ စနစ်မှန်ကန်မှုနဲ့ ပေါင်းစပ်
သွားနိုင်ဖို့ လိုအပ်ပါတယ်။
@[100004504148522:2048:True Man]
15-12-2013ဘ၀မှာ ဖြတ်သန်းဖို့  အကန့် အသတ် အပိုင်းအခြားဆိုတာ ရှိတယ်။ အချိန်တွေ ဒလဟော မပေးထားဘူး။
အခွင့်အရေးတွေ အမြဲမလာနေဘူး။
ဒီကန့် သတ်ချက်ရှိတဲ့ အချိန်တွေမှာ စည်းဆိုတဲ့ အရာကို နားလည်ရမယ်။ စည်းတားထားခြင်း မရှိတဲ့ ဘဝ
ဟာ အန္တရာယ်ကြီးတယ်။ လွတ်ထွက်နေတတ်တယ်။
ဆိုကြပါစို့ မိဘက သားသမီးကို ညချိန်(၁၀)နာရီနောက်ပိုင်း အပြင်မထွက်နဲ့ နော် ညည့်နက်ပြီ လို့ မှာထား
တယ်။ ဒါကို ကလေးတွေက နားမထောင်ဘူး ထွက်မယ်ဆိုရင် အမှောင်ကြားက အန္တရာယ်နဲ့  ကြုံတတ်တယ်။ ဒါက မိဘနဲ့ သားသမီးကြားက စည်းလေး တစ်ခုပါ။
အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမ တစ်ဦး ခွဲစိတ်ပြုပြင်ခဲ့
YoYarLay's photo.
Photo: အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမ တစ်ဦး ခွဲစိတ်ပြုပြင်ခဲ့
တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။ 
ယခင်က လှပနေတဲ့ ရုပ်ရှည်ကို  ဂျပန်ကာတွန်းမလေးတွေ လို မှေးစေ့ချွန် ချွန် အသဲပုံ ပုံသဏ္ဍာန်လိုချင်တာကြောင့် ခွဲစိတ်ပြုပြင် လိုက်ခြင်း ဖြစ်ပါ တယ်။ သူမရဲ့  ခွဲစိတ်မှုဟာ အန္တရာယ် အင်မတန် များပါတယ်။ အသား အရည်တင်မဟုတ်ပဲ အရိုးအကြောများကိုပါ ခွဲစိတ်ပြုပြင်ရတာမို့ သေစေတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါကြောင့်မှု ပလပ်စတစ် ဆာဂျရီနဲ့ ပက်သက် လို့ တောင်ကိုရီး ယား မှာ ဥပဒေ သစ်များ ပြန်ထုတ်ရမယ် လို့တောင် ဝေဖန်နေကြ ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလပ်စတစ် ဆာဂျရီ ပြုလုပ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စံချိန်တင် ထားပြီး အများဆုံးမြို့ က ဆိုးလ်မြို့ ဖြစ်ပါတယ်။ ဆိုးလ်မြို့ က ၅ ဦးမှာ ၁ ဦးက ပလပ်စတစ်စ် ဆာဂျီပြုလုပ်တဲ့အထကိုအရေအတွက်က အင်မတန် များပါတယ်။ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး အသက်အပိုင်းအခြားကတော့ ၁၉ ခုနှစ်ကနေ ၄၉ နှစ်ကြား ဖြစ်ပါတယ်။ 
အများအားဖြင့် ပြုပြင်မှုက မျက်လုံးတစ်ဝိုက်ဖြစ်ပေမယ့် ပုံထဲက အမျိုးသမီး လို အသဲပုံကတော့ ကမ္ဘာ့ပထမဆုံး ဖြစ်ပါတယ်။ အရှေ့ အာရှသူ အချို့ လိုချင်ကြတဲ့ မျက်နှာထားဖြစ်ပြီး သူမကတော့ တကယ်ပြုလုပ်ယူခဲ့ ပါတယ်။ သူမရဲ့ ပြုပြင်မှုနဲ့ ပက်သက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်က ကြည့်ရှုသူတို့ကို အံ့သြမင်သက်စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/international-news/asia/40429-heart-shapped-girl-in-korea
.
တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။
ယခင်က လှပနေတဲ့ ရုပ်ရှည်ကို ဂျပန်ကာတွန်းမလေးတွေလို မှေးစေ့ချွန်ချွန် အသဲပုံ ပုံသဏ္ဍာန် လိုချင်တာကြောင့် ခွဲစိတ်ပြုပြင်လိုက်ခြင်း ဖြစ်ပါတယ်။
ပုဆိန်သွေးချိန် ပေးပါ
ပုဆိန်သွေးချိန် ပေးပါ 
 တစ်ခါက အလွန်သန်မာတဲ့ သစ်ခုတ်သမားတစ်ဦးက သစ်ကုန်သည်တစ်ဦးထံ အလုပ်တောင်းရာ အလုပ်ရရှိခဲ့ပါတယ်။ အခကြေးငွေလည်း ကောင်းမွန်သလို အလုပ်ခွင်အခြေအနေလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့်လည်း သစ်ခုတ်သမားက အလုပ်ရှင်ကို အကောင်းဆုံးဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
သူရဲ့သူဌေးက ပုဆိန်တစ်လက်ပေးကာ အလုပ်လုပ်ရမည့်နေရာကို ညွှန်ပြပါတယ်။
ပထမဆုံးရက်မှာ သစ်ခုတ်သမားဟာ သစ်ပင်(၁၈)ပင် ခုတ်လှဲနိုင်ခဲ့တယ်။
"ဂုဏ်ယူပါတယ်ဗျာ။ ဒီလိုပဲ ဆက်လက်လုပ်ဆောင်နိင်ပါစေ…"လို့ သူဌေးက ပြောဆိုတယ်။
သူဌေးရဲ့စကားကြောင့် အားတက်သွားရတဲ့ သစ်ခုတ်သမားဟာ နောက်တစ်နေ့မှာ ပိုပြီး ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူဟာ တစ်ပင်(၁၅)ပင်သာ ခုတ်လှဲနိုင်ခဲ့တယ်။ တတိယမြောက်နေ့မှာလည်း သူကြိုးစားပေမဲ့ သစ်ပင်(၁၀)ပင်သာ ခုတ်လှဲနိုင်တော့တယ်။ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားလေ သူခုတ်လှဲနိုင်တဲ့ သစ်ပင်အရေအတွက်ဟာလည်း လျော့နည်းကျဆင်းလေပါပဲ။
"ငါ့မှာ အင်အားတွေ ကုန်ခမ်းလာလို့ပဲ ဖြစ်ရမယ်"လို့ သစ်ခုတ်သမားက တွေးလိုက်မိတယ်။ သူဟာ သူဌေးဆီသွားကာ သူဘာမှားနေသလဲလို့ တောင်းပန်မေးမြန်းခဲ့ပါတယ်။
"ခင်ဗျားရဲ့ပုဆိန်ကို နောက်ဆုံးအကြိမ်သွေးခဲ့တာ ဘယ်အချိန်လဲ"လို့ သူဌေးက မေးတယ်။
"ပုဆိန်သွေးချိန်ကို မေးတာလားဗျ။ ကျွန်တော့်မှာ ပုဆိန်သွေးချိန် မရှိပါဘူး။ သစ်ပင်ခုတ်တာနဲ့ပဲ အချိန်ကုန်နေရတာလေ"
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဘဝကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ပုဆိန်သွေးချိန်မရှိလောက်အောင် အလွန်အလုပ်များနေတတ်ကြတယ်။ ယနေ့ခေတ်မှာတော့ လူတိုင်းဟာ ယခင်ခေတ်ကထက်ပိုပြီး အလုပ်များလာပေမဲ့ ပျော်ရွှင်ချိန်မှာတော့ ပိုပြီး လျော့နည်းလာပါတယ်။ ဘာကြောင့်လဲ။ ပါးနပ်လိမ္မာစွာ ရှင်သန်နေထိုင်ဖို့ မေ့နေတဲ့အတွက်ကြောင့် မဖြစ်နိုင်ဘူးလား။ တက်တက်ကြွကြွနဲ့ အလုပ်ကြိုးစားတယ်ဆိုတာ ကောင်းတော့ကောင်းပါတယ်။ ဘဝမှာ တကယ်အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လျစ်လျူရူရလောက်အောင်တော့ အလုပ်မလုပ်သင့်ပါ။ ဘုရားသခင်နဲ့ နီးနီးကပ်ကပ်နေဖို့၊ မိသားစုအတွက် အချိန်ပိုပေးဖို့၊ စာဖတ်ချိန်ပေးဖို့လိုပါတယ်။ အနားယူဖို့၊ စဉ်းစားတွေးခေါ်ဖို့၊ တရားထိုင်ဖို့၊ သင်ယူဖို့၊ ကြီးထွားဖို့အတွက် ကျွန်တော်တို့အားလုံးမှာ အချိန်လိုအပ်ပါတယ်။ ပုဆိန်သွေးဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ နှေးကွေးလေးလံပြီး ထိရောက်စွာ လုပ်ဆောင်နိုင်မှုတွေ ဆုံးရှုံးသွားပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကစပြီး သင့်ရဲ့အလုပ်ကို ပိုပြီးထိရောက်စေမဲ့ နည်းလမ်းများကိုစဉ်းစားကာ တန်ဖိုးတက်လာအောင် ပြုလုပ်လိုက်ပါတော့…။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Busy by Stephen Covey
တစ်ခါက အလွန်သန်မာတဲ့ သစ်ခုတ်သမားတစ်ဦးက သစ်ကုန်သည်တစ်ဦးထံ အလုပ်တောင်းရာ အလုပ်ရရှိခဲ့ပါတယ်။ အခကြေးငွေလည်း ကောင်းမွန်သလို အလုပ်ခွင်အခြေအနေလည်း ကောင်းမွန် ခဲ့ပါတယ်။ ဒါကြောင့်လည်း သစ်ခုတ်သမားက အလုပ်ရှင်ကို အကောင်းဆုံးဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
အစာအိမ်တော်လှန်ရေး
တစ်ခါတော့ လူတစ်ယောက်အိပ်နေတဲ့အချိန်မှာ သူတို့ရဲ့ လက်တွေ၊ခြေထောက်တွေ၊ပါးစပ်နဲ့ ဦးနှောက်တို့က အစာအိမ်ကို အပြစ်မြင်ကြတယ်။ အစာအိမ်က ဘာမှမလုပ်ပဲနဲ့ အစာတွေကို ချည်းစားနေတယ်လို့ထင်တယ်လေ။ အဲဒါကြောင့် အစာအိမ်တော်လှန်ရေးလုပ်ကြတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၃)
သစ်ထူးလွင်
အင်္ဂလိပ်လိုပါ ထည့်ရယ်ကြပါ
ဟိုတစ်နေ့က အင်တာနက် မဂ္ဂဇင်း တစ်ခုမှာ မော်ဒယ်လ်မလေး တစ်ယောက်ရဲ့ အင်တာဗျူးကို ဖတ်လိုက်ရသည်။ မှတ်မိသလောက် ပြန်ရေး ပြရရင် သူတို့ အဖွဲ့ ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေသွားလည်တဲ့ အကြောင်း။ပြောပုံက…“သိတယ်မို့လား..ဒီ Yangon Airport Departure မှာကတည်းကလေ Baggage တစ်လုံး ပျောက်တာဆိုတော့ နည်းနည်းလေး worries များသွားတာပေါ့နော်။
Sunday, March 30, 2014
ကွာခြားချက်
ကွာခြားချက်
တခါတော့ တက္ကသိုလ်ထဲက သူငယ်ချင်းဖြစ်လာတဲ့ ချန် နဲ့ ဂျင်ဟာ ဈေးကွက်ရှာဖွေရေး ကုမ္မဏီတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါတယ်။ နှစ်ယောက်စလုံး အလုပ်ကို ကြိုးစာလုပ်ကိုင်ကြတာပေါ့။ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ သူ့သူငယ်ချင်း ဂျင်ဟာ ရာထူးတက်သွားပြီးတော့ ချန် ကတော့ ရာထူးမဆက်ပဲရှိနေတယ်။ နောက်ဆုံး သည်းမခံနိုင်တော့တဲ့ ချန် ဟာသူဌေးဆီကို ထွက်စာတင်ပြီးတော့ ဘာလို့သူရာထူးမတိုးလဲဆိုတာကို မေးကြည့်ပါတယ်။
သူဌေးကတော့ အရင်ဆုံး ချန် ကိုဘာလို့ရာထူးမတိုးလဲဆိုတာ သိချင်ရင် ငါခိုင်းတဲ့အတိုင်းလုပ်ကြည့်ပါလို့ပြောတယ်။ ချန်က သဘောတူလိုက်တယ်။ ဒါနဲ့သူဌေးက ဈေးထဲကို သွား ပြီးတော့ ဖရဲသီးသည်ဘယ်နှယောက်ရှိလဲလို့သွားကြည့် ဆိုပြီးခိုင်းလိုက်တယ်။ ချန်က ဈေးကိုသွားတယ်။ ပြန်လာတယ်။ ဖရဲသီးသည် တစ်ယောက်ထဲရှိပါတယ် လို့်ဖြေတယ်။
သူဌေးက "ဒါဆို ဖရဲသီးတစ်လုံး ဘယ်ဈေးလဲ" ချန်မသိဘူး ဈေးကိုနောက်တစ်ခါသွားပြန်မေးတယ် ပြန်လာတယ် " တစ်လုံးကို ၁၀၀၀ ပါ"။သူဌေးက ချန်ကို ဆက်မခိုင်းတော့ဘူး။ သူ့နားမှာနေစေတယ်။ ပြီးတော့ ဂျင်ကို ခေါ်ပြီးတော့ " ဈေးထဲမှာ ဖရဲသီးသည် ဘယ်နှယောက်ရှိလဲသွားကြည့်ခဲ့" ဟုခိုင်းလိုက်တယ်။
သိပ်မကြာဘူး ဂျင်ပြန်လာတယ် " ဖရဲသီးသည် တစ်သည်ပဲရှိပါတယ် တစ်လုံးကို ၁၀၀၀ နဲ့ရောင်းနေပါတယ် သူ့ဆီမှာ ဖရဲသီး ၄၀၀ လောက်ရှိပါတယ်။လွန်ခဲ့တဲ့ နှစ်ရက်လောက်က ခူးဆွတ်လာတယ်လို့ဆိုပါတယ်။ အနီရောင်ရဲနေပြီး လတ်ဆတ်ပုံရပါတယ်" လို့ ဖြေသတဲ့။
အဲဒီတော့မှ သူဌေးက ချန် ဘက်ကိုလှည့်ပြီးတော့ " မင်းဘာလို့ရာထူးမတက်တာလဲဆိုတာ သိပြီလား မင်းကအလုပ်တော့ ကြိုးစားပါတယ် ဒါပေမယ့် စေ့စပ်မှုမရှိဘူး လာဘ်မမြင်တတ်ဘူး" လို့ဆိုကာ ချန်ရဲ့နှုတ်ထွက်စာကို ဆုတ်ဖြဲလိုက်တယ်။
" မင်းအလုပ်မထွက်နဲ့ဦး မင်းလိုအပ်ချက်တွေကို မင်းကိုယ်တိုင်ကြိုးစားကြည့်ဦး " ဆိုပြိးပြန်လွတ်လိုက်သတဲ့။
နောက် လတွေအကြာမှာတော့ ချန်လဲရာထူးတိုးသွားသတဲ့ ပြီးတော့ သူတို့လုပ်ငန်းမှာလဲ အောင်မြင်တဲ့ ဈေးကွက်ရှာဝန်ထမ်းနှစ်ယောက် ရှိလာပါတယ်။
စာကြွင်း။        ။မြန်မာပုံပြင်လေးဖြစ်တဲ့ ဘု၇င့်ယောက်ဖ ခွေးကြည့်တဲ့ ပုံပြင်လေးနဲ့အလားတူလေးပါ
မောင်စိုင်း
တခါတော့ တက္ကသိုလ်ထဲက သူငယ်ချင်းဖြစ်လာတဲ့ ချန် နဲ့ ဂျင်ဟာ ဈေးကွက်ရှာဖွေရေး ကုမ္မဏီတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါတယ်။ နှစ်ယောက်စလုံး အလုပ်ကို ကြိုးစာလုပ်ကိုင်ကြတာပေါ့။ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ သူ့သူငယ်ချင်း ဂျင်ဟာ ရာထူးတက်သွားပြီးတော့ ချန် ကတော့ ရာထူးမဆက်ပဲရှိနေတယ်။
“ခါနွေဆန်း”
Soe Min March 30, 2014 at 10:42am
            တစ်ခါတစ်ခါတော့လည်း ချဉ်စပ်ခေါက်ဆွဲကြော်ငြာထဲက ဖွေးဖွေးမောင်လေးလို “ပူတယ် အိုက်တယ်။ ပူတယ် အိုက်တယ်။ ပူတယ် အိုက်တယ်။” လို့အော်ပြီး စွေ့စွေ့ခုန် ပတ်ပြေးနေရမလား မသိပါဘူး။ ရန်ကုန်က တော်တော်အိုက်တာပဲ။ ဒါတောင် တပေါင်းကူးလို့ တန်ခူးကျွံရုံရှိသေးတာ။ တန်ခူးကုန်လို့ ကဆုန်ဆန်းတဲ့အခါ ဘယ်လိုနေမယ် မသိဘူး။ မှတ်သားမိသလောက် ရန်ကုန်ရဲ့ အပူဆုံးကာလတွေက ကဆုန်ညောင်ရေသွန်းချိန်နားလောက်မှာ ရှိတယ်။ ဥတုကပဲ အပူကဲလာလို့လား ကိုယ်ကပဲ တောင်ကြိုတောင်ကြား အနေများခဲ့လို့ အအေးကြိုက်သွားတာလား မပြောတတ်ပါဘူး။ ရာသီပူလာရင် ထမင်းမစားနိုင်တော့ဘူး။ ရေတွေချည့် လှိမ့်သောက်ပြီး ဗိုက်ကြီးကယ်နေရော။ ခါတိုင်း ထမင်းစားပြီး ရေတစ်ခွက်နဲ့ တင်းတိမ်တတ်သူကထမင်းမစားခင်ကတည်းက ရေတစွပ်စွပ်သောက် တာ ရေသန့် တစ်ဗူးနဲ့မလောက်တော့ဘူး။
သိန်းဖေမြင့် စာအုပ်များ
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.
၁။((( မော်စီတုန်းတရုပ်နှင့် အချုပ်၊အခြာ၊အာဏာ))))
သိန်းဖေမြင့် - မော်စီတုန်းတရုပ်နှင့် အချုပ်၊အခြာ၊အာဏာ
PHP Code:
http://www.mediafire.com/view/?jqhhssg0ww0qhvt
နိုင်ငံရေးသမားနဲ့ စပွန်ဆာ၊ ဒီလိုထောင်ချောက်တွေ ရှိတယ်
Published on: March 30, 2014
(၁)
ဖြတ်လေးဖြတ် နည်းဗျူဟာနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်းမယ်ဆိုတာ မြင်းလောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစလို့ ၁၉၈၃ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသား အစည်းအရုံး (ုKNU) ကို ဒီနည်းလမ်းအတိုင်း ချေမှုန်း ခဲ့ပါတယ်။
"ရမ်းချနေတဲ့ ကျနော်"
Thanlay Ko's photo.
Photo: "ရမ်းချနေတဲ့ ကျနော်"
ကျနော်က နိုင်ငံခြားဟာသတွေကို ဘာသာပြန်တယ်ဆိုတော့ တချို့က အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး သူတို့မှာ ကြုံရတဲ့ အခက်အခဲလေးတွေကို  ကျနော့် လာလာမေးကြတယ်။
'သန်၎ကိုတော့ ဖြေရှင်းပေးနိုင်ကောင်းရဲ့'... ဆိုတဲ့ အားကိုးတကြီးစိတ်နဲ့ လာကြတာ
ကြွားတယ် မထင်နဲ့... ပြောပြလိုက်မယ်... ..
ကျနော် ဆယ်တန်းအောင်တော့ အင်္ဂလိပ်စာ ၄၂ မှတ်တိတိနဲ့ အောင်တာ
ငါးတန်းရောက်လို့ အင်္ဂလိပ်စာ စသင်ရပါပြီဆိုကတည်းက ပျင်းတာများ ဆယ်တန်းအောင်တဲ့ အထိပဲ။
ခုထိရော တတ်နေပြီလားဆိုရင် ရမ်းချနေတုန်းပဲ ဟီး
စင်္ကာပူကိုရောက်တော့ အလုပ်မှာ အင်္ဂလိပ်လိုပြော အင်္ဂလိပ်လိုရေးရတာ၊ ဒုက္ခရောက်လိုက်တာမှ ချာလပတ်ကို ရမ်းနေရော... ...
သူငယ်ချင်းတွေက မေးတယ်... ...
"အလုပ်မှာ အင်္ဂလိပ်လိုပြောရတော့ အဆင်ပြေလားကွ"
"အင်း... နှစ်ပတ်လောက်အတွင်း သူတို့နဲ့ လက်ရည်တူ ယှဉ်နိုင်ပါတယ်"
"ဟာ... မြန်ထှာ၊ ချီးကျူးပါတယ်"
"ရမ်းချီးကျူးမနေနဲ့"
"ဘာလို့လဲ..."
"အစပိုင်း သူတို့ဘာပြောပြော ငါနားမလည်ဘူး"
"အင်း..."
"နှစ်ပတ်လောက်နေတော့ ငါဘာပြောပြော သူတို့ နားမလည်ဘူး၊ တူသွားရော"
"ငင်... "
ဒီမှာက Fair Price ကုန်တိုက်ကို NTUC လို့ အလွယ်ခေါ်ကြတယ်။
အဲဒါ ရောက်ခါစက  အခန်းဖော်က ပြောတယ်လေ....
'မင်းဈေးဝယ်ချင်ရင် NTUC မှာဝယ်၊ အစုံရတယ်၊ ဈေးလည်းချိုတယ်'
ဒါနဲ့ တယောက်ထဲ ဈေးဝယ်ထွက်လာတာပေါ့...
ဈေးထဲရောက်တော့ Aunty Lucy ဆိုင် ဘယ်နားမှာတုန်းလို့ လိုက်မေးတာ ဘယ်သူမှ မသိဘူး ဖြစ်နေကြတယ်။
ကိုယ်က NTUC ဆိုတာကို အန်တီလူစီ လို့ ကြားနေတာလေ။
တရက်က...
ရုံးမှာ အလုပ်အရေးကြီးလို့ ညဘက် ၉ နာရီလောက်ထိ မပြန်ရသေးဘူး။
သူဌေးလည်း မပြန်သေးဘူး။
ခဏနေတော့ သူဌေးရောက်လာပြီး အလုပ်ပြီးပြီလားမေးတယ်... ...
"မပြီးသေးဘူး" လို့ ပြန်ပြောတော့
သူဌေးက "I'm very angry" လို့ ပြောတယ် (အလုပ်မပြီးရကောင်းလားပေါ့၊ နှေးတယ်ပေါ့)
ဒါကို ကိုယ်က အင်္ဂလိပ်လို တော်တဲ့လူဆိုတော့...
"I'm very hungry".. လို့ ကြားတယ်။ ကိုယ်လည်း ညစာမစားရသေးတော့ ဆာနေတာကိုး။ သူလည်း ဆာတယ်လို့ ပြောတာနေမှာပေါ့။
ဒါနဲ့ အံဆွဲထဲထည့်ထားတဲ့ ခေါက်ဆွဲခြောက်ထုတ်လေး ထုတ်ပြရင်း ဖားလိုက်မိတယ်... ...
"မင်း ဆာရင် ငါခေါက်ဆွဲခြောက် ပြုတ်ပေးမယ်လေ".. ဆိုတာကိုဗျာ အဲဒီခေါက်ဆွဲခြောက်ထုပ်ကို ယူပြီးလွင့်ပစ်တယ်။ 
ပါးစပ်ကလည်း ပွစိပွစိနဲ့ ပြောသွားသေး... ...
"Lousy guy... Lousy guy. I die I die"
ဟွင့်... တိမှမတိတာဂျာ...
...ဆိုတော့... ...
ကျနော်ပြောချင်တာက ကျနော် တကယ်ပဲ အင်္ဂလိပ်စာကို အများကြီး မသိပါဘူးဆိုတာပါပဲ။
ဘာသာပြန်တယ်ဆိုရာမှာတောင်...
အမှားမခံတဲ့ စာတွေပေတွေကို ဘာသာမပြန်ရဲပါဘူး။
ဟာသကို ဘာသာပြန်တယ်ဆိုတာက (ကျနော့်အထင်) တာဝန်မကြီးဘူး။
မှားပြီး ဘာသာပြန်မိရင်တောင်မှ ရီနေရသေးတယ်ဆိုရင် ရည်ရွယ်ရင်းမပျောက်ဘူးလို့ မှတ်ယူထားတာပါ။
ဒီတော့ဗျာ...
ကျနော်ဘာသာပြန်တယ်ဆိုတာ တတ်လို့ဘာသာပြန်တာ မဟုတ်ပါဘဲ သူငယ်ချင်းတွေကို ရယ်မောစေချင်လို့ ရမ်းပြီး ဘာသာပြန်နေတာ ဖြစ်ပါကြောင်း ... ...
ကြုံတုန်း ကျနော် ရမ်းချထားတဲ့ ဟာသရဲ့ မူရင်းနဲ့ ဘာသာပြန်ကို ဖော်ပြပေးလိုက်ပါတယ်။
======
မူရင်းဟာသ
======
And then there was the Newfie who was found dead in his jail cell with twelve bumps on his head. He'd tried to hang himself with a rubber band.
Category: Random
==========
ကျနော့်ဘာသာပြန်
==========
ချစ်သူက သစ္စာဖောက်သွားလို့ ကျေးညိုတစ်ယောက် သေလောက်အောင် ခံစားနေရတယ်။
မခံနိုင်တဲ့အဆုံး အရက်တွေမူးအောင်သောက်ပြီး ကြိုးဆွဲချသတ်သေဖို့ ပြင်တယ်။
ဒါနဲ့... ...
နွားတင်းကုပ်ထဲသွားပြီး တွေ့တဲ့ကြိုးနဲ့ လည်ပင်းကိုချည်ပြီး ထုပ်တန်းပေါ်က ခုန်ချလိုက်တာ... ....
ကံများ မကောင်းချင်တော့ ကြိုးက ရာဘာကြိုးဖြစ်နေတယ်လေ....
အဲဒါ လည်ပင်းအစ် မသေပဲ၊ ထုပ်တန်းနဲ့ ကြမ်းပြင်ကို ကိုးခေါက်လောက် အသွားအပြန်ရိုက်မိပြီး ခေါင်းမှာ ဘုသီးကိုးလုံးထလို့ သေရော...
အေးတာပဲ...
သန်၎ကို-ရမ်းချသည်။
https://www.facebook.com/thanlayko
ကျနော်က နိုင်ငံခြားဟာသတွေကို ဘာသာပြန်တယ်ဆိုတော့ တချို့က အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး သူတို့မှာ ကြုံရတဲ့ အခက်အခဲလေးတွေကို ကျနော့် လာလာမေးကြတယ်။
'သန်၎ကိုတော့ ဖြေရှင်းပေးနိုင်ကောင်းရဲ့'... ဆိုတဲ့ အားကိုးတကြီးစိတ်နဲ့ လာကြတာ
ကွားတယ် မထင်နဲ့... ပြောပြလိုက်မယ်... ..
"ပဋာစာရီလက်သစ်"
"ပဋာစာရီလက်သစ်"
နယ်မြို့လေးတစ်မြို့က ရွာလေးတစ်ရွာမှာပေါ့။
ကျမသွားလည်မိတဲ့ ရွာလေးတစ်ရွာပေါ့ ရွာဆိုပေမယ့် တစ်ချို့ နေရာတွေမှာ တော်တော် ခေတ်မီနေပါပြီ။
မြို့ နဲ့ကလဲ အရမ်းမဝေးလှပါဘူး။
ကျမသွားလည်တဲ့ အိမ်က အဲဒီရွာလေးရဲ့ 
တောကျောင်းလေးနားမှာဆိုတော့ ဆိုတော့ ထုံးစံအတိုင်း ကျောင်းသွားကျောင်းပြန်မြင် မြင်ကွင်းကို မြင် နေရသလို စာအံသံတွေ တစ်ချိန်လုံး ကြားနေရပါတယ်။  ဘဝမျိုးစုံ ကိုတွေ့ရပါတယ်။ ကျောင်းသားလေးတွေက မပြည့်မစုံ ချို့ချို့ တဲ့တဲ့ ကြားက ပညာလိုချင်လွန်းလို့ လာသင်တဲ့ ကလေးတွေက များပါတယ်။
ဘဝတွေစုံသလို အကြောင်းတွေကလည်းများပြားလွန်းလှတယ်။ကျမထင်မှတ်မထားမိဘူး။ဒီလိုတောရွာလေးမှာ ရိုးရိုးသားသား လူတွေ
ပဲရှိလိမ့်မယ်ထင်မိတာပါ။
ကြီးနိုင်ငယ်ညှင်း  လူကိုလူလို့မထင်တဲ့သူတွေ 
သားသမီးချင်းကိုယ်ချင်းမစာနာသူတွေရှိ
လိမ့်မယ်မထင်ဘူး။
ကျမအဒေါ်ကနယ်ကကျောင်းမှာတာဝန်ကျလို့ သွားလည်မိခဲ့တာပါ။့ အဒေါ်ပြောသော
အကြောင်းအရာများကြောင့် ကျမမျက်ရည်ဝဲမိသလို ရင်နာခဲ့ရတယ်။
"သမီးနဲ့မိတ်ဆက်ပေးရအုန်းမယ် ဒီသမီးလေးနာမည်ကခင်မေတဲ့
ဒီလိုသမီးရေသိပ်မကြာခင်လေးကမှ သူများအနိုင်ကျင့်ခံထားရတာ"
"ဘယ်လို"
 ရုတ်တရက် နားထဲမှာ မရှင်းတာမို့ သေချာအောင် ပြန်မေးကြည့်ရပါတယ် ။ ကျွန်မ ထင်တာက ကလေးအချင်းချင်း ကစားရင်းနဲ့ အနိုင်ကျင့် ခံရတယ် ထင်တာပါ။ ကလေးမလေးက ငယ်ငယ်လေးပဲ ရှိသေးတာကို။ ဒါပေမယ့် ကလေးမလေးရဲ့ အဖြစ်က တစ်မျိုး ကလေးချင်းဖြစ်တာမဟုတ်။
 "ကျောင်းကပြန်လာပြီး ရေချိုးနေတုန်းမှာ သူတို့ဘေးက အိမ်နားမှာနေတဲ့ ကောင်လေးတစ်ယောက်က လှမ်းခေါ်တယ်တဲ့။
အဲဒီကောင်လေးက အသက် ဆယ့်ခြောက်နှစ်လောက် ရှိပါပြီ။ သူ့တို့အိမ်ကရွာမှာသြဇာအငြောင်းဆုံးပေါ့။
အဲဒီနေ့က ကောင်လေးက ကလေးမလေးကိုခေါ် အိမ်တံခါးကို ပိတ်ပြီးအနိုင်ကျင့်ပါတယ်တဲ့။ ကောင်လေးက အရက်လဲသောက်ထားတယ်။ ကလေးမလေးက အရမ်းအော်ငိုတော့ ရွာထဲကလူတွေ ရောက်လာပြီး တံခါးဖွင့်ခိုင်းပါတယ်။ ကောင်လေးက မဖွင့်ပေးတော့ ဘေးပြတင်းပေါက်ကနေ ခုန်ကျော်ပြီးဝင်လာကြတယ်။
လူတွေက ငိုနေတဲ့ ကလေးမလေးကိုချော့ပြီး သူ့အိမ်ကို ပြန်ပို့ပေးတယ်။
ကလေးမလေးရဲ့ မိဘတွေ အပြင်က ပြန်လာတော့ ညမိုးချုပ်နေပြီ။ အဲဒီအချိန်တုန်းက ကလေးမလေးရဲ့ ညီမလေးက ကိုယ်တွေပူပြီးဖျားနေလို့ ကလေးအမေကရွာကဆေးဆရာဆီကိုသွားနေကြတာတဲ့။ မိဘတွေက အိမ်နီးနားချင်းတွေပြောပြလို့ အကြောင်းစုံကိုသိရပါတယ်။ ကလေးမလေးရဲ့ အမေက ကောင်လေးရဲ့ အိမ်ကို ချက်ချင်း သွားပြီးတိုင်ပါတယ်။ ဒါပေမယ့် ကောင်လေးရဲ့မိဘတွေက ဘာမှအရေးအယူ မလုပ်ဘူး။ ကျေနပ်လောက်အောင် ပြေရာပြေကြောင်းလေးတောင် မပြောပါဘူး။သူ့သားက သောက်နေကျ မူးနေကျပါ။ မူးနေလို့ပါဆိုတဲ့ အဖြေကိုပဲ ပေးပါတယ်။ကလေးမရဲ့အဖေကစိတ်မထိန်းနိုင်ပဲကောင်လေးကိုသတ်လိုက်တယ်။
ဒီလိုနဲ့ကလေးမအဖေထောင်ကျသွားခဲ့တယ်။ကလေးမလေးရဲ့ အမေဟာ တော်တော် ဝမ်းနည်းသွားပါတယ်။ တကယ်မှာ အနိုင်ကျင့် ခံရတာသူ့သမီးလေး တစ်ယောက်တည်းမဟုတ်ပဲ သူတို့မိသားစု တစ်စုလုံးလို ဖြစ်နေပါတယ်။ ဘယ်သူကမှလဲ အရေးမယူပါဘူး။ တရှက်ကနေ နှစ်ရှက်ဖြစ်နေပြီ။
သူ့အမျိုးသားအတွက့် စိတ်မကောင်းဖြစ်ရပေမယ့် သူလဲဘာမှမတတ်နိုင်ပါဘူး။့  ကလေးအမေဟာ ဖျားနေတဲ့ သမီးငယ်လေးကိုချီသမီးကြီးကိုလက်တဖက်ကတွဲလို့ဟိုလူအကူအညီတောင်းဒီလူအကူအညီတောင်း မပဋာမြေလူးဖြစ်နေချိန်မှာပဲချီထားတဲ့သမီးလေခမျာ  ဖျားကလည်းဖျားမအေဖြစ်သူကလည်းစိတ်ဖိစီးမူတွေထမင်းမစားမအိပ်ပဲနေတော့နို့ကလည်းမထွက် ဒီလိုကြောင့်ကလေးငယ် သေဆုံးသွားခဲ့တယ်။
ပဋာစာရီလက်သစ်ဖြစ်တဲ့ကလေးမလေးအမေမှာ ကံကဆိုးချင်တော့ သူ့မှာကနှလုံးအားနည်းတဲ့ ရောဂါရှိပါတယ်တဲ့။ဒီလိုနဲ့ကလေးမလေးအမေဟာသမီးကြီးအရှက်နဲ့သိက္ခာကာကွယ်ချင်တဲ့ဇော ယောကျာ်းဖြစ်သူအတွက်ထောင်ကလွတ်ချင်တဲ့စိတ်  သမီးငယ်လေးသေတဲ့စိတ် တွေရယ်နှလုံးအားနည်းတဲ့အရှိန်ကြောင့်
သေဆုံးသွားခဲ့တယ်။
ဒါကြောင့်ခု သမီးလေးခင်မေကဒီအဖြစ်တွေအားလုံး
ကိုမခံစားနိုင်လို့ ခုသူစကားတောင်မပြောနိုင်ပဲအတိတ်မေ့နေရှာတာ တီလေးလည်း သနားလို့မွေးစားထားတာ။"
"တီလေးရယ်လောကကြီးကပဲ မတရားတာလား.
လူတွေကပဲ မတရားတာလား.
ကံကြမ္မာကပဲမတရားတာလား"
ကျမမျက်ရည်ဖြိုင်ဖြိုင်ကျမိတယ်။ကလေးမလေးခင်မေကလာ်းသိနေသည့်အလား
မျက်ရည်တွေကျဆင်းနေတယ်။
ငွေများငွေနိုင်  မီးများမီးနိုင်တဲ့ခေတ်မှာ
ခင်မေအဖေလူသတ်မူနဲ့ထောင်ကျသွားခဲ့တယ်။့
မပဋာစာရီဆိုတာ ဘုရားရှင်လက်ထက်က
စာထဲမှာသာဖတ်ဖူးခဲ့တယ်ခုတော့
ပဋာစာရီလက်သစ်လို့တောင်
ပြောလိုက်ချင်ရဲ့။
လူတွေကလဲ ရက်စက်
ကံကြမ္မာကလဲ ရက်စက်
လောကကြီးကလဲ ရက်စက် ခဲ့ပါသည်.။
ဒီလိုအဖြစ်ဆိုမျိုးကို
ဘဝဆက်တိုင်းမခံစားရပါစေနဲ့။သမီးလေးခင်မေရေ။ဝဋ်ကြွေးဆိုလည်းဒီဘဝတင်ကျေပါစေ။
ဒါခေတ်ရဲ့စနစ်ကြောင့်လား။တိုးတတ်လာတဲ့ယဉ်ကျေးမူရဲ့ကယက်ထမူကြောင့်လားမြို့များတွင်မဟုတ်ခုလိုတောရွာမျိုးတွေမှာတောင် ဒီလိုမဒိန်းကျင့်မူတွေခဏခဏပေါ်ပေါက်နေတာ ဘာကိုအပြစ်တင်ရပမလဲ
စာဖတ်သူများကောဒီလိုအဖြစ်မျိုးကို
ဘယ်သူ့သွားပြီးအပြစ်တင်သင့်တယ်ထင်ပါသလဲ။
တိုးတတ်လာတဲ့ယဉ်ကျေးမူကြောင့်
ဘယ်သူတွေကသားကောင်ဖြစ်ခံနေရလဲဆိုတာ..။
ဒီအဖြစ်ပျက်သည်ဇာတ်လမ်းတပုဒ်သာဖြစ်သည်
လောကကြီးတနေရာမှာဒီလိုအဖြစ်မျိုးရှိနေနိုင်မယ်ထင်ပါတယ်။
ဗုဒ္ဓဘာသာဖြစ်တဲ့ကျမတိုနိုင်ငံမှာ
မဒိန်းမူတွေ မြောက်မြားစွာဖြစ်ပေါ်လျက်ရှိပါတယ်။
မူခင်းစာအုပ်
အင်တာနက်စာမျက်နှာပေါ်ခဏခဏဖတ်ရပါတယ်။ဒါကြောင့်ဒီအကြောင်းလေးသည်လည်းတနေရာရာမှတော့တိုက်ဆိုင်နေခဲ့လျင်ခွင့်လွတ်ပါ။ဇာတ်လမ်းတခုသာ။
လေးစားလျက်
ရှင်းသန့်မေ နယ်မြို့လေးတစ်မြို့က ရွာလေးတစ်ရွာမှာပေါ့။
ကျမသွားလည်မိတဲ့ ရွာလေးတစ်ရွာပေါ့ ရွာဆိုပေမယ့် တစ်ချို့ နေရာတွေမှာ တော်တော် ခေတ်မီနေပါပြီ။
မြို့ နဲ့ကလဲ အရမ်းမဝေးလှပါဘူး။
ကျမသွားလည်တဲ့ အိမ်က အဲဒီရွာလေးရဲ့
တောကျောင်းလေးနားမှာဆိုတော့ ဆိုတော့ ထုံးစံအတိုင်း ကျောင်းသွားကျောင်းပြန်မြင် မြင်ကွင်းကို မြင် နေရသလို စာအံသံတွေ တစ်ချိန်လုံး ကြားနေရပါတယ်။ ဘဝမျိုးစုံ ကိုတွေ့ရပါတယ်။ ကျောင်းသားလေးတွေက မပြည့်မစုံ ချို့ချို့ တဲ့တဲ့ ကြားက ပညာလိုချင်လွန်းလို့ လာသင်တဲ့ ကလေးတွေက များပါတယ်။ ဘဝတွေစုံသလို အကြောင်းတွေကလည်းများပြားလွန်းလှတယ်။ ကျမထင်မှတ်မထားမိဘူး။ဒီလိုတောရွာလေးမှာ ရိုးရိုးသားသား လူတွေပဲရှိလိမ့်မယ် ထင်မိတာပါ။
ဘဝမှာ ပျော်ပျော် နေထိုင်ရန် နည်းလမ်း
ဘဝမှာ ပျော်ပျော် နေထိုင်ရန် နည်းလမ်း
ဘဝမှာ ပျော်ပျော်နေထိုင် နိုင်ဖို့ နိုင်ငံတကာက စိတ်နဲ့ ဆေးပညာ ဆရာဝန်များ ညွန်ကြားထားတဲ့ နည်းလမ်းကို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။
Create a Plan for yourself
ဘဝမှာ ရည်ရွယ်ချက် မရှိပဲ ရှင်သန် နေထိုင်ရတာ ဘယ်လောက်တောင် ပျင်းဖို့ ကောင်းလိုက်သလဲ။ ဦးတည်ချက် ရည်ရွယ်ချက်ရှိမှ လုပ်ကိုင်မှု ဘဝက အဓိပ္ပါယ်ရှိတာ ပျော်တာ။ အဲ့ဒါ အမှန်ပါပဲ။ ကိုယ့်အနာဂတ်အတွက် ဘာမှ မစဉ်းစား မပူပင်ပဲ နေတာ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ ကြာရင် စိတ်ကျ ရောဂါ ဝင်လာလိမ့်မယ်။ . ဒီတော့ Plan လေး တစ်ခုဆွဲဖို့ အကြံပေး ချင်ပါတယ်။ Plan ဆွဲလိုက်တိုင်း အဲ့ဒီ Plan ကို အောင်မြင်ဖို့ ရောက်ရှိဖို့ လို့လဲ မယူဆ ထားနဲ့။ ကိုယ်က သွားနေတယ်၊ ကြိုးစား နေတယ် ဆိုတာကပဲ အကောင်းဆုံး ရလဒ် ဖြစ်ပါတယ်။
Surround yourself with Positive People
ဘုရားဟော တရားလိုပဲပေါ့။ သူတော်ကောင်းများနှင့်သာ ပေါင်းပါလို့။ ဒီခေတ်မှာ ဖြူစင် သန့်ရှင်း မွန်မြတ်ပါတယ် ဆိုတဲ့ သူတော်ကောင်း ဆိုတာ ကတော့ ရှားတယ် လေနော်။ ကိုယ်ကိုယ်တိုင် အပါအဝင် အားလုံးက အားနည်းချက် ကိုယ်စီတွေနဲ့ ပါပဲ။ ဒီတော့ လုပ်ရမှာက အကောင်းမြင်စိတ် ထားတတ် သူများနဲ့ ပေါင်းစေဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ပေါင်းတဲ့ သူက အတင်း အဖျင်း၊ အပုတ်ချတာပဲ တွေ့တိုင်း ပြော၊ ငြီးငြူပြ၊ စိတ်ညစ်ပြတာကို ကြုံတွေ့ နေရရင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ ကောင်းလိုက်လဲ။ ဒီတော့ ကိုယ်ကိုယ်တိုင် ကလည်း အကောင်းမြင်စိတ် ထားရမှာ ဖြစ်သလို ကိုယ်တွဲတဲ့ မိတ်ဆွေ သူငယ်ချင်း များကလည်း အကောင်းမြင်စိတ် ရှိသူများ ဖြစ်ရ ပါမယ်။
Failure is inevitable
ကျရှုံးမှု ဆိုတာ ရှောင်လွဲလို့ မရဘူး။ ဒါကို ကျရှုံးတိုင်း စိတ်ညစ်၊ စိတ်ဓာတ် ကျနေ ရင် ကိုယ်က လိုချင်တာ များနေလို့။ လောဘ ကြီးနေလို့၊ ကြောက်စိတ် များလို့။ ဒေါသ များနေလို့။ အမလေး.။ များလိုက်တာနော်။ ကျရှုံးမှုကနေ ဆက်လာလိုက်တာ ကိုယ့်ဆီမှာ အဲ့ဒါကို ရင်ဆိုင်ရဲတဲ့ သတ္တိသာ မရှိရင် ဘဝ ဆိုတာ ပျော်စရာ ဆိုတာ မရှိတော့ ပါဘူး။ 'လဲရင် ပြန်ထ ဒါလူ့ဘဝ' နဲ့ အကြိမ် ပေါင်း သောင်းချီ သိန်းချီ ရှုံးတာကို စိတ်ညစ်မနေပဲ နောက်ဆုံး ရရှိလိုက်တဲ့ အောင်မြင်မှုကို တန်ဖိုးထား ပျော်တတ် ဖို့ လိုအပ် ပါတယ်။
Appreciate what/who you have
လူတွေက ကိုယ့်ဆီမှာ ရှိနေတဲ့ ပစ္စည်း၊ ကိုယ်ရည် ကိုယ်သွေးတို့ကို မရောင့်ရဲ မတင်းတိမ် နိုင်ကြပဲ သူများ ရှိတာ၊ ပိုင်တာ လုပ်နိုင်တာတွေကို ကြည့်ပြီး မနာလို၊ အူတို နေကြတယ်။ ကိုယ့်ကိုယ်ကို ငြင်းဆဲ ဝမ်းနည်းနေကြ တယ်။ အမှန်တော့ ကိုယ်လုပ်နိုင်တာ၊ လုပ်ခဲ့တာ၊ ကိုယ့်ဆီမှာ ရှိနေတဲ့ အရာ များကို ကျေနပ်ပြီး အမွမ်းတင် တတ်နေဖို့ လိုပါသေးတယ်။ ဒါမှလည်း ပျော်ရွှင်မှု ရရှိ မှာပါ။
Treat yourself
တစ်ခါတစ်လေ ကျရင် သူများအတွက် တွေချည်း ခေါင်းပူပေး အလုပ်ရှုပ် ပေး မနေနဲ့ ကိုယ့်ကိုယ်ကို ပြုစု ပျိုးထောင်ဖို့လည်း အချိန်ပေးအုံးနော်။ စားချင်တာ စား၊ သွားချင်တာသွား၊ လုပ်ချင်တာ လုပ်။ သို့ပေမယ့် ကောင်းတဲ့ အရာတွေပဲ ဖြစ်ပါစေ.
Be Healthy
ကျန်းမာခြင်းသည် လဘ်တစ်ပါးတဲ့။ အထက်ပါ အချက်တွေနဲ့တော့ လိုက်နာ နိုင်တယ်။ ကိုယ်ကိုယ်တိုင်က မကျန်းမာ နေဘူး ဆိုရင်တော့ ခဲလေ သမျှ သဲရေ ကျရတာပါပဲရှင်။ ဒါကြောင့်မို့ ကျန်းမာဖို့က အင်မတန့်အင်မတန် အရေးကြီးတဲ့ အရာ တစ်ခု၊ ဆုလာဘ် တစ်ခုပဲ ဖြစ်ပါတယ်။ ယင်း ဆုလာဘ် ကို မပျောက်ပျက်အောင်၊ ထိန်းသိမ်း ထားဖို့ လိုအပ် ပါတယ်။
အထက်ပါ အချက်များအတိုင်း လုပ်ဆောင်၊ ကျင့်ကြံ နေထိုင်သူများက ဘဝမှာ ဘယ်တော့မှ စိတ်မညစ်ပဲ ပျော်နေရမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြား နိဂုံး ချုပ်လိုက် ရပါတယ်။
Credit to အောင်ခမ်း (ရိုးရာလေး)
K.K(ကနောင်)
ဘဝမှာ ပျော်ပျော်နေထိုင် နိုင်ဖို့ နိုင်ငံတကာက စိတ်နဲ့ ဆေးပညာ ဆရာဝန်များ ညွန်ကြားထားတဲ့ နည်းလမ်းကို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။
Create a Plan for yourself ဘဝမှာ ရည်ရွယ်ချက် မရှိပဲ ရှင်သန် နေထိုင်ရတာ ဘယ်လောက်တောင် ပျင်းဖို့ ကောင်းလိုက်သလဲ။ ဦးတည်ချက် ရည်ရွယ်ချက်ရှိမှ လုပ်ကိုင်မှု ဘဝက အဓိပ္ပါယ်ရှိတာ ပျော်တာ။
မနှိုင်းသင့်တာကို မနှိုင်းပါနဲ.ဗျာ
ကိုရင်ကြီး?
ပြောလဲြေ့ပာပြီးပြါ့ပီ ကျုပ် ထပ်ပြောခြင်ရင် ရိုင်းတယ်လို.မထင်ပါနဲ ။  ခရစ်(ရှ) နား။ ဂေါတမ ဗုဓ္ဒ ၊ ယေရှု ၊ မိုဟာမက်နဲ ပညာရှိ လူကြီးသူမတွေ ပြောဆိုဆဲ့မတဲ စကားတွေ ထပ်တလဲလဲ ကြားနေရလို. နားညီး  ပြီတောင် ယိုနေပါပြီဆိုရင် ။ဘယ်သူ.ကိုမှ မရိုသေ မလေးစား လို.မဟုတ်ပါဘူး။ လက်တွေ.ရင် ဆိုင်နေရတဲ့ ပြသနာတွေကို လက်တွေ ဖြေရှင်းဘို လိုအပ်နေတာ အမှန်ဘဲ . မဖြေရှင်းဘဲ  အကြံမပြုဘဲ ၊သူများဟောပြီးသား တရားတွေသာ စွပ်ဟောနေရင်၊ တာဝန်ရှောင်ရာ ရောက်မယ်။  မယောင်ရာ ဆီလိမ်း တော့ မဖြစ်သင့်ဘူးပေါ့ ဗျာ။
သူတို.တတွေ အားလုံး တခြားလူကြီးသူမ ပညာရှိ သုခမိန်တွေ ဟာ သူနေရာနဲ. သူ ၊ သူချိန်
ကာလ သူအခြေအနေနဲ့ သူပြောစရာပြောဟောစရာ ဟော ခဲ့ကြသူတွေပါ၊ နားထောင်သူရှိ
တယ် နားမထောင်သူရှိတယ် သူတို. အသက်ကိုရန်ရှာသူတောင်ရှိတယ် ၊ အောင်မြင်သူတွေ မအောင်မြင်ဘူး ၊ သူတိုအားလုံးဟာ သမိုင်းမှာ ထင်ရှားသူတွေချည်းပါဘဲ ။
"ညီမလေးပန်ဖို့ နွေ"
"ညီမလေးပန်ဖို့  နွေ" 
ညီမလေးရေ...
ငါ့ရဲ့   ချစ်သော
ဖေဖ၀ါရီ ကောင်မလေးရေ...
တနင်္ဂနွေ အရိပ်တွေ
ငါ့ ရင်ဘတ်ထဲ
အလုအယက် ခုန်ဆင်းလာတော့
တိမ်အတုနဲ့
မေတ္တာမိုးတွေ
တစ်မ၊ နှစ်မ ရွာချ လိုက်စမ်းပါ့...။
ညီမလေးမရှိတဲ့
နွေ ညနေခင်းမှာ
ငါ့ အလွမ်းတွေက
ခြစ်ခြစ်တောက် ပူပြင်းလွန်း...။
မိုးကေခမ်းရဲ့  ကဗျာထဲက လို
"  ညီမလေးရေ
နွေကိုနွေအတိုင်း ခေါက်သိမ်းဖို့
မင်းဖ၀ါးလေးနဲ့ပဲ
ဆောင်းဦးကို တို့  ထိခဲ့"...။
ကိုယ်လိုကောင်က
ညီမလေးအတွက်ဆို
သံယောဇာဉ်တွေစီးဆင်းဖို့
မျှော်လင့်ချက်တွေ
တစ်ရာသီစာအသင့်...။
ညဆေးလိပ်ကြီး တရဲရဲ နဲ့
အသည်းကွဲကဗျာဆရာ တစ်ယောက်
အချစ်နဲ့သောက်သောက်လဲ ဝေးပစ်ခဲ့တာလဲ
ညီမလေးသိမှာပါ...။
ချစ်သော နွေချိုတေးလေးရေ....
ဖေဖ၀ါရီ ရနံ့တွေ စွတ်စိုနေမယ့်
နံနက်တစ်ခင်းမှာ
ယဉ်တစ်ကိုယ် အိပ်မက်တွေ
ငါ့အတွက် ပျိုးကြဲထားခဲ့...။
နွေဦးကို ကူးဖို့
" ဆောင်း " နဲ့  " ကိုယ့် " ကို ခြွေချခဲ့...။
ပြီးတော့
ညီမလေးရဲ့
ကိုယ်ရေးကိုယ်တာ ပရပိုဒ်ထဲမှာ
" လင်းသက် " ဆိုတဲ့ ကိုယ့်ကို
မှင်နီခြစ်ထားခဲ့...။
ညီမလေးရဲ့
နန်းဦး ရင်ခွင်ထဲမှာ
ကိုယ်လို ကဗျာ ဆရာ က
ကမ်းနားသစ်ပင်.....။
ညီမလေးသာ
ပန်ချင်တယ်ဆိုရင်ဖြင့်
ကိုယ့်နှလုံးသားကို
ဘယ်နက္ခတ်နဲ့မဆို
ယှဉ် ပွင့်ရဲ ပါတယ် ကွယ်...။ ။
(လင်းသက်)
မှတ်ချက်။ ။ (12.3.2011 တွင် မွေးနေ့ အမှတ်တရအဖြစ် ရေးသည်...။)
ညီမလေးရေ...
ငါ့ရဲ့ ချစ်သော
ဖေဖ၀ါရီ ကောင်မလေးရေ...
တနင်္ဂနွေ အရိပ်တွေ
ငါ့ ရင်ဘတ်ထဲ
အလုအယက် ခုန်ဆင်းလာတော့
အမြဲသတိရနေရမဲ့ အချက် (၂၄) ချက်
အမြဲသတိရနေရမဲ့ အချက်(၂၄) ချက် 
 သင့်ရဲ့ဖြစ်တည်မှုဟာ လောကကြီးအတွက် လက်ဆောင်တစ်ခုပါ။
သင်ဟာ ပြိုင်စံကင်းတဲ့ လူတစ်ဦးပါ။
သင့်ဘဝဆိုတာ သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်နိုင်ပါတယ်။
နေ့ရက်များစွာကို တစ်ကြိမ်မှာ တစ်ရက်သာလျှင် အသုံးချပါ။
သုခတွေကိုသာတွေးပြီး ဒုက္ခတွေကို မေ့ထားပါ။
ဖြစ်ပျက်လာသမျှ အရာရာတိုင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
သင့်ဆီမှာ ဖြေရှင်းချက်ပေါင်းမြောက်မြားစွာ ရှိပါတယ်။
နားလည်မှုပါ၊ သတ္တိရှိပါ၊ ခံနိုင်ရည်ရှိပါ။
သင့်အပေါ် ကန့်သတ်ချက်တွေ မထားပါနှင့်။
လက်တွေ့အကောင်အထည်ဖေါ်ပေးဖို့ အိပ်မက်ပေါင်းများစွာ စောင့်ကြိုနေပါတယ်။
ဆုံးဖြတ်ချက်တွေဟာ ကံကြမ္မာကို အခွင့်အရေးမပေးနိုင်လောက်အောင် အရေးပါလွန်းပါတယ်။
သင့်ရဲ့ပန်းတိုင်အတွက် အောင်မြင်မှု အမြင့်မားဆုံးရအောင် ကြိုးပမ်းပါ။
စိုးရိမ်ပူပန်ခြင်းထက် စွမ်းအားဖြုန်းတီးသောအရာ မရှိပါ။
ပြဿနာတစ်ခုကို အချိန်အတော်ကြာ သယ်ဆောင်လေ၊ အဲဒီအကျိုးဆက်ကို ပို၍ခံစားရလေပါပဲ။
အရာရာတိုင်း ပြင်းပြင်းထန်ထန် မလုပ်ဆောင်ပါနှင့်။
ငြိမ်းချမ်းတဲ့ဘဝမျိုးအဖြစ် ရှင်သန်ပါ၊ ဝမ်းနည်းစရာ ဘဝမျိုးမဖြစ်ပါစေနှင့်။
မေတ္တာအနည်းငယ် ပေးကမ်းခြင်းက ခရီးအတော်ရောက်တယ်ဆိုတာ သတိရပါ။
မေတ္တာအမြောက်အများ ပေးကမ်းမယ်ဆိုရင်တော့ ထာဝရတည်တံ့မယ်ဆိုတာ သတိရပါ။
မိတ်ဆွေစိတ်ဆိုတာ အကျိုးကျေးဇူးများတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ သတိရပါ။
ဘဝရဲ့ ရတနာဆိုတာ လူတွေအားလုံး ပူးပေါင်းနေထိုင် လုပ်ကိုင်ခြင်းပါ။
ဘယ်တော့မှ အလွန်အမင်း နောက်မကျသေးဘူးဆိုတာ သဘောပေါက်ပါ။
သာမန်အကြောင်းကိစ္စတွေကို ထူးထူးခြားခြား နည်းလမ်းနဲ့ လုပ်ကိုင်ဆောင်ရွက်ပါ။
မိသာစုစိတ်ဓါတ်၊ မျှော်လင့်ချက်၊ ပျော်ရွှင်မှုတွေ ရှိပါစေ။
ပြန်လည်စတင်နိုင်ဖို့ အချိန်ပေးပါ။
ပြီးတော့...
သင်ဟာ အလွန်ထူးခြားတယ်ဆိုတာကို
တစ်နေ့မျှပင် မမေ့ပါနှင့်။
Ref; 24 Things To Always Remember
Author; unknown
နေလင်းအောင်
သင့်ရဲ့ဖြစ်တည်မှုဟာ လောကကြီးအတွက် လက်ဆောင်တစ်ခုပါ။
သင်ဟာ ပြိုင်စံကင်းတဲ့ လူတစ်ဦးပါ။
သင့်ဘဝဆိုတာ သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်နိုင်ပါတယ်။
နေ့ရက်များစွာကို တစ်ကြိမ်မှာ တစ်ရက်သာလျှင် အသုံးချပါ။
သုခတွေကိုသာတွေးပြီး ဒုက္ခတွေကို မေ့ထားပါ။
ရေးသမျှစာ ၊ကဗျာတွေကို စုစည်းပြီးPDF ( E-book) စာအုပ်လုပ်တဲ့ဆော့ဝဲ
ဒီဆော့ဝဲလေးကတော့ အခုအင်တာနက်မှာ ခတ်စားနေတဲ့ Ebook (PDF BOOK)
စာအုပ်လုပ်တဲ့ ဆော့ဝဲကောင်းလေးပါ အလကားရတာမလို့  အင်စတောလုပ်ပြီးရင်
တခါထဲ တန်းသုံးရုံပါ စာရေးဆရာတွေအနေနဲ့  မိမိတို့ ရေးထားတဲ့ကဗျာပေါင်းချုပ်
ဝတ္ထုတိုပေါင်းချုပ်လုပ် အင်တာနက်မှာ တင်ပေးမယ်ဆိုရင် စာဖတ်သူတွေကို ပိုပြီး
အဆင်ပြေစေမှာဖြစ်တယ်။ အင်တာနက်လိုင်းကောင်းတဲ့အချိန်မှာ ဒေါင်းလုပ်ယူပြီး
ကွန်ပျုတာထဲမှာ အေးအေးဆေးဆေးဖတ်လိုရတာပေါ့ ။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၃)
သစ်ထူးလွင်
Saturday, March 29, 2014
နှင်းဆီ ပွင့်ဖတ်တွေ ပေါ်က လက်ကျန် အနာတရများ
ဗိုလ် နင့်  March 28, 2014 at 1:58am
၁။
မဖြစ်မနေ တွေ့ကြရမယ် ဆိုတော့လည်း မမနဲ့ ကျွန်တော်ဟာ ပန်းပွင့်လှလှလေးပေါ်က ပွင့်ချပ်တွေကို နှမျောစွာ ခြွေချနေကြသလို စကားတွေကို တစ်လုံးချင်း၊ တစ်လုံးချင်း မကျွံကျအောင် ပြောနေရတာပါပဲ။ မမက လှပါတယ်။ အရင်ကထက်တောင် မမက ပိုလှလာသလိုပဲ။ မမ အရင်လိုပဲ မိတ်ကပ်ကို ပါးပါးလေး လိမ်းရုံလေး လိမ်းထားတယ်။ မမပါးတွေပေါ်က အိစက်နေတာထက် ပိုတဲ့ အထိအတွေ့ကို ကျွန်တော့် နှုတ်ခမ်းတွေ သိကြပါဦးမလား။ မမရဲ့ မပိန်မ၀ ခန္ဓာကိုယ်ပေါ်မှာ ခရမ်းရောင် ခပ်ပါးပါး အ၀တ်အစားတစ်စုံကို ၀တ်ထားတယ်။ မမ ဆံပင်တွေ အရင်လို နက်မှောင်ပြီး အိစင်းနေတုန်းပဲ။ တစ်ချက် တစ်ချက် အဲဒီ ဆံနွယ်တွေကို သိမ်းပြီး လည်တိုင် တစ်ဖက်ဆီကို ပို့လိုက်တိုင်း ဆံနွယ်တွေ ရှင်းလင်းပြီး ကျန်ခဲ့တဲ့ လည်တိုင်လှလှလေးကို ကျွန်တော် မနမ်းဘဲ မနေနိုင်ခဲ့ဘူး။
ဂျူး၏ ၀တ္ထုစာအုပ်များ စုစည်းမှု (၆၀ အုပ်)
(၁) အစိမ်းရောင်အမွေအနှစ်
http://adf.ly/bTqtD
(၂) ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ
http://adf.ly/bTquz
(၃) မျှော်လင့်ချက်နှင့်အခြားမျက်နှာဖုံးဆောင်းပါးများ
ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခု
မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။
အိပ်မက်ကို မျှော်လင့်ကြသူများ
( ၁ )
ကျေးဇူးပြုပြီး တိတ်တိတ်လေးဖတ်ပေးပါ
အသံထွက်ပြီးမဖတ်လိုက်ပါနဲ့
ကျနော်နဲ့ကျနော့်ကဗျာလေး ရှက်နေလို့ပါ။
( ၂ )
အမှန်တော့ချုံခိုတိုက်ခိုက်ခံရတာလည်းမဟုတ်ဘူး
ထောင်ချောက်မိတာလည်းဟုတ်ပါဘူး
ကိုယ့်ဘာသာဘဲလိုလိုလိုလားလား
သူ့အလှတရားထဲခုန်ချခဲ့တာပါ။
( ၃)
ခြစ်ခြစ်ကုတ်ကုတ်ခင်းကျင်းပြသခဲ့တဲ့သိက္ခာပြပွဲ
စနိုးစနောက်သဲ့သဲ့လေး မှောင်သွားဖူးတယ်
လျှောက် ခဲ့ဘူးတဲ့လမ်းကလေး
ပန်းမွှေးမွှေးကိုရင်ခုန်မိတာအပြစ်လားနော်။
( ၄ )
ပတ္တမြား ဖြင့်ထုဆစ်ထားသော
အနီရောင်တွေထဲကအနီရောင်တစ်ခု
ပိပိရိရိ စေ့ထားသော နှုတ်ခမ်းစစ်စစ်တစ်စုံ
ရင်ဘတ်ပေါင်းများစွာကိုတုန်ခါစေခဲ့သည်။
အကြည့်တို့၏ဆုံမှတ်သည်မီးတောက်စေခဲ့သည်။
` အဖြူရောင်သီးသန့် ´စာတန်းက
ဟန့်တားပြီးခြိမ်းခြောက်နေခဲ့သည်။
( ၅ )
` ဖြတ်သန်းခွင့်မပြု ´ဆိုတဲ့ဆူးကြိုးနားမှာ
ခြေပစ်လက်ပစ်ထိုင်ရင်းပြက္ခဒိန်တွေကိုဝါးစား
မနိင့်တနိုင်ထမ်းထားတဲ့မျော်လင့်ချက်
ရှေ့ဆက်ခွင့်မရှိတဲ့စိတ်ကူးလေး
ရမက်တွေခိုနေတဲ့တပ်မက်မှု
သူတို့လေးတွေအိပ်မက်မြေမှာခိုလှုံနေလေရဲ့
( ၆ )
သည်လိုသည်လိုနဲ့
တစစ နှင့်အစတွေလည်းများလာပြီ
လှနေသူကလည်းဆက်ပြီးလှ
စွဲနေသူကလည်းဆက်ပြီးစွဲ
မကဲရဲတော့ဝဲနေသူကလည်းဆက်ပြီးဝဲ
( ၇ )
တစ်ရက်တစ်ရက်
နေ့စဉ်ရက်ဆက်မပျက်ကွက်
ဆက်လက်ဆက်လက် စွဲလမ်းရတာ
မပင်ပန်းပါဘူးနော်
မနက်မနက် ကော်ဖီခွက်ထဲသူဝင်ထိုင်နေတာ
ငိုင်တိုင်တိုင်လေးပြုံးကြည့်နေမိတယ်
မမျှော်လင့်ချက်တွေကို အိပ်မက်ထဲမှာရှာနေရင်း
အိပ်မက်တွေကိုမျှော်လင့်ရင်း
အချိန်တွေကထွက်ပြေးသွားကြပါတယ်။
( ၈ )
` သည်လိုသခင်..
ခင်လို့မြင်တယ် .... မြင်လို့ကြိုက်တယ်......
ကိုယ့်ထိုက်ကိုယ့်ကံ..ခံရပါစေ
ညာမနေဘူး ချစ်မိပြီ ´ ...တဲ့
မပေးဖြစ်သေးတဲ့မောင်ပန်းမွှေးရဲ့ကဗျာလေး
စာရွက်လေးတောင်ဝါကြင်ကြင်
ရင်ဘတ်ထဲမှာလည်းနာကျင်ကျင်
အပေါင်းအသင်းတွေလည်းခွာကျဉ်ကျဉ်
အများနဲ့အမြင်တွေကွဲလာတယ်ဗျာ။
( ၉ )
နာရီကို ကျနော်ကကြည့်တော့
နာရီကမျက်မှောင့်ကြုံ့ပြီးပြန်ကြည့်တယ်
မစိုးရိမ်ပါနဲ့
ရာသီတစ်ခုခုမှာ
သူ့မာနတွေကိုခ၀ါချပြီး
အချစ် တွေပွင့်တဲံ့ကဗျာပန်းခင်းထဲ 
(သူမ) တစ်လှမ်းချင်းဝင်လာမှာပါ။
တကယ်တော့
ကိုယ့်ဘာသာဘဲလိုလိုလိုလားလား
သူ့အလှတရားထဲကိုခုန်ချခဲ့တာပါ။
                        တတိုင်းမွှေး။
မှတ်ချက်။ ။ မှတ်ထားမိတဲ့အချက်လေးပါ
တခါကသူငယ်ချင်းတစ်ယောက်ကိုသည်ကဗျာလေးပြမိတော့
ရည်းစားစာ သာသာ အရေးအသားက ( ကဗျာ ) မဖြစ်ဘူးဆိုလို့
သိမ်းထားတဲ့ကဗျာလေးပါ။တနေ့ကနောက်ထပ်သူငယ်ချင်းက
` ရေးသာရေးပါ ..ခံစားချက်ပါရင် ကဗျာဖြစ်တယ် ´ဆိုလို့တင်လိုက်တာပါ။
( ၁ )
ကျေးဇူးပြုပြီး တိတ်တိတ်လေးဖတ်ပေးပါ
အသံထွက်ပြီးမဖတ်လိုက်ပါနဲ့
ကျနော်နဲ့ကျနော့်ကဗျာလေး ရှက်နေလို့ပါ။
ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။
(မေး) အရှင်ဘုရား၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းနှင့် မည်သို့ ဆက်စပ်ပါသနည်း။
(ဖြေ)
ဗိမ္ဗိသာရမင်း၏ ခြေဖ၀ါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘ၀တုန်းက စေတီရင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့။
မှတ်ဥာဏ်ကောင်းမွန်စေမည့် အလွယ်နည်းများ
မှတ်ဥာဏ်ကောင်းမွန်စေမည့် အလွယ်နည်းများ
သိပြီးသားအရာတွေကို ပြန်အစဖော်ဖို့ ခက်ခဲနေတာ၊ မှတ်မိအောင် ဘယ်လိုအာရုံစိုက်ရမလဲ စတာတွေကို ဖြေရှင်းနိုင်ဖို့ လွယ်လွယ်ကူကူ နဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ
သင်မှတ်မိချင်တဲ့အရာတစ်ခုကို စွဲစွဲမြဲမြဲမှတ်ထားချင်ရင် အနည်းဆုံးရှစ်စက္ကန့် အချိန်ပေးပြီး အဲဒီ အရာပေါ်မှာ အာရုံစူးစိုက်လိုက်ပါ။ ရှစ်စက္ကန့်ဟာ ကြာတယ်လို့ထင်ရပေမယ့် အရာဝတ္ထုတစ်ခုကို မှတ်မိနေဖို့ ဒါဟာ လုံလောက်တဲ့အချိန်ပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ဦးနှောက်ဟာ အရာဝတ္ထု တွေကိုမှတ်တဲ့အခါ ရေရှည်မှတ်ဥာဏ်ကနေ ရေတိုမှတ်ဥာဏ်အဖြစ် ပြောင်းလဲဖို့ ရှစ်စက္ကန့်ကြာ အချိန်ယူရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
(၂) ပီကေ၀ါးပါ
လွန်ခဲ့တဲ့ မိနစ်သုံးဆယ်က မှတ်ထားတဲ့ ကိစ္စတစ်ခုကို ပြန်မှတ်မိချင်ရင် ပီကေ၀ါးလိုက်ပါ။ လတ်တလော လေ့လာချက်များအရ ပီကေ၀ါးတဲ့သူတွေဟာ အကြားအမြင်ဆိုင်ရာ မှတ်ဥာဏ် အလွန် ကောင်းပြီး အာရုံစူးစိုက်တာ ပိုအားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ် ပီကေ၀ါးရတာ မနှစ်သက်တော့ဘူးဆိုရင်တော့ သစ်သီးစားတာ၊ အပျော်တမ်းဥာဏ်စမ်းဂိမ်းတွေ ကစားတာကလည်း 
မှတ်ဥာဏ်ကောင်းမွန်စေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
(၃) လက်သီးဆုပ်ပါ
အလုပ်လုပ်နေတဲ့အခါ မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရနိုင်တဲ့ အခြေအနေမျိုး ကြုံလာပါက Stress Ball လို ဖိညှစ်လို့ရတဲ့အရာကို လက်သီးဆုပ်သလို ညှစ်ပေးပါ။ ဒီလိုမျိုး လက်သီးဆုပ်ကို တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်တာဟာ မှတ်ဥာဏ်ကို ပြန်လည်အစပျိုးပေးနိုင်ပြီး မေ့နေတာတွေ မှတ်မိလာစေပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သင်ဟာ ညာဘက် သန်တဲ့သူဖြစ်ပြီး အရာဝတ္ထုတစ်ခုကို ပြန်မှတ်မိအောင် အစပျိုးစဉ်းစားနေတယ်ဆိုရင် အဲဒီအချိန်မှာ ညာဘက်လက်သီးကို ဆုပ်ထားပြီး စဉ်းစားပေးပါ။ ပြီးရင် တစ်ကြိမ်မှတ်မိဖို့ လိုအပ်တဲ့အခါ ဘယ်ဘက်လက်သီးကို ဆုပ်ပါ။ ဘယ်ဘက်သန်တဲ့သူတွေလည်း ညာဘက်သန်တဲ့သူတွေ လုပ်တာနဲ့ ဆန့်ကျင်ဘက် လိုက်လုပ်နိုင်ပါတယ်။ လက်သီးဆုပ်တဲ့အခါ ခဏလေးဆုပ်ထားတာမျိုးမဟုတ်ပဲ အနည်းဆုံး ၄၅ စက္ကန့်အကြာလောက်ထိ ဆုပ်ထားပေးသင့်ပါတယ်။ ဒီလိုလုပ်တာဟာ မှတ်ဥာဏ်ကို တိတိကျကျ အကောင်အထည်ဖော် ပေးနိုင်ပြီး အလွယ်တကူ ပြန်မိစေနိုင်တယ်လို့ သိရပါတယ်။
(၄) အိပ်ရေး၀၀အိပ်ပါ
ကျောင်းတက်နေရတဲ့ လူငယ်တွေဟာ အများအားဖြင့် စာမေးပွဲမဖြေခင်အချိန်မှာ အိပ်ရေးပျက်ခံပြီး စာကျက်လေ့ရှိတာကြောင့် ဦးနှောက် အနားယူရမယ့်အချိန်တွေ နည်းသွားလေ့ရှိပါတယ်။ လတ်တလော လေ့လာချက်တွေအရ အိပ်နေတဲ့အချိန်မှာ ဦးနှောက်ဟာ နောက်နေ့အတွက် ပြနမှတ်မိနိုင်မယ့် သတင်းအချက်အလက်တွေကို စုဆောင်းပေးတဲ့ဖြစ်စဉ်ကို ပြုလုပ်နေတာကြောင့် အကယ်၍ စာကျက်နေလို့ အိပ်ချိန်မရလိုက်ဘူးဆိုရင် စာတွေကျက်ပေမယ့် ပြန်မမှတ်မိနိုင်တဲ့ အခြေအနေနဲ့ ကြုံရမှာပါ။ ဒါ့အပြင် အိပ်စက်တာဟာ မနက်ပိုင်းမှာ သိရှိလာတဲ့ သတင်းအချက်အလက်
တွေကို ရေရှည်မှတ်ဥာဏ်အနေနဲ့ ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ကောင်းမွန်ချင်ရင် အိပ်စက်ချိန်များများပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်။
(၅) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဒကိုယ်အတွက် ကောင်းမွန်စေရုံသာမက ဦးနှောက်အတွက်လည်း အကျိုးရှိပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုဟာ ဦးနှောက်ကို အောက်ဆီဂျင်ရရှိအောင် ပြုလုပ်ပေးပြီး နိုးနိုးကြားကြား ဖြစ်စေတဲ့အပြင် မှတ်ဥာဏ်အတွက် တာဝန်ယူရတဲ့ ဆဲလ်တွေတိုးပွားနှုန်းကိုလည်း အားပေးပါတယ်။ လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပြင်းပြင်းထန်ထန်မဟုတ်ပဲ ပေါ့ပေါ့ပါးပါးလုပ်ရတဲ့ လမ်းလျှောက်တာ၊ တာတိုပြေးတာ၊ ရွရွခုန်တာတွေကို ပြုလုပ်တဲ့ အမျိုးသမီး တွေဟာ မေ့မေ့လျော့လျော့ ဖြစ်တာနည်းပါးပြီး မှတ်ဥာဏ်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ပုံမှန်ထက် တိုးမလာအောင် ခြောက်လကြာထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတွေဟာ စကားလုံးတွေအပြင် နေရာဒေသနဲ့ဆိုင်တဲ့ မှတ်ဥာဏ်စွမ်းအား ပိုမိုကောင်းနေတယ်လို့လည်း သိရပါတယ်။
(၆) စိတ်ကူးပုံဖော်ကြည့်ပါ
ကိုယ်ကြုံဆုံဖူးတဲ့သူတွေကို စိတ်ကူးထဲမှာ ပြန်လည်ပုံဖော်စဉ်းစားတာဟာလည်း မှတ်ဥာဏ်ကောင်း စေဖို့ နည်းလမ်းပဲဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဟာ နံပါတ်ရှည်ရှည်တစ်ခုကို ပြန်မှတ်မိအောင် ကြိုးစားနေတဲ့အခါ နံပါတ်အငယ်တွေကို စစဉ်းစားပါ။ နောက်မှ တဖြည်းဖြည်းကိုယ်စဉ်းစားနေတဲ့ နံပါတ်ဆီကို ရောက်အောင် စဉ်းစားကြည့်ပါ။ ဒီလိုပဲ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်ရတဲ့အထိ နည်းနည်းချင်းစီ တွေးတောတာဟာ ဦးနှောက်ကို နိုးကြားစေပြီး မှတ်ဥာဏ်ကောင်းအောင် ကူညီနိုင်တယ်။
(၇) ရှုပ်ထွေးသော စာလုံးများကို ဖတ်ပါ
လူအတော်များများဟာ စာအုပ်တွေ ဖတ်တာဒါမှမဟုတ် အင်တာနက်မှာ စာဖတ်တဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ ဖတ်ရလွယ်ကူတဲ့ စာလုံးမျိုး၊ စကားလုံးမျိုးကိုသာ ဖတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ သုတေသီတွေရဲ့ အဆိုအရ စကားလုံးတွေကို မှတ်မိချင်ရင် အဓိကလုပ်ရမယ့်အချက်က ရှုပ်ယှက်ခတ် နေတဲ့ စကားလုံး၊ စာလုံးတွေကို ဖတ်ဖို့ပါပဲ ။ အရွယ်အစားနဲ့ အရောင်တူညီပြီး မျက်စိရှုပ်မယ့် စာလုံးမျိုးဖတ်တဲ့အခါ အာရုံစူးစိုက်ရတာကြောင့် ပိုမှတ်မိစေပါတယ်။ လေ့လာပြုလုပ်ချက်တစ်ခုမှာ လူတွေကို အရွယ်ကြီးပြီး ရှုပ်ယှက်ခတ်နေတဲ့ စာလုံးနှစ်မျိုးကိုခွဲပြီး မှတ်ခိုင်းတဲ့အခါ အရွယ်ညီပြီး ရှုပ်ထွေးနေတဲ့စာလုံးတွေကို ပိုမှတ်မိနေတာ တွေ့ရတယ်လို့ဆိုပါတယ်။
(၈) ချရေးထားပါ
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုယ်မှတ်မိလိုတဲ့အရာတွေကို ကွန်ပျူတာနဲ့ ဖုန်းတွေမှာ မှတ်ထားတဲ့အကျင့်ဟာ လူတိုင်းလိုလို ပြုလုပ်နေကြပါပြီ။ မိတ်ဆွေတွေရဲ့ အီးမေးလ်လိပ်စာတွေ၊ အရေးကြီးတဲ့အကြောင်းအရာတွေကို ဖုန်းထဲမှာ အလွယ်တကူမှတ်တယ်ပဲဆိုကြပါစို့။ အကယ်၍ ဖုန်းကို တစ်နေရာရာမှာ မေ့ကျန်ခဲ့ရင်တော့ ကိုယ်လုပ်ရမယ့်ရေးကြီးကိစ္စတွေ အားလုံး လက်လျှော့ လိုက်ရမှာ သေချာပါတယ်။ သုတေသီတွေရဲ့အဆိုအရ ကိုယ်မှတ်ထားချင်တဲ့အရာတွေကို သေသေချာချာ မှတ်မိချင်ရင် စာရွက်တစ်ခုခုမှာ ချရေးထားသင့်တယ်လို့ ဆိုပါတယ်။ ကိုယ်က ပြန်ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ တစ်ခါလောက် လက်ရေးနဲ့ ချရေးထားတာဟာ နောက်တစ်ခါပြန်စဉ်းစားတဲ့အခါ အလွယ်မှတ်မိစေနိုင်တယ်လို့ သိရပါတယ်။
(၉) တေးဂီတကို ဘယ်အချိန်နားထောင်သင့်သလဲ သိပါစေ
အလုပ်လုပ်နေတဲ့အချိန်တွေ၊ စာလေ့လာနေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့အချိန်တွေမှာ သီချင်းကို Sound Box ဒါမှမဟုတ် Earphones နဲ့ နားထောင်တတ်ပါသလား။ ဒါဆိုရင်တော့ ခဏ ပိတ်ထားဖို့တော့ လိုအပ်နေပါပြီ။ စာလေ့လာနေတဲ့အချိန်မှာ သီချင်း ဒါမှမဟုတ် တေးဂီတသံစဉ် တွေကို နားထောင်တာဟာ မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါမှမဟုတ် မိမိစာဖတ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ကနေ အဆက်မပြတ်အော်နေတဲ့ အသံကလည်း မိမိဦးနှောက်ရဲ့ မှတ်မိနိုင်တဲ့ စွမ်းရည်ကို အတားအဆီးဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်ယောက်တည်း တိတ်ဆိတ်
ငြိမ်သက်တဲ့နေရာမှာ စာဖတ်တာဟာ မှတ်ဥာဏ်ကို အားပေးပြီး အာရုံစိုက်မှု ပိုရရှိစေပါတယ်။
(၁၀) ပုံဆွဲပါ၊ ခြစ်ရေးပါ
ပျင်းရိ ငြီးငွေ့စရာကောင်းတဲ့ ရုံးခန်း ဒါမှမဟုတ် စာသင်ခန်းမှာ ထိုင်နေရတဲ့အခါ ပန်းပွင့်ပုံလေးတွေ၊ အသည်းပုံတွေ ဆွဲချင်တယ်လို့ စိတ်ကူးနေရင်တော့ စာရွက်ပေါ်မှာလွတ်လွတ်လပ်လပ်သာ ချဆွဲလိုက်ပါ။ လေ့လာချက်တစ်ခုမှာ အုပ်စုနှစ်စုခွဲပြီး ပျင်းစရာကောင်းတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံ
နားထောင်စေခဲ့ပါတယ်။ ပထမအုပ်စုကို ဖုန်းနားထောင်ခိုင်းတဲ့အခါ ပုံဆွဲတာတွေ၊ ရေးခြစ်တာတွေ လုပ်ခိုင်းပြီး နောက်အုပ်စုကိုတော့ ဒီအတိုင်းဘာမှမလုပ်ပဲ ဖုန်းနားထောင်စေတဲ့အခါ ပုံကြမ်းတွေ လျှောက်ခြစ်နေတဲ့အုပ်စုဟာ ငြိမ်ပြီးနေတဲ့ အုပ်စုထက် ၂၉ ရာခိုင်နှုန်း ဖုန်းမှာ ပြောတဲ့ အကြောင်းအရာတွေကို ပိုမှတ်မိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပျင်းရိနေတဲ့ အချိန်တွေမှာ ပုံကြမ်းလေးတွေဆွဲတာ၊ ရေးခြစ်တာတွေက ဒီအတိုင်းထိုင်နေတာထက်စာရင် ဦးနှောက်မှတ်ဥာဏ်ကို အားပေးကူညီနိုင်မှာ အသေအချာပါပဲ။
(၁၁) သူငယ်ချင်းများနှင့်အချိန်ကုန်ဆုံးပါ
လူတွေဟာ တစ်ယောက်တည်းနေရတာများတဲ့အခါ အထီးကျန်မှုတွေ ၊စိတ်ဓာတ်ကျတာတွေ အလိုလိုနေရင်း ခံစားရလေ့ရှိပါတယ်။ ဒါဟာ ဦးနှောက်ကို ထိခိုက်စေတာကြောင့် မှတ်ဥာဏ်နဲ့ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အချိန်ကုန်ဆုံးစေမယ့် အစား သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာဟာ စိတ်ကြည်နူးစေပြီး အတွေးသစ်အမြင်သစ် တွေလည်း ရစေပါတယ်။ အကယ်၍ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆင်မပြေလို့ စိတ်ညစ်နေရင်တော့ ကိုယ်စိတ်ဝင်စားမယ်ထင်တဲ့ သင်တန်းတစ်ခုကိုတက်လိုက်ပါ။ သင်တန်းတက်တာကြောင့် အပေါင်းအသင်းတိုးပြီး စကားများများပြောဖြစ်ကာ သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။
မှတ်ချက်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရိလထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၅၉) မှ အိဖြူ(ဆေးဝါးတက္ကသိုလ်) ရေးသားသည့် ဆောင်းပါးအား ကောက်နုတ်ဖော်ပြသည်။
MOI Webportal
K.K(ကနောင်)
သိပြီးသားအရာတွေကို ပြန်အစဖော်ဖို့ ခက်ခဲနေတာ၊ မှတ်မိအောင် ဘယ်လိုအာရုံစိုက်ရမလဲ စတာတွေကို ဖြေရှင်းနိုင်ဖို့ လွယ်လွယ်ကူကူ နဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ
သင်မှတ်မိချင်တဲ့အရာတစ်ခုကို စွဲစွဲမြဲမြဲမှတ်ထားချင်ရင် အနည်းဆုံးရှစ်စက္ကန့် အချိန်ပေးပြီး အဲဒီ အရာပေါ်မှာ အာရုံစူးစိုက်လိုက်ပါ။
နေပူထဲသွားလာ ဆင်ခြင်စရာ-
နေပူထဲသွားလာ ဆင်ခြင်စရာ-
အပူဒဏ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ပူပြင်းသည့် အချိန်တွင်ပတ်ဝန်းကျင် အပူချိန်သည် ၁၀၂-ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၇-ဒီဂရီ ဖာရင်စိုက်အထိမြင့်တက်လာနိုင် သည်။လူ့ခန္ဓာကိုယ်၏ သာမန် အပူချိန်မှာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ ခန္ဓာကိုအပူချိန် ၁၀၆-ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် ကြာရှည်ပါက ဦးနှောက်ကိုထိခိုက်နိုင်သည်။အပူချိန် ၁၀၉.၆ ဒီဂရီ ဖာ၇င်ဟိုက်ရှိလျှင် သေဆုံး နိုင်သည်။
လူ့ခန္ဓာကိုယ်တွင် အပူထိန်းချုပ်မှု စနစ် ရှိရာခန္ဓာကိုယ်အတွင်း အပူချိန် မျှတစေရန် ဆောင်ရွက်ပေးသည်။ပြင်ပ ပတ်ဝန်းကျင်အပူချိန်မြင့်တက်လာသော်လည်း ခန္ဓာကိုယ် အပူချိန် မမြင့်တက်စေရန်ထိန်းချုပ်ပေးသည်။
( အပူဒဏ် ပိုမို ခံစားရသူများ)
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများ၊ အင်အားချည့်နဲ့သူများ၊ခန္ဓာကို ခုခံအား လျော့နည်း သူများ၊ နာတာရှည် ရောဂါ တမျိုးမျိုးကိုခံစားနေရသူများသည် အပူဒဏ်ကြောင့် အခြေအနေ ပိုမို ဆိုးရွား နိုင်သည်။ဝလွန်းသူများ၊ အရက်သောက်ထားသူများသည် အပူဒဏ်ကို ပိုမိုခံစားရသည်။နှလုံးရောဂါ၊ သွေးတိုးရောဂါ လူနာများသည် အပူဒဏ်ကြောင့် ရောဂါထ၍လေဖြတ်သည်အထိ ဖြစ်နိုင်သည်။
( နေရောင်ခြည်)
အပူဒဏ်ဟု ဆိုရာတွင် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ခံစားရမှု ဖြစ်သည်။ခန္ဓာကိုယ်အပေါ် နေရောင်ခြည်၏ အကျိုးသက်ရောက်မှုသည် နေရောင်ခြည်နှင့် ထိတွေ့မှုအချိန်ကာလအပေါ် မူတည်၍ ကွာခြားသည်။နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် (ultravioletrays) နှင့် အနီအောက်ရောင်ခြည် (infra red rays) နှစ်ခုအကြားတွင် ရှိသည့် ရောင်ခြည်များပါရှိသည်။ ခရမ်းလွန်ရောင်ခြည်သည် လူတို့ကို ပိုမို အန္တရာယ် ဖြစ်စေသည်။
(အပူဒဏ်နှင့် မျက်စိ)
ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည် ကျရာက်ပါက မျက်စိထဲသို့လည်းခရမ်းလွန်ရောင်ခြည်များ ၀င်ရောက်ပြီး မျက်စိရောဂါများကို ဖြစ်စေ နိုင်သည်။အများဆုံး တွေ့ကြုံရသည့် မျက်စိရောဂါမှာ မျက်သား တက်ခြင်း ဖြစ်သည်။မျက်ကြည်လွှာပေါ်သို့ မျက်သားတက်ရာမှ သူငယ်အိမ်ကို ဖုံးအုပ်သွားပြီးမျက်စိကွယ်နိုင်သည်။ထို့အပြင် မျက်ကြည်လွှာ အပေါ်ယံ နေပူလောင်ခြင်း (photo keratitis) လည်းဖြစ်နိုင်သည်။ပင်လယ်ကမ်းခြေ၌ နေပူဆာ လှုံသူများ၊ ပင်လယ်ပြင်တွင် အလုပ် လုပ်သူများ၌ ဖြစ်တတ်သည်။မျက်စိနာခြင်း၊ ကျိန်းခြင်း၊ မျက်ရည်ကျခြင်းတို့ကို ခံစားရသည်။ခရမ်းလွန် ရောင်ခြည်နှင့် မျက်စိတိမ် ရောဂါ ဖြစ်ပွားမှု ဆက်စပ်ခြင်းရှိသည်ကိုလေ့လာ တွေ့ရှိထားသည်။နေကာမျက်မှန်တပ်ခြင်းဖြင့် မျက်စိထိခိုက်မှုမှ ကာကွယ်နိုင်သည်။
(အပူဒဏ် ရောဂါများ)
အပူဒဏ်ကြောင့် အပူရှပ်ခြင်း (heat stress)အပူဒဏ်ကြောင့် နွမ်းနယ်ခြင်း (heat exhaustion)အပူဒဏ်ကြောင့် မေ့မြောခြင်း (heat stroke) တို့ ဖြစ်ပွားနိုင်သည်။အပူရှပ်ခြင်းဖြစ်လျှင် ချွေးထွက်တတ်သည်။ ရေငတ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ ဖြစ်နိုင်သည်။အပူဒဏ်ကြောင့် နွမ်းနယ်ခြင်း ဖြစ်လျှင် ချွေးစေးများ ထွက်ပြီး ခန္ဓာကိုယ်မှာ အေးစက်နေသည်။ ကြွက်တက် တတ်သည်။မောပန်း နွမ်းနယ်၍ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ပျို့အန်ခြင်း တို့ ဖြစ်နိုင်သည်။ အသက်ရှူ ကျပ်လာပြီး သတိလစ်သွားနိုင်သည်။အပူလွန်ကဲသည့်အခါ အပူချိန် ၁၀၄-ဒီဂရီ ဖာရင်စဟိုက်အထက်ရှိပြီးခေါင်းမူးခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊အကြောဆွဲခြင်း တို့ဖြစ်၍ အပူချိန် မြင့်သထက်မြင့် လာပြီး သတိလစ်မေ့မြော သွားနိုင်သည်။
(နေပူဒဏ်နှင့် အ၀တ်အစား)
နွေရာသီတွင် အနက်ရောင် အနီရောင် စသည့် ရင့်သောအရောင်ရှိသည့် အ၀တ်များကိုမ၀တ်သင့်ချေ။ ရင့်သည့်အရောင်များသည် အပူကို ပိုမိုစုတ်ယူနိုင်သဖြင့်အပူဒဏ်ကို ပိုမို ခံစားရနိုင်သည်။အရောင်ဖျော့သည် အ၀တ် သို့မဟုတ်-အဖြူရောင်အ၀တ်များသည် အလင်းရောင်ပြန်နိုင်၍၀တ်ဆင်သင့်သည်။ ပွသော ချည်ထည် အ၀တ်များသည် အသင့်လျော်ဆုံး ဖြစ်သည်။အ၀တ် ပါးပါးသည် အပူရှိန် ရောင်ပြန် ဟပ်မှုကိုပါ ကာကွယ် ပေးသည်။
(အပူဒဏ်နှင့် အရေပြား)
နေရောင်ခြည်ရှိ ခရန်းလွန်ရောင်ခြည်ကြောင့် အရေပြားကို အရောင်ရင့်စေသည်။အသားအရေကို ညိုစေသည်။နေရောင်ခြည်အောက်တွင် ကြာရှည်စွာ နေထိုင်ပါက ခရမ်းလွန် ရောင်ခြည်သည်အရေပြားကို နီရဲစေပြီး နာကျင်စေနိုင်သည်။အရေပြား ကင်ဆာအထိပင် ဖြစ်စေနိုင်သည်။
(အမိုး အကာ သယ်ယူစရာ)
နေပူထဲသို့သွားလျှင် ထီး၊ ဦးထုပ်၊ ခမောက်၊ တခုခုကို ဆောင်း၍ သွားသင့်သည်။သို့မှသာ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်နှင့် အရေပြား တိုက်ရိုက်ထိတွေ့မှုအား ကာကွယ်နိုင်မည် ဖြစ်သည်။
(နေပူထဲ ရှောင်စရာ)
နေပူထဲတွင် ရေချိုးခြင်း၊ ရေကူးခြင်းများကို ပူပြင်းသောအချိန်၌မပြုသင့်ချေ၊နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ အရိပ်တွင် နားပြီးမှသာ ရေချိုးသင့်သည်။ကလေးများသည် နေပူထဲတွင် ကစားတတ်ရာ လူကြီးများကလည်း ဂရုမပြုမိဘဲ ရှိတတ်သည်။နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ချေ။
(အပူဒဏ် ကုသရေး)
ချွေးထွက်များလျှင် ရေကိုမကြာခဏ သောက်ပေးရမည် ဖြစ်သည်။ရေနှင့် ဆားဓာတ်တို့ဆုံးရှုံးမှုကို ပြန်လည်ဖြည့်းတင်းပေးရန် ရေ-သို့မဟုတ် ရေနွေးကြမ်းတွင်ဆားအနည်းငယ်ထည့်၍ သောက်နိုင်သည်။ဓာတ်ဆားထုပ် ရှိလျှင်လည်း ဖျော်သောက်နိုင်သည်။ထို့အပြင် သစ်သီး ဖျော်ရည်များကိုလည်း သောက်နိုင်သည်။မိတ်ဖု ယားနာဖုများ ထွက်လျှင် ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကိုပြုလုပ်ရသည်။ နာရီပိုင်းအတွင်း ကိုယ်အလွန်ပူပြီး အရေပြား နီမြန်းခြင်း၊ကယောင်ကတမ်း ပြောခြင်း တို့ဖြစ်လျှင် ဆေးရုံဆေးခန်း သို့ပြ၍ ကုသမှုကိုခံယူသင့်ပါသည်။
-ဒေါက်တာအောင်သန်း
အပူဒဏ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ပူပြင်းသည့် အချိန်တွင်ပတ်ဝန်းကျင် အပူချိန်သည် ၁၀၂-ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၇-ဒီဂရီ ဖာရင်စိုက်အထိမြင့်တက်လာနိုင် သည်။လူ့ခန္ဓာကိုယ်၏ သာမန် အပူချိန်မှာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ ခန္ဓာကိုအပူချိန် ၁၀၆-ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် ကြာရှည်ပါက ဦးနှောက်ကိုထိခိုက်နိုင်သည်။အပူချိန် ၁၀၉.၆ ဒီဂရီ ဖာ၇င်ဟိုက်ရှိလျှင် သေဆုံး နိုင်သည်။
လူ့ခန္ဓာကိုယ်တွင် အပူထိန်းချုပ်မှု စနစ် ရှိရာခန္ဓာကိုယ်အတွင်း အပူချိန် မျှတစေရန် ဆောင်ရွက်ပေးသည်။ပြင်ပ ပတ်ဝန်းကျင်အပူချိန်မြင့်တက်လာသော်လည်း ခန္ဓာကိုယ် အပူချိန် မမြင့်တက်စေရန်ထိန်းချုပ်ပေးသည်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...