"ပဋာစာရီလက်သစ်"
နယ်မြို့လေးတစ်မြို့က ရွာလေးတစ်ရွာမှာပေါ့။
ကျမသွားလည်မိတဲ့ ရွာလေးတစ်ရွာပေါ့ ရွာဆိုပေမယ့် တစ်ချို့ နေရာတွေမှာ တော်တော် ခေတ်မီနေပါပြီ။
မြို့ နဲ့ကလဲ အရမ်းမဝေးလှပါဘူး။
ကျမသွားလည်တဲ့ အိမ်က အဲဒီရွာလေးရဲ့
တောကျောင်းလေးနားမှာဆိုတော့ ဆိုတော့ ထုံးစံအတိုင်း ကျောင်းသွားကျောင်းပြန်မြင် မြင်ကွင်းကို မြင် နေရသလို စာအံသံတွေ တစ်ချိန်လုံး ကြားနေရပါတယ်။ ဘဝမျိုးစုံ ကိုတွေ့ရပါတယ်။ ကျောင်းသားလေးတွေက မပြည့်မစုံ ချို့ချို့ တဲ့တဲ့ ကြားက ပညာလိုချင်လွန်းလို့ လာသင်တဲ့ ကလေးတွေက များပါတယ်။ ဘဝတွေစုံသလို အကြောင်းတွေကလည်းများပြားလွန်းလှတယ်။ ကျမထင်မှတ်မထားမိဘူး။ဒီလိုတောရွာလေးမှာ ရိုးရိုးသားသား လူတွေပဲရှိလိမ့်မယ် ထင်မိတာပါ။
ကြီးနိုင်ငယ်ညှင်း လူကိုလူလို့မထင်တဲ့သူတွေ သားသမီးချင်းကိုယ်ချင်းမစာနာသူတွေရှိ
လိမ့်မယ်မထင်ဘူး။
ကျမအဒေါ်ကနယ်ကကျောင်းမှာတာဝန်ကျလို့ သွားလည်မိခဲ့တာပါ။့ အဒေါ်ပြောသော
အကြောင်းအရာများကြောင့် ကျမမျက်ရည်ဝဲမိသလို ရင်နာခဲ့ရတယ်။
"သမီးနဲ့မိတ်ဆက်ပေးရအုန်းမယ် ဒီသမီးလေးနာမည်ကခင်မေတဲ့
ဒီလိုသမီးရေသိပ်မကြာခင်လေးကမှ သူများအနိုင်ကျင့်ခံထားရတာ"
"ဘယ်လို"
ရုတ်တရက် နားထဲမှာ မရှင်းတာမို့ သေချာအောင် ပြန်မေးကြည့်ရပါတယ် ။ ကျွန်မ ထင်တာက ကလေးအချင်းချင်း ကစားရင်းနဲ့ အနိုင်ကျင့် ခံရတယ် ထင်တာပါ။ ကလေးမလေးက ငယ်ငယ်လေးပဲ ရှိသေးတာကို။ ဒါပေမယ့် ကလေးမလေးရဲ့ အဖြစ်က တစ်မျိုး ကလေးချင်းဖြစ်တာမဟုတ်။
"ကျောင်းကပြန်လာပြီး ရေချိုးနေတုန်းမှာ သူတို့ဘေးက အိမ်နားမှာနေတဲ့ ကောင်လေးတစ်ယောက်က လှမ်းခေါ်တယ်တဲ့။
အဲဒီကောင်လေးက အသက် ဆယ့်ခြောက်နှစ်လောက် ရှိပါပြီ။ သူ့တို့အိမ်ကရွာမှာသြဇာအငြောင်းဆုံးပေါ့။
အဲဒီနေ့က ကောင်လေးက ကလေးမလေးကိုခေါ် အိမ်တံခါးကို ပိတ်ပြီးအနိုင်ကျင့်ပါတယ်တဲ့။ ကောင်လေးက အရက်လဲသောက်ထားတယ်။ ကလေးမလေးက အရမ်းအော်ငိုတော့ ရွာထဲကလူတွေ ရောက်လာပြီး တံခါးဖွင့်ခိုင်းပါတယ်။ ကောင်လေးက မဖွင့်ပေးတော့ ဘေးပြတင်းပေါက်ကနေ ခုန်ကျော်ပြီးဝင်လာကြတယ်။
လူတွေက ငိုနေတဲ့ ကလေးမလေးကိုချော့ပြီး သူ့အိမ်ကို ပြန်ပို့ပေးတယ်။
ကလေးမလေးရဲ့ မိဘတွေ အပြင်က ပြန်လာတော့ ညမိုးချုပ်နေပြီ။ အဲဒီအချိန်တုန်းက ကလေးမလေးရဲ့ ညီမလေးက ကိုယ်တွေပူပြီးဖျားနေလို့ ကလေးအမေကရွာကဆေးဆရာဆီကိုသွားနေကြတာတဲ့။ မိဘတွေက အိမ်နီးနားချင်းတွေပြောပြလို့ အကြောင်းစုံကိုသိရပါတယ်။ ကလေးမလေးရဲ့ အမေက ကောင်လေးရဲ့ အိမ်ကို ချက်ချင်း သွားပြီးတိုင်ပါတယ်။ ဒါပေမယ့် ကောင်လေးရဲ့မိဘတွေက ဘာမှအရေးအယူ မလုပ်ဘူး။ ကျေနပ်လောက်အောင် ပြေရာပြေကြောင်းလေးတောင် မပြောပါဘူး။သူ့သားက သောက်နေကျ မူးနေကျပါ။ မူးနေလို့ပါဆိုတဲ့ အဖြေကိုပဲ ပေးပါတယ်။ကလေးမရဲ့အဖေကစိတ်မထိန်းနိုင်ပဲကောင်လေးကိုသတ်လိုက်တယ်။
ဒီလိုနဲ့ကလေးမအဖေထောင်ကျသွားခဲ့တယ်။ကလေးမလေးရဲ့ အမေဟာ တော်တော် ဝမ်းနည်းသွားပါတယ်။ တကယ်မှာ အနိုင်ကျင့် ခံရတာသူ့သမီးလေး တစ်ယောက်တည်းမဟုတ်ပဲ သူတို့မိသားစု တစ်စုလုံးလို ဖြစ်နေပါတယ်။ ဘယ်သူကမှလဲ အရေးမယူပါဘူး။ တရှက်ကနေ နှစ်ရှက်ဖြစ်နေပြီ။
သူ့အမျိုးသားအတွက့် စိတ်မကောင်းဖြစ်ရပေမယ့် သူလဲဘာမှမတတ်နိုင်ပါဘူး။့  ကလေးအမေဟာ ဖျားနေတဲ့ သမီးငယ်လေးကိုချီသမီးကြီးကိုလက်တဖက်ကတွဲလို့ဟိုလူအကူအညီတောင်းဒီလူအကူအညီတောင်း မပဋာမြေလူးဖြစ်နေချိန်မှာပဲချီထားတဲ့သမီးလေခမျာ ဖျားကလည်းဖျားမအေဖြစ်သူကလည်းစိတ်ဖိစီးမူတွေထမင်းမစားမအိပ်ပဲနေတော့နို့ကလည်းမထွက် ဒီလိုကြောင့်ကလေးငယ် သေဆုံးသွားခဲ့တယ်။
ပဋာစာရီလက်သစ်ဖြစ်တဲ့ကလေးမလေးအမေမှာ ကံကဆိုးချင်တော့ သူ့မှာကနှလုံးအားနည်းတဲ့ ရောဂါရှိပါတယ်တဲ့။ဒီလိုနဲ့ကလေးမလေးအမေဟာသမီးကြီးအရှက်နဲ့သိက္ခာကာကွယ်ချင်တဲ့ဇော ယောကျာ်းဖြစ်သူအတွက်ထောင်ကလွတ်ချင်တဲ့စိတ် သမီးငယ်လေးသေတဲ့စိတ် တွေရယ်နှလုံးအားနည်းတဲ့အရှိန်ကြောင့်
သေဆုံးသွားခဲ့တယ်။
ဒါကြောင့်ခု သမီးလေးခင်မေကဒီအဖြစ်တွေအားလုံး
ကိုမခံစားနိုင်လို့ ခုသူစကားတောင်မပြောနိုင်ပဲအတိတ်မေ့နေရှာတာ တီလေးလည်း သနားလို့မွေးစားထားတာ။"
"တီလေးရယ်လောကကြီးကပဲ မတရားတာလား.
လူတွေကပဲ မတရားတာလား.
ကံကြမ္မာကပဲမတရားတာလား"
ကျမမျက်ရည်ဖြိုင်ဖြိုင်ကျမိတယ်။ကလေးမလေးခင်မေကလာ်းသိနေသည့်အလား
မျက်ရည်တွေကျဆင်းနေတယ်။
ငွေများငွေနိုင် မီးများမီးနိုင်တဲ့ခေတ်မှာ
ခင်မေအဖေလူသတ်မူနဲ့ထောင်ကျသွားခဲ့တယ်။့
မပဋာစာရီဆိုတာ ဘုရားရှင်လက်ထက်က
စာထဲမှာသာဖတ်ဖူးခဲ့တယ်ခုတော့
ပဋာစာရီလက်သစ်လို့တောင်
ပြောလိုက်ချင်ရဲ့။
လူတွေကလဲ ရက်စက်
ကံကြမ္မာကလဲ ရက်စက်
လောကကြီးကလဲ ရက်စက် ခဲ့ပါသည်.။
ဒီလိုအဖြစ်ဆိုမျိုးကို
ဘဝဆက်တိုင်းမခံစားရပါစေနဲ့။သမီးလေးခင်မေရေ။ဝဋ်ကြွေးဆိုလည်းဒီဘဝတင်ကျေပါစေ။
ဒါခေတ်ရဲ့စနစ်ကြောင့်လား။တိုးတတ်လာတဲ့ယဉ်ကျေးမူရဲ့ကယက်ထမူကြောင့်လားမြို့များတွင်မဟုတ်ခုလိုတောရွာမျိုးတွေမှာတောင် ဒီလိုမဒိန်းကျင့်မူတွေခဏခဏပေါ်ပေါက်နေတာ ဘာကိုအပြစ်တင်ရပမလဲ
စာဖတ်သူများကောဒီလိုအဖြစ်မျိုးကို
ဘယ်သူ့သွားပြီးအပြစ်တင်သင့်တယ်ထင်ပါသလဲ။
တိုးတတ်လာတဲ့ယဉ်ကျေးမူကြောင့်
ဘယ်သူတွေကသားကောင်ဖြစ်ခံနေရလဲဆိုတာ..။
ဒီအဖြစ်ပျက်သည်ဇာတ်လမ်းတပုဒ်သာဖြစ်သည်
လောကကြီးတနေရာမှာဒီလိုအဖြစ်မျိုးရှိနေနိုင်မယ်ထင်ပါတယ်။
ဗုဒ္ဓဘာသာဖြစ်တဲ့ကျမတိုနိုင်ငံမှာ
မဒိန်းမူတွေ မြောက်မြားစွာဖြစ်ပေါ်လျက်ရှိပါတယ်။
မူခင်းစာအုပ်
အင်တာနက်စာမျက်နှာပေါ်ခဏခဏဖတ်ရပါတယ်။ဒါကြောင့်ဒီအကြောင်းလေးသည်လည်းတနေရာရာမှတော့တိုက်ဆိုင်နေခဲ့လျင်ခွင့်လွတ်ပါ။ဇာတ်လမ်းတခုသာ။
လေးစားလျက်
ရှင်းသန့်မေ
0 comments:
Post a Comment