Monday, March 31, 2014

အစာအိမ်တော်လှန်ရေး


တစ်ခါတော့ လူတစ်ယောက်အိပ်နေတဲ့အချိန်မှာ သူတို့ရဲ့ လက်တွေ၊ခြေထောက်တွေ၊ပါးစပ်နဲ့ ဦးနှောက်တို့က အစာအိမ်ကို အပြစ်မြင်ကြတယ်။ အစာအိမ်က ဘာမှမလုပ်ပဲနဲ့ အစာတွေကို ချည်းစားနေတယ်လို့ထင်တယ်လေ။ အဲဒါကြောင့် အစာအိမ်တော်လှန်ရေးလုပ်ကြတယ်။

အစာအိမ်ဆီကို လက်က ပြောတယ် " ငါတို့လက်တွေက တစ်နေ့လုံး အလုပ်လုပ်ရတယ်။လွှတွေတိုက်ရ တူတွေထုရ၊တစ်ခါတလေဆို အလေးအပင်တွေလဲသယ်ရ ဖုန်တွေပေ သဲတွေပေနဲ့ အသားမာတွေနဲ့ ဒဏ်ရာတွေလဲရကြတယ်။ လက်အဆစ်တွေလဲ ကိုက်ခဲတယ် မင်းကတော့ တစ်နေ့လုံး ထိုင်စားနေတာချည်းပဲ "
အဲဒီစကားကို ခြေထောက်က ထောက်ခံတယ်။ " ငါဆိုတစ်နေ့လုံး တစ်ညလုံး ဟိုသွားဒီသွား၊ဖုန်တွေပေ သဲတွေပေတယ်။ တစ်ခါတလေဆို မစင်တွေတောင်ပေနဲ့ မင်းကတော့ ၀က်လိုပဲစားနေတာပဲဟေ့ "
ပါးစပ်ကလဲ " မင်းဆီရောက်ဖို့ အစာတွေကို ငါကအကုန်ချေဖျက်ပေးရတယ်။ မာတဲ့အစာတွေလဲ ၀ါးစား။ အရိုးတွေဖယ်ပေးနဲ့ နုနုဖတ်ဖတ်လေးတွေကိုမှ မင်းကစားတယ် ငါမကျေနပ်ဘူးကွ "
ဦးနှောက်ကလဲ " ငါ့မှာ မနက်စာပြီးရင် ညစာကို ဘယ်လိုရှာရမလဲ။ ဘယ်လိုဗိုက်ဖြည့်ရမလဲဆိုတာကိုတွေးပြီးတော့ မင်းကတော့ ငါရှာထားတာတွေအကုန်လုံးကို လုစားနေတယ် တရားရဲ့လား"
ဒီလိုနဲ့ ဦးနှောက်က အကြံပေးတယ်။ ဒီအစာအိမ်ကို တော်လှန်ကြမယ်ပေါ့။ ပြီးတော့ အခြားအဂါင်္အစိတ်အပိုင်းတွေနဲ့ပါ ပေါင်းပြီးတော့ တော်လှန်ကြတယ်။ အစာအိမ်ကို လှုပ်မရအောင် ချုပ်ထားလိုက်ကြတယ်။
ပြီးတော့ လက်တွေ ခြေတွေကလဲ သူတို့အလုပ်တွေမလုပ်တော့ဘူး သပိတ်မှောက်တယ်ပေါ့
ထိုလူမှာ လက်တွေခြေတွေလဲလှုပ်မရတော့။စဉ်းစားလို့လဲမရတော့။ဒီလိုနဲ့တစ်ရက်လောက်ကြာတော့ ထိုလူဆာလောင်နေပြီ။ဒီအချိန်မှာ ထိုလူရဲ့ နှလုံးက အော်ပြောတယ် " မင်းတို့တွေမှားနေပြီ အစာအိမ်မလှုပ်ရင် မင်းတို့တွေအားလုံးလဲ လှုပ်လို့ရမှာမဟုတ်ဘူးတဲ့" အဲဒီအချိန်မှာ လက်ကလှုပ်ကြည့်တယ်။ ရတယ်။ဒါပေမယ့် အရာဝတ္တုတွေကို မကိုင်နိုင်တော့ဘူး။ ခြေထောက်ကလဲ မရပ်နိုင်တော့ဘူး။ အားလုံး စိတ်မကောင်းဖြစ်ကြတယ်။ ပြီးတော့ အစာအိမ်ကိုပြန်လွှတ်ပေးလိုက်ပြီးတော့ ကိုယ့်တာဝန်ကိုယ်ပြန်လုပ်ကြတယ်။ အဲဒီတော့မှ ထိုလူ့ရဲ့ လက်တွေ ခြေတွေလဲ အစာအိမ်ကလှုပ်ရှားပြီး စွမ်းအင်ထုတ်နေတာကြောင့် အေးအေးဆေးဆေးဖြစ်သွားပြီး နောက်တစ်ခါ တော်လှန်ဖို့ မစဉ်းစားတော့ဘူးတဲ့
ပုံပြင်လေးကတော့ ကလေးဆန်ပါတယ်။ ဒါပေမယ့် လူတိုင်း သူ့နေရာနဲ့သူ ကိုယ့်တာဝန်တွေကိုယ်လုပ်နေတဲ့အချိန်မှာ အခြားလူတွေနဲ့ လိုက်တိုင်းနေရင်တော့ အားလုံးအလုပ်ပျက်ဖြစ်မယ်ဆိုတာကို မြင်နိုင်ပါတယ်
မောင်စိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...