Sunday, March 30, 2014

မနှိုင်းသင့်တာကို မနှိုင်းပါနဲ.ဗျာ

ကိုရင်ကြီး?
ပြောလဲြေ့ပာပြီးပြါ့ပီ ကျုပ် ထပ်ပြောခြင်ရင် ရိုင်းတယ်လို.မထင်ပါနဲ ။  ခရစ်(ရှ) နား။ ဂေါတမ ဗုဓ္ဒ ၊ ယေရှု ၊ မိုဟာမက်နဲ ပညာရှိ လူကြီးသူမတွေ ပြောဆိုဆဲ့မတဲ စကားတွေ ထပ်တလဲလဲ ကြားနေရလို. နားညီး  ပြီတောင် ယိုနေပါပြီဆိုရင် ။ဘယ်သူ.ကိုမှ မရိုသေ မလေးစား လို.မဟုတ်ပါဘူး။ လက်တွေ.ရင် ဆိုင်နေရတဲ့ ပြသနာတွေကို လက်တွေ ဖြေရှင်းဘို လိုအပ်နေတာ အမှန်ဘဲ . မဖြေရှင်းဘဲ  အကြံမပြုဘဲ ၊သူများဟောပြီးသား တရားတွေသာ စွပ်ဟောနေရင်၊ တာဝန်ရှောင်ရာ ရောက်မယ်။  မယောင်ရာ ဆီလိမ်း တော့ မဖြစ်သင့်ဘူးပေါ့ ဗျာ။
သူတို.တတွေ အားလုံး တခြားလူကြီးသူမ ပညာရှိ သုခမိန်တွေ ဟာ သူနေရာနဲ. သူ ၊ သူချိန်
ကာလ သူအခြေအနေနဲ့ သူပြောစရာပြောဟောစရာ ဟော ခဲ့ကြသူတွေပါ၊ နားထောင်သူရှိ
တယ် နားမထောင်သူရှိတယ် သူတို. အသက်ကိုရန်ရှာသူတောင်ရှိတယ် ၊ အောင်မြင်သူတွေ မအောင်မြင်ဘူး ၊ သူတိုအားလုံးဟာ သမိုင်းမှာ ထင်ရှားသူတွေချည်းပါဘဲ ။

ကိုရင်ကြီးရဲ. မေးခွန်းက၊ ‘ ဆရာစံကျဆုံးပြီး ဗိုလ်ချုပ်အောင်ဆန်းဘာလို့အောင်မြင်သလဲ’  ၊ အာ ပါး ပါး ၊ ဒီလိုမေးခွန်းမျိုး ကိုရင်ကြီးဆီက လာလိမ့်မယ်လို မမျှော်လင့်ခဲ့မိဘူး၊. မေးခွန်း
များ မှားနေသလား ၊  ဒီမေးခွန်းအတွက်တော့ ကိုရင်ကြီးကို လေးစားရမလား။ မနေ.ကဘဲ သမာသမ ဆိုတာကို ကိုရင်ကြီးပြောခဲ သေးတော့ ကျုပ်ဖြင့် စဉ်းစားလို.မရနိုင်ဘူး။ ၊
ကိုအောင်ဆန်းကိုတော့သူများတွေနဲ့အတူ လေးစားပြီးသားပါ ။  အမေးရှိတော့ အဖြေ ရှိရ
မှာပေါ့ ၊ ဟုတ်ဘူးလား။၊ ကြားခြင်ရင် နားဆင်ပါခင်ဗျာ ။  မှတ်မိသလောက်ပြောရရင် --
သုပန္နက ဂဠုံ ဆရာစံနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို.ဟာ အချိန်ကာလ ကွာပါတယ် ။ ၁၉၃၀ ခုက ဆရာစံ တော်လှန်ပြီး ၁၉၃၁ ခုမှာ ကြိုးပေးခံရတယ် ၊ အောင်ဆန်းဟာ  ဘယ်ရောက်နေ
မှန်းတောင်မသိဘူး ၊ ၁၉၃၃ ခု တက္ကသိုလ်ရောက်မှ နိုင်ငံရေးလှုပ်ရှားးမှု စခဲ့တယ်လို.ဆိုတယ်။ အချိုမှတ်တမ်းတွေမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ကိုအောင်ဆန်းစပြီး ဖွဲ.စည်းလဲတာလို.တောင်ဆိုထားတယ်
သူတို.အချိန် သူတို.ကာလမှာ ကျုပ်တိုလဲ သူတိုလောက် အရွယ်ရောက် နေမယ်ဆိုရင်  လူမျိုးစိတ် နိုင်ငံစိတ်နဲ. သူတိုနဲ့ အတူ မပါဘူးလို.မပြောနိုင်ဘူး။  ဆရာစံ သတိလစ်သွား
တာက သီပေါ ပါတော် မူတာကို လက်ပိုက်ကြည့်နေခဲ့တဲ့ မြန်မာတွေကိုအခတ်မှန်းမိဘဲ သူကိုသူ ဘုရင်ကြေငြာခဲ့မိတာဘဲ လို.ပြောရရင် ရတယ် ၊  နိုင်းယှဉ်စရာက ရှီတ်စပီးယား ရဲ. ၈ျူးလီးယပ် စီဇာ ဇါတ်မှာ စီဇာဟာ ဂေါ့(ဒ)ကင်း ဆိုတဲ့ ဒလိုင်လာမာမျိုး ဖြစ်ခြင်သူ မို. အသတ်ခံရတယ် အကြောင်း တခုလဲ ပါတယ် လို.မှတ်သားရဘူးတယ် ။ ဆရာစံ သာ ရှိုတ်စပီးယား ဖတ်မိရင် မြန်မာရာဇ၀င် တချိုးတမည် ပြောင်းသွားနိုင်တယ် ။

မနိုင်းကောင်းပါဘူး ကိုရင်ကြီးရဲ. ဆရာစံ ဟာ ဆရာစံပါ၊  ၀န်သိုစော်ဘွား အပါအ၀င် မြန်မာ မျိုးချစ် တိုင်းချစ် ပြည်ချစ် ဗမာ(မြန်မာ)တွေဟာ ၊ ကျေးဇူး ဆပ်လို.မကုန်နိင်အောင် ဘယ် အပြင် လူကိုမှ အောက်ကျနောက်ကျ အကူအညီမတောင်း အားမကိုးခဲ့ဘူး ၊ ကိုယ်အား
ကိုယ်ကိုးတဲ့ လူစွမ်းကောင်းစစ်စစ်ကြီးတွေမှာ ၊ ဆရာစံဟာ တယောက်လို. ကျုပ်မြင်တယ် ၊ သေရဲတယ်၊ သတ်ရဲတယ်၊ ဘယ်ကိုမှ ထွက်မပြေးခဲ့ဘဲ  အထက် မြန်မာပြည်က အစ အောက်မြန်မာပြည်အဆုံး တပြည်လုံးကို လှူပ်ခဲ့တဲ ဆရာစံ  ပါ  ။ ပြန်ကြည့်ပါအုံး ကိုရင်ကြီး
ရဲ.၊ အင်္ဂလိပ် တုန်တုန်လှုပ်ခဲ့ ပြီး ကရင်တပ်တွေနဲ့ ခြေမှုန်းခဲတာတွေ မှတ်တမ်းရှိတယ်လို. ပြေညပါရစေ တော့။
ဗိုလ်ချုပ်အောင်ဆန်းအောင်မြင်တယ် ဆိုတာဟာ ကိုရင်ကြီး အမြင်အရပေါ့ ။ ဆရာစံနဲ့အပါအ၀င် မျိုးချစ်တွေ  စခဲ့ တဲ့ ဇါတ်ကို ကိုအောင်ဆန်းနဲ.တစုကလက်စ သပ် ဇါတ်သိမ်းခဲ့တာဘဲ လို.ပြောရင် ကိုရင်ကြီး လက်ခံမလား၊ ဇါတ်သိမ်းကောင်းတာ မကောင်းတာ ကို ကိုရင်ကြီး
သာ ဆုံးဖြတ်ပေတော့ ၊  မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတာ မေတ္တာရှိလို. ချစ်လို သဒ္ဒါလို.မဟုတ် ဘူး ဆိုတာ ကို ကျုပ်မကြာခဏ လဲ ပြောဘူးပါတယ်၊  ဒုတိယ ကမ္ဘာစစ်မှာ အင်္ဂလိပ် ဟိုက်နေလို. အမော ဆို.နေလို.ဘဲ ၊ အမေရိကန်မှ မကယ်ရင် အင်္ဂလိပ် သေချင်းဆိုးနဲ. သေ
တော့ မယ် ဆို တာသိတယ် မဟုတ်လား ကိုရင်ကြီးရဲ. ၊ သမိုင်းကို ပြန်ပြီးလေ့လာကြည့် ပါအုံး၊
အင်္ဂလိပ်တွေ အင်္ဂလန် ကိုပြန်လည်တည်ထောင်ဘို. ချီးက သေးက စလို နေခဲ့တယ်။ သူတို
ရဲ့ Priority ဘာလဲဆိုတာ သူတို.သိတယ် ။ စစ်အပြီး ထုံးစံအတိုင်းသူတို. ရစရာ ဝေစုလေး
တွေ ခွဲဘို.လဲ စီစဉ်ရအုံး မယ် ၊ ကွန်မြူနစ် ချိန်းချောက်မှူ အန္တရာယကြီးကို ကာကွယ်စရာ တွေ ရှိသေးတယ် ။ မြန်မာနိုင်ငံလို မလောက်လေး မလောက်စား နိုင်ငံကြောင့် ဗြိတိသျှ တို.အိမ်ရေးပျက်မခံနိုင်ဘူး။ တခြား တကယ်အရေးကြီးတဲ့ အလုပ်တွေ ကိစ္စတွေ လုပ်စရာရှိနေ
တယ်၊  ၊ ရရင်ရ  မရရင်ချ ဆိုတဲ့ ကြွေးကျော်သံ ဟိန်းတဲ့  မြန်မာကွန်မြုနစ် တွေကိုလဲ မြန်မာဆီနဲကျော် မြန်မာအရိုးနဲ့ဘဲ ထိုးခဲ့တာ မှတ်မိတယ် မဟုတ်လား။  အဲဒါတွေကအစ ဘယ်သူ မွှေးခဲ့တဲ မီးတွေလဲ ? မြန်မာပြည်ဟာ ဘယ်မှ ပြေးမသွားဘူး၊ ပျောက်မသွားဘူး  ရှိနေတဲ့နေရာမှ ရှိနေမှာဘဲ ဆိုတာ အင်္ဂလိပ် ကောင်းကောင်းသိတယ် ။ ဒီအဖြေလောက်
ဆိုရင် လုံလောက်ပြီလား ၊
ဆရာစံရော ၊ အောင်ဆန်းရော ၊ ကိုစောရော ပျောက်သွားရတယ် ၊ သွေးရိုးသားရိုးလား ? ယိုးခြင်သူကိုယိုး ၊ စွပ်ခြင်သူကို စွပ် ပေတော့။ ဒီနေ.အောင်ဆန်းရဲ.သမီး အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှာ ၀င်ဆန်.နေတာ သွေးရိုးသားရိုး လား ? လွတ်လွတ်လပ်လပ်ကြီး ထင်ခြင်တာ ထင် ယူဆခြင် သလို ယူဆ။ ကျုပ်တို အားလုံးဟာ လွတ်လပ်တဲ့ နိုင်ငံသားတွေဘဲ အမည်
အားဖြင်ပေါ့ဗျာ ။
ဒီနေ.မြန်မာပြည် နဲ့ မြန်မာတွေ ရင်ဆိုင်တွေကြုံနေရတဲ့ ပြသနာနဲ့ အခက်အခဲ ဟာ ဘာတွေ
လဲ ဆိုတာကို ကျုပ် သမာသမ အကျဆုံးပြောလိုက် တာဘဲ ။ ဒီမိုကရေစီ ဘဲပြောပြော  လူ.အခွင့် အရေးဘဲ ဆိုဆို ၊ ပြသနာရင်း ကို သိပေမဲ့ မပြောခဲ့ကြဘူး ၊ သမာသမ ကျလွန်းရင် လူတိုင်း လက်ခံခြင်မှလဲ လက်ခံမယ် ၊ ကိုယ်.ဘက် မယိုင်ရင် ကြိုက်ခြင်မယ် မဟုတ်ဘူး ။ လောကကြီးနဲ့ ကိုင်ပေါက်ရအောင်လဲ လောက ၃ ပါးကို ကျုပ် မနိုင်ဘူး ၊ လူလောကြီးမှာ
သမာသမ မရှိကြလို. ရှိအောင်လုပ်ဘို. ပြောဟောနေတာ ဆိုတာလောက် တော့ သိတယ် ၊ ကိုယ်ကိုကိုယ်သာ ရှိအောင်ကြိုးစားနေရတယ် ။ သူများတကာတွေ  ရှိအောင်သူတိုဟာ
သူတို.လုပ်ကြဘို.ဘဲ ။ ကိုယ်ကပြော လို.တော့ သူတို.လက်ခံခြင်မှလက်ခံ ကြမယ် ကိုး။
သမာသမ ဆိုတဲ့ တလုံးထဲသော စကားနဲ.လဲ မရသေးဘူးလေ ၊ ဘာတွေဟာ သမာသမ မကျဘူ. ဘယ်လိုလုပ်ရင် သမာသမ ကျမယ် ဆိုတာလေးတော့ ပါရမှာပေါ့ ။
ဒီနေမြန်မာတွေဟာ ရာဇ၀င်ကြွေးကိုဆပ်နေကြတာပါဆိုတာကို မနေ.က ကျုပ် ရင်နင့်စွာနဲ့ ဖေါ်ပြခဲ့တဲ့ အာတီကယ်နဲ.မှ သဘောမပေါက်ကြရင် မြန်မာတွေ လေ့လာစရာ အများကြီး လိုသေးတယ် လို.သာ ပြောလိုတယ် ။ ကျုပ်လဲ လေ့လာလိုက်အုံးမယ်. လေ့လာစရာတွေ ကတော မကုန်နိုင်အောင်ဘဲ ။
မြန်မာပြည်မှာမွေးရင် မြန်မာတွေ၊ မြန်မာတိုင်းရင်းသား၊ မြန်မာနိုင်ငံသား တွေဘဲ ပေါ့ ။ ၅၅ သန်းမျှသော မြန်မာတွေ အားလုံး ဒီအတိုင်းဘဲ မှတ်ယူလက်ခံကြမယ်ဆိုရင်ကို  ပြသနာ ၉၅ ရာခိုင်နှူန်းပြေလည်ြ့ပီလို.ဆိုခြင်တယ် ။ မြန်မာပါလို.ပြောရမှာကို ကိုယ့် အိုင်ဒီ ပျောက်ရ တယ် လို.မှတ်ယူသူတွေရှိနေတယ် ဆိုတာ ကိုရင်ကြီးလဲ သိသားဘဲ ၊ ကျုပ်ကတောင် ဗမာပါ ၊ ဗမာဆိုတာပျောက်နေပါပြီလို.ပြောတာ ဟာ တမင် ပြောလိုက်တာ ဘဲ၊ ဒီရာဇ၀င်ကြွေးကို ဆပ်ဘို.မှာ ‘သူရသတ္တိ ‘  ရှိတဲ့ မြန်မာတွေ လိုပါတယ် ။ ချွေးနဲ.တိုက်စရာ သွေူးနဲ.တိုက်စရာတွေ ရှိနေပါတယ် လို.ပြောခြင်တယ် ။၊ ရေရှည် ဆွဲတိုက်နေမလား ရေတိုနဲ.အပြတ်
ရှင်းမလားဆိုတာ သူရသတ္တိ ရှိတဲ့ မြန်မာတွေပေါ်မှာ တည်ပါလိမ့်မယ်။ တပ်နဲ့ပြည်သူ တသား
ထဲရှိဘို. လိုအပ်တယ် ။ မြန်မာနိုင်ငံသားဆိုရင် မြန်မာနိုင်ငံအတွက် တာဝန်ရှိစေရမယ် မြန်မာ
နိုင်ငံသား ဆိုရုံ ၊  အော်နေရုံနဲ့ မပြီးပါဘူး ။
ပြည်သူရဲ ဆိုတဲ့ ပုလိပ် ၊ ပြည်သူတပ်မတော် ဆိုတဲ့ စစ်သားတွေ ဟာ ပြည်သူထဲက ပြည်သူ
တွေပါ၊ . ပြည်သူတို.ရဲ သားသမီးတွေ ပါ ၊ လာတုန်းက. လူကောင်းကလေးတွေ တပ်ထဲ ခေါ်ပြီး သောက်ကျင်.ဆိုးတွေ သင်ကြားလေ့ကျင်ပေးလိုက် လို.ပျက်ဆီးသွာရတာတော့
မဟုတ်ပါဘူး။  အိမ်ကလာ ကထဲက ပါလာတဲ့ သောက်ကျင်.တွေလား ၊ လမ်းပေါ်ကတေလေ
ဂျပိုးတွေ လို.ပြောမလား ၊ ၄ ယောက်ပေါင်းမှ တတန်းအောင်တဲ့ အကောင်တွေ လို. ပြော ခြင်လို.လား?   ‘နဂိုရှိမှ နဂိုင်းထွက်’ လို.ဆိုတယ် ကိုရင်ကြီးရဲ. ။  ရဲထဲ တပ်ထဲ ကို ဖျက် ဘို.သက်သက်  အင်ဖီ(လ်)ထရိတ် ၀င်မလာ နိုင်အောင် လူကြီးတွေက သတိထားရမယ် ၊ စီစစ်ရမယ်။ လမ်းေါ်မှာ ထိမ်းမနိုင သိမ်းမရ. မိမဆုံးမ ဖမဆုံးမတွေအဖြစ်လွတ်ထားရမှာလား
အခုတောင် ဒီမိုကရေစီနဲ့ လူ.အခွင်.အရေးနဲ. ပေါ်မှာ ပြည်နေလို.လမ်းပိတ်နေပြီ ၊ငြိမ်းချမ်း
ကာလ ဆိုရင် တမျိုး ပေါ့၊  မြန်ပြည်ဟာ အခြေအနေတမျိုးဘဲ ၊ တတ်နိုင်ရင် လက်နက်အား
ကောင်းကာလမှာ လူဗြောက် သောက် မလိုပါဘူး ။  လက်နက်ကောင် တခုနဲ့ထိမ်းသွားမှာပါ။
အနော်ရထာ လက်ထက်က ဥသာပဲခူး ကို စစ်ကူ လွှတ်လိုက်တာ ကျန်စစ်သားနဲ့ပါမှ ၄ ယောက်ထဲ လို. စာဆိုရှိပါတယ်။ ကျန်စစ်သားဖေါက်ပြန်တာ အနော်ရထာကြောင့်လား သူ.သောက်ကျင့်နဲ သူလား။
နောက်ပြီး သယံဇာတ ထွက်တဲ့အပိုင်းက သယံဇာတ ပေါသူတွေက ဒီသယံဇာတတွေ ကို လက်နက်လုပ်ပြီး တနိုင်ငံလုံးကို ချိန်းချောက်အန္တရာယ် ပေးနေတာတွေဟာ လက်တွေ.တွေ မဟုတ်လား။ ငြိမ်းချမ်းရေးဆိုတာ ဘယ်နှစ်ခါ ဆွေးနွေး ဘယ်နှခါ လက်မှတ်ထိုးရမှာလဲ ။ မောရင် ရပ် အမေြာေ့ပရင် ထချ တဲ့ ငြိမ်းချမ်းရေးတွေ ကျုပ်တသက်မှာ မရေမတွက်နိုင်တဲ့ အကြိမ်တွေ တွေ.ခဲ့ရပြီ၊ မှန်တာပြောရရင်. ဘာတွေ သဘောတူ ကြတယ် ဆိုတဲ့ အချက်
အလက် သဘောတူစာရွက်စာတမ်း ကို ပြည်သူထဲက ပြည်သူတယောက်အနေနဲ မတွေ.ဘူး ဘူး ၊
ပြောစရာ က သောင်းကျန်း အဖွဲထဲက သဘောတူသူကတူ-မတူသူကမတူ ဆိုတော့ တူသူ
ကို ပြန်လည်ထူထောင်ပေး ။ မတူသူကိုလဲ  ဆက် ဆော်ရုံဘဲ ပေါ့၊ မရေ၇ာ မသေချာတဲ့ ဆောင်ရွက်မှု ကို ထုတ်ပြန်ရတာခက်တယ် ထင်ပါရ.ဲ။ ဒါမှ မဟုတ် တချိန်မှာ လုပ်ချင်တာ လုပ်ရအောင် ၂ ဦး၂ ဖက် အကျိုးဌါ မကြေငြာ မထုတ်ပြန်တာလဲဖြစ်ခြင် ဖြစ်လိမ့်မယ်၊
ကရင်ခေါင်းဆောင် ဟန်တားသာမွှေး ၊ ဘိန်းဘုရင် ဆိုတဲ့ ခွန်ဇါ တို.လို လူတွေ ဟာ သူတို.လူငယ်တွေ ပေါ်မှာသြဇာ မညောင်းဘူးဆိုတာ ထင်ရှားတယ် ။ တဖက်ကကြည့်ပြန်ရင်. မြန်မာနိုင်ငံရဲ လက်ရှိ အနေအထားမှာ ရှိတဲ့လူ တွေကိုတောင် ဘ၀ အာမခံချက် မပေးနိုင်
သေးဘူး ၊ ငြိမ်ချမ်းတွေကို ပြန်လည်ထူထောင်ရေးလုပ်ပေးဘို. ဦးစားမပေးနိုင်တာ လဲ ပါ မယ် ။ ဦးနေ၀င်းလက်ထက်က လုပ်ပေးဘူးတယ် ၅၀/၅၀ ရာနှုန်းအောင်မြင်ပါတယ် ။ န၀တ လက်ထက်မှာ ၀င်လာတဲ့ လူတွေကို ဥပဒေတွင်းက မင်းတို.ပိုက်ဆံနဲ မင်းတို.လုပ်စားကိုင်စား
သောက်ကြ ၊ နိုင်ငံတော် နဲ့ နိုင်ငံသားတို. (ပရဟိတ) အကျိုးကိုလဲ မမေ့နဲ.လို.ပြောလိုက်ပုံ ရှိတယ် ၊ သူတို.သဘောပေါက် ပုံလဲရှိတယ် ဒါကြောင် နိုင်ငံတော်နဲ့ နိုင်ငံသားတို.အကျိုးခံစား
ရတာတွေ တွေ.နေရတယ် ။
ယှဉ်ပြောစရာက နိုင်ငံရေးပါတီတွေလဲ တရားဝင် မှတ်ပုံတင်ထားရင် လွတ်လပ်စွာ လုပ်ခြင်
တာလုပ်၊ စည်းရုံးလှုပ်ရှား ဟောပြောနိုင်ဘို. ဆိုတာ ဘဲ ဖြစ်မယ် ။ မှတ်မိတယ်မဟုတ်လားြ့ပီခဲ့ တဲ့ အပိုင်းက NLD ပါတီဝင် ကပ်ပြားကိုင် သူခိုး ဒါးပြတွေ ခါးပိုက်နှိုက် မုဒိန်းကောင်တွေ က ထစ်ကနဲ့ ရှိ သူတို.ကို  NLD ပါတီဝင် ဖြစ်လို.ဖမ်းပါတယ်လို. ဟစ်ခဲ့ကြတာ မဟုတ်လား
NLD ပါတီဝင်ကပ်ပြားဟာ ၊  ကင်းလွတ်ချက် အကာအကွယ် ဒိုင်းလွှားကြီးဘဲ။

စတုရန်းမိုင် ၂၆၁ ၂၂၇ ရှိတဲ့ မြန်မာနိုင်ငံနဲယ မြေတွင်းမြေပေါ်ရှိ အထွေထွေ သော သယံ
ဇါတတွေကို  ခန်.မှန်းခြေ ၅၅ သန်းရှိတဲ့  မြန်မာတွေ အားလုံးကပိုင်ဆိုင်တယ်။ ‘ဘုံပိုင်ပစ္စည်း’
ပါ ဆိုတာကို လက်မခံခြင်ကြတဲ့ သူတွေ ရှိနေတယ်။ ‘ ဘုံပိုင်ပစ္စည်း ’ ဆိုတာ ဆိုရှယ်လစ် ကွန်မြူနစ် ဖြစ်သွားပြီ လို ဘာသာပြန်သူတွေကလဲ ပြန်ကြတယ် ။   ပြည်သူလူထုတရပ်လုံး
က ပိုင်ဆိုင်တယ် အတိုကောက်အားဖြင့် ‘ပြည်သူပိုင်’ ဖြစ်ပါ တယ်ဆိုတာကို သဘောမခွေ.သတွေ ။ ပြည်သူ.ပစ္စည်း ကို တနည်းအားဖြင့် ပုဂလိက  ပစ္စည်းအဖြစ်လိုခြင်ကြသူတွေ တပုံကြီးဘဲ ။ ပြည်သူပိုင် မြေယာ တွေကို  ထွန်ယက် သယံဇာတတွေ တူးဖေါ် လုပ်ကိုင် စားသောက်ခွင့် လုပ်ပိုင်ခွင့် ဆိုတာက အခွင့်အရေးဖြစ်တယ် ၊ တာဝန်က သမာသမ စာရင်း
အတိအကျနဲ့  နိုင်ငံတော်ကို အခွန်ဘဏ္ဍာ ပေးဆောင်ရမယ်အပါအ၀င် တခြား ပါတ်သက်ရာ
ပါတ်သက်ကြောင်း တာဝန်အရပ်ရပ်ကိုပါ ယူကြရမယ် အလုပ်သမားကို ခိုင်းရူံသက်သက်
မဟုတ် သူတိုနဲ့ မိသားစုတိုအတွက် လှူမှူ ဖူလုံရေးတွေလဲ အချိုးကျ တာဝန်ယူပေးရလိမ့်။
အလျှင်းသင့်တုန်းတခါထဲ ပြောရရင်  ရန်ကုန်မှာ အဌားကား တက္ကစီတွေဟာ. Road worthy ဖြစ်ရဲ.လား RW လက်မှတ်ဝယ်ထားတာလား ၊  သတ်မှတ်ထားတဲ့ ဈေးနဲ.ဘယ်တော့
မ မလိုက်ဘူး . သူခေါ်တဲ့ ဈေး ကို ဆစ်ပြီး ၂ ဦးသဘောတူ တဲ့မှ လိုက်တယ် ၊ ၂ ဦးသဘော
တူ ဆိုတာ လက်မှတ်မထိုးထားဘူး. ဘာလုပ်လို.ရမှာလဲ ပုလိပ်ကိုတိုင်ရင် လဲ အလကားဘဲ ကိုယ့်ခရီးနှောင့်နှေးရုံဘဲ ရှိတယ် ။   ခရီးသယ် ခရီးသွားအာမခံ  Travel Insurance အာမခံ
ဆိုတာဘယ်မှာလဲ စသဖြင့် ကျုပ်တတ်သမျှ မှတ်သမျှတွေ အသီတတန်း လျှောက်ပြောနေ
လို.လဲ မပြီးသေးဘူး. ဘာမှ ဖြစ်လာမှာ မဟုတ်သေးဘူး ။ အခြေအနေကိုက ခွင့်မပြုသေး
ဘူး ကိုရင်ကြီးရဲ. ၊ ဒါကြောင့် ဥပဒေ ရှိတိုင်းလုပ်ရရင် ကျုပ်တို.တွေ အီးတောင် မပေါက်နိုင်
ပါဘူးလို.ပြောထားတာ ၊ တရွေ.ရွေ.ပြောင်းလဲ ခြင်နဲ. လုပ်ရမယ်၊   တဟုန်ထိုးပြောင်းလဲ ဘို. ခံနိုင်ရည် မရှိဘူး လို ဒဲ့ဒိုးဘဲ ပြောပါရစေ။
မြန်မာတွေဟာ ကမ္ဘာသားတွေ အနေ နဲ့ ကမ္ဘာပေါ်မှာဖြစ်နေတာတွေကို သိဘို.လိုတယ်၊  အထူးသဖြင့် ကျုပ်တို.မြန်မာတွေဟာ ကျုပ် တို. သမိုင်းကို ကြေကြေလယ်လယ် သိကြဘို.လိုပါတယ်၊ မြန်မာဟာ ကမ္ဘာနဲ့ ဆက်နွယ်နေတာပါ  ၊အိမ်နောက်ပူ အိမ်ရှေုမချမ်းသာ ဆိုတာ ရှိပါတယ် ။ အိမ်ရှေ.ကို အပူရှိန်ဟတ် တာတော အနဲဆုံးပေါ.ဗျာ။ အခုပြောနေရတာကို က အဲဒီအပူရှိန်ကို ခံစားမိလို.ဘဲ မဟူတ်လား ။ ဒါကတော့ ကိုရင်ကြီးသိတဲ့ အတိုင်း မြန်မာ
နိုင်ငံကို အစိပ်စိပ် ကွဲလိုတဲ့စိတ်နဲ့ ကွဲအောင် တမင်လုပ်နေကြသူတွေ ၊ ကွဲမှလဲ မြန်မာပြည် ငြိမ်းချမ်းမယ် လို. ယုံကြည်သူတွေ ရှိကြတယ် ။ လူဆိုတာအမျိုးမျိုးလေ၊ ယုံကြည်ချက်ချင်း။ နည်းဗြူဟာချင်း မူဝါဒချင်း မတူလို. မညှိနိုင်လို. ပဋိပက္ခတွ ဖြစ်နေရတာဘဲ မဟုတ်လား၊ စောင်နေ ကြ တာဘဲ မဟုတ်လား ။  ပဋ်ပက္ခတွေ  ဖြစ်နေရမှ စားဝင် အိပ်ပျော်တဲ့ ပုလိပ်
ကတော်တွေ ကလဲ ရှိသေးတယ် ။
ဦးနေ၀င်းဟာ ဦးသန်းစိန် မဟုတ်ပါဘူး ၊ ၁၉၆၈ ခု စစ်တက္ကသိုဆင်း  ဦးသိန်းစိန်ဟာ စစ်မှုထမ်းကါလ နှစ်၄၀ ကျော် စစ်မှုထမ်းပေမဲ့ ပါဏာတိပါတ ကံ မဖေါက်တဲ့ စစ်သား
သူတော်ကောင်း လို.ဆိုလို.ရမလား၊   တကျောင်းတဂါထာ တရွာတပုဒ်ဆန်း သူဗြူဟာနဲ သူချည်းဘဲပေါ့ ၊ မှတ်သားစရာတွေ မှတ်သားပြီး ပြုပြင်စရာတွေ ပြုပြင် ။အခြေအနေပေးရင် လိုအပ်တာတွေ တိုးတက်အောင်လုပ်ကြရမယ် ဘဲ ဖြစ်တယ် ။
ကျုပ်လဲ သံသရာက လွတ်အုံးမဲ့ ပုံ မရှိဘူး ။ ဆက်ပြီး ကျင့်ရအုံးမယ် ။  ကိုရင်ကြီးလောက် သမာသမ ဖြစ်ဘို.ကြိုးစားရအုံးမှာပေါ့ ဗျာ။ သမာသမ မရှိတဲ့လူ.လောကကြီးထဲမှာ သမာသမ
ဖြစ်ဘို.ကြိုးစာတာခက်မယ် ၊ ဒါပေမဲ့ဟာ ကြိုးးစားကောင်း ပါတယ်။
နောက်ဆုံးပြောခြင်တာကတော့ မြန်မာနိုင်ငံကို ပုလိပ်နဲ့ စစ်သားတွေ ဖျက်နေတာ ပြောခြင်ရင် ပြောပေါ့ ၊ ပုလိမ်တွေ စစ်သားတွေ ဟာကျုပ်တို.က မွေးလိုက်တဲ့ သားသမီး မဟုတ်ဘူးလို.တော အပြောနဲ.နော် ။
ဒီအခေါက် သိပ်မပျော်ဘူး ကိုရင်ကြီးရေ.။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...