မြန်မာ့ရိုးရာ အမွေအနှစ်ဓလေ့များကို မှတ်ပုံတင်နိုင်တော့မည်
မြန်မာ့ရိုးရာ အမွေအနှစ်နှင့် ရိုးရာဓလေ့များတွင်အပါအဝင်ဖြစ်သော အင်းသားများ၏ လှေကိုခြေဖြင့်လှော်သည့် ရိုးရာဓလေ့ကို အင်းသားများဆုံစည်းရာနေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာ့ရိုးရာအမွေ
အနှစ်ဓလေ့များဖြစ်သည့် ဆိုင်း ၀ိုင်း၊
သနပ်ခါးလိမ်းခြင်း၊ ခြေ ထောက်ဖြင့် လှေလှော်ခြင်း၊ ရွှေ မျက်ပါးခတ်ခြင်းနှင့် ၁၂ လ ရာသီ ပွဲတော်များကို မပျောက်ပျက်ဘဲ တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်း သွားရန် ကမ္ဘာ့ကုလသမဂ္ဂ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ကာ ကွယ်စောင့်ရှောက်ရေး ကွန်ဗင်း ရှင်းသို့ မြန်မာနိုင်ငံက အဖွဲ့ဝင်အ ဖြစ် မကြာမီဝင်ရောက်မည်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။
‘‘ရိုးရာအမွေအနှစ်တွေကို မပျောက်ပျက်ဘဲ တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ဒီလိုအဖွဲ့အစည်းကို ၀င်ရောက်လိုခြင်းဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အဆိုပါ ကွန်ဗင်းရှင်းသည် ကမ္ဘာတစ်လွှားရှိ ယဉ်ကျေးမှုအ မွေအနှစ် ဓလေ့စရိုက်များ၊ ထုံး တမ်းစဉ်လာများ၊ နိုင်ငံတစ်ခု၏ ခေတ်အဆက်ဆက်မှ သုံးစွဲလာ သည့် ရိုးရာဓလေ့များ၊ ပွဲတော် များအစရှိသည့် ကိစ္စရပ်များကို နိုင်ငံတကာအကူအညီဖြင့် ထိန်း သိမ်း စောင့်ရှောက်ရန် ကုလ သမဂ္ဂ၊ ပညာရေး၊ သိပံ္ပနှင့် ယဉ် ကျေးမှုအဖွဲ့ (UNESCO) မှ ဖွဲ့ စည်းထားခြင်းဖြစ်သည်။
ထိုအဖွဲ့အစည်းသို့ မြန်မာ နိုင်ငံမှ အဖွဲ့ဝင်အဖြစ် ၀င်ရောက် ရန် နိုင်ငံတော်သမ္မတက ပြည် ထောင်စုလွှတ်တော်သို့ သ၀ဏ် လွှာပေးပို့ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သ ဖြင့် မကြာမီ စတင်ဆောင်ရွက် သွားတော့မည်ဖြစ်သည်။
ကွန်ဗင်းရှင်းသို့ ၀င်ရောက် ခွင့် ရရှိပါက ဖော်ပြပါယဉ်ကျေး မှုများကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သတ်မှတ် နိုင်ရေး အဆိုတင်သွင်းခွင့်ရှိပြီး သတ်မှတ်ခံရပါက နိုင်ငံတကာမှ အကူအညီများကိုလည်း လျှောက် ထားနိုင်မည်ဖြစ်ကြောင်း ဦးအေး မြင့်ကြူက ရှင်းပြသည်။
‘‘တကယ်တော့ ကိုယ့်အမွေ အနှစ်တွေကို ကမ္ဘာသိဖြစ်အောင် မှတ်ပုံတင်တဲ့သဘောပါပဲ။ ဥပမာ ခြင်းလုံးအားကစားကို မြန်မာက စခဲ့တာ အားလုံးသိတယ်။ ဒါပေမဲ့ ကမ္ဘာမှာ စာရင်းပေါက်တော့ ထိုင်းရဲ့ ရိုးရာအားကစားနည်း ဖြစ်နေတယ်။ ဒါမျိုးတွေ မဖြစ် အောင် ဒီကွန်ဗင်းရှင်းဝင်ရောက် တဲ့သဘောပါပဲ’’ ဟု ယဉ်ကျေးမှု ၀န်ကြီးဌာနတွင် ဒုတိယညွှန်ကြား ရေးမှူးချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပေးသည်။
အဆိုပါ ကွန်ဗင်းရှင်းကို ၂၀၁၃ ခုနှစ်က စတင်အတည်ပြု ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရှိ ပါးစပ်ရာဇ၀င်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ၊ ဖျော်ဖြေတင် ဆက်မှု အနုပညာများ၊ လူမှုရေး အစဉ်အလာများ၊ ရိုးရာဓလေ့များ နှင့် ပွဲတော်များ၊ ရိုးရာလက်မှု ပညာရပ်များအပေါ် သိမြင်အ လေးထားမြှင့်တင်ရန်နှင့် နိုင်ငံတ ကာမှ ပူးပေါင်းကူညီထောက်ပံ့ ပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကွန်ဗင်းရှင်းသို့ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၅၅ နိုင်ငံမှ ပါဝင်လက် မှတ် ရေးထိုးခဲ့ပြီး ယနေ့အချိန်ထိ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအ နှစ် ၂၉၈ မျိုးကို သတ်မှတ်ပြီးဖြစ် သည်။
မြန်မာနိုင်ငံသည် ကွန်ဗင်း ရှင်းသို့ ၀င်ရောက်ခွင့် ရရှိခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာ့သို့ ပြသနိုင်မည်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရန် ဆွဲဆောင်မှုနှင့် အခွင့်အလမ်း များစွာ ရရှိလာနိုင်မည်ဖြစ်သည်။

0 comments:
Post a Comment