Monday, March 24, 2014

သိသင့်သမျှ သိကြပါစေ

<<<<  သိသင့်သမျှ သိကြပါစေ  >>>>

ရွေးကောက်ပွဲ အကြိုကာလ၊ မဲဆွယ်စည်းရုံးရေး အကြိုကာလတွင် လှုပ်ရှားမှုများ စတင်လာကြပါပြီ။

ထိုလှုပ်ရှားမှုများတွင် တစ်နိုင်ငံလုံးအတွက် (သို့မဟုတ်) နိုင်ငံတော်အတွက် ဟူသော  ဟစ်ကြွေးသံများ စီစီညံနေပါသည်။

ပြည်သူများလည်း မျှော်လင့်နေကြပါသည်။

ထိုသူသာ သမ္မတဖြစ်ခဲ့လျှင်.... 

ချမ်းသာစွာ နေထိုင်နိုင်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေး၊ အဆင့်မြင့်မြင့် နေထိုင်နိုင်ရေး၊ နောင်ရေး စိတ်အေးဖွယ်တို့အား စိတ်ကူးယဉ် မျှော်လင့်နေကြပါသည်။

လွတ်တော်ကိုယ်စားလှယ် ဖြစ်ရန်မှာ လူတစ်ဦးတစ်ယောက်သည် ပါတီ တစ်ခုခုမှ (သို့မဟုတ်)တစ်သီးပုဂ္ဂလအဖြစ်  မြို့နယ်တစ်ခုမှနေ၍ လွှတ်တော်တစ်ခုအတွက် ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ရပါသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သူသည် ထိုရွေးကောက်ပွဲတွင် မိမိနှင့်အတူ ယှဉ်ပြိုင်သူများအား အနိုင်ရရန် လိုပါသည်။

ထိုသို့ ရွေးကောက်ပွဲတွင် အနိုင်ရသည်ဆိုပါစို့၊ ၄င်းသည် သက်ဆိုင်ရာ လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံရပါသည်။

သက်ဆိုင်ရာ လွှတ်တော် ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး လွှတ်တော်များကို ဆိုလိုပါသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ အားလုံးသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး(သို့မဟုတ်) အခမ်းအနား ကျင်းပချိန်များတွင် အတူတက်ရောက်ခွင့် ရကြပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သွားကြပါသည်။

ထို ကိုယ်စားလှယ်အပါအ၀င် တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ်များအား လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူညီချက်(မဲစနစ်ဖြင့်) ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများအဖြစ် ထပ်ဆင့် ရွေးချယ်ရပါသည်။

ထိုသို့ ရွေးချယ်ခံရမှသာ ထိုသူသည်  ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ထို့နောက် သမ္မတ (သို့မဟုတ်) ဒုသမ္မတများ ဖြစ်သွားခဲ့လျှင်လည်း ပါတီဝင်ဖြစ်ပါက တာဝန်ထမ်းဆောင်စဉ် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ပေးရပါသည်။

ထို့ကြောင့် မိမိနှစ်သက်သဘောကျသူ ဖြစ်တိုင်းလည်း မိမိတို့ မဲပေးခွင့်မရပါ။
မိမိနှစ်သက်သဘောကျတိုင်းလည်း မဲနိုင်မည်ဟု မပြောနိုင်ပါ။

၎င်းယှဉ်ပြိုင်သည့်နေရာမှ မဲနိုင်ပါသော်လည်း လွှတ်တော်အတွင်း မဲနိုင်မည်ဟု တစ်ထစ်ချ ပြောကြား၍ မရပါ။

လွှတ်တော်အတွင်း မဲနိုင်သော်လည်း သမ္မတနှင့် ဒုသမ္မတများ ဖြစ်ရမည်ဟု တစ်ထစ်ချ ပြော၍ မရပါ။

သမ္မတနှင့် ဒုသမ္မတများ ဖြစ်ခဲ့ပါကလည်း မိမိတို့ မျှော်လင့်သလို စိတ်ရှိတိုင်း ဆောင်ရွက်ခွင့်မရပါ။

စိတ်ရှိတိုင်း ဆောင်ရွက်၍ ရလျှင်လည်း အရွယ်လွန်နေခြင်းကြောင့် မိမိကိုယ်တိုင်ပင် ကောင်းစွာစောင့်ရှောက်ရန် ခက်ခဲတတ်ပါသည်။

ဒီမိုကရေစီ နိုင်ငံတိုင်းတွင် ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအလိုက် အာဏာခွဲဝေမှုရှိပါသည်။

နိုင်ငံတော်သမ္မတသည် တစ်နိုင်ငံလုံးအား လုပ်ပေးချင်သလို လုပ်ပေးခွင့် မရှိပါ။ လုပ်ပေးနိုင်သမျှ လုပ်ပေးခွင့်လည်း မရှိပါ။ အားလုံးကို မျှမျှတတ ဆောင်ရွက်ပေးရပါသည်။

ထို့အတူ ကဏ္ဍအလိုက်လုပ်ငန်းများကိုလည်း သီးခြား အခွင့်အရေးအနေဖြင့် ဆောင်ရွက်ပေးခွင့်မရှိပါ။

သတ်မှတ်ချက်အတိုင်း၊ ပြဌာန်းချက်များအတိုင်း သီးခြားဖြစ်ပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ပေးနိုင်ပါသည်။

ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်သော လုပ်ငန်းရပ်များကိုသာ ပြည်ထောင်စုအစိုးရအနေဖြင့် ထောက်ပံ့ပေးခြင်း ဖြည့်ဆည်းပေးခြင်းများ ညှိနှိုင်း ဆောင်ရွက်ပေးရပါသည်။

အခွန် သတ်မှတ်ခွင့် အခွန်လျှော့ပေါ့ခွင့်လည်း မရှိပါ။

တကယ်တမ်း မိမိတို့ မြို့ကလေးများအတွက် တိတိကျကျ တာဝန်ယူပေးနိုင်သူများသည် ပြည်ထောင်စု အစိုးရမဟုတ်ပါ၊ မိမိတို့၏ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

ဒေသတွင်း အခွန်လျော့ပေါ့ခွင့်နှင့် အခွန်တိုးမြှင့်ခွင့် ဆောင်ရွက်နိုင်သူများမှာလည်း  ပြည်ထောင်စု အစိုးရမဟုတ်ပါ၊ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

စားရေရိက္ခာနှင့် ဆေးဝါးများ၊အဆောက်အဦများ၊၊ ပညာရေးဆိုင်ရာ အဆောက်အဦနှင့် သင်ထောက်ကူပစ္စည်းများ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ စသည်ဖြင့် မလောက်ငှမှုများအား ကြည့်ရှု စိစစ်၍ တင်ပြတောင်းခံပေးနိုင်သည်မှာလည်း  ပြည်ထောင်စု အစိုးရမဟုတ်ပါ၊ မိမိတို့၏ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူတစ်ဦးတစ်ယောက် ပည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ခွင့်သည် မိမိတို့နှင့် တိုက်ရိုက် မပတ်သက်ပါ။

မိမိတို့နှင့် တိုက်ရိုက်ပတ်သက်သူများသည် လွတ်တော်တွင်း၌ မိမိတို့ မြို့  အကြောင်း တင်ပြပေးမည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မိမိတို့၏ ဘ၀နှင့် အနီးကပ်တစ်သားတည်းကျမည့်  ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

ထို့ကြောင့် တစ်ဦးတစ်ယောက်ကို  ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများနှင့် ပြည်ထောင်စု ၀န်ကြီးများ ဖြစ်စေရန် တစ်နိုင်ငံလုံးအတွက် အာရုံထား ကြိုးစားနေကြခြင်းထက် မိမိတို့မြို့ နှင့် မိမိတို့ ဒေသကို ကောင်းမွန်စွာ စေတနာထား  စောင့်ရှောက်နိုင်ရေး အတွက် မိမိမြို့  မှ  ရွေးကောက်ပွဲ ၀င်ရောက်မည့် ပါတီဝင်များ၊ တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များကိုသာ သေသေချာချာ စောင့်ကြည့်လေ့လာ၍ ကြိုတင် ရွေးချယ်ထားသင့်သကဲ့သို့ အမှန်တကယ် မိမိတို့ ဘ၀နှင့် နီးစပ်သော အစိုးရအဖွဲ့မှာ  ပြည်ထောင်စု အစိုးရမဟုတ်ပဲ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါကြောင်း တင်ပြရင်း.....

မြင်သင့်သည်ကို သေချာစွာ မြင်တွေ့ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

(ကွန်ဆူးမား)(၂၃-၃-၂၀၁၄)

ရွေးကောက်ပွဲ အကြိုကာလ၊ မဲဆွယ်စည်းရုံးရေး အကြိုကာလတွင် လှုပ်ရှားမှုများ စတင်လာကြပါပြီ။
ထိုလှုပ်ရှားမှုများတွင် တစ်နိုင်ငံလုံးအတွက် (သို့မဟုတ်) နိုင်ငံတော်အတွက် ဟူသော ဟစ်ကြွေးသံများ စီစီညံနေပါသည်။ ပြည်သူများလည်း မျှော်လင့်နေကြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...