လျှာထိုးမညီသောချိန်ခွင်
မဟေသီမဂ္ဂဇင်းမှာ မှာပါတဲ ပထမဆုံးခြေလှမ်း ပျော်လိုက်တာဖေဖေရယ်
အခန်း(၁)
"ရှင်......အလုပ်လေးဘာလေးပြောင်းလုပ်ဖို့ စိတ်မကူးတော့ဘူး လား။
ခုဆို ဆန်တစ်ပြည်က တစ်ထောင်ကျော်နေပြီ ၊ဆီတစ်ပိဿာ(၃၅၀၀) ။
ဒါတောင် တိုလီမုစ္စက မ၀ယ်ရသေးဘူး ရှင်ရတဲ့လစာနဲ့ ကျမက တစ်လပြည့်အောင် အချိုးကျသုံးရတာ လွယ်တာမဟုတ်ဘူး ပြီးတော့ ကျောင်းတက်တဲ့ကလေးတွေကလည်းရှိသေးတယ်"
" မိန်းမကလည်းကွာ ကိုယ်က ဘာပညာမှတတ်တာမဟုတ်ဘူး ဘယ်အလုပ်ကိုပြောင်းလုပ်ရမှာလဲ ဆိုက်ကားနင်းရမှာလား ။ အုံနားကြေားမပေးနိုင်နာနဲ့ ပေါင်ထားတဲ့အိမ်ကိုတောင် ပြန်မရွေးတော့ပဲ အပြီးရောင်းပြီးလမ်းဘေးရောက်မှာကိုတောင် မြင်ယောင်သေးတယ် "
" ရှင်စကားကိုအဲလို လွယ်လွယ်နဲ့ မပြောပါနဲ့ ။ ရှင်က အိမ်ထောင်ဦးစီး ၊တစ်ခုမဟုတ်တော့ တစ်ခုကြံဦးမှပေါ့ ၊ ဒီလိုသာဆက်နေရင် ကျမတို့ ထမင်းငတ်ပြီး သေဖို့ပဲရှိတယ်။ ရတဲလစာက ရှစ်သောင်း ကလေးတွေတိုးလို တွဲလောင်းတွေနဲ့ ၊သိုလှောင်ထားဖို့ ပြောမနေနဲ့ ကလေးတွေကျောင်းတက်တာတောင် မုန့်ဖိုးပေးစရာမရှိဘူး"
" ဟ ထမင်းချိုင့်လေးထည့်ပေးလိုက်ပြီးရင်တော် ရော့ပေါ့ကွာ ၊မုန့်ဖိုးကဘာလို့ပေးမှာလဲ ငါတို့ကချမ်းသာတဲ့လူတွေမှမဟုတ်တာ ၊ ဘယ်ကောင်ကတောင်းလဲ"
" ဘယ်ကောင်ကတောင်းတော့ ရှင်ကဘာလုပ်မှာလဲ အတန်းပိုင်ဆရာမက အချိန်ပိုခေါ်ပြီး စာသင်ပေးတာတောင် အားကစားကြေးမပေးနိုင်လို့ဆိုပြီး လူကြားထဲပြောတဲ့ " ရှင့် ကျမသားသမီးတွေကို မသနားဘူးလား "
" မင်းသားသမီးတွေကလည်း ငါ့သားသမီးတွေပါပဲကွာ ၊ ငါလည်းကြိုးစားလုပ်နေတာပဲ " "
" ဘာလုပ်တာလဲ အလုပ်သမားတွေ လစာမြှင့်ပေးဖို့ ဆန္ဒပြနေတာလား ၊ ရှင်သူများတွေ လျှောက်လုပ်သလိုလျှောက်လုပ်မနေနဲ့နော် ဟိုကုမ္ပဏီတောင် ဆန္ဒပြလို့ အဖမ်းခံရတဲ့ အလုပ်သမား ခေါ်င်းဆောင်တွေ သူတို့သာသမီးတွေကိုကြည့်စမ်း
ဘယ်လောက်တောင်သနားစရာကောင်းလဲလို့""
""မင်းကွာ ............. ။ ငါဘာပဲလုပ်လုပ် အကောင်းကိုမမြင်ပါလား "
" အကောင်းမြင်စေချင်ရင် အလုပ်ကောင်းကောင်းလုပ်ပါလား ၊ရှင်လုပ်ရမှာက ဆန္ဒပြဖို့မဟုတ်ဘူး ငွေရှာဖို့ "
တော်ကွာ ....ချလွမ်း"
" သူက သူ့ရှေ့တွင်ရှိသော လက်ဖက်ရည်သောက်ခွက်ပုဂုံကို ရိုက်ခွဲပြီး အခန်းတံခါးကိုဝုန်းဒိုင်း ဆောင့်ကာပိတ်ပြီး အပြင်ထွက်သွားသည်" ပြဿနာမဟုတ်ပေမယ့် ဒီလိုအဖုအထစ်လေးတွေ ကြုံတွေ့ရတိုင်း သူကပုဂံတွေခွဲပြီး ထွက်သွားနေကျ ။ ပြီးရင် ...... ည ၁၀နရီကျော် ၁၁နာရီကျော်မှ ပြန်လာတော့မည် ။ ဒီယောက်ျားနဲ့တော့ တော်တော် ခက်ပါသည် ။ လစာကောင်းတဲ့ အလုပ်ကိုပြောင်းလုပ်ပါဆို
ခုချိန်ထိပြောလို့မရဘူး ကုန်ဈေးနှုန်းကလည်းကျမလာပဲ အထက်ပဲတက်လာတော့တယ် ၀င်ငွေမကောင်းသောကျမတို့ မိသာစုလေးဖို့ ၀န်လေးမိတာတော့ အမှန်ပဲ ။
ကျမနဲ့ သူနဲ့ ဘောက်ကျတာကို ကလေးတွေက ခန်းဆီးနောက်ကွယ်ကနေ ကြည့်နေသည်။ အကြီးမ ယမင်းကလွဲလို့ ကျန်တဲ့ နှစ်ယောက်လေးမျှသာ ။ ဘာမှသိတတ်သည့် အရွယ်မဟုတ်။ အငယ်ကောင်းက မူကြိုတန်း၊ အလတ်ကောင်က ပထမတန်း ၊ မေသူက တတိယတန်း ၊ အင်းကျမက ဆင်းရဲတဲ့သူဖြစ်နေပေမယ့် သည်ကလေးတွေတော့ ပညာတတ်ကြီးဖြစ်စေချင်သည်။ ဒါမှသူတို့ကြီးလာရင် ကျမတို့လိုမဆင်းရဲမှာ " ကျမအတွေးကိုဖျောက်ပစ်လိုက်ပြီး လှီးထားတဲ့ မုန်လာထုပ်ကို ကြက်ဥနှင့်ကြော်ဖို့ ရေဆေးလိုက်သည် ။ ပြီးနောက် အိုးဖင်ကပ်မျှသာ ကျန်သောဆီကို အနယ်မပါအောင် သေသေချာချာ ခပ်ယူပြီးကာ အိုးထဲထည့်ပြီး ကြက်သွန်အနည်းငယ်ဖြင့် ဆီမွှေးသပ်လိုက်သည် ။ ပြီးမှ မုန်လာထုပ်ကို ထည့်၍ကြော်လိုက်သည်။ အင်း........ဒီနေ့တော့ ဒီတစ်ခွက်ထဲပါပဲလေ ။ ကျန်တာဝယ်ဖို့မှ မတတ်နိုင်တာ ။
အခန်း(၂)
ကြားရတဲ့သတင်းကြောင့်ကျမ ခဏတစ်ဖြုတ်သေသွားသလိုခံစားရသည်။ လုံးဝမယုံကြည်နိုင်၍ သေသေချာချာလေး မေးကြည့်တော
့ " ဟုတ်ပါဆိုအေဟဲ့" အလုပ်မလုပ်ပဲ ဆန္ဒပြတဲ့အထဲမှာ ငါလည်းပါတယ် ရဲက ဆန္ဒပြခေါ်င်းဆောင် လေးဦးကိုဖမ်းခေါ်သွားတာ ညည်းယောက်ျားရယ် ၊ ဟိုဘက်လမ်းထဲက ကိုစိုးကြီးရယ် ကမာရွတ်က ဒေါ်ဝင်းရယ်၊သံလမ်းကမြင့်သိန်းရယ်ပေါ့ ။ တို့က ခေါ်င်းဆောင်မဟုတ်လို့ တို့ကိုတော့ ဘာမှမလုပ်ပဲပြန်လွှတ်လိုက်တာ အကြောင်းက ဆန္ဒပြဖို့ သက်ဆိုင်ရာကိုခွင့်မတောင်းလို့ဆိုလား"
ကျမငိုချင်သလိုဖြစ်လာသည်။ သူနဲ့ကျမ အမြဲတမ်းအဖုအထစ်ဖြစ်တယ်ဆိုပေမယ့် ဘယ်တုန်းကမှ ကိုယ်ထိလက်ရောက် ရန်မဖြစ်ခဲ့ကြဘူး။ ကျမမှာ အားကိုးစရာဆိုလို့ သူတစ်ယောက်တည်းသာရှိတာ ။ သူ့အပြစ်က အယူခံဝင်မရလို့ ထောင်ကျခဲ့ပါပြီ ။ သည်ကလေးတွေကိုတော့ ကျမ ဘယ်လိုလုပ်ရမလဲ ။ ဟိုဘက်လမ်းကဒေါ်ကောင်းတင်ရဲကအကြွေးကကော ဘယ်လိုပြန်ဆပ်ရမလဲ သူဟိုနေ့က ပြောသလို အိမ်ကိုမရွေးတော့ပဲ အပြီးပြတ် ရောင်းရမယ့်အနေအထားဖြစ်နေပြီ ။
အစု ။ အခုက ဒီနေ့လကုန်မို့ သူ့ဆီကပါလာမယ့် ငွေကိုပဲ မျှောင်နေရင်း ထမင်းတောင်မချက်သေး ။ အိုး...မချက်ရသေးတာမဟုတ် ချက်စရာ ဆန်ကိုမရှိတာ။ သူက ထိန်းသိမ်းတာခံနေရတာဆိုတော့ ဒီနေ့ ကလေးတွေဘယ်လိုစားကြမလဲ။ ကျမ အောင့်အီးပြီး နေနုင်တယ်ပဲထားဦး သည်ကလေးတွေ...
ကျမတွေးရင်းငိုချင်လာသည် ။ အလိုလိုအားလျော့သွားသလို ခံစားရသည်။
" ဟဲ့ ငါလည်းပြန်လိုက်ဦးမယ် နော်"
မမိုးစိန်က နှုတ်ဆက်ပြီူး ထွက်သွားသည်။ ကျမမှာတော့ စဉ်းစားတိုင်းအားငယ်လို့ သည်နေ့ညနေတောင် ကလေးတွေအတွက် ဆန်ကိုဘယ်ကရှာရမလဲ ။ တစ်လပြည့်ရင် အိုးထဲက ဆန်ကကုန်နေကျမို့ အိုးထဲမှာ မရှိတာတော့ သေချာသည်။ မိုက်မှ မိုက်လိုက်တာကိုရယ် ရှင်ဆန္ဒပြတာ လာစာမတိုးပဲ ကျမတို့ ထမင်းငတ်ဖို့ကပ်ဆိုက်ပြီ တော်ရေ့......."
" အမေဒီနေ့ လကုန်ရက်နော်အမေပြောတော့ သမီးဖို့ ၀မ်းဆက်လေး ၀ယ်ပေးမယ်ဆို "
" အော်သမီးရယ် နောက်တစ်ပတ်ဆိုဝယ်ပေးမယ်နော် "
" ဟင့်အင်းရဘူး အမေပဲလကုန်ရင်ဝယ်ပေးမယ်လို့ပြောထားတယ်"
" ကျမဒေါသထွက်သွားသည် ဒီညနေအတွက်တောင် ဘယ်လိုလုပ်ရမှန်းမသိ သူက အ၀တ်အစား ပူပြနေသေးသည် "
တောင်းဦးဟ တောင်းဦး ။ ဒီကစားစရာတောင် ရှာလို့ လွယ်တာမဟုတ်ပါဘူး ဆိုနေမှ ။ နင့်အ၀တ်အစား ကတစ်မှောင့်"
" ဖျန်း ဖျန် ...အီး အီး အီး ...... ရွှတ် "
ကျမစိတ်မထိန်းနိုင်သောကြောင့် မေသူကို ရိုက်လိုက်သည်။ အော်ပြောသံ၊ ငိုသံ ၊ ရိုက်သံတို့ကြောင့် အခန်းကျဉ်းကျဉ်းလေးမှာ ဆူညံသွားသည်။ တရှုံ့ရှုံ့ ငိုနေသောသမီးလေးမေသူကို ကြည့်ပြီး သနားသွားကာ သမီးလေးကိုဖက်ပြီး ကျမလည်း လိုက်ငိုသည် အော်ကျမ ဘယ်အချိန်မှ ဒီဝဋ်ကလွတ်ပါမည်နည်း။
အခန်း(၃)
ကျမတော်တော်ကိုစိတ်ညစ်ပါသည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ကျမပြဿနာတာင် ဖြေရှင်းလို့မရသေး ရွာကဧည့်သည်တွေရောက်လာပြန်သည်။ ကျေးဇူးရှိခဲ့ဖူးသည့် ဦးလေးတွေဖြစ်တာကြောင့် ငြင်းဆန်လို့ကလည်းမကောင်းပေ ။ သည်အခန်းကျဉ်းကျဉ်းလေးထဲကိုဖြစ်သလို နေကြရသည်။ ပြီးတော့ ဆန်အိုးထဲမှာ ဆန်ကမရှိ ဒါပေမယ့် ဒီရက်အတွင်းတော့ ကိစ္စမရှိသေး မနေ့ညနေက မရှိမဲ့ ရှိမဲ့ နားကပ်တစ်ရံလေးကိုသွားရောင်းထားသည် ။ နားကပ်ကလည်း နားကပ်မို့ ကျမ၀ယ်တုန်းက တစ်သိန်းပေးရပေမယ့် ပြန်ရောင်းတော့ ရှစ်သောင်း ခွဲမျှသာ ။သို့ပေမယ့် မရှိအစာ ရှိတန်ဆာလို့ဆိုထားတာကြောင့် နားကပ်က စားစရာ ဖြစ်အောင်ပြောင်းလဲပစ်နေရသည်။
" မရွှေ ညည်းယောက်ျားကော "
"ပြော ....မပြောချင်ပါဘူး ဦးလေးရယ် "
" မတည့်ဘူးလား ၊ဘယ်လိုဖြစ်ကြတာလဲ "
"အဲလိုမဟုတ်ပါဘူး ၊ သူ..သူ..."
"အော် ညည်းကလည်း ပြောမှာဖြင့် ပြောတာမဟုတ်ဘူး စကားကလည်းထစ်လို့ "
"သူ....ထိန်းသိမ်းခံထားရတယ် အလုပ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြလို့ ပါ "
"ဟာ......ဘယ်လိုဖြစ်တာပါလဲ "
"ဘယ်လိုဖြစ်ရမှာလဲဦးလေးရယ် ကုမ္ပဏီက အလုပ်သမားတွေကို ပေးတဲ့လစာက လူတစ်ယောက်စာတောင် လောက်တာမဟုတ်ဘူး တစ်ချို့ ဆို အဲဒီလူတစ်ယောက်ကိုပဲ မှီပြီး တစ်မိသားစုလုံး စားသောက်နေရတာလေ ၊ ကုန်ဈေးနှုန်းတွေကလည်း တက်လာတော့ စားဖို့သောက်ဖို့ ဆိုတာ လုံးဝဖြေရှင်းလို့မလွယ်ပါဘူးဦးလေး ရယ် မတော်လို့များ တစ်ယောက်က ကျန်းမာရေး ဖောက်သွားရင် ဆပ်လေရောပဲ မသေခင်အကြွေးတွေတောင် ကျေပါ့မလား မသိဘူး "
"အင်း တို့နိုင်ငံကြီးကလည်း ခရိုနီတွေက သောင်းကျန်းနေတာကြောင့် ပြည်သူတွေ အတွက် စီးပွားရေးကပ်မဆိုက်သင့်ပဲ ဆိုက်နေရတယ် ကုန်ဈေးနှုန်း တွေက မြှင့်
လစာကလည်း တစ်ချို့ဆို အလုပ်အကိုင်က မရှိတာကြောင့် သူခိုးဂျပိုးတွေ ဓါးပြတွေတောင် ဖြစ်ကြကုန်တယ် ။ ဒါကို အထက်က လူကြီးတွေသိသင့်တယ် တစ်ချို့လူကြီးတွေက ပြည့်သူ့အတွက် ဆိုပြီး ခေါင်းမှာတော့ ကျက်သရေခေါ်င်းပေါင်းကြီးပတ်လို့ပေါ့ ။ နောက်ကွယ်မှာတော့ ခရိုနီတွေ ပေးတဲ့ မသထာလဘ်ထိုးငွေ နည်းနည်းရတာကို အဟုတ်မှတ်ပြီး ပြည်သူကိုသစ္စာဖောက်တဲ့ အလုပ်အကိုင်တွေလုပ်နေလိုက်ကြတာ ကိုယ့်ဝမ်းစာအတွက်သာကြည့်ကြတဲ့ အထက်မရောက်အောက်မရောက် လူတွေ အဲဒီလိုလူမျိုးတွေသာ နိုင်ငံတော်ကြီးမှာ ရှိနေဦးမယ်ဆိုရင် ဒီမိုကရေစီဆိုတာကြီးလို ရွှေရည်နဲ့လိမ်းရင် လိမ်းထားပါစေ အေးချမ်းမှုတော့ ရနိုင်မှာမဟုတ်ဘူး "
ဦးလေးကလည်း သူ့အတွေ့အကြုံကို ရင်ဖွင့်ပြီး အပြင်သို့ထွက်သွားသည် ။ ကျမမှာသာ မတင်မကျနှင့် ဒီနေ့ဆားငံပြာရည် ကျိုရမလား ကန်စွန်းရွက်ကြော်ပြီး ငရုပ်သီးထောင်းရမလားတွေးရင်းထမင်းထစ်နပ်စားဖို့ရာအတွက် တတ်နိုင်သမျှ ချွေတာရင်း ... အားလပ်တဲ့အချိန်လေးရေးချရင်ဖွင့်လိုက်ရပါတော့သည် " "
လေးစားလျက်
ရှင်းသန့်မေ
့

0 comments:
Post a Comment