တောကြွက်ပုံပြင်
ကျနော်တို့နေတာတောထဲမှာမို့တောသတ္တဝါ တွေပေါတယ်။ ဂုဏ်ယူပြောရမယ်ဆို ဂေဟစနစ်တွေ ကျန်နေသေးတယ်ပေါ့။ ထားပါ တောအကြောင်း တောင်အကြောင်း။ တောကြွက်နဲ့
ကျနော် ဆုံတွေ့ရပုံလေးပြောကြရအောင် ။
တောထဲမှာရောင်းတဲ့ကန်တင်းမို့ ကော်ဖီမစ်ပလိန်း ပဲရတယ်။ ကျနော်က တီးသမားမို့ ကန်တင်းကို အမြဲရောက်တယ်။တစ်နေ့ ကော်ဖီသောက်နေတုန်း ကန်တင်းဆိုင်
ရဲ့ မျက်နှာကျက် ထုပ်တန်းပေါ်ကို ဆိုင်ပိုင်ရှင် ဦးလေးက သူစီးထားတဲ့ဆင်ကြယ်ဖိနပ်အပြာနဲ့ရုတ်တရက် ပစ်ပေါက်လိုက်တာ ခေါင်းမိုးသွပ်ပြားချော်မှန်ပြီး ''ဒုန်း''ခနဲ့ အသံအကျယ်ကြီးထွက်လာလို့ တိတ်ဆိတ်ငိုက်မြီ်းနေတဲ့နေလယ်ဟာ
ရုတ်တရက် လန့်နိုးသွားသလိုမျိုးပေါ့ ။ ကျနော်လည်း လန့်သွားတယ်။ ရုတ်တရက်မို့
ဦးလေးဘာ လုပ်တာလည်း မေးချိန်မရတော့ပေ။
ကြွက်ဆိုပြီး မျက်နှာကျက် ထုတ်တန်းပေါ် ဖြတ်ပြေးနေတဲ့ကြွက်ကို ဖိနပ်နဲ့လိုက်ထုနေတာ။ ကန်တင်းမှာ ရောင်းတဲ့ ဆန်အိတ်တွေနဲ့မုန့်တွေလည်း တောကြွက်က လာလာကြိတ်နေတော့ ဆိုင်ရှင်နဲ့တောကြွက်ဟာ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ကမ္ဘ္ဘာရန်တွေပါ။
နောက်ဆုံး အနှစ်ချုပ်တော့ ကြွက်မကြီးချီလာတဲ့ကြွက်သားပေါက်လေးဟာ ( ဦးလေးကြီးလိုက်ပစ်လို့)
မျက်နှာကျက်ပေါ်ကနေ ဆိုင်ထဲကျ ကျန်နေခဲ့တယ်။ (ကျနော် အထင်ကြွက်မ်ကြီး ကြွက်ကလေးတွေ ကိုက်ချီပြီး နေ့လယ်ခင်း အသိုက်ပြောင်းနေပုံရပါတယ်)
ဆိုင်ရှင် ဦးလေး ပစ်လိုက်တဲ့ဆင်ကြယ်ဖိနပ်ပျံရှောင်သိမ်းရင်း ကြွက်သားပေါ်က်လေး ပြုတ်ကျခဲ့ တာဖြစ်နိင်ခြေများတယ်။ဆိုင် ကွန်ကရစ်မြေပေါ်ပြုတ်ကျနေတဲ့
ကြွက်ပေါက်ကလေးက နီတာရဲလေးမို့ မြင်ယုံနဲ့အူယားဖို့ကောင်းတယ်ဗျာ။
ငယ်သေးလို့ လမ်းလည်း မလျောက်နိင်သေးဘူး။
ဦးလေးကြီးကလည်း ကျူပင်ခုတ် ကျူငုတ်မကျန်မူနဲ့ ဖိနပ်နဲ့နင်းသတ်မယ်လုပ်နေတော့ ကျနော် မကြည့်ရက်။
ထို့ကြောင့်ကျနော် ဝင်ပါမိပြီ်ပေါ့။
ဦးလေး မသတ်နဲ့ ငရဲကြီးမယ် ကျနော်သတ်ပေးမယ်ပြောပြီး ဆိုင်ဘေးက စွယ်တော်ရွက်ခူး လက်ခုဝတ်လုပ်ပြီး ရုပ်တည်ကြီးနဲ့ အမြီးကဆွဲ အဆောင်ပြန်လာခဲ့တယ်။
စွယ်တော်ရွက်နဲ့ကိုင်လာတာတောင်
အူယားလိုက်တာဗျာ ။ အဆောင်ရောက်တော့ကြွက်ကလေးအတွက် ပိုးချည်ကြိုးကိုခွေပြီး သက်သောင့်သက်သာ မှေးနိင်အောင်ယာယီ အသိုက်အိမ်ကလေးလုပ်ပေးတယ်။
နောက်ပြီ်း ရေတိုက်ကြည့်တယ်။
မသောက်ဘူး။ကြွက်ပေါက်ကလေးက ငယ်တော့ အစာမစားနိင်သေးဘူး။
ကျနော် ဒွိဟ ဖြစ်နေတာက ကြွက်က နိုတိုက် သတ္တဝါလား ။ ရိုးရိုး ပုံမှန်လား ။နို့တိုက်သတ္တဝါ ယူဆပြီး ကန်တင်းမှာ ပက်နို့မှုန့် နှစ်ထုပ်ဝယ်ထားမိပြန်တယ်။ကြွက်ကလေးတော်တော် လန့်သွားပုံရသည်။ အေးဆေးအနားယူခိုင်းပြီး မနက်မှ နို့တိုက်မည် တွေးနေမိသည်။ မနက်အရောက်မှာတော့ ကြွက်ကလေးမရှိတော့ဘူး။
ကျနော်အထင် ကျနော်တို့အဆောင်မှာရှိတဲ့ သူတို့အမျိုးတွေက လူတွေလက်က
ညမှာ စွန့်စွန့်စားစားလာကယ်သွားပုံရတယ်။ ကျနော်လည်း မနက်မိုးလင်းတော့ ကန်တင်း မသွားပဲ အဆောင်မှာ ကိုယ့်ဘာသာ ပက်နို့မှုန့်နှစ်ထုပ် ဖျော်သောက်ရင်း စဉ်စားခန်းဖွင့်နေမိတော့တယ်။
သတ္တဝါတစ်ကောင်ကို ဖျက်စီးလိုက်တာလွယ်ကူသလောက် ပြန်လည်ထူထောင်ရေးလုပ်ရတာ မလွယ်ကူမှန်း သတိထားမိလာတယ်။
ဆိုကြပါစို့ ။ကြွက်ကလေးသာ သူ့အမေ လက်ထဲမှာဆို ကြွက်ကလေးရဲ့ စားရေးသောက်ရေးနဲ့ ကြွက်တို့တတ်အပ်တဲ့ လက်ဆင့်ကမ်းအမွေတွေ သူ့မိဘ အသိုင်းဝိုင်းတွေက အေးဆေး သင်ပေးလို့ရတာပေါ့။ ကျနော်က ကြွက်တစ်ကောင် ကြွက်ပီသအောင် လူလားမြောက်အောင် / ကြွက်တွေလောက် မသင်ပေးတတ်ဖူးလို့ယုံကြည်တယ်။ ဒါကြောင့် ကိုယ့်ကြောင့် တဖက်မိသားစုဘဝ ဟန်ချက်ပျက်သွားစေမယ့်အရာတွေကို အထူးရှောင်ရှားစေလိုပါတယ်ဗျာ။ တချို့ အရာတွေက ကျနော်တို့ အစားထိုးပေးလို့မရတာတွေ လောကမှာများစွာရှိနေကြပါတယ်။ ဥပမာ ရေထဲမှာ သူ့ဘာသာ တိုင်ပင်မှန်မှန်နဲ့ ကူးနေတဲ့ ငါးတစ်ကောင်ကို ဘယ်တော့မှ ကုန်းပေါ်ဆယ်မယူလိုက်ပါနဲ့လို့။ ထိုနည်းလည်းကောင်းပဲ အစိုးရက လယ်ယာမြေတွေ သိမ်းယူနေတာဟာ ငါးတစ်ကောင်ကို ကုန်းပေါ်ပစ်တင်လိုက်သလိုမျိုး (ဒါမှမဟုတ် ) ကြွက်တစ်ကောင်ကို နောက်ဆက်တွဲပြဿသနာကိုမကြည့်ပဲ လွယ်လွယ်ချနင်း သတ်ချင်တဲ့လူလိုမျိုး ဖြစ်မှန်းမသိ ဖြစ်နေတယ်လို့ ယူဆမိပါတယ်။
မိသားစုဘဝတွေ ဘေးရန်ကင်းငြိမ်းကြပါစေဗျာ...
0 comments:
Post a Comment