``` အီစွတ် ပုံပြင်လေးတစ်ပုဒ်´´´
ကွန်ဆူး မား shared his photo.
အီစွတ်ဆိုတာ ဂရိနိုင်ငံကပါ......။
ခန့်မှန်း လွန်ခဲ့တဲ့ နှစ် နှစ်ထောင်လောက်က ဂရိနိုင်ငံမှာနေတဲ့ အီစွတ်က သင်ခန်းစာတစ်ရပ်ရပ်နဲ့ စဉ်းစားတွေခေါ်တတ်ဖို့အတွက် တိရိစ္ဆာန်တွေပါတဲ့ ပုံပြင်လေးတွေကို ဖန်တီးထားခဲ့တယ်လို့ ဆိုပါတယ်...။သူ့ရဲ့ ပုံပြင်လေးတွေဟာ နှစ်သက် သဘောကျစရာလေးတွေ ဖြစ်ပြီး... ကလေးငယ်တွေပါ မှတ်မိလွယ်တဲ့ ပညာပေး ပုံပြင်လေးတွေ ဖြစ်ပါတယ်....။
ဂန္ဓ၀င်နဲ့ ရာဇ၀င် မဆန်ပေမဲ့ အီစွတ်ပုံပြင်လေးတွေကတော့ ဒီနေ့အထိ ကမ္ဘာမှာ မမောမပမ်း ပြေးလွှား လှုပ်ရှားနေဆဲပဲ ဖြစ်ပါတယ်...။
ဒီပုံပြင်တွေထဲကမှ ``လုပ်နိုင်ခွင့်နဲ့ ပတ်သက်တဲ့´´ နှစ်သက်ခဲ့ဘူးသည့် ``လူနှင့် ခြင်္သေ့´´ ဆိုသော ပုံပြင်လေးတစ်ပုဒ်ကို ပြန်လည် မျှဝေလိုက်ပါတယ်...။
တစ်ခါက ခြင်္သေ့ တစ်ကောင်နဲ့ လူတစ်ယောက်ဟာ အတူတကွ ခရီး ထွက်လာကြပါတယ်..... တဲ့ ။
ခြင်္သေ့နဲ့ လူဟာ ခရီးတလျှောက်လုံးမှာ အချင်းချင်း ဂုဏ်ဖော်ရင်း ခရီးနှင်ခဲ့ပါသတဲ့။
ဒီလိုခရီးသွားနေရင်းက ခြင်္သေ့တစ်ကောင်ကို လူတစ်ယောက်က က ဓါးနဲ့ ထိုးသတ်နေပုံ ထုလုပ်ထားတဲ့ ကျောက်ရုပ်ထုတစ်ခုကို လမ်းမှာတွေ့ခဲ့ကြရတယ်။
ဒီကျောက်ရုပ်ကိုတွေ့တော့ လူက ကျောက်ရုပ်ကို လက်ညှိုးထိုးပြရင်း
`` တွေ့တယ်မဟုတ်လား ခြင်္သေ့ရေ... လူတွေဟာ မင်းတို့လို ခြင်္သေ့တွေထက် အများကြီး သန်စွမ်းတယ်ကွ´´ လို့ပြောလိုက်ပါသတဲ့....။
အဲဒီအခါမှာ ခြင်္သေ့က ပြုံးလိုက်ရင်း.....
`` ခြင်္သေ့တွေသာ ပန်းပုထုတတ်မယ်ဆိုရင် လူကို ခြင်္သေ့က ကိုက်စားနေတဲ့ ပုံတွေအများကြီးကို ခင်ဗျားတွေ့ရမှာပါ...´´ လို့ ပြန်ပြောလိုက်သတဲ့.....။
ဆက်ပြီးစဉ်းစားဖြစ်တာက ဒီခြင်္သေ့သာ ရူးရူးမိုက်မိုက် ကမူးရှူးထိုး သမားဆိုရင် အဲဒီလူ ဘယ်လိုဖြစ်သွားမလဲ ဆိုတဲ့ အတွေးလေးပါပဲ....။
ကာလ.. ဒေသရယ်....
အခြေအနေနဲ့ အချိန်အခါတွေကို ကောင်းမွန်စွာ စဉ်းစား အသုံးချနိုင်ကြပါစေဗျာ.......။
(ကွန်ဆူးမား)(၁၇-၉-၂၀၁၃)
0 comments:
Post a Comment