Monday, March 31, 2014

စည်းနဲ့ စနစ် ပေါင်းစပ်ပါ

စည်းနဲ့ စနစ် ပေါင်းစပ်ပါ
****************

ဘ၀မှာ ဖြတ်သန်းဖို့  အကန့် အသတ် အပိုင်းအခြားဆိုတာ ရှိတယ်။ အချိန်တွေ ဒလဟော မပေးထားဘူး။
အခွင့်အရေးတွေ အမြဲမလာနေဘူး။ 

ဒီကန့် သတ်ချက်ရှိတဲ့ အချိန်တွေမှာ စည်းဆိုတဲ့ အရာကို နားလည်ရမယ်။ စည်းတားထားခြင်း မရှိတဲ့ ဘဝ
ဟာ အန္တရာယ်ကြီးတယ်။ လွတ်ထွက်နေတတ်တယ်။

ဆိုကြပါစို့ မိဘက သားသမီးကို ညချိန်(၁၀)နာရီနောက်ပိုင်း အပြင်မထွက်နဲ့ နော် ညည့်နက်ပြီ လို့ မှာထား
တယ်။ ဒါကို ကလေးတွေက နားမထောင်ဘူး ထွက်မယ်ဆိုရင် အမှောင်ကြားက အန္တရာယ်နဲ့ ကြုံတတ်တယ်။
ဒါက မိဘနဲ့ သားသမီးကြားက စည်းလေး တစ်ခုပါ။

မိတ်ဆွေတွေကြားမှာ မထားသင့်တဲ့ မာန၊ နောက်ကွယ်က ကောက်ကျစ်မှု၊ ပေါင်းသင်းဆက်ဆံရေးမှာ မပြေ
ပြစ်မှုတွေဟာ ကြားက စည်းမထားကြလို့  ဖြစ်ပါတယ်။ ဒါလည်း မိတ်ဆွေအချင်းချင်းကြားက စည်းပါပဲ။

ဘ၀မှာ အမှောင်ထုအန္တရာယ်ဆိုတာ ရှိသလို အလင်းထဲမှာလည်း မမြင်နိုင်တဲ့ အန္တရာယ်တွေရှိတယ်။ ဒါတွေ
ကို မကြုံစေရန် လုပ်သင့်တာကိုလုပ်ဖို့ ၊ ပြောသင့်တဲ့ စကားကို ပြောဖို့  အစရှိတဲ့ စည်းတွေဆိုတာ လိုတယ်။

ဒါ့ပြင် ဒီစည်းဆိုတာကို ပုံစံတစ်ခုနဲ့ တွဲပြီး အသုံးချတတ်ရပြန်တယ်။ တနည်းအားဖြင့် စနစ်တစ်ခုနဲ့ သုံးရတာ
မျိုးပါ။ ဘယ်အလုပ်ကို ဘယ်ပုံစံနဲ့ လုပ်ရတာမျိုးကို ဆိုလိုတာ။ ကာလ၊ဒေသ၊အချိန်အခါနဲ့ လိုက်ပြီးပေါ့။

အဲ့လိုကျင့်သုံးတတ်တဲ့ လူမျိုးကို စည်းစနစ်ကျတယ်လို ခေါ်ပါတယ်။ စည်းစနစ်ကျတယ်ဆိုလို့ လည်း အလုပ်
ဆိုတာကိုပဲ ပြေးမမြင်ကြနဲ့ ။ သွားတာ၊လာတာ၊နေတာ၊ထိုင်တာ၊ပြောဆိုတာ အားလုံးကို ပြောချင်တာပါ။

လူငယ်ဘ၀မှာ စည်းစနစ်ဆိုတာကို နားလည်မှ လူကြီးဖြစ်တဲ့အခါ ဒီတန်ဖိုးတွေကို အသုံးချနိုင်မှာ၊ လမ်းညွှန်
ပေးနိုင်မှာပါ။ ဘ၀မှာ ပိုင်းခြားထားတဲ့ စည်းလေးတွေကို လုပ်သင့်၊ လုပ်ထိုက်တဲ့ စနစ်မှန်ကန်မှုနဲ့ ပေါင်းစပ်
သွားနိုင်ဖို့ လိုအပ်ပါတယ်။

@[100004504148522:2048:True Man]
15-12-2013ဘ၀မှာ ဖြတ်သန်းဖို့  အကန့် အသတ် အပိုင်းအခြားဆိုတာ ရှိတယ်။ အချိန်တွေ ဒလဟော မပေးထားဘူး။
အခွင့်အရေးတွေ အမြဲမလာနေဘူး။

ဒီကန့် သတ်ချက်ရှိတဲ့ အချိန်တွေမှာ စည်းဆိုတဲ့ အရာကို နားလည်ရမယ်။ စည်းတားထားခြင်း မရှိတဲ့ ဘဝ
ဟာ အန္တရာယ်ကြီးတယ်။ လွတ်ထွက်နေတတ်တယ်။

ဆိုကြပါစို့ မိဘက သားသမီးကို ညချိန်(၁၀)နာရီနောက်ပိုင်း အပြင်မထွက်နဲ့ နော် ညည့်နက်ပြီ လို့ မှာထား
တယ်။ ဒါကို ကလေးတွေက နားမထောင်ဘူး ထွက်မယ်ဆိုရင် အမှောင်ကြားက အန္တရာယ်နဲ့  ကြုံတတ်တယ်။ ဒါက မိဘနဲ့ သားသမီးကြားက စည်းလေး တစ်ခုပါ။



မိတ်ဆွေတွေကြားမှာ မထားသင့်တဲ့ မာန၊ နောက်ကွယ်က ကောက်ကျစ်မှု၊ ပေါင်းသင်းဆက်ဆံရေးမှာ မပြေပစ်မှုတွေဟာ ကြားက စည်းမထားကြလို့  ဖြစ်ပါတယ်။ ဒါလည်း မိတ်ဆွေအချင်းချင်းကြားက စည်းပါပဲ။

ဘ၀မှာ အမှောင်ထုအန္တရာယ်ဆိုတာ ရှိသလို အလင်းထဲမှာလည်း မမြင်နိုင်တဲ့ အန္တရာယ်တွေရှိတယ်။ ဒါတွေကို မကြုံစေရန် လုပ်သင့်တာကိုလုပ်ဖို့ ၊ ပြောသင့်တဲ့ စကားကို ပြောဖို့  အစရှိတဲ့ စည်းတွေဆိုတာ လိုတယ်။

ဒါ့ပြင် ဒီစည်းဆိုတာကို ပုံစံတစ်ခုနဲ့ တွဲပြီး အသုံးချတတ်ရပြန်တယ်။ တနည်းအားဖြင့် စနစ်တစ်ခုနဲ့ သုံးရတာ
မျိုးပါ။ ဘယ်အလုပ်ကို ဘယ်ပုံစံနဲ့ လုပ်ရတာမျိုးကို ဆိုလိုတာ။ ကာလ၊ဒေသ၊အချိန်အခါနဲ့ လိုက်ပြီးပေါ့။

အဲ့လိုကျင့်သုံးတတ်တဲ့ လူမျိုးကို စည်းစနစ်ကျတယ်လို ခေါ်ပါတယ်။ စည်းစနစ်ကျတယ်ဆိုလို့ လည်း အလုပ်
ဆိုတာကိုပဲ ပြေးမမြင်ကြနဲ့ ။ သွားတာ၊လာတာ၊နေတာ၊ထိုင်တာ၊ပြောဆိုတာ အားလုံးကို ပြောချင်တာပါ။

လူငယ်ဘ၀မှာ စည်းစနစ်ဆိုတာကို နားလည်မှ လူကြီးဖြစ်တဲ့အခါ ဒီတန်ဖိုးတွေကို အသုံးချနိုင်မှာ၊ လမ်းညွှန်
ပေးနိုင်မှာပါ။ ဘ၀မှာ ပိုင်းခြားထားတဲ့ စည်းလေးတွေကို လုပ်သင့်၊ လုပ်ထိုက်တဲ့ စနစ်မှန်ကန်မှုနဲ့ ပေါင်းစပ်
သွားနိုင်ဖို့ လိုအပ်ပါတယ်။

True Man
15-12-2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...