Monday, March 24, 2014

သဘောတရား နဲ. လက်တွေ.များ။




ဒို.လူကလေးများ ဆိုသလေး။

သဘောတရားရေးဆရာ ကြီး ( Aristotal 384 BCE – 322 BCE) က Democracy is when the indigent, and not the men of property, are the rulers. In a democracy the poor will have more power than the rich, because there are more of them, and the will of the majority is supreme. Inferiors revolt in order that they may be equal, and equals that they may be superior. Such is the state of mind which creates revolutions. ဘာသာ ပြန်ခြင်သလိုသာ ပြန်ကြပေ တော. အဓိပါယ် ဖေါ်ခြင်သလိုသာ ဖေါ်ကြပေတော့။
နားလည်ခြင်သလိုသာ နားလည် ကြပေ တော.၊ ဒီလိုပြောရတာကလဲ လူတိုင်းဟာ ကိုယ်နားလည် သလို.ဘာသာပြန်ခွင့်၊ အဓိပါယ်ဖေါ်ခွင့် ရှိကြတယ် လေ။ ဒီကတော့ ရှာဖွေ တွေရှိတာလေး ကို မျှလိုက်တာဘဲ ။ ကိုယ်လိုရင်လဲသုံး မလိုရင်လဲ သူများကို ဒါန ပြုလိုက်ပေါ့ ။ Aristotal စကားတွေကို စောဒက မတက်လိုပါဘူး။ သူနေ ရာက သူအချိန် ကာလ အလိုက်ပြောခဲ့တာဘဲ။

ဒီနေ.မြန်မာနိုင်ငံ ရဲ့ ရှိနေတဲ့ ပြသနာ အရပ်ရပ်ကို ဒီနေ.ဖြေရှင်းဘို. လိုအပ် နေပါတယ် ၊ အနာဂါတ်အတွက် ချမှတ်မဲ့ လမ်းစဉ်တွေ စီမံကိန်းတွေဟာ အနာဂါတ်အတွက်ဘဲ ဖြစ်လိမ့်မယ်။ ပြောရမယ်ဆိုရင် အနာဂါတ်ကို ဒို.မပိုင်ဘူး ၊ ဒို.ရဲ့ သားသမီး မြေးမြစ်တွေ ပိုင်မယ်၊၊

ဂေါတမဟာ သားတော် ရာဟုလာ အမွှေတာင်းလာတာကို ရှင်သာမဏေပြုပြီး လောကုတ္တရာ အမွေကို ပေး ခဲ့ တယ် လို. မှတ်ရဘူးပါတယ် ။ ဒို.သားသမီး တွေက အမွေတောင်းလာရင် ဘာအမွေကို ပေးကြမှာလဲ ?

(မပြောမပြီး - မတီး မမြည်) တဲ့ သူများပြောတာတွေ ထိုင်နားထောင် နေလို.ချည်းမပြီးဘူး၊ ကိုယ်ဖြစ်စေ ခြင်တာ ကိုယ်ပြောခြင်တာလေး ရှိရင် ထုတ်ပြော အပ်တယ် ၊ နှုတ်ပိတ်မနေအပ်ဘူး။ လူလည်တွှေ က သူတို.လုပ်ခြင်တာ ပြောခြင်တာကို လုပ်သွား ပြောသွား၊ ပြီးရင် ဒါဟာ လူထုသဘောထားဆိုပြီး ကိုယ် အပါအ၀င် အားလုံးကို အလွဲသုံးစား သုံးသွားတတ်တယ်။ ဒါလောက် တော့ သိမှာပေါ့နော်။

တင်ပြဆွေးနွေးမှုတွေ များလာရင်. လူတွေဟာ တွေးတော မြော်မြင်မှူတွေ ရှိလာမယ် ၊ စဉ်းစားတတ် လာမယ် ၊ ဦးနှောက်အသုံးချလာမယ် ။ စာမ ဖတ်တတ်ရင် စာဖတ် ၀ါသနာမပါရင်. တရားပွဲတွေ သွားပြီး နား ထောင်၊ ဒိုဘိုးဘေး ဘီဘင်တွေလက်ထက်တုန်း က။ သူများဟောတာ ပြောတာ တွေကို နားထောင် ကြရ တယ် ၊ အနဲဆုံး ကွက်စိပ်ဆရာ ပြောလို. ဘုန်းကြီး ဟောလို. ၅၅၀ နိပါတ်ကို သိလာကြရတယ် တဲ့ ။

မြန်မာတွေကြားမှာ သဘောတရားတွေ များပြီး လက်တွေ.အကောင်အထည် ဖေါ်မှူတွေ နဲ့ ခဲ့လို.ပါဆိုရင် လက်ခံ ကြမလား။ ဒီစာကို ဆက်ဖတ်သွားရင် သဘောပေါက်ကြလိမ်မယ်လို.ထင်ပါတယ် ။ လက်တွေ. မပါ သော သဘော တရား ၊ သဘောတရား မပါသော လက်တွေ.ဆိုတာကို ပြောလိုက်ရင် ဆိုရှယ်လစ် လိုလို ကွန်မြုနစ်လိုလို.စွပ်စွဲပြောခြင်ကြတဲ့ သူတွေ ရှိတယ်။ တကယ်တော့ သူတိုသာသူတို. ဆိုရှယ်လစ်မှန်း ကွန် မြုနစ်မှန်း မသိလို.ဖြစ်ခြင်ဖြစ်မယ်၊ ဒါမှမဟုတ် ရတနာ ၃ ပါး မယုံတဲ့ အေသီးရပ်(စ) ခေါ် ဘာသာ အယူဝါဒ မရှိသူတွေ၊ မိစ္ဆာ ဒိတ္ထိတွေ ဖြစ်ကောင်း ဖြစ်လိမ့်မယ် ။

ပြောရမယ် ဆိုရင်. သဘောတရား ဆရာကြီးတွေကများတော့ သဘောတရား ရေးတွေ အများကြီး ဘဲပေါ့၊ ဘာတွေနားထောင်လို. ဘာတွေ နားယောင်ကြ သလဲတော့မသိဘူး၊ မှတ်စရာတွေကတော့ များလှတယ်။ မြန်မာတွေ ကြောင် ကုန်တယ် ၊ လွယ်လွယ်ပြောရရင် ဂေါတမ ဗုဓ္ဒရဲ့ သဘောတရားဟာ လက်တွေ လောကီ နဲ့ အနာဂါတ် တမလွန် လောကုတ္တရာ ၂ ဖြာသောအကျိုး ဆို တာကို သဘောတရားရော လက်တွေ.ရောကို ဟောထားတဲ့ တရားသာဖြစ် တယ်လို. လေ့လာသူတွေက ပြောကြတယ်။ ဒီ သဘောတရားတွေကို အမှန် တကယ် ကျင့်သုံးနေသူ မြန်မာနိုင်ငံမှာ ဘယ်လောက်များ ရှိမလဲ လို.မေးရင် ဖြေရမှာ မခက်ပါဘူး ၊ လူဦး ရေရဲ့ ၇၅ % မှ ၈၀ % နှုန်းသော ဗုဓ္ဒဘာသာ
ဝင်တွေဘဲ လို.ပြော မယ်၊ မယုံရင် သွားပြီး တယောက်ချင်း ရေတွက်ကြည့် ကြပေါ့ ။ ကံ ကံ၏ အကျိုးကို ယုံကြသူတွေဘဲ ။ ကံ ဆိုတာကို ဘယ် လို သဘော ပေါက် တယ်ဆိုတာ သူတိုပြောပြလိမ့်.မယ်။ သူတိုဟာနဲ့သူတိုတော့ ငြိမ်းချမ်းနေတာဘဲ ။ ဒါပေမဲ့ ရုပ်ဝါဒတွေ ၀င် လာရင် ငြိမ်းချမ်းရေးဆိုတာ ဘာ လဲ လို. မေးလာရတယ် ။

ရှေးက သဘောတရား ဆရာကြီးတွေ ဘယ်လောက် ရှိခဲ့တယ်လို.တော့ စာရင်းတော့ မသိဘူး၊ အခု ခေတ် မှာ ဘယ်လောက်ရှိတယ်ဆိုတာလဲ မသိ ဘူး ၊ ဒီလိုမပြောနိုင်ရတာကတော့ ကိုယ်က တစ် နှစ် သုံး လေး လိုက်ပြီး ရေ ထားတာမဟုတ်လို.ဘဲ ၊ ဒါပေမဲ့ အကြမ်းအားဖြင်ပြောမယ်ဆိုရင် ၊ မြန်မာနိုင် ငံတခုထဲ မှာတင် တော်တော် များများ ရှိတယ်လိုဘဲ ပြောနိုင် မယ် ။ ဘယ်သူ တွေလဲတော့ မမေးပါနဲ့၊ တချို.သဘော တရား ရေးဆရာတွေဟာ သူတိုကိုယ် သူတို. ဘုရား အမည်မခံရင်တောင် ဘုရားထူးခံနေကြတာ တွေ.ရ တယ် ။ ဒါတောင် ဘုရားဟောတွေကိုဘဲ သူတို.ကထပ်ဟောနေတာ ၊ ကြာတော ဘုရားက မှေးမိန် ပျောက်ကွယ် ရပြီး ဘုရားဟောဟာ သူတို.အဟော တွေ ဖြစ်လာတယ် ဆိုတာကိုလည်းတွေ.ရတယ်။ ဒါကလဲ လူတွေ ပါဘဲ ၊လူတွေရဲ့လုပ်ရပ်ပါ။ ပုဂိုလ် ကိုးကွယ်မှုတွေပေါ့၊ ဘယ်သူ.တရား ဘယ်ဝါ့တရားနဲ့  တိတ်ခွေသွင်း စာ အုပ်နှိပ် ၊ စီးပွားဖြစ်လုပ်ကြတာတော့ရှိတယ် ။

သဘောတရားရေးဆရာကြီးတွေ ဟာ သဘောတရားတွေသာ ဟောပြော နေပေမဲ့ တိုင်းပြည် အုပ်ချုပ် မင်းလုပ်ကြတာတွေတော့ မဟုတ်ဘူး။ ပြော တာကတော လွယ်ပါတယ်. လုပ်ရတာခက်တယ် ဆိုတာကို သူတို.လဲ စွဲမြဲစွာ ယုံကြည်ကြပုံရတယ် ။ ဇါတ်တော်ထဲမှာလဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရမှာ ကို ကြောက် တဲ့ (တေမိ မင်းသား) ဟာ ပါးစပ်တောင် ဖွင့်စကားမပြောဘဲ အသံတိတ် ဆန္ဒပြနေခဲ့တယ်လို. မှတ်သားရ ဘူးတယ် ။

အဲ ဒီတော့ ကိုယ်တိုင် မလုပ်ရင်တောင် ပြောတာလဲ ပြောပေါ့ တချိန်ထဲမှာဘဲ ဘယ်လိုလုပ်သင့်တယ် ဆို တာလေးပါထည်.ပြောရင် ပိုကောင်းတာပေါ. ဟုတ်ဘူးလား ၊ နည်းကောင်း လမ်းကောင်းလေးပေါ့ ။ ပြော ပြန်တော့လဲ ဒီတိတ် ( Dictate) လုပ်တယ်လို. ဆိုခြင် ဆိုအုံးမှာမို.(အကြံပြုတယ်) လို.ပြောရင် လူ ကြား ကောင်းတာပေါ့ ၊ သူတိုတွေက သူတို.စိတ် သူတို.ပိုင် ဆုံးဖြတ်ထားကြ ပြီးမို.ကိုယ်ပြော တာကို ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး။ လောကမှာ (ဒီတိတ်တာ) ရှိနေလို.လဲ.ဒီစကားပေါ် လာတာပေါ့ ။ အမည် နာမထက် ပိုတဲ့ ဂုဏ်ထူးတခု၊ လူတိုင်းဟာ( ဒီတိတ်တာ) ဖြစ်နိုင်တယ် ၊ စွမ်းရင် ကိုယ်ဟာကိုလဲ ဖြစ်အောင် လုပ်နိုင် တယ်၊ သူများကိုပါ ဆွယ်နိုင်ရင် အများသဘောတူ ရွေးကောက် ရင်လဲ ရွေးကောက်ခံ (ဒီတိတ်တာ)ပေါ့။ ပိုကောင်းတယ် ၊ ဂျာမဏီနိုင်ငံက Adolf Hitler တယောက် ဟာ ဒီမိုကရေ စီ အရ အများသဘောတူ ရွေး ချယ်ခံရတဲ့ ( ဒီတိတ်တာ) တယောက်ဆိုတာ ထင်ရှားတယ် ။

လုပ်သလိုမဖြစ်ရင် - ဖြစ်သလိုလုပ် ။ ခိုင်းတာမလုပ်ရင် - လုပ်အောင်ခိုင်းရ မယ် ၊ သာမန်မိသားစု အတွင်းမှာ ကို (ဒီတိတ်တာ) ဆိုတာ ရှိတယ် အဖေ (သို.) အမေဘဲ ။ စည်းကမ်းရှိတဲ့ အိမ်ထောင်စု ကို မလိုလားဘူး လား ၊ မကြိုက်ဘူးလား၊ ဆန်.ကျင်သလား။ မယုံကြည်ဘူးလား ? အနောက်တိုင်းမှာ So long as you live under my roof, you’ve got to obey my rules လို.ပြောလေ့ရှိတယ်။ မိမဆုံးမ ဖမဆုံးမ ဆိုတာတွေက တော့ နိုင်ငံတိုင်းမှာ ရှိ ပါတယ် . မိဘမဲ့ဂေဟာဆိုတာတွေ ဟာာ မှီုလိုပေါက်နေတာကိုလဲ တွေ.ရ တတ်ပါ တယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်လာတာကို လူတိုင်းသိနေတယ် ၊ ဒါပေမဲ့ နှစ် ၇၀ နီးပါး ရှိနေပြီးတာတောင် မပြောင်း လဲဘဲ ၊ အခု ထက်ထိ ပင်လုံကကို ဘယ်ကိုမှ မရောက်ဘူးသူတွေ သူတိုဟာ သူတို.ပိတ်မိနေသူတွေ ရှိတုန်းဘဲ ။ စကားလုံး ပြောင်းမယ် ၀ါကျ ပြောင်းမယ် အခေါ်အဝေါ် အသုံးအနှုန်းပြောင်းမယ် ၊ လူပြောင်းမယ် ၊ ဒါပေမဲ့ ပင်လုံဟာ ပင်လုံဘဲ. တပြား မှ မလျှော့ဘူး။ လုံပင် တော့လဲ မဟုတ်ဘူး။ ပင်လုံဘဲ ။ ပြောခြင်တာက သူများတွေ ပြောင်းပေမဲ့ ကိုယ်အပြောင်းအလဲ မရှိရင်. သူ များ ကြားထဲမှ နေနိုင်မယ် မဟုတ်ဘူး။ တမင်လုပ်နေရင်တော့ မပြောတတ် ဘူး။ အမျိုးသားရင်ကြား စေ့ရေး တိုင်းရင်းသား စည်းလုံးရေးဆိုတာတွေ လူကြားကောင်းအောင် အော်မနေပါနဲ့ အသံဝင်သွားပါ့မယ် ။

ဒါကြောင့် ဒို.တတွေ ရဲ့ ဒို.ပြည်မှာ အဓိကအားဖြင် ငြိမ်းချမ်းရေး မရှိတဲ့ အတွက် ဖွံ့ဖြိုး တိုး တက်မှုတွေ နှေး ကွေး နေရပါတယ် ။ လူတွေရဲ့ အဆင့် အတန်း နိမ့်ကျနေရပါတယ် ဆိုတော့။ လက်မ ခံတဲ့ အပိုင်းက လက်မ ခံဘူး။ မယောင်ရာ ဆီလိမ်း ဆိုသလို တပ်မတော်နဲ့ ခေါင်းဆောင်တွေ အပေါ် အပစ်ပုံချ တယ် ၊ အထူးသ ဖြင့်၊ စစ်အစိုးရ အုပ်ချုပ်တဲ့ အခါမှာ၊ စစ်စည်း ကမ်း စစ်ဥပဒေ သုံးဘို.လိုလာရင် ဒိတိတ် တာ ပေါ်လာတယ် ။ နဂိုကမှ မြန်မာ့တပ်မတော်ကို အကြောင်း အမျိုးမျိုးနဲ.မလိုလားကြတဲ့ သူတွေဟာ တပ်မတော်ရဲ့စည်းလုံးမှု ညီညွတ်မှုတွေကို ပြိုကွဲအောင် နည်းမျိုးမျိုးနဲ့ ကြိုး ပန်းကြတယ်ဆိုတာ လေ့လာသူ တွေ တွေ.ကြတယ်။

ဗူဓ္ဒဘာသာတွေ ဖြစ်ကြတဲ့ မြန်မာတွေဟာ အကြောင်း အကျိုးဆိုတာကို ဆင်ခြင်ကြတာ နဲတယ် ၊ သူတို. စိတ်နဲ့ အခန်.မသင့်ရင် ၊ သူတိုအကြိုက် မြောက်ပေးသူက( ဒို.လူကလေးများ) လို.ကြွေးကြော်လိုက်တာနဲ့ ဝေ လေ လေလို.ထူး ပြီး ။ စိတ်လိုက်မန်ပါ ပြုတတ်ကြတယ် ။ ဝေ လေလေသမား ဘယ်သူဘယ်ဝါ ဆိုတာ တော့ ဘယ်လူမှလဲ မသိဘူး။ ရွာဆော်တောင် (ကြွေးကြော်သူ)တောင် မသိဘူး။ သိစရာလဲ မလိုဘူး သူ လိုခြင်တာက အသံဘဲ။ လူ လိုခြင်တာမဟုတ်ဘူး ၊ သူ.မှာ လူရှိပြီးသား။ ဘယ်လို လူ တွေလဲ ဆိုတာတော့ မမေးနဲ့ ၊ အထည်ကြီးပျက် တွေ များဘို.ရှိတယ် ၊ လုပ်ဖေါ် ကိုင်ဖက် ငယ်ပေါင်းကြီးဖေါ်တွေ ဖြစ်ဘို.လဲ ရှိ တယ် ၊ ခေတ်စကား အရ ခရိုနီတွေ ၊ သာကီဝင်မျိုးတွေ ဆိုအရ ကိုယ်ဆွေ ကိုယ်မျိုးစောင့်ရှောက် တဲ့ သူ တွေဘဲ။ ကိုယ့်လူမျိုးကိုယ် စောင်ရှောက်တယ်လို ဆိုထားတာမဟုတ် ဘူးနော် ။

ဒို.မြန်မာတွေမှာ ဘယ်သူက ဘာလုပ်နေတယ် ဆိုတာသာ သိကြတာဘဲ ရှိတယ် ၊ ကြိုက်ရင် ကြိုက်မယ် မကြိုက်ရင် မကြိုက်ဘူး။ ဘာကြောင့်လုပ် နေရတယ် ဆိုတာထိ ဆက်ပြီး မတွေးဘူး။ တွေးရလောက်အောင် ကိုယ်ပိုင် အသိဥာဏ် မရှိလို.လားလို. မေး စရာရှိတယ်။ မသိတာကို မသိပါဘူးလို.၀န် ခံရမှာ ၀န်လေးကြ တယ် ၊ သိသလိုလို သိခြင်ယောင် ဆောင် ယောင်ဝါးဝါး လုပ်ဘို.တော့ မရှက်ကြဘူး။ အားနာတယ် ဆို တာလဲ အများကြီး ပါတယ် ။ အေးအေးဘဲ နေခြင်တယ် ဆိုတာ ပေါ့။ အိမ်ရှေ.ပူရင် အိမ်နောက်ဖေး မချမ်း သာဘူးဆိုတဲ့ မြန်မာစကား ရှိတယ် ဆိုတာ သူတို.မေ့နေကြတယ်၊

ကိုယ်ပေါင် ကိုယ် လှန်ထောင်းရတာတော့ အတော် နာတယ်။ စကားပုံတွေကိုက (ဆရာမပြ နည်းမကျ - တပည်.မကောင်း ဆရာ့ခေါင်း - သာသမီး မကောင်း မိဘခေါင်း ) လို.ဆိုထားလေတော့ ဆရာတွေ မိဘ တွေ ဘဲ အပစ်ဖြစ်နေတယ် ၊ ကောသလ အိပ်မက်မှာ (နွားကလေးနို့ - နွားကြီးစို).လို.ပါခဲ့တယ်လို. သိ ရ တယ် ။ Children today are tyrants. They contradict their parents, gobble their food, and tyrannize their teachers. (Socrates, 469 BC - 399 BC) အဓိပါယ်ဖေါ်ခြင်သလိုသာ ဖေါ်ကြပေတော့။ ဆိုခရေးတီး ပြောတဲ့ (ဒီနေ.) ဆိုတာဟာ ဘယ်နေ.ကိုဆိုလိုတာ များပါလိမ့်၊၊

ပညာဥာဏ်အမျှော်အမြင်ရှိသူ နဲ့ မရှိသူတိုဟာ အသက်ရှင်နေသူနဲ့ သေနေ သူပမာလို ကွာခြားကြတယ် တဲ့။ သိသူတွေက သိသလို လုပ်ကြတယ် ၊ နား လည်သူတွေက သူတပါးကို သင်ပြကြတယ်၊ (စစ်တိုက်တယ်ဆို တာ ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် တိုက်နေရပါတယ်) ဆိုတဲ့ စကားကိုလဲ သဘောတရားရေးဆရာကြီး Aristotle((384 BCE – 322 BCE) ကတည်း ကပြောခဲ့တာ ရှိတယ်။ အားလုံးဟာ သူ.ဟာနဲ.သူတော့မှန်နေ ကြတာဘဲ ။
သူတို.အရင်နှစ် ၃၀၀ လောက်စောပြီး ရှိခဲ့ တဲ့ သိဒ္ဒတ္တ ဂေါတမနဲ့ အခြား ပုဂိုလ် တွေလဲ ငြိမ်းချမ်းရေး တရား တွေ ဟောခဲ့ဘူးတယ်၊ အခုထိတော ဘာမှ မထူးဘူး။ သူတိုလက်ထက်က စစ် ဆိုတာရှိခဲ့တာကို ပိုပြီး ထင် ရှားစေတာဘဲ ပေါ့။ ပြောစရာရှိတာ ဟောစရာရှိတာတွေ ပြောခဲ့ ဟောခဲ့တာ ဘဲ ၊ ပြောခြင်တာပြော ဟော ခြင်တာဟော၊ ဒို. လုပ် ခြင်မှလုပ် မယ် ဒို.ကို ဘယ်သူကမှ ဒိတိတ် လုပ်စရာမလိုဘူး ၊ ဒါဟာ ဒို.(လူ) အခွင့် အရေး ဘဲ မင်းတို.က ဘာ မို.လို.လဲ၊၊ ဘယ်သူကမှ ဒိတိတ် လုပ်စရာမလို ဘူးဆိုတာ ကတော. ချွှင်းချက်နဲ့ ဘဲ ၊ ပုဂိုလ် ကိုးကွယ်သူ တွေကို ထိုပုဂိုလ်က ဒိတိတ် လုပ်နိုင်တယ် အကြမ်းဖက် အနုဖက် အတူတူဘဲ။ ကောက်ခြင်တဲ့ အဓိပါယ် သာ ကောက်ကြပေတော့။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရှိဘူး ၊ မရှိရတဲ့ အကြောင်းတွေလဲ ရှိတယ်။ ပစ္စည်းဥစ္စာနဲ့ပါးလို.ထက် အသိ ဥာဏ်နဲ့ပါးလို.ဖြစ်ပုံရတယ်လို.သုံးသတ်သူ တွေရှိတယ် ၊ နှိမ့်ချလိုနိမ့်ကျစရာမလိုဘူး။ မြှောက်လို.လဲ မြောက် စရာ မ လိုပါဘူး။ ၂၁ ရာစုမှာမှ ဒို.မသိ နားမလည်သေးရင် ဒို.အပစ်ဘဲ ကျွန်ဖြစ်တာ ဘဲ ကောင်းပါတယ် လို. ပြောရမလား ။

နောက်ဆုံးပြောခြင်တာကတော့ . သူကျွန်မဖြစ်ရေး. ဆိုတာဘဲ ။ သူများက အတင်းအကြပ် ကျွန် လုပ်လို. ကျွန်ဖြစ်ရတာ ၊ ကိုယ့်ကျွန်စိတ်နဲ အလိုတူ အလိုပါ ကျွန်ဖြစ်ခြင်လို. ကျွန်ခံသူ ကွဲပြားပါတယ် ၊ ကျွန်ခံ ခြင်း သည် လူ.အခွင့်အရေးတရပ် ရပိုင်ခွင့်တရပ်လို.ယူ ဆ နေရင်တော့လဲ ကိုယ်က ခံခြင်ရင် ကြိုက်သလို အားရပါးရ ခံပါ သူများကိုတော့ ပိုက်ဆံနဲ့ ဖြစ်စေ ဥစ္စာပစ္စည်းလက်ဆောင် အခွင့်အရေး ကမ်းလှမ်းမှုတွေနဲ့ ကျွန်ဖြစ်အောင် တော့ မဆွယ်ပါနဲ့ ။ မါစတာတွေကို အိမ် ကိုတော့ ခေါ်မလာပါနဲ့ ။ အရင် ကလဲ ခေါ်လာခဲ့ကြ ပြီး ပါပြီ ။ အသက်ပေါင်းများစွာပေးပြီး လွတ်လပ်ရေး တိုက်ပွဲ ၀င်ခဲ့တယ် ။ အခုလဲ အသက်ပေါင်းများစွာ ပေးပြီး လွတ်လပ်ရေး ကို ကာကွယ်နေတယ် ။ အဆုံးအရှုံးခံ မလို.လား ?

ဒါနဲ့ နေပါအုံး လွတ်လပ်ရေး နေ.ဆိုတာလဲ နီးလာပြန်ပြီ ၊ အချုပ်အချာ အာဏာပိုင် လွတ်လပ်ရေးသော နိုင်ငံ ဆိုတဲ့ အဓိပါယ်ကို နားမလယ် ကြ ရင်တော့ လေ.လာကြဘို.လိုသေးတယ် ။ ကျွန်စိတ်ဝင်နေတာလဲ အပစ် မဆိုလိုဘူး။ ဘယ်သူတွေ ကျွန်စိတ်ဝင်နေကြသလဲ သိဘို.ကောင်းပါတယ် ။ မြန်မာတွေ အားလုံး တော့ ဟုတ်မယ်မထင်ဘူး။ ကိုယ်က ဘာမှ သိနားလည် ခြင်းမရှိ ၊ သူများကို သာ ဆရာ တင် နေရရင် ။ သူများက သာ ဆရာ လုပ် သွား လိမ့် မယ် ၊ ကိုယ့်ရဲ့ အားနဲချက်တွေ ၊ ဆုံးရှုံးမှုကို သတိထားလိုက် မိ ရဲ့လား?

တော်သေးပြီလေ ၊သူများတွေ ဘာပြောကြအုံးမလဲ နားစွင့်နေမယ် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...