Friday, March 28, 2014

ဖားနှင့် ကင်းမြီးကောက်

ဖားနှင့် ကင်းမြီးကောက်

 တစ်နေ့မှာ ကင်းမြီးကောက်တစ်ကောင် စမ်းချောင်းတစ်ဘက်ကမ်းမှာ ရပ်တန့်နေစဉ် ဖားတစ်ကောင်အား အခြားတစ်ဘက်သို့ ပို့ဆောင်ပေးရန် တောင်းပန်စကားဆိုလိုက်တယ်။
"ကျွန်တော့်ကို မတုပ်ဘူး ပြောနိုင်ပါ့မလား"လို့ ဖားကပြောတယ်။
"ခင်ဗျားကို တုပ်လိုက်မယ်ဆိုရင် ကျွန်တော်လည်း ရေနစ်သွားမှာပေါ့"လို့ ကင်းမြီးကောက်က ပြန်ဖြေတယ်။
ဖားက ဒါကို စဉ်းစားမိတဲ့အခါ ကင်းမြီးကောက်ပြောတာ မှန်တယ်လို့ သဘောပေါက်သွားတယ်။ ဒါကြောင့် သူဟာ ကင်းမြီးကောက်ကို ကျောကုန်းပေါ်တင်ကာ စတင်ပို့ဆောင်ပါတော့တယ်။ ဒါပေမဲ့ စမ်းချောင်းအလယ် ရောက်တဲ့အခါ ကင်းမြီးကောက်က ဖားရဲ့ကျောကုန်းကို အစွယ်နဲ့ ထိုးလိုက်မိတယ်။ သူတို့နှစ်ဦးလုံး ရေနစ်ခါနီး ဖြစ်တဲ့အခါ ဘာကြောင့် အစွယ်နဲ့ထိုးရလဲဆိုတာ ဖားက မေးမြန်းတယ်။
ကင်းမြီးကောက်က ပြန်ပြောပါတယ်။
"ဒါဟာ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်ကြောင့်ပါ"တဲ့။

စဉ်းစားဆင်ခြင်စရာ

သတ္တဝါတိုင်းဟာ အများအားဖြင့် မိမိရဲ့ ပင်ကိုစရိုက်ကို ဖျောက်ဖျက်ဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့် လုပ်ဆောင်နေကျ စရိုက်လက္ခဏာတစ်ခုကို မပြုလုပ်ဖို့ အတန်တန် ကတိပေးနေပေမဲ့ ယုံကြည်သင့်မှသာ ယုံကြည်ဖို့လိုပါတယ်။ တကယ်တော့ မကောင်းတဲ့ စရိုက်ဆိုတာ အခြားသူများကို ထိခိုက်နစ်နာစေရုံသာမက မိမိကိုယ်လည်း ပြန်လည်ထိခိုက်နိုင်ကြောင်းကို ဒီအဖြစ်အပျက်လေးက သတိပေးနေပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Frog and the Scorpion by Unknown

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...