Monday, March 31, 2014

“သိုင်းသမားလေးရဲ့ ချစ်ပုံပြင်”


‘ဦးဦး… ပုံကြောချိန်ရောက်ပီရေ ကြောတော့’
‘အေးပါကွာ… လာလာ’
ဒီကလေးနဲ့တော့ ခက်တယ်၊ သူ့အဖေကြီးငုတ်တုတ်ရှိရဲ့နဲ့ လူကိုပဲ လာလာဒုက္ခပေးနေတယ်
ကလေးနာမည်က ကြည်ဆွေတဲ့၊ ကျနော်ငှားနေတဲ့ အိမ်ရှင်ရဲ့ ကလေးလေးပါ
အသက်က ၄နှစ် ၅နှစ်လောက် ရှိပြီ။
ကောင်လေးက ကျပ်သိပ်မပြည့်ရှာဘူးရယ်
ညဘက် ၈နာရီ၊ တီဗွီက သတင်းလာတာနဲ့ အိမ်ရှေ့ကွက်လပ်မှာ ခုံလေးတွေချပြီး သူ့ကို ပုံပြင်ပြောပြဖြစ်တယ်
နားထောင်ရင်လည်း ကောင်းကောင်းနားထောင်တာမဟုတ်ဘူး အတွန့်ကတက်သေးတာဗျ
ဒီကြားထဲ သူ့အမေကတစ်မျိုး၊
အိမ်ထဲကနေ နားစွန်နားဖြားကြားချင်ရာကြားပြီး လှမ်း လှမ်း အော်သေးတာ…
ဒီကလည်း လူရှုပ်ဆိုတော့ တခါတလေပုံပြောရင်းနဲ့ အာရုံနောက်လာရင် ဗရုတ်သုက္ခတွေလျှောက်ပြောတော့တာ

‘ဒီနေ့ ဘာပုံကြင်ကြောမှာရဲ ဦးဦး’
‘သိုင်းသမားလေးရဲ့ ချစ်ပုံပြင်တဲ့’
‘ဟင်… တရုတ်ကားနာမည်ကြီး’
‘ဟုတ်ပါဘူးကွ၊ မြန်မာဇာတ်လမ်းပါ’
‘ဒါဆိုလည်း ကြောတော့’
‘ဟုတ်ကဲ့ပါဆရာရယ်၊ နားထောင်…၊ ဟိုးရှေးရှေးတုန်းက တဲ့….’


ဟိုးရှေးရှေးတုန်းကတဲ့…
လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကပေါ့ သားသားရယ်
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဇလုံပြည်ကြီးဆိုတာ ရှိခဲ့တယ်ကွဲ့
‘ဟင်… ပုဂံပြည်မဟုတ်ပူးရား ဦးဦးရဲ့’
ဒါက သပ်သပ်ကွ၊ ဇလုံပြည်လို့ခေါ်တယ် ပုဂံနဲ့ခေတ်ပြိုင်တွေပေါ့ မင်း ငြိမ်ငြိမ်နားထောင်ကွာ
‘ဟုတ်ကဲ့’
အဲဒီ ဇလုံပြည်ကြီးမှာ သူရဲကောင်းသိုင်းသမားတစ်ယောက် ရှိခဲ့တယ်၊ နာမည်က ကျန်ရဲသား တဲ့
‘ဟင်… ခညားဟာက ဟုတ်ရို့ရား၊ ကျန်ချစ်တားဘဲ ကြားပူးတယ်’
ဟေ့ကောင် မင်းဟာက ကျန်စစ်သား၊ ငါ့ဟာက ကျန်ရဲသားကွာ၊ စစ်သားနဲ့ ရဲသား သိပ်မကွာပါဘူးကွ၊ သေနတ်ကိုင်တာခြင်းတော့ တူပါတယ်ဟ
‘တေနတ်ခြင်းတူပေမယ့်၊ ရဲတားတေရဲ့ တေနတ်က ကျစ်ရို့အရပူးတဲ့ ဦးဦးရဲ့’
ဟင်.. ဟုတ်ရား အဲလေ ဟုတ်လား ငါတောင်မသိဘူး မင်း ဘယ်သူပြောလဲ
‘တားတား တူငယ်ချင်းတေက ကြောတာ’
အေး မင်းလျှောက်ပြောမနေနဲ့အုံး၊ တော်ကြာ သူတို့ကြားသွားလို့ အိမ်ရှေ့လာပြီး အစမ်းပစ်ပြနေမှ ခက်မယ်
အဲ… ပုံပြင်တောင် ဘယ်ရောက်သွားပါလိမ့်…
‘ကျန်ရဲတား… အဲဒီနေရာ ရောက်ပီ’
အေး… အဲဒီသိုင်းသမားလေး ကျန်ရဲသားဟာ တစ်နေ့တော့ ရန်သူတွေနဲ့ တိုက်ခိုက်ရင်း၊ အင်အားမမျှလို့ တပ်ပျက်ပြီး ဆုတ်ခွာလာခဲ့တာ၊ သူ့လူတွေနဲ့ကွဲပြီး ပွပါးတောင်ကြီးနား ရောက်လာသတဲ့…
‘လုပ်ကျန်ပီ… ပုပ္ပားတောင် မဟုတ်ပူးရားဂျ’
မဟုတ်ဘူး၊ မင်းတောင်က ပုပ်ပါးတောင်၊ ငါ့တောင်က ပွပါးတောင်၊ မင်းတောင်က ပုပ်ရုံတင်ပုပ်တာ၊ င့ါတောင်က ပွပါနေပြီ… ..
(ဟဲ့ မောင်ဦး၊ နင် င့ါကလေးကို ဘာမဟုတ်တာတွေ ပြောနေတာတုန်း)
ဟီး… ပြောပါဘူးအစ်မရ၊ ကလေး ဗဟုသုတရအောင် ရာဇဝင်အကြောင်းလေးတွေ ပြောနေတာပါ
ဟေ့ကောင် မင်း သိပ်ပြီး ကွန်ပလိန်းမတက်နဲ့ မင်းအမေကြားလို့ င့ါကိုငေါက်ရင် ငါဆက်မပြောတော့ဘူးနော် ဒါဘဲ
‘ဟုတ်ကဲ..’
အဲ ဆက်ပြောမယ်… အဲဒီကျန်ရဲသားဟာ စစ်မြေပြင်က ထွက်ပြေးလာရင်း ပွပါးတောင်ခြေက တောထဲမှာ အစာရေစာ ပြတ်နေသတဲ့
ဒါနဲ့ တောထဲမှာ စားစရာလျှောက်ရှာရင်း အိမ်လေးတစ်လုံး သွားတွေ့တယ်
သူလည်း ဝမ်းသာသွားပြီး အဲဒီအိမ်လေးရှိရာကို သွားတာပေါ့
အဲ့အိမ်မှာက အဖိုးကြီးတစ်ယောက်နဲ့ သူ့သမီးလေးတစ်ယောက်နေတာ
အဖိုးကြီးက ဇလုံဘုရင်ရဲ့ရန်ကို ကြောက်လို့ရှောင်ပြေးလာတဲ့ အရည်းလေးကွ..
‘ဂျာ… အရည်းကြီး ဟုတ်ပူးရား’
ဟုတ်ပူး ဒါက အရည်းကြီးရဲ့မြေးတော်တယ်၊ အရည်းကြီးမျိုး တတိယမျိုးဆက်ပေါ့
‘ဒါဆို တူ့အဖေက ဘာတုန်း’
အရည်းလတ်လေကွာ… ထားပါကွာ၊ အရည်းမျိုးတွေစာရင်း နောက်မှ ကောက်ရအောင်ပါ၊ လောလောဆယ် ဘင်္ဂလီစာရင်း အရင်ကောက်ရအုံးမယ် အဲလေ ဟုတ်ပေါင် ကျန်ရဲသားအကြောင်း ဆက်ပြောရအုံးမယ်
သူတို့က ကျန်ရဲသားကို သနားပြီး ထမင်းကျွှေးတယ်၊ ညကျတော့ အိပ်စရာနေရာပေးတယ်…
အရည်းကြီးရဲ့ သမီးလေးက တော်တော်ချောတာကွ၊ နတ်သမီးလေးကျနေတာပဲတဲ့
‘ဘူကြောတာရဲ’
မေမေပြောတာ… အာာာာ ဟေ့ကောင်၊ ငြိမ်ငြိမ်နေပြီး နားထောင်၊ ပြောနေရင်းနဲ့ ဘယ်ရောက်ရောက်သွားမှန်းကို မသိတာ
အဲ ညနေ ထမင်းစားနေတုန်းကထဲက ကောင်မလေးကလည်း ကျန်ရဲသားကို သဘောကျနေတာကွ
ကွက်ကြည့်ကွက်ကြည့်နဲ့ ရှိုးနေတာပေါ့ကွာ၊
‘ရှိုးတယ်ဆိုတာ တားတားတိတယ်၊ ဦးဦး အိမ်ချေ့က ကောင်မရေးကို ရှိုးသလိုမျိုး’
အေးဟုတ်တယ်… အဲ မဟုတ်ဘူး၊ ဟကောင် တိတ်တိတ်နေစမ်း၊ ငါ့အကြောင်းတွေတော့ ရပ်ကွက်က သိတော့မှာဘဲ
(နင့်အကြောင်းတွေ တရပ်ကွက်လုံးက သိပြီးသားပါဟဲ့ မောင်ဦးရဲ့ တကထဲ)
ဟုတ်ကဲ့အစ်မ၊ ဟီးဟီး၊ ဟင်း ဒီကောင်နဲ့တော့ ငါ့တောက်ရှက်ကွဲပါပြီ
အဲ… ကောင်မလေးက အထာပေး၊ ကျန်ရဲသားကလည်း အကွက်ခြောင်းနေတာကို အဖိုးကြီးက သိတယ်
ည အိပ်ခါနီးတော့ ကျန်ရဲသားကို ခေါ်ပြီး ဒီလို သတိပေးတယ်… …
ဟေ့ကောင်၊ မင်း ညကျရင် ငါ့သမီးအခန်းကို ကူးသွားမယ် မကြံနဲ့၊ ငါ့စကား နားမထောင်လို့ကတော့ မင်းကို အရည်းကြီးတွေရဲ့ နှိပ်စက်နည်း သုံးနည်းနဲ့ အပြစ်ပေးမယ် တဲ့
‘နှိပ်စက်နည်း သုံးနည်းက ဘာတွေရဲ ဦးဦး’
ခဏစောင့်ကွာ ပုံပြင်ထဲမှာ ပြောရင်းနဲ့ ပါလာမှာ
ဒီလိုနဲ့ ညရောက်တော့ အိပ်ရာဝင်ကြတာပေါ့ကွာ…
အဘိုးကြီးက အိမ်အောက်ထပ်က အခန်းမှာ အိပ်တယ်၊ အပေါ်ထပ်မှာက ကောင်းမလေးကတစ်ခန်း၊ ကျန်ရဲသားက တစ်ခန်း အိပ်ကြတယ်
ညဉ့်တော်တော်နက်လာတော့ ကျန်ရဲသားက ဒီလိုစဉ်းစားသတဲ့
အင်း အဖိုးကြီးက အောက်ထပ်မှာ အိပ်တာ၊ ငါ ကောင်မလေးအခန်းကို သွားရင် သူဘယ်လိုနည်းနဲ့မှ မသိနိုင်ဘူး
… ဆိုပီး ကောင်မလေးအခန်းကို ကူးသွားသတဲ့
ကောင်မလေးကလည်း ကျန်ရဲသားကို မြင်မြင်ခြင်း သဘောကျနေတဲ့သူ ဆိုတော့ အိုကေတာပေါ့
ဒါနဲ့ တစ်ညလုံး ချစ်မဏ္ဍိုင်တူတူစိုက်ကြသတဲ့
‘ဘာရဲဂျ၊ အဲဒီ ချစ်မဏ္ဍိုင်ကြီးက၊ ဟို အိမ်ရှေ့ခန်းက တိုင်မျိုးကြီးရား’
အာ… မင်းကို ငါဘယ်လိုရှင်းပြရပ့ါ၊ မနက်ကျမှ မင်းအဖေကို မေးကွာ
(ဟဲ့ မောင်ဦး၊ ငါကြားလိုက်ပါတယ် နင်တို့က ဘယ်ကတိုင်ကြီးကို အိမ်ရှေ့မှာ စိုက်ချင်နေကြတာတုန်း)
ဂျာ… အစ်မ၊ ဘာမှ မဟုတ်ပါဘူး၊ ဟို ဟို သားသားက သူ့အဖေထိုင်နေတာ မမြင်တော့လို့တဲ့ အဲဒါမေးနေတာ အစ်မရ ဟီး ဟီး
(သူ့အဖေ ဘုရားကန်တော့နေတယ်၊ ဘာမှ သွားမေးမနေကြနဲ့)
ဟုတ်ကဲ့ဗျ၊ ဟေ့ကောင်တိုးတိုးပြောကွ၊ မင်းအမေက လွယ်တာမဟုတ်ဘူး
‘ဟုတ်ကဲ့’
ပုံပြင်ဘယ်ရောက်သွားပါလိမ့်… အဲ
‘တိုင်စိုက်တဲ့နေရာ ရောက်နေပြီ ဦးဦး’
အေး… အဲဒီတိုင်ကြီးကို တညလုံးစိုက်လိုက်တာ ကျန်ရဲသားခမျာ မနက်မိုးလင်းခါနီးမှ အခန်းပြန်ရောက်သတဲ့
အခန်းရောက်တော့ မောမောနဲ့ အိပ်ပျော်သွားတော့တာပေါ့
‘ဦးဦး အဲဒီတိုင်က တော်တော်လေးလို့လား ဂျ၊ သိုင်းသမားတောင် မောတယ်ဆိုတော့လေ’
သိပ်တော့မလေးပါဘူး အမ် ဟေ့ကောင်၊ မတော်တလျော်တွေ မေးမနေနဲ့ ဆက်ပြောမယ် ဒါနဲ့ နေတော်တော်မြင့်တော့ ကျန်ရဲသားလဲ နိုးလာတာပေါ့
သူနိုးလာလို့ လေးပါတယ်ဆိုပြီး ကြည့်လိုက်တာ…
လား.. လား သူ့ရင်ဘတ်ပေါ်မှာ ကျောက်တုံးတစ်တုံးတင်ထားတာကို တွေ့ရသတဲ့
ကျောက်တုံးမှာလဲ စာရေးထားတယ်
နှိပ်စက်နည်း (၁)၊ ရင်ဘတ်ပေါ်က ကျောက်တုံး… တဲ့
‘ကျောက်တုံးကြီး ဖိထားတော့ ကျန်ရဲတား ထလို့ ရတော့ပူးပေါ့’
ရတယ်ကွ၊ ကျန်ရဲသားက သိုင်းသမားဆိုတော့ အတွင်းအားနဲ့ကျောက်တုံးကိုမပြီး ပြတင်းပေါက်ကနေ အပြင်ကို ပစ်ချလိုက်တယ်
အဲ ပြသနာက အဲဒီမှာစတာ
‘ဘာခြစ်တာရဲ ဦးဦး’
ကျန်ရဲသားက ကျောက်တုံးကို အပြင်ပစ်လိုက်တော့မှ ကျောက်တုံးရဲ့ဒီဘက်မှာ စာထပ်ရေးထားတာကို လှမ်းမြင်လိုက်တယ်… …
ဘာတဲ့…
နှိပ်စက်နည်း (၂)။ ကျောက်တုံးနှင့် သင့်ညာဘက်ဝှေးစေ့ကို ကြိုးနှင့် ဆက်ချည်ထားသည် တဲ့
‘ဝှေးစေ့က ဘာရဲ’
အာ… ခက်ပြီ၊ မင်းအမေကြားလို့ လှမ်းမေးနေရင် ဖြေရခက်နေအုံးမယ်၊ တိုးတိုးပြောကွ၊ ဝှေးစေ့ဆိုတာကွာ သားသားမှာလဲ ရှိတယ်လေ
‘ဘယ်ဟာရဲ’
သားသား ရှုးရှုးပေါက်တဲ့ ဂျိုးဂျိုးလေးလေ၊ အဲဒီမှာ ပါတယ်ကွာ… …
‘ဟာ… တားတားတိပြီ၊ ဝှေးစေ့မဟုတ်ပါဘူး ဦးဦးရဲ့၊ ကွေးကျိပါ၊ ကွေးကျိလို့ ပီပီသသ ကြောဂျမ်းပါဂျ’
အေးပါကွာ၊ မင်းပြောတဲ့ ကွေးကျိဘဲ ထားပါတော့
‘ဦးဦးမှာရော ကွေးကျိ ရှိတယ်မလား’
မရှိ.. ရှိ အဲ မရှိဘူးပြောရင်လည်း အခြောက်ဖြစ်တော့မယ်
ရှိတာပေါ့ကွ သားသားကလည်း အဟင်း ဟင်း
‘ဒါချိုကျဂျမ်း’
အင့်… ဒီမှာကြည့်… အဲလေ ဟာ ဒီကောင် ဘယ့်နှာ့ မတော်တလျှော်တွေ ပြခိုင်းနေတာတုန်း တော်ပြီကွာ ပုံပြင်ဆက်မပြောတော့ဘူး
‘ဟာ… ကြောပါဂျ၊ ကောင်းခန်းရောက်နေပြီ၊ တားတား မပြခိုင်းတော့ပါဘူး’
အေး ဒါဆိုလည်း ဆက်ပြောမယ်… …
အဲ … အဲဒီ ညာဘက်ကွေးကျိနဲ့ ကျောက်တုံးကို ကြိုးနဲ့ဆက်ချည်ထားတော့ ခက်ပြီပေါ့၊ ကျောက်တုံးကို အပြင်ဘက်ပစ်ချလိုက်တာဆိုတော့ ကြိုးအရှည်ဆုံးသွားတာနဲ့ ချည်ထားတဲ့ ကွေးကျိက ပြတ်ပါသွားမှာကိုးကွ
ဒါနဲ့ ကျန်ရဲသားလည်း အလျင်အမြန်စဉ်းစားတယ်
အင်း… ငါပါ ကျောက်တုံးနောက်ကို လိုက်ပြီး ခုန်ချမှ ဖြစ်တော့မယ်၊ အိမ်ပေါ်ကပြုတ်ကျလို့ရှိရင် ကျိုးယုံပဲ့ယုံပဲရှိမှာ၊ ကွေးကျိပြတ်ပါသွားလို့ကတော့ လူဖြစ်ရှုံးပြီ…
ဆိုပြီး ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်တယ်
ပြသနာက အဲဒီမှာ ပိုကြီးတော့တာကိုးကွ…
‘ဘာခြစ်ကျန်ပီရဲ’
ကျန်ရဲသားက အဲလို ကျောက်တုံးနောက်က လိုက်ခုန်ချလို့ လေထဲမှာဘဲ ရှိနေသးတယ် အောက်ထပ်က မြေပြင်မှာ စာလုံးကြီးတွေနဲ့ရေးထားတဲ့ စာကို လှမ်းမြင်လိုက်သတဲ့
‘ဘာတဲ့ရဲ’
နှိပ်စက်နည်း (၃)။ သင့်ဘယ်ဘက်ကွေးကျိနှင့် ကုတင်တိုင်ကို ကြိုးနဲ့ဆက်ချည်ထားသည် … တဲ့
‘ဟာ… ကျန်ရဲတား တနားပါတယ် ဦးဦးရယ်’
(ဟဲ့ မောင်ဦး၊ တုတ်ကွေးမိတဲ့သူကို ဘယ်သူက ကုတင်တိုင်မှာ ချည်ထားတာတာတုန်း၊ ရက်စက်လိုက်ကြတာနော်)
ဟာ… ပြသနာဘဲ၊ ဒီအစ်မတော့ ကြားချင်ရာတွေကြားပြီး မေးချင်ရာတွေ မေးနေတော့တာ
မဟုတ်ပါဘူး အစ်မရယ်၊ သားသားက သူ့ခြေထောက်ကွေးထားရတာကြာလို့ ညောင်းတယ်ပြောနေတာပါ
(ဒါဆိုလည်း နင်ကနည်းနည်းလောက် နှိပ်နှယ်ပေး လိုက်လေ)
ဟုတ်ကဲ့အစ်မ ဟုတ်ကဲ့၊ အင်း ဝဋ်ကျွေးရှိသမျှ ဆပ်ရတော့မှာဘဲ
ဘယ်နေရာ ရောက်သွားပြန်ပါလိမ့်
‘ဆက်ကြောဂျ၊ ကွေးကျိနှစ်လုံး ကြိုးတန်းလန်းနဲ့ လေထဲမှာ’
အဲဒီတော့ သားသားရယ်၊ အတိုချုံ့ပြောရရင် သိုင်းသမားလေးကျန်ရဲသားခမျာ အနေအထိုင်မတတ်ဘဲ တိုင်စိုက်လိုက်မိလို့ အရည်းကြီးတွေရဲ့ နှိပ်စက်နည်း သုံးနည်းအောက်မှာ ကွေးကျိနှစ်လုံး ဆုံးရှုံးသွားတာပေါ့ကွယ်… …
‘ဟင်… ဒါချို တူ ရှုးရှုးပေါက်ရို့ ရတော့ပူးပေါ့’
ရသေးတယ် သားရဲ့၊ ဟိုဒင်းလေကွာ… ကွေးကျိက မရှိတော့ပေမယ့်ကွာ ဘယ်လိုပြောရမလဲဆိုတော့ ဟိုဟာကွာ… ကျန်သေးတာက… အဲ အဲ….
(ဟဲ့… မောင်ဦး၊ ငါ့မှာ ဘာထမင်းမှ မကျန်တော့ဘူး၊ နင်ဗိုက်ဆာရင် ခေါက်ဆွဲပြုတ်သောက်လိုက်၊ သားသား လာတော့ အိပ်ရတော့မယ်၊ မနက်ကျောင်းတက်ရအုံးမှာ)
‘ဟုတ်ကဲ့ မေမေ’
ဟူး…. ကယ်တင်ရှင်ပေါ်လာလို့ တော်သေးရဲ့
နိုမို့ ငါ့မှာ ဒီ ကွေးကျိနှစ်လုံးမပါတဲ့ကောင်ရဲ့ဇာတ်ကို ဘယ်လိုသိမ်းရမှန်း မသိတော့ဘူး


https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရဆိုမှ တကယ့်ပေါက်ကရရေးသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...