Thursday, March 27, 2014

Myanmar Youth Media Club 26 Mar 2014

MYMC - MYMHOT



Posted: 26 Mar 2014 07:51 PM PDT
4 Habits To Avoid In Work

အလုပ်လုပ် ရာမှာ ကျွမ်းကျင်မှုအပြင် အခြေအနေ ပေါ်လိုက်ပြီး လုပ်ကိုင် တတ်ဖို့ ကလည်း အရေးကြီး တာပဲမို့ အလုပ်မှာ သတိထား သင့်တဲ့ အခြေအနေ (၄)မျိုး အကြောင်း ဆွေးနွေး တင်ပြထား ပါတယ်။
ကျွန်တော်တို့ အလုပ်လုပ် ရာမှာ အရေး အကြီးဆုံး လိုအပ်တာ ကတော့ အရည်အချင်းပေါ့။
အရည်အချင်း မရှိတဲ့ ဘယ်အလုပ် သမားကို ဘယ် အလုပ်ရှင်က အလုပ် မခန့်ပါဘူး။ ဒါပေမယ့် အရည် အချင်းရှိရုံနဲ့ မပြီးပါဘူး။ အရည်အချင်း ရှိပြီး အလုပ်ကို ကြိုးကြိုးစားစား မလုပ်ရင်လည်း မဖြစ်တာမို့ ကြိုးစားမှု ကလည်း အရေးပါ ရှာပါတယ်။ သို့ပေမယ့် ကိုယ့်ပတ်ဝန်း ကျင်မှာ အရည်အချင်း လည်းရှိ၊ အလုပ်လည်း ကြိုးစားရက်နဲ့ ကိုယ့်အလုပ်ရှင်ရဲ့ အညိုအညင် ခံရတာတွေ၊ အလုပ်ထုတ် ခံရတာ တွေလည်း တွေ့ကြုံဖူး ကြမှာပါ။ အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်း ကတော့ ကိုယ့်ရဲ့ အလုပ် ၀န်းကျင်ရဲ့ အခြေအနေ အတက်အကျကို အကဲမခက် တတ်ကြလို့ ပါပဲ။ အဲဒီ အခြေအနေ တွေထဲက အများဆုံး တွေ့ ကြုံရတတ်တဲ့ အခြေအနေ (၄)မျိုးကို ဆွေးနွေး လိုက်ပါတယ်။



ပထမဆုံး အနေနဲ့ သင့်အနေနဲ့ သင်အာမခံချက် မပေးနိုင် တာမျိုးကို ဘယ်တော့မှ အာမ မခံဖို့ပါပဲ။ ဒီနေရာမှာ အခြေအနေ တစ်မျိုးပေးပြီး ဆွေး နွေးလိုပါတယ်။ ဥပမာ သင်ဟာ Junior Programmer တစ်ယောက် ဆိုပါတော့။ သင်ဟာ လောလောဆယ်လုပ်နေတဲ့ ပရောဂျက်ရဲ့ တာဝန် ပေးထားတဲ့ အစိတ်အပိုင်းကို ပြီးဆုံးအောင် လုပ်နိုင်မယ်။ အဲဒီအချိန်မှာ သင့်ရဲ့ Senior Programmer ဟာလုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ အ လုပ် အကြာကြီး ပျက်လို့ ရေးရမယ့် ပရောဂျက် အစိတ်အပိုင်း တွေရှိမယ်။ ပရောဂျက် သတ်မှတ်ရက်လည်း နီးလာပြီ။ ဒီနေရာမှာ အလုပ်ရှင် က သင့်ကို အဲဒီ အလုပ် ခိုင်းမယ် ဒါမှမဟုတ် သင်မလုပ်နိုင်ရင် အပြင်က အရေးပေါ် ကျွမ်းကျင် Programmer တစ်ယောက် ခေါ်ငှားရေး ခိုင်းမယ်။ အဲဒီလို အခြေအနေ မျိုးမှာ အလုပ်ရှင်မျက်နှာ ရအောင် အဲဒီ အစိတ်ပိုင်း တွေကို သေချာ မရေးနိုင် ဘဲနဲ့ လုပ်နိုင်ပါ တယ်လို့ အာမ မခံလိုက် ပါနဲ့။ သေချာ မကျွမ်းကျင်တဲ့ အလုပ်ကို ဘယ်သူမှ ပြီးဆုံးမယ်လို့ အာမ မခံနိုင်ပါဘူး။ အကယ်၍ ကံကောင်းလို့ ပြီးခဲ့ရင်တောင် ထွက်လာတဲ့ ရလဒ်က အရည်အသွေး ပြည့်မယ်လို့ အာမ ခံချက် မရှိပါဘူး။

4 Habits To Avoid In Work

ဒုတိယ အချက် အနေနဲ့ ကတော့ သင့်အနေနဲ့ အလုပ်ရှင် ကပဲ ဖြစ်ဖြစ်၊ ဈေးဝယ်သူ ကပဲ ဖြစ်ဖြစ် ဆက်သွယ်လာ တဲ့အခါ မေ့လျော့ နေတာကို ရှောင်ရှား ဖို့ပါပဲ။ အထူးသဖြင့် အရောင်း မြှင့်တင်ရေး ၀န်ထမ်း လိုမျိုးဟာ မိမိရုံး ကပဲ ဖြစ်ဖြစ်၊ ဈေးဝယ်သူ ကပဲ ဖြစ်ဖြစ် မေးလ်ဒါမှမဟုတ် ဖုန်း နဲ့ ဆက်သွယ် လာရင် ချက်ချင်း အကြောင်းပြန် သင့်ပါတယ်။ မဟုတ်ရင် သတင်း လစ်လပ် မှုကြောင့် အလုပ်ရှင် ရမယ့် အကျိုးအမြတ် ပျက်စီး ပြီး အလုပ်က အထုတ် ခံရတာမျိုး ဖြစ်တတ် ပါတယ်။ ဒါ့ကြောင့် မိမိဖုန်း ဒါမှမဟုတ် ကွန်ပျူတာလို ဆက်သွယ်ရေး ကိရိယာတို့ကို အမြဲအား ဖြည့်ထားပြီး ခဏခဏ စောင့်ကြည့်နေ သင့်ပါတယ်။

4 Habits To Avoid In Work

တတိယ အချက် အနေနဲ့ အရေးပေါ် အခြေအနေ မျိုးကို မသိမိ တာမျိုး ဖြစ်ပါတယ်။ သင့်ရဲ့ အထက် အရာရှိဟာ အမြဲ ဆက်ဆံရေး ကောင်း မွန်တဲ့ အရာရှိမျိုး ဖြစ်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ တချို့သော အထက် လူကြီး များဟာ ဟိုဟာလုပ်၊ ဒီဟာလုပ် ဆိုပြီး အကြောင်း ပြချက်မ ပေးဘဲ တိုတိုတုတ်တုတ်နဲ့ ခိုင်းတတ်ပါတယ်။ အဲဒီလို အခြေအနေ မျိုးမှာ အရေးကြီးတဲ့ အမိန့်မှန်း မသိဘဲ ပေါ့ပေါ့လျော့လျော့ နောက်ကျမှ လုပ် မိရင် အလုပ်စားပွဲ ပျောက်တတ် ပါတယ်။ အကောင်းဆုံး ကတော့ အထက်က ခိုင်းသမျှ မှန်သမျှ မြန်မြန် ဆန်ဆန်နဲ့ လုပ်နိုင်ရင် အလုပ်ရှင် လည်း ကျေနပ်သလို အလုပ် စွမ်းဆောင် ရည်လည်း တိုးတက်ကာ ရာထူး တိုးတက် ဖို့လည်း နီးတာမို့ လုပ်သင့်ပါတယ်။

4 Habits To Avoid In Work

နောက်ဆုံး အချက် အနေနဲ့က ကိုယ်ဖြေရှင်း နိုင်တဲ့ ကိစ္စ အသေး အမွှားကို မဖြစ်မနေ အခြေအနေ မျိုးကလွဲလို့ ကိုယ့်အထက်ကို အသေးစိတ် တင်ပြနေ တာမျိုး ရှောင်ရှား သင့်ပါတယ်။ ဒီနေရာမှာ အခြေအနေ တစ်မျိုးနဲ့ ပြောလို ပါတယ်။ ဥပမာ ပြောရရင် ဈေးဝယ်သူ တစ်ယောက်က သူ ၀ယ်ထားတဲ့ ပစ္စည်း ပျက်သွားလို့ သင့်ဆိုင်ကို လာမယ်။ ပစ္စည်းရဲ့ အာမခံ သက်တမ်းကဒ် ပျောက်နေမယ်။ သက်တမ်း ကလည်း ကျော်သွားပြီ။ ဒါပေမယ့် အာမခံ သက်တမ်း အတွင်း ရှိနေသေး တယ်လို့ ဈေးဝယ်သူက အတင်းငြင်းပြီး အခမဲ့ ပြင်စေ ချင်မယ်။ အဲဒီလို အခြေ အနေမျိုးမှာ ကိုယ့်ရဲ့ အထက် အရာရှိ မန်နေဂျာကို ခေါ်ပြီး ဖြေရှင်း ခိုင်းစရာ မလိုပါဘူး။ ဈေးဝယ်သူကို ချိုချိုသာသာနဲ့ အကျိုး အကြောင်းပြော စောင့်ခိုင်း ထားပြီး ဆိုင်မှာရှိတဲ့ ဘောင်ချာအဟောင်းနဲ့ အာမခံကပ် ကော်ပီ အဟောင်းတွေကို အချိန်ပေး ရှာလိုက်မယ်။ ပြီးရင် ဈေးဝယ်သူကို ပြသပြီး ပ စ္စည်းပြင်ဖို့ ပိုက်ဆံ ပေးရမယ် ဖြစ်ကြောင်းနဲ့ ကုန်ကျမယ့် ပိုက်ဆံဟာ ဈေးဝယ်သူ တတ်နိုင်မယ့် ဈေးနှုန်း ဆိုပြီး ဈေးဝယ်သူရဲ့ ပိုက်ဆံအိတ်ထဲ က ပိုက်ဆံတွေ ကိုယ်တိုင် ထုတ်ချင် လာအောင် ဆွဲဆောင် ရပါမယ်။ အဲဒီလို လုပ်တာတောင် ဆိုးရွားတဲ့ အခြေအနေ ရောက်လာမယ် ဆိုရင် တော့ ကိုယ့်အထက် အရာရှိကို အကျိုးအကြောင်း ပြောပြပြီး စစ်ကူ ခေါ်လိုက်ပါတော့။

4 Habits To Avoid In Work

အထက်က တင်ပြ ခဲ့တဲ့ အလုပ်မှာ ကြုံတွေ့ရမယ့် အကျဉ်းအကျပ် အခြေအနေ (၄)မျိုး အကြောင်းကို စာဖတ်သူများ ဖတ်ရှု ကျေနပ်နိုင်ကြ လိမ့် မယ်လို့ မျှော်လင့် ပါတယ်လို့ ဆုတောင်းရင်း နိဂုံးချုပ် အပ်ပါတယ်။

Images from bestclipartblog, distritobeta, ifhp, mashable, usnews, dalekurow. Source: mashable.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...