Monday, March 24, 2014

အမျိုးသမီး ရောဂါများ ကာကွယ်နိုင်ရန် Kegel လေ့ကျင့်ခန်း

အမျိုးသမီး ရောဂါများ ကာကွယ်နိုင်ရန် Kegel လေ့ကျင့်ခန်း
------------------------------------------------------------------------
Kegel လေ့ကျင့်ခန်း ပြုလုပ်ပါက မိန်းမကိုယ် လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်နိုင်သဖြင့်
အရွယ်ရောက်ပြီး မိန်းကလေးတိုင်း လုပ်သင့်သော လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ကြောင်း မြောက်ဥက္ကလာပ ဆေးရုံမှ မီးယပ်နှင့်သားဖွား အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဖြူသွယ်စင်က ပြောကြား ခဲ့သည်။ ''ဒီလေ့ကျင့်ခန်းက သားအိမ်၊ စအိုဝ၊ အူအတွင်းပိုင်းနဲ့ မိန်းမကိုယ် လမ်းကြောင်းက ကြွက်သားတွေ ကိုသန်မာစေပြီး အူမကြီးကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်တယ်'' ဟု ၎င်းက ပြောကြား ခဲ့သည်။ Kegel လေ့ကျင့်ခန်းသည် တင်ပါးဆုံ အတွင်းပိုင်းမှ ကြွက်သားများကို လုပ်ဆောင်ချက် ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်သည်များ လေ့ကျင့်ခန်း ပြုလုပ်ပါက ကြွက်သား တင်းမာမှုများ လျော့ကျ စေကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ ကလေး မွေးဖွားချိန်တွင် ပိုမို လွယ်ကူစေသဖြင့် သားဖွားဆရာမများ လေ့ကျင့်ခိုင်းလေ့ ရှိသော လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်မည် ဆိုပါက ဆီးသွားချိန်တွင် ဆီးကို ရုတ်တရက် ရပ်တန့်သကဲ့သို့ တင်ပါး ကြွက်သားများကို မလှုပ်ရှားစေပဲ မိန်းမကိုယ်မှ ကြွက်သားများကို စက္ကန့်ငါးဆယ်ခန့် ကျုံလိုက်၊ ဆန့်လိုက် ပြုလုပ်ပေးရသော လေ့ကျင့်ခန်းဖြစ်ကာ ဆရာဝန် ပြသရန် စောင့်ဆိုင်းနေချိန်၊ ရေချိုးနေချိန်၊ ကွန်ပျူတာ ရှေ့တွင် ထိုင်နေချိန်များနှင့် အားလပ်ချိန်များတွင် တစ်နေ့လျှင် သုံးကြိမ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်မြန်မာ
K.K(ကနောင်)

Kegel လေ့ကျင့်ခန်း ပြုလုပ်ပါက မိန်းမကိုယ် လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်နိုင်သဖြင့် အရွယ်ရောက်ပြီး မိန်းကလေးတိုင်းလုပ်သင့်သော လေ့ကျင့်ခန်း တစ်မျိုး ဖြစ်ကြောင်း မြောက်ဥက္ကလာပ ဆေးရုံမှ မီးယပ်နှင့်သားဖွား အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဖြူသွယ်စင် က ပြောကြားခဲ့သည်။
''ဒီလေ့ကျင့်ခန်းက သားအိမ်၊ စအိုဝ၊ အူအတွင်းပိုင်းနဲ့ မိန်းမကိုယ် လမ်းကြောင်းက ကြွက်သားတွေ ကိုသန်မာစေပြီး အူမကြီးကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်တယ်'' ဟု ၎င်းက ပြောကြား ခဲ့သည်။ Kegel လေ့ကျင့်ခန်းသည် တင်ပါးဆုံ အတွင်းပိုင်းမှ ကြွက်သားများကို လုပ်ဆောင်ချက် ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်သည်များ လေ့ကျင့်ခန်း ပြုလုပ်ပါက ကြွက်သား တင်းမာမှုများ လျော့ကျ စေကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ ကလေး မွေးဖွားချိန်တွင် ပိုမို လွယ်ကူစေသဖြင့် သားဖွားဆရာမများ လေ့ကျင့်ခိုင်းလေ့ ရှိသော လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်မည် ဆိုပါက ဆီးသွားချိန်တွင် ဆီးကို ရုတ်တရက် ရပ်တန့်သကဲ့သို့ တင်ပါး ကြွက်သားများကို မလှုပ်ရှားစေပဲ မိန်းမကိုယ်မှ ကြွက်သားများကို စက္ကန့်ငါးဆယ်ခန့် ကျုံလိုက်၊ ဆန့်လိုက် ပြုလုပ်ပေးရသော လေ့ကျင့်ခန်းဖြစ်ကာ ဆရာဝန် ပြသရန် စောင့်ဆိုင်းနေချိန်၊ ရေချိုးနေချိန်၊ ကွန်ပျူတာ ရှေ့တွင် ထိုင်နေချိန်များနှင့် အားလပ်ချိန်များတွင် တစ်နေ့လျှင် သုံးကြိမ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်မြန်မာ
K.K(ကနောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...