ကမ္ဘာကြီးဆိုတာ ရွာကြီးတစ်ရွာတဲ့လားမေမေ
မေမေ
ကမ္ဘာကြီးဆိုတာ
ရွာကြီးတစ်ရွာတဲ့လား
ကျနော်သိတဲ့
ရွာဆိုတာ
တမာပင်တွေ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက
တဲကလေးတလုံးပါ။
မေမေ
ကမ္ဘာကြီးဆိုတာ
ဂလိုဘယ်ခေတ်တဲ့လား
အိုဇုန်းလွှာတွေ
ပေါက်ကွဲတာ
ဆူနာမီတွေတိုက်ခတ်တာ
နာဂစ်တွေဖြစ်တာ
ကမ္ဘာကြီးကဂလိုဘယ်ဖြစ်လို့တဲ့လား
မေမေ
မေမေ
အင်တာနက်ခေတ်ဆိုတာ
ဘာလဲမေမေ
စလောင်းဖုံးကို
အိမ်ခေါင်းမိုးပေါ်တင်ထားတာကို
ပြောတာလားမေမေ
ကျနော်ရွာမှာ
လျှပ်စစ်မီးလည်းမရှိဘူး
စလောင်းဖုံးတော့လွှင့်တင့်လိုရတယ်
မေမေ
ဖုန်းဆိုတာကြီးက
အရီးလှတို့ရန်ကုန်သွားရင်
လိုက်သွားဖူးတော့
ရန်ကုန်သူတွေလည်း
သားတို့လိုပဲ
စကားကိုကျယ်ကျယ်ပြောတတ်တယ်
ဟလိုကြားလားး ကြားလားနဲ့
အရပ်ရှစ်မျက်နှာကြားအောင်
အော်နေလိုက်တာ
ရွာထိပ်ကသူကြီးသာလှအော်အော်နေတဲ့
လော်စပီကာကြီးအတိုင်းပဲ
မေမေ
မေမေ
ရန်ကုန်သူတွေ
မမြင်ဘူးလို့ကြည့်မိပါတယ်
ထမီရင်ချားနဲ့လမ်းထွက်နေကြတယ်
အောက်ခံဘောင်ဘီတိုနန့်နန့်နဲ့
လမ်းထွက်နေကြတယ်
ဆံပင်ကလည်းနီကြောင်ကြောင်
ကျနော်ရွာက
စာဥနဲ့များကွာပ
သနပ်ခါးလေးပါးကွက်ကြားနဲ့
ဆံပင်ရှည်လေးတပတ်လျှိုထုံးထား
အေးချမ်းလိုက်တာ
မေမေရယ်
ကမ္ဘာကြီးကခေတ်မီလာပြီပြောတာ
အဝတ်အစားလား
လူနေမူစရိုက်လား
ကာရာအိုကေလား
ကေတီဗီလား
မာဆက်လား
နိုက်ကလပ်တဲ့လား
မေမေ
ကျနော်တို့ရွာလျှပ်စစ်မီးမရသေးဘူး
ကျနော်ရွာစာသင်ကျောင်းမရှိသေးဘူး
ကျနော်တို့ရွာ လမ်းပန်းဆက်သွယ်ရေးမကောင်းသေးဘူး
ဆေးခန်းမရှိလို့သေသွားတဲ့သူတွေ
အများကြီးပဲမေမေ
ခြေတန်ရှည်အိမ်လေးမှာ
ထမင်းနပ်မမှန်သူတွေ
လယ်ရှိရက်မထွန်ယက်နိုင်သူတွေ
မြေရှိရက်ထမင်းမစားရတဲ့သူတွေ
မိတကွဲဖတကွဲအခြေအနေမဲ့သူတွေ
ဒုက္ခကိုခါးစောင်းတင်
နေမပျော်တဲ့ဘဝမှာ
ဘဝကိုရောင်းစားနေကြသူတွေ
အများကြီးပါပဲမေမေ
ကျနော်ဂလိုဘယ်လည်းမသိချင်ဘူး
အင်တာနက်ဆိုတာလည်းမသိချင်ဘူး
ခေတ်မီတာလည်းမသိချင်ဘူး
အချိန်တန်တော့ဖြစ်လာမှာဆိုတဲ့
အချိန်တန်အဆင်ပြေလာမှာပါ
အချိန်တန်လှပလာမှာပါ
ဒီအသံတွေ
နောက်ရာစုသစ်တော့
မကျော်တန်ကောင်းပါရဲ့ဗျာ။
ကမ္ဘာကြီးကရွာတစ်ရွာဆိုတာ
ကျနော်မသိချင်ဘူး
ကျနော်သိတာက
ကျနော်ရွာလေးတော့
အေးချမ်းစေချင်တယ်
ငြိမ်းချမ်းစေချင်တယ်
အဓိက
ကျနော်ထမင်းနပ်မှန်ချင်တယ်
ကျနော်ကျောင်းတတ်ချင်တယ်
ကျနော်ပညာဆိုတဲ့အရာကြီးကိုတတ်ဖုးချင်တယ်
မေမေရယ်
လေးစားလျက်
ရှင်းသန့်မေ
0 comments:
Post a Comment