Tuesday, March 25, 2014

ဓာတ်ဆရာတွေကို မချစ်သင့်တဲ့အကြောင်း (၄၁) ချက်

March 25, 2014 at 8:56am

 Posted by မီးမောင်
 
ဓာတ်ပုံဆရာတွေဆိုတာ တခြားသူတွေနဲ့ မတူ ကွဲပြားနေတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ အနုပညာရှင်တွေ ဖြစ်သလို လုပ်ငန်းရှင်တွေလည်း ဖြစ်ပါတယ်။ ကင်မရာပစ္စည်းတွေကို အရမ်း ချစ်ကြပြီး တသသ ဖြစ်နေကြတာ တခါတလေ ဘေးလူ အမြင်ကပ်လောက်အောင်ပါပဲ။
ဒီနေ့တော့ Photography Talk ဆိုတဲ့ website မှာ သွားဖတ်မိတဲ့ ဓာတ်ပုံဆရာတွေကို ချစ်သူအဖြစ် မရွေးသင့်တဲ့ အကြောင်းအရင်းတွေကို ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။ ဒီထဲက အချက်အလက်တွေက အတော်များများ မှန်တယ်လို့ ယူဆလို့ ရပေမယ့် မူရင်း ရေးသူကတော့ ရယ်စရာ အပျော်သဘောသာ သဘောထားဖတ်ပါလို့လည်း ကြိုတင် တောင်းဆိုထားလေရဲ့။ တကယ်တော့ ဓာတ်ပုံဆရာတွေကို လူအများစု သဘောကျကြပါတယ်နော့။ ၁။ သူတို့က ခပ်ကြောင်ကြောင်နိုင်ကြပါတယ်။


ဓာတ်ပုံဆရာတွေဆိုတာ အနုပညာရှင်တွေ ဖြစ်ပြီး ဖန်တီးမှုကို အမြဲလိုလို တွေးနေတတ်ကြသူတွေပါ။ ဒါကြောင့် သင်နဲ့ နှစ်ယောက်အတူ တစ်စားပွဲတည်း ထိုင်နေကြချိန် သင့်ကို စိုက်ကြည့်နေရင် တစ်မျိုး မထင်ပါနဲ့လေ။ သူတို့ စဉ်းစားနေတာက သင့်ကို ဘယ်ရှုထောင့်က ရိုက်ရင် အလှဆုံးလဲ စဉ်းစားနေတာ ဖြစ်ဖို့များပါတယ်။၂။ မွေးနေ့လက်ဆောင်တွေက အမြဲ သင့်အတွက် ထူးဆန်းနေတတ်ပါတယ်။


များသောအားဖြင့်တော့ ဘယ်တုန်းကမှန်း မသိ သင် မသိလိုက်တဲ့အချိန်မှာ ခိုးရိုက်ထားတဲ့ သင့်ဓာတ်ပုံကို ဘောင်သွင်းပြီး ပေးတာ ဖြစ်တတ်ပါတယ်။၃။ သူတို့ အကြိုက်ဆုံး နေ့တွေက သင်နဲ့ မတူနိုင်ဖို့ များပါတယ်။


လူအများစုနည်းတူ သင်လည်း နေသာတဲ့ နေ့တွေကို သဘောကျတာ ဖြစ်ဖို့ များပါတယ်။ ဓာတ်ပုံဆရာတွေကတော့ လူအများစုကို အလွမ်းအဆွေးရသတွေ ပေးတတ်တဲ့ မှုန်မှုန်မှိုင်းမှိုင်း နေ့တွေကို ပိုနှစ်သက်တတ်ကြပါတယ်။၎။ စုဆောင်းရတာ ဝါသနာထုံကြတယ်။


ဓာတ်ပုံဆရာ အများစုဟာ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ သူတို့ စိတ်ဝင်စား သဘောကျတဲ့ အရာတွေကို ခဏတာလေးပဲ ဖြစ်ဖြစ် စုဆောင်း သိမ်းဆည်းထား တတ်ကြပါတယ်။၅။ စည်းကမ်းတွေ ဥပဒေတွေလည်း ချိုးဖောက်ဖို့ ဝန်မလေးကြဘူး။


အထူးသဖြင့် ကန့်သတ်ထားတဲ့ အဆောက်အဦ ဟောင်း/ပျက်တွေထဲကို ကျူးကျော်ဝင်ရတာဟာ ဓာတ်ပုံဆရာတွေရဲ့ သဘောအကျဆုံး လုပ်ဆောင်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံ ရဖို့ အာရုံစိုက်လိုက်ပြီဆိုရင် စည်းကမ်းတွေ ဥပဒေတွေကို ချိုးဖောက်မိနေမှန်းတောင် သတိမထားမိတတ် ကြတော့ပါဘူး။၆။ သူတို့ ခရီးသွားရင် အိမ်ပြောင်းသလား ထင်မှတ်ရပါတယ်။


ဓာတ်ပုံဆရာ အများစုဟာ သူတို့ရဲ့ ကင်မရာ ပစ္စည်း ကိရိယာတွေမပါဘဲ ခရီးသွားလေ့ မရှိကြပါဘူး။၇။ ရုပ်ရှင် အတူကြည့်ကြရင် ဘယ်တော့မှ သင်ထင်ထားသလို့ ခံစားရမှာ မဟုတ်ပါဘူး။


ဓာတ်ပုံဆရာ အများစု ရုပ်ရှင်ကြည့်ကြရင် အရောင်က ဘယ်လိုဖြစ်တယ်၊ composition က ဘယ်ညာ၊ lighting က ဘယ်သို့နဲ့ တစ်ချိန်လုံး ဝေဖန်နေကြတော့တာပါပဲ။၈။ ဘယ်အရာကို မဆို အမှတ်အသား လုပ်လေ့ရှိတယ်။


အထူးသဖြင့် သူတို့ရဲ့ ဓာတ်ပုံတွေကိုပေါ့။ ဘာ watermark မှ မတတ်ထားတဲ့ ဓာတ်ပုံဆရာ တစ်ယောက်ရဲ့ portfolio များ သင် မြင်ဖူးပါရဲ့လားဗျာ။၉။ တခြားသူတွေ အားလုံး အသုံးမကျဘူး။


ဓာတ်ပုံဆရာတွေဆိုတာ ဘဝင်မြင့်တဲ့ သတ္တဝါတွေပါ။ ဒါကြောင့် ဘယ်သူ့ရဲ့ အနုပညာ လက်ရာကိုမှ သူတို့လက်ရာလောက် ကောင်းတယ် မထင်တတ်ကြဘဲ အလွန်ဆုံး “ငါ့လောက် နီးနီးတော့ ကောင်းသားပဲ” ဆိုတာလောက်သာ ပြောတတ်ပါတယ်။၁၀။ မနာလိုဖြစ်ပုံ တမူ ကွဲပြားတတ်ကြတယ်။


ယောင်္ကျားအများစု သူများကို မနာလို ဖြစ်ကြပုံနဲ့ မတူဘဲ သူတို့က ကင်မရာပစ္စည်းတွေနဲ့ ပတ်သက်ပြီးသာ မနာလို ဖြစ်တတ်ကြတာ များပါတယ်။၁၁။ အမိုက်စား လူတွေနဲ့ပဲ အချိန်ကုန်လေ့ရှိတယ်။


သင့်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သူငယ်ချင်း အများအပြား ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံဆရာတွေကတော့ သူတို့ရဲ့ အချိန် အများစုကို မော်ဒယ်တွေ၊ ဒီဇိုင်နာတွေနဲ့ တခြား အမိုက်စား ပုဂ္ဂိုလ်တွေနဲ့သာ ကုန်လွန်လေ့ ရှိပါတယ်။၁၂။ သူတို့ ကြိုက်တဲ့ ရုပ်ရှင်ကားတွေက သူများတွေနဲ့ ဘယ်တော့မှ မတူဘူး။


ဓာတ်ပုံဆရာ အများစုက အနုပညာဆန်လွန်းပြီး လူကြိုက်နည်းတဲ့ ပျင်းစရာ ဇာတ်ကားတွေကို ပိုကြိုက်တတ်ကြပါတယ်။၁၃။ ပုံစံ ခပ်တုံးတုံးတွေ ဝတ်ဆင်တတ်ကြတယ်။


သူတို့က ဖလင်ကင်မရာတွေကို တပ်မက်ရင်မက် မဟုတ်ရင်တော့ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က ပုံစံမျိုးတွေ ဝတ်ဆင်တတ်ကြပါတယ်။ (နောက်ပိုင်း ဖက်ရှင်ဓာတ်ပုံဆရာတွေကတော့ ဒီဇိုင်းတွေ လန်းသလားလို့ ။ စာရေးသူ)၁၄။ အရာရာကို ထိန်းချုပ်ချင်ကြတယ်။


အရာရာတိုင်းရဲ့ တည်ရှိနေတဲ့ ပုံသဏ္ဍာန်တွေကို ထိန်းချုပ်ချင်ကြတယ်။ သင့်ကို ဖြစ်ဖြစ် စားပွဲပေါ်က ကော်ဖီခွက်ကို ဖြစ်ဖြစ် နေရာတကျ လှလှပပ ဖြစ်စေချင်တတ်တယ်။ (ဒီနေရာမှာ ကျွန်တော့်ဆရာတစ်ယောက် ပြောတဲ့ ဆင်ဆရာတွေလေ ဆိုတဲ့စကားကို သတိရမိတယ်။ ဆင်ရိုက်တာတွေ များလွန်းလို့တဲ့။ စာရေးသူ)၁၅။ သင့်အမြင်ကို သိပ် ဂရုစိုက်လေ့ မရှိဘူး။


သူတို့ ဆန္ဒက သူတို့ နောက်ဆုံးရိုက်ထားတဲ့ ဓာတ်ပုံတွေကို သင့်ကို ပြချင်တာ တစ်ခုပါပဲ။ သင့်ရဲ့ ဝေဖန် သုံးသပ်မှုကို သိပ်မျှော်လင့်တာတော့ မဟုတ်ပါဘူး။၁၆။ သူတို့ ဆက်သွယ် ဆက်ဆံပုံက စိတ်ပျက်စရာ။


သူတို့ account မှာ ဓာတ်ပုံတွေသာ တင်ချင် တင်နေမယ် သင့်ရဲ့ Facebook message နဲ့ miss call တွေကိုတော့ ပြန်ခေါ်/ပြန်ပြောချင်မှ ပြောပါလိမ့်မယ်။၁၇။ သင့်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ရင် အမှန်အတိုင်း ပြောတတ်လွန်းပါတယ်။


ဓာတ်ပုံဆရာ ရည်းစားကို “ကျွန်မ ဝနေလားဟင်” လို့ မေးမိရင်တော့ “အင်း ဟုတ်တယ်” လို့ပဲ ပြန်ဖြေဖို့ များပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့လေ။ သူတို့ Photoshop နဲ့ ပြင်ပေးပါလိမ့်မယ်။၁၈။ သူတို့ရဲ့ အချိန် အများစုက ကွန်ပျူတာရှေ့မှာ ကုန်လွန်ပါတယ်။


Facebook တို့ porn တို့ ကြည့်နေတယ်တော့ မထင်ပါနဲ့လေ။ များသောအားဖြင့် ဓာတ်ပုံတွေ edit လုပ်နေတတ်ကြတာ များပါတယ်။၁၉။ ရင်ခုန်စရာ နေဝင်ချိန် ရှုခင်းတွေ သိပ်မျှော်လင့်လို့ မရပါဘူး။


ဓာတ်ပုံဆရာ တစ်ယောက်နဲ့အတူ လှပတဲ့ နေဝင်ချိန် ရှုခင်းကို ငေးကြည့်နေမိချိန်မှာ သူက တခြားလူတွေလိုတော့ romantic ဖြစ်တဲ့ အတွေးတွေ တွေးနေမှာ မဟုတ်လောက်ပါဘူး။ သူက f/8 ကို 1/125 နဲ့ ရိုက်ရင် ကောင်းမလားလို့ တွေးနေတာ ဖြစ်ချင် ဖြစ်နေတတ်ပါတယ်။၂၀။ သင့်အတွက် ပိုက်ဆံ အများကြီး သုံးချင်မှာ မဟုတ်ဘူး။


ဓာတ်ပုံဆရာ တစ်ယောက်နဲ့ တွဲသွားရင်း အရမ်းလှတဲ့ ဖိနပ်လေးတစ်ရံ တွေ့လို့ လိုချင်စိတ် ဖြစ်ရင်တောင် သူ့ကို ပူဆာလို့ ရလိမ့်မယ် မမျှော်လင့်ပါနဲ့။ သင့်အတွက် ဒေါ်လာ ၁၀၀ တန် ပစ္စည်းတစ်ခု ဝယ်ပေးချင်မှ ဝယ်ပေးမှာ ဖြစ်ပေမယ့် သူ့အတွက် မှန်ဘီလူးတစ်လုံး ဝယ်ဖို့ ဒေါ်လာ ၁၀၀၀ ကို နှမြောနေမှာ မဟုတ်ပါဘူး။၂၁။ အစာ စားချိန်လည်း သူများနဲ့ တူမှာ မဟုတ်ပါ။


အစာ စားရင်လည်း သူများတွေလို မဟုတ်ဘဲ မစားခင် ငါးမိနစ်လောက်တော့ စားစရာ ဟင်းပွဲတွေကို ရှုထောင့် ပေါင်းစုံက ဓာတ်ပုံရိုက်ချင် ရိုက်နေတတ်ပါတယ်။၂၂။ သင့်မိတ်ဆွေတွေက သူ့ကို ဓာတ်ပုံပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးရင် မကြိုက်တတ်ပါဘူး။


ဓာတ်ပုံဆရာတွေအနေနဲ့ ဝါသနာရှင်တွေဆီက အမေး မခံချင်ဆုံး မေးခွန်းက ကင်မရာဝယ်တာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါပဲ။ အထူးသဖြင့် “ကျွန်တော်ဗျာ ဓာတ်ပုံကောင်းကောင်း ထွက်တဲ့ ကင်မရာမျိုး လိုချင်တယ်ဗျာ။ Professional ကြီးတွေတော့ မလိုချင်ပါဘူး။” ဆိုတဲ့ မေးခွန်းမျိုး မေးရင် စိတ်ညစ်တတ်ကြပါတယ်။၂၃။ လက်တွဲ သွားရတယ်ဆိုတာ ခပ်ရှားရှား


သူတို့က သွားလေရာ ကင်မရာ တကားကားနဲ့ ဖြစ်နေတတ်လို့ပါ။၂၄။ သင့်ကို ရိုက်ထားတဲ့ ပုံတွေ ဘယ်တော့မှ မပေးတတ်ဘူး။


အရင်နဲ့က သင့်ချစ်သူ ဓာတ်ပုံဆရာ သင့်ကို ဓာတ်ပုံရိုက်ပေးထားတာ သတိရမိရင်တော့ သိပ် မမျှော်လင့်ပါနဲ့။ အဲဒီ ဓာတ်ပုံ သင် မြင်ဖူးချင်မှတောင် မြင်ရပါလိမ့်မယ်။၂၅။ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ရင် ရှောင်လေ့ မရှိဘူး။


အကယ်၍များ သင်နဲ့ သင့်ချစ်သူ ဓာတ်ပုံဆရာတို့ ချိန်းတွေ့နေတုန်း မုန်တိုင်း တိုက်လာခဲ့ရင် ကိုယ့်ကိုယ်ကိုသာ အန္တရာယ်ကင်းအောင် နေပါလေ။ သူကတော့ စိတ်ဝင်စားစရာ ရှားပါး အဖြစ်အပျက်တွေကို အမိအရ ဓာတ်ပုံ ရိုက်ယူဖို့သာ စိတ်သန်နေပါလိမ့်မယ်။၂၆။ နှစ်ပတ်လည်နေ့တွေကို မေ့နေတတ်ပါတယ်။


သင်တို့ရဲ့ ချစ်သက် နှစ်ပတ်လည်နေ့နဲ့ ဓာတ်ပုံဆိုင်ရာ workshop တစ်ခုခုများ တိုက်ဆိုင်နေပြီ ဆိုရင်တော့ နှစ်ပတ်လည် အထိမ်းအမှတ် လုပ်ဖို့ မျှော်လင့်ချက် သိပ်မထားပါနဲ့တော့။၂၇။ သူတို့ကိုယ် သူတို့ အန္တရာယ်က မကာကွယ်တတ်ပါဘူး။


မတော်တဆ ဖြစ်ရပ် သို့မဟုတ် ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ ဓာတ်ပုံဆရာတွေ အရင်ဆုံး ကာကွယ်တာကတော့ ကင်မရာနဲ့ အခြား ကိရိယာတွေကိုပါ။ သင့်ကို မပြောနဲ့ သူကိုယ်တိုင်ကိုတောင် ဒုတိယနေရာ မှာပဲ ထားလေ့ ရှိပါတယ်။၂၈။ လူပုံအလယ်မှာလည်း တခြားသူတွေကို စိုက်ကြည့်နေတတ်ပါတယ်။


တကယ်လို့ သွားရင်းလာရင်း ထူးခြား ဆွဲဆောင်မှုရှိတဲ့ တစ်ယောက်ယောက်ကိုများ သူ ငေးကြည့်နေတာ တွေ့ရင် စိတ်မပူလိုက်ပါနဲ့။ တခြားအတွေးတွေ သူ့ဆီမှာ မရှိပါဘူး။ သူ့စိတ်ထဲမှာ အဲဒီလူကို အတွေးနဲ့ ဓာတ်ပုံရိုက်နေတာ ဖြစ်ပါလိမ့်မယ်။၂၉။ စိတ်ပျက်စရာ နေရာတွေမှာ အလှတရားကို ရှာဖွေတတ်ပါတယ်။


သာမန်လူတွေ သွားလေ့မရှိတဲ့ စိတ်ပြတ် ညစ်ထေးနေတဲ့ လမ်းကြားတွေ နေရာတွေမှာ အလှတရားကို သူတို့ ရှာဖွေလေ့ ရှိပါတယ်။၃၀။ ခရီးအတူတူ သွားခဲ့ရင်တောင် အတူတူ သွားခဲ့ကြောင်း သက်သေပြစရာ မရှိတတ်ပါဘူး။


ဘာကြောင့်လဲဆိုတော့ သူတို့က ကင်မရာ ရှေ့မှာထက် ကင်မရာနောက်မှာသာ နေနေတာ များနေလို့ပါ။၃၁။ သင် ဓာတ်ပုံရိုက်စေချင်တဲ့ အရာကို သူက ရိုက်ချင်မှ ရိုက်ပါလိမ့်မယ်။


ဓာတ်ပုံဆရာတွေက မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်တတ်ကြကာ သူတို့ အတွေးထဲမှာ မထိုက်တန်ဘူး ထင်တဲ့ အရာတွေကို ပိုက်ဆံမရဘဲနဲ့တော့ ဘယ်တော့မှ ဓာတ်ပုံရိုက်လေ့ မရှိကြပါဘူး။၃၂။ သူလုပ်ခဲ့တဲ့ အကြောင်းအရာတွေ လူတိုင်းကို ပြန်ပြောပြချင်တယ်။


တကယ်လို့ သင့် သူငယ်ချင်းတွေနဲ့ စကားလက်ဆုံ ကျနေပြီ ဆိုရင် သူ့ကို ကြာကြာ ပစ်မထားမိပါစေနဲ့။ သူ အရင်က ဓာတ်ပုံရိုက်ခဲ့ဖူးတဲ့ နေရာတွေနဲ့ လူတွေအကြောင်းကို သောင်စဉ်ရေမရ လျှောက်ပြောနေတတ်ပါတယ်။၃၃။ မွေးနေ့လက်ဆောင် ပေးရတာ ကုန်ကျစရိတ် များတတ်ပါတယ်။


သူတို့ စိတ်ဝင်စား လိုချင်တဲ့ ပစ္စည်းတွေက ဈေးကြီးကြီးတွေ ဖြစ်နေတော့ သူတို့ အကြိုက် မွေးနေ့လက်ဆောင် ဖြစ်ဖို့ဆိုရင်တော့ အတော် ကုန်ကျစရိတ် များပါလိမ့်မယ်။၃၄။ သင့် ဓာတ်ပုံအဟောင်းတွေကို Photoshop နဲ့ ပြင်ခိုင်းဖို့ မရနိုင်ပါဘူး။


သင့်မှာ အရင် ခရီးသွားတုန်းက ဓာတ်ပုံတွေ မိသားစု ပုံတွေကို ပြင်ဖို့ လိုအပ်နေတယ်ဆိုရင် သင့်ချစ်သူ ဓာတ်ပုံဆရာကို အကူအညီတောင်းဖို့ ပြေးမြင်မိမှာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ အတ္တက သူတို့ ရိုက်ထားတာ မဟုတ်တဲ့ ဓာတ်ပုံတွေကို edit လုပ်ဖို့ ဆန္ဒ မရှိတတ်ကြပါဘူး။၃၅။ အနုပညာ ဝါသနာပါတဲ့ သင့်သူငယ်ချင်းတွေကို သဘောမကျတတ်ပါဘူး။


သူတို့က သူတို့ထက်မှ မကျော်ကြားရင် အဲဒီလူတွေနဲ့ အချိန်ဖြုန်းဖို့ ဆန္ဒ သိပ်မရှိကြပါဘူး။၃၆။ သူတို့ လက်ရာကို print ထုတ်ခဲပါတယ်။


သူတို့ရဲ့ ကွန်ပျူတာ harddisk တွေက ဓာတ်ပုံတွေနဲ့ အမြဲတမ်း ပြည့်နေတတ်ပါတယ်။၃၇။ သင့်ကြောင့် ကင်မရာ တစ်ခုခု ဖြစ်သွားခဲ့ရင် ပြသနာ အကြီးအကျယ် တက်ပြီ မှတ်လိုက်ပါ။


ဓာတ်ပုံဆရာ တစ်ယောက်ရဲ့ အိတ်ထဲက ပစ္စည်းတွေဟာ ဒေါ်လာ ၁၅၀၀ အထက်မှာ တန်ဖိုး ရှိတဲ့အတွက် သူတို့ ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ အထူး ဂရုပြုဖို့ လိုပါလိမ့်မယ်။၃၈။ သူ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ မော်ဒယ် လုပ်ပေးရလိမ့်မယ်။


အစပိုင်းမှာတော့ ပျော်စရာကောင်းသလို ထင်ရစရာပါပဲ။ နောက်ပိုင်းတော့ သူနဲ့ အပြင်ထွက်မိတိုင်း အလင်းရောင် အနေအထားများ လှနေပြီဆိုရင် သင် ဘယ်လို အဝတ်အစားပဲ ဝတ်ထားပါစေ အနည်းဆုံး တစ်ပုံတော့ ကိုယ်ဟန်ပြ အရိုက်ခံရပါလိမ့်မယ်။၃၉။ မိသားစု အခမ်းအနားတွေမှာ ကိုးရို့ကားယား လုပ်တတ်ပါတယ်။


သင့် မိသားစုထဲက တစ်ယောက်ယောက် မင်္ဂလာ ဆောင်တယ်ဆိုကြပါစို့။ သင့်ချစ်သူ ဓာတ်ပုံဆရာကို ခေါ်သွားမိရင် သူတို့ စိတ်ဝင်စားတာက အဲဒီပွဲမှာ ငှားထားတဲ့ ဓာတ်ပုံဆရာကို ဖြစ်နေတတ်ပါတယ်။ အဲဒီ ငှားထားတဲ့ ဓာတ်ပုံဆရာရဲ့ လုပ်ပုံကိုင်ပုံတွေကို လိုက်ဝေဖန်နေတတ်ပြီး သူ့ကို အကူအညီတောင်းတုန်းကတော့ ငြင်းပြီး နောက်မှ သူ့ကို မရိုက်ခိုင်းရလားလို့ မကျေမနပ် ဖြစ်နေတတ်ပါတယ်။၄၀။ သဘာဝအတိုင်း မကြိုက်တတ်ဘူး။


ဘယ်ပုံကိုမဆို Photoshop သို့မဟုတ် Lightroom နဲ့ ပြင်ရမှ ကျေနပ်ပါတယ်။ ကင်မရာထဲက ဒီအတိုင်း ထွက်လာတဲ့ ဓာတ်ပုံကို မြင်ရဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။၄၁။ သင့်မျက်လုံးထဲကို စိုက်ကြည့်နေရင် သူတွေးနေတာက သင်မျှော်လင့်သလို လုံးဝ မဟုတ်ပါဘူး။


သင့်အနေနဲ့ ရင်ခုန်စရာလို့ ထင်နေပေမယ့် သူ သင့်ကိုကြည့်ရင်း တွေးနေတာက သင့် ပါးပေါ်က အဖုလေး သို့မဟုတ် သင့် နဖူးပေါ်က အရေးအကြောင်းလေးကို ဘယ်လို ဖျက်ရမလဲဆိုတာ ဖြစ်နေတတ်ပါတယ်။


မှတ်ချက်။ ။ အားလုံး ဒီအတိုင်းပဲလို့ ဆိုလိုတာ မဟုတ်ဘဲ အပျော်သဘောမျိုး ပေါ့ပေါ့ပါးပါးသာ ဖတ်ပြီး ရယ်နိုင်ကြပါစေဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...