Friday, March 28, 2014

သူ ဘယ်သူလဲ ....

တစ်ခါက မစ်စူရီပြည်နယ် စိန့်လူဝစ်မြို့မှာရှိတဲ့ 
ကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်းတွေဟာ နေ့လည်စာစားပြီးလို့ ပြန်ရောက်လာတဲ့အခါ အခန်းတံခါးဝမှာ ချိတ်ဆွဲထားတဲ့ 
ဆိုင်းဘုတ်တစ်ခုရဲ့ စောင့်ကြိုမှုကို ခံလိုက်ရပါတယ်။ 

ဆိုင်းဘုတ်မှာ ရေးထားတာကတော့ 
“ဒီကုမ္ပဏီမှာ သင်တို့ရဲ့ တိုးတက်မှုကို ဟန့်တားနှောင့်ယှက်နေတဲ့ 
လူဟာ မနေ့က သေဆုံးသွားပါပြီ။ 
အားကစားခန်းထဲမှာ ပြင်ဆင်ထားတဲ့ အသုဘအခမ်းအနားကို 
တက်ရောက်ဖို့ ဖိတ်ကြားအပ်ပါတယ်” တဲ့။
ကနဦးမှာတော့ လူတိုင်းဟာ လုပ်ဖော်ကိုင်ဖက်တစ်ယောက် သေဆုံးတာကိုသိရတော့ ဝမ်းနည်းလာကြတယ်။ 
ဒါပေမယ့် မကြာမီမှာပင် အဲဒီလူဟာ ဘယ်သူလဲဆိုတာ 
သိချင်စိတ် စတင်ဖြစ်ပေါ်လာကြပါတယ်။
ဝန်ထမ်းတွေဟာ နောက်ဆုံးအလေးအမြတ်ပြုဖို့ အားကစားခန်းမထဲ ရောက်လာတဲ့အခါ စိတ်လှုပ်ရှားမှု ပိုတိုးလာခဲ့တယ်။ 
လူတိုင်း တွေးနေခဲ့တယ်။

“ငါရဲ့ တိုးတက်မှုကို ဟန့်တားနှောင့်ယှက်တာ ဘယ်သူလဲ။ 
ကောင်းပြီလေ… အနည်းဆုံးအနေနဲ့ သူဒီလောကမှာ မရှိတော့ပါဘူး”
ဝန်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် 
ခေါင်းတလားနား ကပ်လာကြတယ်။ 
သူတို့ အခေါင်းထဲ ကြည့်လိုက်တဲ့အချိန်မှာ 
စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြတယ်။ 
အခေါင်းပေါ်က မိုးကြည့်လိုက်တဲ့အခါ သူတို့ 
တုန်လှုပ်ပြီး တိတ်ဆိတ်သွားကြတယ်။ 
တစ်စုံတစ်ဦးကြောင့် သူတို့ရဲ့စိတ် အနက်ရှိုင်းဆုံးနေရာ ထိခိုက်မိသလိုပါပဲ။
ခေါင်းတလားထဲမှာ ကြေးမုံပြင်တစ်ခု ရှိနေခဲ့ပါတယ်။ အခေါင်းထဲကိုကြည့်လိုက်တဲ့ လူတိုင်းဟာ မိမိရုပ်သွင်ကိုပဲ ပြန်မြင်ရပါတယ်။ ကြေးမုံပြင်ဘေးမှာ ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့ပါတယ်။ 

“သင့်ရဲ့ တိုးတက်မှုကို ကန့်သတ်ချက်ထားနိုင်တဲ့ လူတစ်ဦးသာရှိပါတယ်။ အဲဒါကတော့ သင့်ကိုယ်တိုင်ပဲပေါ့” တဲ့။
သင့်ဘဝကို တော်လှန်ပြောင်းလဲပစ်နိုင်တဲ့ 
တစ်ဦးတည်းသောသူက သင့်ကိုယ်တိုင်ပါပဲ။ 
သင့်ရဲ့ပျော်ရွှင်မှု၊ အသိအမှတ်ပြုမှု၊ အောင်မြင်မှုတွေကို လွမ်းမိုးနိုင်တဲ့ တစ်ဦးတည်းသောသူက သင့်ကိုယ်တိုင်ပါပဲ။ 
သင့်ကိုယ်သင် အကူအညီပေးနိုင်တဲ့ တစ်ဦးတည်းသောသူက 
သင်သာလျှင် ဖြစ်ပါတယ်။
သင့်ရဲ့သူဌေး၊ သူငယ်ချင်းတွေ၊ မိဘတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကုမ္ပဏီတွေက ပြောင်းလဲပေးပေမယ့် သင့်ဘဝက ပြောင်းလဲမသွားပါဘူး။ သင့်ကိုယ်တိုင် ပြောင်းလဲလိုက်တဲ့အခါ၊ ကန့်သတ်ထားတဲ့ ယုံကြည်မှုဘောင်ကို ကျော်လွန်အောင် လုပ်လိုက်တဲ့အခါ၊ သင့်ဘဝအတွက် တာဝန်ရှိတဲ့ တစ်ဦးတည်းသောသူဟာ သင်ပါပဲလို့ သိမြင်လာတဲ့အခါမှသာ သင့်ဘဝ ပြောင်းလဲသွားပါတယ်။
သင်ရရှိမဲ့ အရေးအကြီးဆုံး ဆက်စပ်မှု အကျိုးရလဒ်ကတော့ 
သင့်ကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းပုံပေါ်မှာပဲ မူတည်ပါတယ်။

ZK
www.kanaung.net
တစ်ခါက မစ်စူရီပြည်နယ် စိန့်လူဝစ်မြို့မှာရှိတဲ့
ကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်းတွေဟာ နေ့လည်စာစားပြီးလို့ ပြန်ရောက်လာတဲ့အခါ အခန်းတံခါးဝမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တစ်ခုရဲ့ စောင့်ကြိုမှုကို ခံလိုက်ရပါတယ်။


ဆိုင်းဘုတ်မှာ ရေးထားတာကတော့
“ဒီကုမ္ပဏီမှာ သင်တို့ရဲ့ တိုးတက်မှုကို ဟန့်တားနှောင့်ယှက်နေတဲ့
လူဟာ မနေ့က သေဆုံးသွားပါပြီ။
အားကစားခန်းထဲမှာ ပြင်ဆင်ထားတဲ့ အသုဘအခမ်းအနားကို
တက်ရောက်ဖို့ ဖိတ်ကြားအပ်ပါတယ်” တဲ့။
ကနဦးမှာတော့ လူတိုင်းဟာ လုပ်ဖော်ကိုင်ဖက်တစ်ယောက် သေဆုံးတာကိုသိရတော့ ဝမ်းနည်းလာကြတယ်။
ဒါပေမယ့် မကြာမီမှာပင် အဲဒီလူဟာ ဘယ်သူလဲဆိုတာ
သိချင်စိတ် စတင်ဖြစ်ပေါ်လာကြပါတယ်။
ဝန်ထမ်းတွေဟာ နောက်ဆုံးအလေးအမြတ်ပြုဖို့ အားကစားခန်းမထဲ ရောက်လာတဲ့အခါ စိတ်လှုပ်ရှားမှု ပိုတိုးလာခဲ့တယ်။
လူတိုင်း တွေးနေခဲ့တယ်။

“ငါရဲ့ တိုးတက်မှုကို ဟန့်တားနှောင့်ယှက်တာ ဘယ်သူလဲ။
ကောင်းပြီလေ… အနည်းဆုံးအနေနဲ့ သူဒီလောကမှာ မရှိတော့ပါဘူး”
ဝန်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက်
ခေါင်းတလားနား ကပ်လာကြတယ်။
သူတို့ အခေါင်းထဲ ကြည့်လိုက်တဲ့အချိန်မှာ
စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြတယ်။
အခေါင်းပေါ်က မိုးကြည့်လိုက်တဲ့အခါ သူတို့
တုန်လှုပ်ပြီး တိတ်ဆိတ်သွားကြတယ်။
တစ်စုံတစ်ဦးကြောင့် သူတို့ရဲ့စိတ် အနက်ရှိုင်းဆုံးနေရာ ထိခိုက်မိသလိုပါပဲ။
ခေါင်းတလားထဲမှာ ကြေးမုံပြင်တစ်ခု ရှိနေခဲ့ပါတယ်။ အခေါင်းထဲကိုကြည့်လိုက်တဲ့ လူတိုင်းဟာ မိမိရုပ်သွင်ကိုပဲ ပြန်မြင်ရပါတယ်။ ကြေးမုံပြင်ဘေးမှာ ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့ပါတယ်။

“သင့်ရဲ့ တိုးတက်မှုကို ကန့်သတ်ချက်ထားနိုင်တဲ့ လူတစ်ဦးသာရှိပါတယ်။ အဲဒါကတော့ သင့်ကိုယ်တိုင်ပဲပေါ့” တဲ့။
သင့်ဘဝကို တော်လှန်ပြောင်းလဲပစ်နိုင်တဲ့
တစ်ဦးတည်းသောသူက သင့်ကိုယ်တိုင်ပါပဲ။
သင့်ရဲ့ပျော်ရွှင်မှု၊ အသိအမှတ်ပြုမှု၊ အောင်မြင်မှုတွေကို လွမ်းမိုးနိုင်တဲ့ တစ်ဦးတည်းသောသူက သင့်ကိုယ်တိုင်ပါပဲ။
သင့်ကိုယ်သင် အကူအညီပေးနိုင်တဲ့ တစ်ဦးတည်းသောသူက
သင်သာလျှင် ဖြစ်ပါတယ်။
သင့်ရဲ့သူဌေး၊ သူငယ်ချင်းတွေ၊ မိဘတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကုမ္ပဏီတွေက ပြောင်းလဲပေးပေမယ့် သင့်ဘဝက ပြောင်းလဲမသွားပါဘူး။ သင့်ကိုယ်တိုင် ပြောင်းလဲလိုက်တဲ့အခါ၊ ကန့်သတ်ထားတဲ့ ယုံကြည်မှုဘောင်ကို ကျော်လွန်အောင် လုပ်လိုက်တဲ့အခါ၊ သင့်ဘဝအတွက် တာဝန်ရှိတဲ့ တစ်ဦးတည်းသောသူဟာ သင်ပါပဲလို့ သိမြင်လာတဲ့အခါမှသာ သင့်ဘဝ ပြောင်းလဲသွားပါတယ်။
သင်ရရှိမဲ့ အရေးအကြီးဆုံး ဆက်စပ်မှု အကျိုးရလဒ်ကတော့
သင့်ကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းပုံပေါ်မှာပဲ မူတည်ပါတယ်။

ZK
www.kanaung.net

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...