Thursday, March 27, 2014

မှန်ကန်သော အိုင်ဒီယာ


မြို့တစ်မြို့ရဲ့ လူသွားလမ်းမပေါ်မှာ သူ
လမ်းလျှောက်နေတယ်။သူ့ ဘေးမှာရှိတဲ့ ကား
လမ်းမပေါ်မှာ ရောင်စုံကားများ သွားလာနေတယ်။
သူ့ရှေ့မှာ အဒေါ်ကြီးတစ်ယောက်နဲ့ လေးနှစ်အရွယ်
ကလေးတစ်ယောက် လမ်းလျှောက်နေတယ်။


ကလေးက လမ်းလျှောက်နေရင်းနဲ့ ခလုတ်တိုက်ပြီး
သူ့ရှေ့မှာ ချော်လဲသွားတယ်။ဒါနဲ့သူက ပျာပျာသလဲ
ကလေးကိုဖေးမထူခဲ့တယ်။သူက ကလေးကိုမထူ
ပေးတာကို ကလေးဘေးနားက အဒေါ်ကြီးကမြင်တော့
" ရှင်က ကျွန်မကလေးကို ဘာလို့ဖေးမထူ
ပေးတာလဲ...ကလေးက သူ့ အားကိုကိုး
ပြီး ပြန်ထလာမှာပေါ့ရှင့်...ရှင်က အဲဒီလို
ထူပေးတော့ ကလေးကရှင့်ကို
(dependent) မှီခိုရတော့မှာပေါ့...လူ
ဆိုတာ သူများကို မှီခိုမှုများလာရင်
ဘာအလုပ်မှမလုပ်ချင်ပဲ ပျင်းရိသွား
တတ်တယ်ရှင့်...ကျွန်မကလေးကို
(Independent) လွတ်လပ်ခွင့်ပေး
လိုက်ပါ...သူခြေထောက်တစ်ခုခုဖြစ်
လို့ မထနိုင်ရင်တောင် မိခင်ဖြစ်တဲ့
ကျွန်မကိုယ်တိုင် ထူပေးမယ်..."
'သူ 'ဆိုတဲ့ မြန်မာနိုင်ငံသားလေးတစ်ယောက်
သူတစ်ခါမှ မကြားဖူးတဲ့ စကားတွေကို နားထောင်ရင်း
ဂျပန်အဒေါ်ကြီးကို မှင်သက်စွာကြည့်နေမိတယ်။
ဟုတ်ပါတယ်...ကျွန်တော်တို့ လူလတ်တွေ၊
လူကြီးတွေက လူငယ်တွေ ၊ကလေးတွေကို အရာရာ
တိုင်းမှာ ဘောင်ခတ်မထားပဲ သူတို့အားသူတို့ကိုး
နိုင်အောင် လွတ်လပ်ခွင့် ပေးသင့်ပါတယ်။
( ဂျပန်ပြည်ရောက် မြန်မာနိုင်ငံသားတစ်ဦး၏
တကယ့်အဖြစ်အပျက်လေးပါ)

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...