Thursday, March 27, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၃)

သစ်ထူးလွင်


Posted: 27 Mar 2014 06:55 AM PDT
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး လူ ၅ ယောက်ထက်ပိုမစုဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့ သက်ဆိုင်ရာက မြို့ပေါ်မှာ လိုက်လံ နှိုးဆော်နေတယ်လို့ စစ်တွေမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။ စစ်တွေမြို့ပေါ်ရှိ အိုင်အန်ဂျီအိုရုံးတွေကို မတ်လ ၂၇ ရက် မနက်ပိုင်းကစပြီး  မြို့ခံတွေက လူစုလူဝေးနဲ့ လိုက်လံဖျက်ဆီးနေကြ
Posted: 27 Mar 2014 06:42 AM PDT
၂၇ မတ်လ အိမ်မဲ ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့   ၊ မြို့မ ဈေးအပြင် တန်းအဝတ်အထည် ဆိုင် ခန်းတွင် ဆိုင် ပေါ်တက်၍ဈေး ရောင်းသူ အမျိုးသမီးအား လည်ပင်း ကြိုးနှင့်ဆွဲ ညစ်ပြီးရွှေဆွဲကြိုးနှင့် ဟန်းဖုန်းလုယက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ(27.3.2014)နေ့လည် ၁ နာရီ ၄၅မိနစ်တွင် အိမ်မဲမြို့ မြို့မ ဈေးအပြင် တန်း အဝတ်အထည်ရောင်း ဆိုင် ခန်း  ရုံ( 1 ) အခန်း ( 9 ) တွင် အဝတ် အထည်များ ရောင် ချလျှက်ရှိ သော ဒေါ်………
Posted: 27 Mar 2014 06:20 AM PDT
ရန်ကုန်၊ မတ် ၂၇ ၂၆.၃.၂၀၁၄ ရက်နေ့ ၀၉၀၀အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈)ရပ်ကွက်၊ ကွမ်ကပ်မင်းသားလမ်း အတိုင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဘက်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော 2A---- NISSAN Atals အမျိုးအစား (၁၀၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် မြနန္ဒာလမ်းထိပ်အရောက် မျက်နှာချင်းဆိုင်မှ လာသော ယာဉ်အားတိမ်းရှောင်ရာမှ လမ်း၏ယာဘက်သို့ ထိုးကျ
Posted: 27 Mar 2014 06:14 AM PDT
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ မလေးရှား လေကြောင်းပိုင် လေယာဉ်ကို ရှာဖွေနေတဲ့ သြစတြေးလျ အာဏာပိုင်တွေဟာ မတ် ၂၆ ရက်အထိ ဘယ်အရာမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ သြစတြေးလျ အနောက်တောင်ပိုင်း မိုင် ၁၅၀၀ ကျော်အကွာမှာ ပင်လယ်ပြင်မှာ ရှာဖွေရေးလုပ်နေ တဲ့ လေယာဉ်တွေထဲက အရပ်ဘက်လေယာဉ်တစီး က တွေ့ရှိခဲ့တယ်ဆိုတဲ့ အရာ ၂ ခုဟာ စွန့်ပစ်ထားတဲ့ ကြိုးတွေသာ ဖြစ်နိုင် တယ်လို့ဆိုပြီး နယူးဇီ လန်လေတပ်
Posted: 27 Mar 2014 06:17 AM PDT
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ နေရာတဝိုက်မှာ ထိုင်း ဂြိုဟ်တုက တစ်ဆင့် အပိုင်းအစ ၃၀ဝ လောက် ထပ်တွေ့ရတယ်လို့ ထိုင်းနိုင်ငံရဲ့ အာကာသ အေဂျင်စီက ပြောလိုက်ပါတယ်။ အဲဒီ မျောနေတဲ့ အပိုင်းအစတွေဟာ ၂ မီတာကနေ ၁၅ မီတာ (၆ ပေခွဲကနေ ပေ ၅၀) အထိ အရွယ် အသီးသီး ရှိကြတယ်လို့ ဆိုပါတယ်။ အစောပိုင်းကလည်း ပြင်သစ် ဂြိုဟ်တုတစ်လုံးက လေယာဉ် အပိုင်းအစတွေလို့ ယူဆရမယ့် အစိတ်အပိုင်း
Posted: 27 Mar 2014 03:25 AM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ စစ်တွေမြို့ရှိ လူစုလူဝေးမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ကို ယနေ့(မတ် ၂၇) ညနေပိုင်းမှ စတင်၍ ထုတ်ပြန်မည်ဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က မဇ္ဈိမကိုပြောသည်။ စစ်တွေမြို့၏ လတ်တလော အခြေအနေများကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ “အခုပဲ အစည်းအဝေးပြုလုပ်ပြီး ထုတ်ပြန်လိုက်တာပါ။ ညဘက်မှာ လူစုလူဝေးမှုဆက်ဖြစ်နေရင်
Posted: 27 Mar 2014 03:15 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မာတေဇာ ( Malteser) အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ တစ်ဦးမှ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားရာ သာသနာ အလံအား မဖွယ်မရာ ပြုလုပ်မူသည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေးကော်မီတီအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူများ အပေါ် ဖိနှိပ်ချုပ်ချယ်မူများရှိနေသည်ဟု ဆိုကာ ရပ်တန့်ရန် တောင်းဆိုမူ ဖြစ်ပွားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ မတ်လ ၂၅ ရက်နေ့က ပြုလုပ်သော
Posted: 27 Mar 2014 03:09 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အန်ဂျီအိုရုံးများကို ခဲများဖြင့် ဆက်လက် ပစ်ပေါက်မူများ ဖြစ်ပွားနေသဖြင့် အန်ဂျီအို ၀န်ထမ်း နိုင်ငံခြားသားများကို သက်ဆိုင်ရာမှ လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ “ ခေါ်ထုတ်သွားတာက အယောက် ၂၀ ကနေ ၃၀ ထိ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက် ရဲက သူတို့ကို စစ်တွေဟိုတည်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ အကုန်လုံး ရန်ကုန်ကို လေယာဉ်နဲ့ ပို့မယ်လို့
Posted: 27 Mar 2014 02:51 AM PDT
မတ်ခ်ျ ၂၇ ရက် ၂၀၁၄ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ ၏ ပြည်နယ်အမတ်သုံးဦး ပါတီမှ နှုတ်ထွက်သည့်အကြောင်း ယနေ့နံနက် ပိုင်းတွင် တောင်ကြီးမြို့၌ သတင်းစာရှင်းပွဲ တရပ်ကျင်းပခဲ့ သည်။ မတ်ခ်ျလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျားဖြူပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ကျောက်မဲမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် စိုင်းသန်းမောင်၊ မိုင်းရယ်မြို့ အမှတ် (၁) မဲဆန္ဒနယ်မှ စိုင်းစံဖေခေါ်
Posted: 27 Mar 2014 02:31 AM PDT
ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra) ရိုက်ကူးခြင်း မပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်း မိတ္တူ ပျောက်ဆုံးမှုဖြင့် တရားစွဲ ခံထား ရသော အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်ထား သည့်ပုံ  ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့်  အဆိုတော်CobraကိုLaser World ကုမ္ပဏီက  တရားစွဲ မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။  အဆိုပါအမျိုးသမီးသည် Laser World
Posted: 27 Mar 2014 02:26 AM PDT
ရန်ကုန်၊ မတ် ၂၇ ၂၆.၃.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန်တွင် ဒဂုံမြောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များသည် ငမိုးရိပ်ချောင်းကမ်းစပ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အသက်(၂၀)ကျော်ခန့်အမျိုးသား ဖြစ်ပြီး ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲ ရေနစ်သည့် လက္ခဏာဖြင့် သေဆုံး နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့တွေ့ရှိရသော သေဆုံးအမျိုးသားနှင့် ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ပြီး ဆေးကျောင်းသားတစ်ဦးေ
Posted: 27 Mar 2014 02:37 AM PDT
ရန်ကုန်၊ မတ် ၂၇ ၂၆.၃.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ကျွန်းကလေး ကျေးရွာ၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ရိတ်သိမ်းစမ်းသပ်ထိန်းသိမ်းရေး ၀င်းအတွင်းမှယာဉ်မောင်း ၀င်းကိုကို မောင်းနှင်လာသော ၆က/---- ကွန်တိန်နာထရပ်ယာဉ်သည် ရန်ကုန်-ပဲခူးကားလမ်းမပေါ်သို့ချိုးကွေ့ပြီး ရန်ကုန်ဘက်သို့ မာင်းနှင်စဉ်မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ရဲတပ်သားအောင်ဗိုလ်ဗိုလ်ထွေး၊ လုံခြုံရေးတပ်ခွဲ(၃)၊
Posted: 27 Mar 2014 03:25 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) ရုံးတွေကို ရာနဲ့ချီတဲ့ မြို့ခံတွေက မတ် ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ခဲတွေနဲ့ ၀ိုင်းဝန်း ပစ်ပေါက်နေတယ်လို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။ “အန်ဂျီအိုတွေ ငှားထားတဲ့ အိမ်တွေပေါ့နော်။ သူတို့ ကတော့ အကြိမ်ကြိမ်ခေါ်ပြီး ဒါတွေကိုမငှား ပါနဲ့လို့ မေတ္တာရပ်ခံ ထားတယ်တဲ့။
Posted: 27 Mar 2014 02:20 AM PDT
ကယားပြည်နယ် ဖရူးဆိုးမြို့နယ် ကျေးရွာနှစ်ရွာ၌ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ၍ (၅)နှစ်အောက်ကလေးနှစ်ဦး သေဆုံးသွားပြီး ကလေး ၂၀ ခန့်လည်း ဆေးရုံတွင် ကုသနေရကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သတင်းရရှိသည်။ ဖရူးဆိုးမြို့နယ် ဒိုးလာစော ကျေးရွာအုပ်စု ထိုခွီဆိုကျေးရွာနှင့် ဒီကူလယ်ကျေးရွာနှစ်ရွာတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး မတ်လ ၂၃ ရက်က ကျန်းမာရေးဌာန တာဝန်ရှိသူများ လာရောက်စစ်ဆေး သွားခဲ့ကြောင်း ဒီကူလယ်ကျေးရွာ
Posted: 27 Mar 2014 02:02 AM PDT
မန္တလေး နည်းပညာ တက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းတွင်း အဆောင်များ ထောက်ပံ့ပေးရန် ကျောင်းသားမိဘများမှ စုပေါင်း တောင်းဆိုခဲ့သဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ကျောင်းသားဆောင်များ ချက်ချင်း မွမ်းမံပြင်ဆင်ကာ ဖြေရှင်းပေးခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဘွဲ့လွန်၊ဘွဲ့ကြိုသင်တန်း ကျောင်းသူ ကျောင်းသူများ အားလုံး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စ၍ အဆင့်မီ အဆင်ပြေစွာ
Posted: 27 Mar 2014 01:41 AM PDT
၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။ ရဲဘော်တို့ ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို
Posted: 27 Mar 2014 01:32 AM PDT
ယခုနှစ် မြန်မာသက်္ကရာဇ် ၁၃၇၅ ခုနှစ် ၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ကြာသပတေးနေ့တွင် ကျရောက် သော မတ်လ ၂၇ ရက်သည်ကား ပြည်သူများအားလုံးက တော်လှန်ရေးနေ့ဟု နားလည်ထားကြသော (၆၉) ကြိမ်မြောက် တပ်မတော်နေ့ ပေတည်း။ နိုင်ငံလွတ်လပ်ရေးအတွက် အရေးပါသော တပ်မတော်ကို ဂုဏ်ပြုသောအားဖြင့် နေ့တစ်နေ့ ရှိအပ်သည့် အားလျော်စွာ မြန်မာတို့အား သုံးနှစ်သုံးမိုးကျွန်ပြုအုပ်ချုပ်သွားသော ဖက်ဆစ်ဂျပန်တို့အား တော်လှန်သည့် နေ့ကို
Posted: 27 Mar 2014 01:15 AM PDT
မြိတ် မတ် ၂၇ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီးတွင် မတ်လ(၂၇)ရက် နံနက် (၄)နာရီ ခန့်က မြို့မအားကစား ကွင်းရှေ့ဈေးဆိုင်ခန်းတွင် ဈေးဆိုင်ခန်းအမှတ်(၂၄) ဦးထိန်လင်းအောင် ပိုင်ဆိုင် သာ SCHOll ဖိနပ်အရောင်းဆိုင်မှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုကို ဆိုင်ကယ်တက္ကစီမောင်းနှင်နေသူ တစ်ဦးမှ တွေ့မြင်ရ၍ မီးသတ်ဦးစီးဌာနအား လာရောက် အကြောင်းကြားရာ
Posted: 27 Mar 2014 01:12 AM PDT
‘‘ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးမှာ တပ်မတော်ရဲ့ အ ခန်းကဏ္ဍဟာ ရှိနေရဦးမှာဖြစ်ပါ တယ်’’ ရာစုနှစ်တစ်ဝက်နီးပါး ကြာ မြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကို အ ဆုံးသတ်စေခဲ့သည့် ပြုပြင်ပြောင်း လဲရေးသမားကြီးအဖြစ် နိုင်ငံတ ကာ သတင်းဌာနများ မကြာခဏ ညွှန်းဆိုဖော်ပြခဲ့သည့် သမ္မတ ဦး သိန်းစိန်က တာဝန်ထမ်းဆောင်မှု သက်တမ်း သုံးနှစ်ပြည့် အထိမ်းအ မှတ်အဖြစ် မတ်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင်
Posted: 27 Mar 2014 01:07 AM PDT
ရန်ကုန်မြို့တွင် ပြိုင် ကားများ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပွားနေခြင်းကြောင့် ပြိုင်ကား အမျိုးအစားအချို့ကို ပြည်ပမှ တင်သွင်းခွင့် ရပ်ဆိုင်းလိုက်သ ဖြင့် ပြိုင်ကားမောင်းနှင်သူလူငယ် များ မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိသည်။ ‘‘ကလေးတွေက ရမ်းကားမှု တွေဖြစ်နေတယ်။ ဒါကြောင့်တချို့ကို ရပ်ဖို့လုပ်နေတာ’’ဟု စီး ပွားကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၀၉မှ ၂၀၁၄မော်ဒယ်များ အထိ
Posted: 26 Mar 2014 06:52 PM PDT
စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။ အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့
Posted: 26 Mar 2014 05:00 PM PDT
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်း ဒေသများတွင် နေထိုင်သော ဘင်္ဂလီ ကျေးရွာများတွင် အရွယ်မတိုင်မီ အိမ်ထောင်ပြုသူ အလွန် များပြားနေသည်ဟု သတင်း ရရှိသည်။ ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် တာဝန်ယူခဲ့သော နစက တပ်ဖွဲ့အား ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းတွင် အိမ်ထောင်ပြုခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းချုပ်မူ မရှိတော့သဖြင့် အသက်မပြည့်သူ အိမ်ထောင်ပြုသူများ
Posted: 26 Mar 2014 06:57 PM PDT
ကွာလာလမ်ပူ မလေးရှားလေ ကြောင်းလိုင်းတစ်ခုဖြစ်သော မလင်ဒိုလေကြောင်းမှ  လေယာဉ် တစ်စီးသည် ဗုဒ္ဓဟူးနေ့နံနက် တွင် ကွာလာတာရန်ဂန်နူသို့ သွား သည့် ခရီးစဉ်၌  လေထုထဲတွင် အင် ဂျင်တစ်လုံးမီးလောင်၍ ဆူဘန် လေဆိပ်သို့ အရေးပေါ်ဆင်းသက် ခဲ့ရသည်။ လေကြောင်းလိုင်းမှ ထုတ် ပြန်သော ကြေညာချက်ထဲတွင် ထိုဖြစ်စဉ်မှာ လေယာဉ်က လေ ထုထဲသို့ အတက် ပေ ၇၀၀၀ အ ရောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆူဘန်လေဆိပ်သို့ အရေးပေါ်
Posted: 26 Mar 2014 05:18 PM PDT
ကမ္ဘာလှည့် ခရီးသွားတွေ၊ နိုင်ငံ အနှံ့အပြားက ခရီးထွက်လာသူ ဘုရားဖူးတွေနဲ့ လေညင်းခံသူ အသက်အရွယ်စုံ၊ လူမျိုးပေါင်းစုံတို့ဟာ တောင်သမန်အင်းကို ဖြတ်သန်း တည်ဆောက်ထားတဲ့ မန္တလေးတိုင်း ဒေသကြီးရဲ့ နာမည်ကျော် ဦးပိန်တံတားပေါ်မှာ မတ်လကာလရဲ့ နွေညနေခင်းတစ်ခုကို လွတ်လပ်ပျော်ရွှင်စွာနဲ့ ခံစားနေကြပါတယ်။ လူတော်တော်များများရဲ့လက်ထဲမှာ စမတ် ဖုန်းတွေကိုယ်စီ ကိုင်ထားကြပြီး တံတားကြီးရဲ့ အလှကို ဓာတ်ပုံရိုက်ယူနေကြသလို
Posted: 26 Mar 2014 04:54 PM PDT
စီးပွားရေး လုပ်ငန်းရှင်များ ငွေမည်းများကို ငွေဖြူပြုလုပ်ရန် အိမ်ခြံမြေ ပိုင်ဆိုင်မှု ဖန်တီးပေးချိန်တွင် မြေဈေးနှုန်းများမှာ မြန်မာနိုင်ငံသည် အာရှတိုက်၌ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိလာသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တွန်းအား တစ်ခုဖြစ်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှု များမှာလည်း မြေဈေးကြီးလွန်းမှုက ကြီးမားသည့် အတားအဆီးကြီး တစ်ခု ဖြစ်နေသည်။ နိုင်ငံရေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...