Friday, March 28, 2014

ပိတ်မထားခဲ့သောတံခါး

ပိတ်မထားခဲ့သောတံခါး 

 စကော့တလန်ပြည် ဂလက်စကိုမြို့တွင် ဖြစ်သည်။ ယနေ့ခေတ် ဆယ်ကျော်သက်များကဲ့သို့ပင် မိန်းကလေးငယ်တစ်ဦးသည် မိဘများ၏ ကန့်သတ်ထိန်းချုပ်မှုအောက်တွင် နေထိုင်ရသည်ကို ငြီးငွေ့လျက်ရှိသည်။ သူမမိသားစု၏ ဘာသာရေးအရ နေထိုင်ပုံကို မနှစ်မြို့ဘဲ "ကျွန်မ မေမေတို့ကိုးကွယ်တဲ့ ဘုရားသခင်ကို မကိုးကွယ်ချင်ဘူး။ ကျွန်မပဲ အရှုံးပေးပါတယ်။ အခုပဲ အိမ်ကထွက်သွားတော့မယ်" ဟု ပြောဆိုပါသည်။
အတွေ့အကြုံရင့်ကျက်သော အမျိုးသမီးတစ်ဦးဖြစ်စေဖို့ ဆုံးဖြတ်ချက်ချလျက် အိမ်မှ ထွက်ခွါလာခဲ့သည်။ များမကြာမီ မည်သည့်အလုပ်မှမရ၍ စိတ်ဓာတ်ကျသွားသည်။ ထို့ကြောင့် မိမိ၏ကိုယ်ကို ပြည့်တန်ဆာအဖြစ်ရောင်းချရန် လမ်းတကာ လှည့်ရပါတော့သည်။ နှစ်ပေါင်းအတော်ကြာသောအခါ သူမ၏ ဖခင်ဖြစ်သူ သေဆုံးသွားပါသည်။ မိခင်ဖြစ်သူမှာလည်း အသက်ကြီးရင့်လာခဲ့သည်။ သူမကမူ အမှောင်လမ်းတွင် ပို၍ အမြစ်တွယ်လာခဲ့သည်။

ထိုနှစ်များအတွင်း သူမသည် မိခင်ဖြစ်သူနှင့် အဆက်အသွယ် မပြုခဲ့ပေ။ သမီးအကြောင်း သိလိုလှသည့် မိခင်ကမူ မြို့၏ အခြေအနေမဲ့ ရပ်ကွက်များသို့ သွားကာ သူမနည်းသူမဟန်ဖြင့် ရှာဖွေနေခဲ့ပါသည်။ မိခင်က ကယ်ဆယ်ရေးစခန်းများသို့သွားကာ "ဒီဓာတ်ပုံလေးကို ကပ်ထားခွင့်ပြုပါရှင် " ဟု တောင်းပန်ပြောဆိုပါသည်။ ယင်းမှာ ဆံပင်ဖြူများနှင့် ပြုံးရွှင်နေသော မိခင်တစ်ဦး၏ပုံဖြစ်ပြီး ဓာတ်ပုံအောက်ခြေတွင် "မေမေ သမီးကို ချစ်နေဆဲပါ။ သမီး ပြန်လာခဲ့ပါကွယ်" ဟု လက်ရေးဖြင့် ရေးသားထားသည်။
သုံးလခန့် ကုန်ဆုံးသွားသော်လည်း အကြောင်းထူးမလာခဲ့ပေ။ တစ်နေ့တွင် သမီးဖြစ်သူမှာ ဗိုက်ဆာလွန်း၍ ကယ်ဆယ်ရေးစခန်းတစ်ခုသို့ ရောက်ရှိသွားပါသည်။ ကျွေးမွေးမည့်အချိန်ကို စောင့်နေစဉ် ကြော်ငြာသင်ပုန်းပေါ်သို့ အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ဓာတ်ပုံကို မြင်သောအခါ "ငါ့အမေများ ဖြစ်နေမလားမသိဘူး" ဟု တွေးလိုက်မိသည်။
သူမမှာ ကျွေးမွေးမည့်အချိန်ကို မစောင့်နိုင်တော့ပေ။ 

ထိုနေရာမှထကာ ကြော်ငြာသင်ပုန်းဆီ သွားကြည့်လိုက်ပါသည်။ ထိုဓာတ်ပုံမှာ သူမမိခင်၏ ဓာတ်ပုံဖြစ်ပြီး ဓာတ်ပုံအောက်ခြေတွင် "မေမေ သမီးကို ချစ်နေဆဲပါ။ သမီး ပြန်လာခဲ့ပါကွယ်" ဟု ရေးသားထားသည်။ သူမသည် ဓာတ်ပုံရှေ့တွင် ရပ်ရင်း ငိုကြွေးနေမိသည်။ မိခင်ဖြစ်သူမှာ သူမအပေါ် မယုံနိုင်လောက်အောင် ကောင်းလွန်းနေပေသည်။
ထိုအချိန်မှာ ညအချိန်ဖြစ်နေသော်လည်း မိခင်၏စကားကြောင့် စိတ်ထိခိုက်သွားရသော သူမက မိခင်ရှိရာအိမ်သို့ လမ်းလျောက်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင် နံနက်မိုးလင်းနေပေပြီ။ ခွဲခွါခဲ့သည်မှာ ကြာမြင့်ခဲ့ပြီမို့ ဘာလုပ်ရမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်နေမိသည်။ အိမ်တံခါးကို ခေါက်လိုက်သောအခါ သူ့အလိုလို ပွင့်သွားပါသည်။ တစ်စုံတစ်ယောက်က အိမ်တံခါးကို ဖျက်ဖွင့်သည်ဟု ထင်ကာ မိခင်၏လုံခြုံရေးကို စိုးရိမ်သွားမိသည်။ ထို့ကြောင့် မိခင်ဖြစ်သူ၏ အိပ်ရာဆီပြေးလိုက်ရာ အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ 

မိခင်ကိုနှိုးလိုက်ပြီး "မေမေ…သမီးလေ။ သမီး အိမ်ပြန်လာပါပြီ"ဟု ပြောလိုက်ပါသည်။
မိခင်ဖြစ်သူက သူမ၏မျက်လုံးကို မယုံကြည်နိုင်ခဲ့ပေ။ သားအမိနှစ်ဦးမှာ မျက်ရည်တွေတွေစီးကျကာ သိုင်းဖက်လိုက်ကြသည်။ သမီးဖြစ်သူက "သမီး အရမ်းစိုးရိမ်သွားတယ်။ အိမ်တံခါးက ပွင့်နေတယ်။ တစ်ဦးဦးကများ ချိုးဖျက်ဝင်သွားသလား"ဟု ပြောပါသည်။
"မဟုတ်ပါဘူး ချစ်သမီးရယ်။ သမီး ထွက်သွားတဲ့နေ့ကစပြီး ဒီအိမ်တံခါးကို ပိတ်မထားခဲ့ပါဘူးကွယ်" ဟု မိခင်က ညင်ညင်သာသာ ပြောဆိုလိုက်ပါသည်။

စဉ်းစားဆင်ခြင်စရာ
မိခင်မေတ္တာမျိုးဆိုတာက နှိုင်းဆလို့မရလောက်အောင် ကြီးကျယ်မြင့်မြတ်ပါတယ်။ ဘယ်ဘဝမျိုးရောက်နေပါစေ သားသမီးအတွက် မိခင်တိုင်းဟာ စိုးရိမ်ပူပန်တတ်ပါတယ်။ ဒါကြောင့် မိခင်ကိုမပြောဆိုပဲ ထွက်ခွါသွားခြင်းမပြုဖို့ သားသမီးတိုင်း သတိပြုစေချင်ပါတယ်။

Ref; The Unlocked Door by Reberd Strand 

နေလင်းအောင်

စကော့တလန်ပြည် ဂလက်စကိုမြို့တွင် ဖြစ်သည်။ ယနေ့ခေတ် ဆယ်ကျော်သက်များကဲ့သို့ပင် မိန်းကလေးငယ်တစ်ဦးသည် မိဘများ၏ကန့်သတ်ထိန်းချုပ်မှုအောက်တွင် နေထိုင်ရသည်ကို ငြီးငွေ့ လျက်ရှိသည်။ သူမမိသားစု၏ ဘာသာရေးအရ နေထိုင်ပုံကို မနှစ်မြို့ဘဲ "ကျွန်မ မေမေတို့ကိုးကွယ်တဲ့ ဘုရားသခင်ကို မကိုးကွယ်ချင်ဘူး။ ကျွန်မပဲ အရှုံးပေးပါတယ်။ အခုပဲ အိမ်ကထွက်သွားတော့မယ်"
ဟု ပြောဆိုပါသည်။
အတွေ့အကြုံရင့်ကျက်သော အမျိုးသမီးတစ်ဦးဖြစ်စေဖို့ ဆုံးဖြတ်ချက်ချလျက် အိမ်မှ ထွက်ခွါလာခဲ့သည်။ များမကြာမီ မည်သည့်အလုပ်မှမရ၍ စိတ်ဓာတ်ကျသွားသည်။ ထို့ကြောင့် မိမိ၏ကိုယ်ကို ပြည့်တန်ဆာအဖြစ်ရောင်းချရန် လမ်းတကာ လှည့်ရပါတော့သည်။ နှစ်ပေါင်းအတော်ကြာသောအခါ သူမ၏ ဖခင်ဖြစ်သူ သေဆုံးသွားပါသည်။ မိခင်ဖြစ်သူမှာလည်း အသက်ကြီးရင့်လာခဲ့သည်။ သူမကမူ အမှောင်လမ်းတွင် ပို၍ အမြစ်တွယ်လာခဲ့သည်။
ထိုနှစ်များအတွင်း သူမသည် မိခင်ဖြစ်သူနှင့် အဆက်အသွယ် မပြုခဲ့ပေ။ သမီးအကြောင်း သိလိုလှသည့် မိခင်ကမူ မြို့၏ အခြေအနေမဲ့ ရပ်ကွက်များသို့ သွားကာ သူမနည်းသူမဟန်ဖြင့် ရှာဖွေနေခဲ့ပါသည်။ မိခင်က ကယ်ဆယ်ရေးစခန်းများသို့သွားကာ "ဒီဓာတ်ပုံလေးကို ကပ်ထားခွင့်ပြုပါရှင် " ဟု တောင်းပန်ပြောဆိုပါသည်။ ယင်းမှာ ဆံပင်ဖြူများနှင့် ပြုံးရွှင်နေသော မိခင်တစ်ဦး၏ပုံဖြစ်ပြီး ဓာတ်ပုံအောက်ခြေတွင် "မေမေ သမီးကို ချစ်နေဆဲပါ။ သမီး ပြန်လာခဲ့ပါကွယ်" ဟု လက်ရေးဖြင့် ရေးသားထားသည်။
သုံးလခန့် ကုန်ဆုံးသွားသော်လည်း အကြောင်းထူးမလာခဲ့ပေ။ တစ်နေ့တွင် သမီးဖြစ်သူမှာ ဗိုက်ဆာလွန်း၍ ကယ်ဆယ်ရေးစခန်းတစ်ခုသို့ ရောက်ရှိသွားပါသည်။ ကျွေးမွေးမည့်အချိန်ကို စောင့်နေစဉ် ကြော်ငြာသင်ပုန်းပေါ်သို့ အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ဓာတ်ပုံကို မြင်သောအခါ "ငါ့အမေများ ဖြစ်နေမလားမသိဘူး" ဟု တွေးလိုက်မိသည်။
သူမမှာ ကျွေးမွေးမည့်အချိန်ကို မစောင့်နိုင်တော့ပေ။
ထိုနေရာမှထကာ ကြော်ငြာသင်ပုန်းဆီ သွားကြည့်လိုက်ပါသည်။ ထိုဓာတ်ပုံမှာ သူမမိခင်၏ ဓာတ်ပုံဖြစ်ပြီး ဓာတ်ပုံအောက်ခြေတွင် "မေမေ သမီးကို ချစ်နေဆဲပါ။ သမီး ပြန်လာခဲ့ပါကွယ်" ဟု ရေးသားထားသည်။ သူမသည် ဓာတ်ပုံရှေ့တွင် ရပ်ရင်း ငိုကြွေးနေမိသည်။ မိခင်ဖြစ်သူမှာ သူမအပေါ် မယုံနိုင်လောက်အောင် ကောင်းလွန်းနေပေသည်။
ထိုအချိန်မှာ ညအချိန်ဖြစ်နေသော်လည်း မိခင်၏စကားကြောင့် စိတ်ထိခိုက်သွားရသော သူမက မိခင်ရှိရာအိမ်သို့ လမ်းလျောက်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင် နံနက်မိုးလင်းနေပေပြီ။ ခွဲခွါခဲ့သည်မှာ ကြာမြင့်ခဲ့ပြီမို့ ဘာလုပ်ရမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်နေမိသည်။ အိမ်တံခါးကို ခေါက်လိုက်သောအခါ သူ့အလိုလို ပွင့်သွားပါသည်။ တစ်စုံတစ်ယောက်က အိမ်တံခါးကို ဖျက်ဖွင့်သည်ဟု ထင်ကာ မိခင်၏လုံခြုံရေးကို စိုးရိမ်သွားမိသည်။ ထို့ကြောင့် မိခင်ဖြစ်သူ၏ အိပ်ရာဆီပြေးလိုက်ရာ အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့ရပါသည်။
မိခင်ကိုနှိုးလိုက်ပြီး "မေမေ…သမီးလေ။ သမီး အိမ်ပြန်လာပါပြီ"ဟု ပြောလိုက်ပါသည်။
မိခင်ဖြစ်သူက သူမ၏မျက်လုံးကို မယုံကြည်နိုင်ခဲ့ပေ။ သားအမိနှစ်ဦးမှာ မျက်ရည်တွေတွေစီးကျကာ သိုင်းဖက်လိုက်ကြသည်။ သမီးဖြစ်သူက "သမီး အရမ်းစိုးရိမ်သွားတယ်။ အိမ်တံခါးက ပွင့်နေတယ်။ တစ်ဦးဦးကများ ချိုးဖျက်ဝင်သွားသလား"ဟု ပြောပါသည်။
"မဟုတ်ပါဘူး ချစ်သမီးရယ်။ သမီး ထွက်သွားတဲ့နေ့ကစပြီး ဒီအိမ်တံခါးကို ပိတ်မထားခဲ့ပါဘူးကွယ်" ဟု မိခင်က ညင်ညင်သာသာ ပြောဆိုလိုက်ပါသည်။
စဉ်းစားဆင်ခြင်စရာ
မိခင်မေတ္တာမျိုးဆိုတာက နှိုင်းဆလို့မရလောက်အောင် ကြီးကျယ်မြင့်မြတ်ပါတယ်။ ဘယ်ဘဝမျိုးရောက်နေပါစေ သားသမီးအတွက် မိခင်တိုင်းဟာ စိုးရိမ်ပူပန်တတ်ပါတယ်။ ဒါကြောင့် မိခင်ကိုမပြောဆိုပဲ ထွက်ခွါသွားခြင်းမပြုဖို့ သားသမီးတိုင်း သတိပြုစေချင်ပါတယ်။
Ref; The Unlocked Door by Reberd Strand
နေလင်းအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...