Friday, March 28, 2014

ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ်များကို ကျွေးမွေးသူ သန်းကြွယ်သူဌေး


ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။
သူ့လက်ထက်မှာ တိုက်တန်းနစ် ရုပ်ရှင်၊ X Men, Braveheart, Independence Day, Star War တို့လို အောင်မြင်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ် နိုင်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲ ပါဝင်ခဲ့ ပါတယ်။

သက္ကရာဇ် ၂၀၀၃ ခုနှစ် အရောက်မှာတော့ 20 Centry မှ ထွက်ခွာပြီး ကမ္ဘောဒီးယားကို သွားပါတယ်။ ကမ္ဘောဒီးယားက အမှိုက်ပုံတွေ ပေါ်မှာ အမှိုက်ကောက်၊ အသက်မွေး ဝမ်းကျောင်း ပြုနေတဲ့ ကလေး ငယ်တွေကို မြင်တော့ သနား နာကျင်တဲ့ ဝေဒနာ ခံစား ရပြီး နောက်တော့ ဖောင်ဒေးရှင်း တစ်ခု ထောင်ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။

ရှိသမျှ အိမ်၊ ကား၊ ဇိမ်ခံရွက်လှေနဲ့ စည်းစိမ် အားလုံး အားလုံး တစ်ခု မကျန် အကုန် ရောင်းချပြီး သူ့ဖောင်ဒေးရှင်းမှာ ရင်းနှီးလိုက်ပါတယ်။ အခု ဆိုရင် သူ့ကျွေးမွေး ထောက်ပံ့မှုကြောင့် ကလေးပေါင်း တစ်ထောင်ကျော် ဆင်းရဲတွင်းမှ လွတ်ခဲ့ ပါပြီ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို တာဝန်ယူလို့ ဆောင်ရွက်ပေးခဲ့ ပါတယ်။ လက်ရှိမှာလည်း ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

မိမိ စည်းစိမ်ကို တွယ်တာ၊ သက်ညာမှု မရှိပဲ တစ်ပါး ဆင်းရဲ အားနွယ့်သူကို သနား၊ ကြင်နာ ကူညီတဲ့ Scott Neeson ဟာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/asia/40411-scott-neeson

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...