Saturday, November 30, 2013
အပိုင်း-၂ *
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။
လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး
By Ko Nyo Win
လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး
ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။ မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။
အလွတ်ကျက်မှတ်ခြင်းနှင့် spaced repetition ကိုအသုံးချခြင်း
ဘာသာစကားလေ့လာရာမှာ communicative approach စသည့် နည်းနာတွေ ခေတ်စားလာ သည့်အချိန်မှစ၍ အင်္ဂလိပ်စာဆရာများ၊ ဆောင်းပါးရေးသူများနှင့် အသိပညာရှင်များသည် ယခင်နည်းဟောင်းကြီးဖြစ်သော rote learning အလွတ်ကျက်မှတ်ခြင်းကိုအားမပေး၊ မိမိတို့၏သင်ကြားမှုပုံစံတွင် အသုံးမပြုတော့သလို မိမိတို့၏တပည့်များအားလည်း အလားတူ အလွတ်ကျက်မှတ်ခြင်းအားရှောင်ကျဉ်ရန်သွန်သင်ခြင်း၊ ဆောင်းပါးများရေးသားခြင်းတို့ဖြင့် ပညာပေးလာကြသည်။ 
သတ္တ၀ါတို့၏သံသရာ - သော်တာဆွေ
ဒေါင်းလို့ရပါပြီဗျို့ ဒီစာအုပ်ရဲ့အလှူရှင်ကတော့ ကိုအောင်တေဇာ (MDY) မှဖြစ်ပါတယ် ။ သတ္တ၀ါတို့၏သံသရာ - သော်တာဆွေ http://www.mediafire.com/?zz7n9gklj7yqely
"ရွံဖို့တောင် ကောင်းသေးတယ်ဗျာ"
Tin Min Latt · 908 followers
ကျွန်တော် မကျေနပ်တာ တစ်ခုရှိတယ်ဗျာ.. ရုပ်ရှင် ဗွီဒီယို လောကကြီးကိုပေါ့..
သူတို့တွေပြောလိုက်ရင် စကားလုံး အကြီးကြီးတွေ သုံးနေကြပြီး စစ်အစိုးရ လက်ထက်က ဆင်ဆာတွေ ပိတ်ထားလို့ အနုပညာ ဖန်တီးခွင့် မရခဲ့ပါဘူး ပြောကြတယ်..
ဆော့ဖ်ဝဲမလို Youtube ဗီဒီယို အလွယ်တကူ Download ယူနည်း
ဆော့ဖ်ဝဲမလို Youtube ဗီဒီယို အလွယ်တကူ Download ယူနည်း
တကယ် ဘာဆော့ဖ်ဝဲမှ မလိုပါဘူး။ Youtube က ဗီဒီယိုတွေကို အလွယ်တကူ Download ယူလို့ရပါတယ်။ ယူပုံယူနည်းကတော့ -
၁။ မိမိ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။
၂။ https နေရာတွင် s ကိုဖြုတ်ပေးပါ။
၃။ www.youtube.com နေရာတွင် www.ssyoutube.com ဖြစ်ရန် ss ကို Youtube အနောက်တွင် ထည့်ပေးပါတယ်။
ဥပမာ - ကိုယ်က https://www.youtube.com/watch?v=NG2zyeVRcbs အဲ့ သီချင်းကို ဒေါင်းမယ်ဆိုရင် s ဖြုတ် ss နှစ်လုံး ထည့်လိုက်တဲ့ အခါ
http://www.ssyoutube.com/watch?v=NG2zyeVRcbs ဆိုပြီး ဖြစ်သွား မှာပါ။ ပြီးရင် Enter ခေါက်တော့ savefrom.net ဝဘ်ဆိုဒ်ကို Direct လုပ်သွားမှာ ဖြစ်ပါတယ်။
အဲ့မှာ FLV 240p, FLV 360p, MP4 360p,WebM 360p, 3GP 144p, 3GP 240p အစရှိတဲ့ Format များစွာထဲမှာ ကိုယ်ကြိုက်ရာကို ရွေးလိုက်ရုံပါပဲ။
ကျနော်ကတော့ Download speed 64 Mbps နဲ့မို့ FLV 360p ကို ၂ မိနစ်ထပ် မကြာပဲ ပြီးသွားပါတယ်။ လက်ရှိ မြန်မာပြည်က ကော်နက်ရှင် အနေအထားနဲ့ဆိုရင် Format နိမ့်တာကို ရွေးမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အင်တာနက်လိုင်းကောင်းနေရလည်း ကိုယ် အဆင်ပြေသလို ရွေးချယ် ဒေါင်းသွား နိုင်ပါတယ်။ http မှာ s မဖြုတ်ရင် မရပါဘူး။ သူက secure ဖြစ်တဲ့အတွက် untrusted ကော်နက်ရှင်ပဲ ပြမှာ ပါ။ ပြီးတော့ youtube ရှေ့ မှာ ss ထည့်ရတဲ့ အကြောင်းက Third party application ကုမ္ပဏီဖြစ်တဲ့ savefrom.net ရဲ့  ဒိုမိန်းကို rediret လုပ်သွားလို့ပါ။
အားလုံး အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
.
အောင်ခမ်း ( ရိုးရာလေး ) 
http://www.yoyarlay.com/science-tech/internet/38985-download-youtube-without-any-software
.
တကယ် ဘာဆော့ဖ်ဝဲမှ မလိုပါဘူး။ Youtube က ဗီဒီယိုတွေကို အလွယ်တကူ Download ယူလို့ရပါတယ်။ ယူပုံယူနည်းကတော့ -
၁။ မိမိ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။
၂။ https နေရာတွင် s ကိုဖြုတ်ပေးပါ။
၃။ www.youtube.com နေရာတွင် www.ssyoutube.com ဖြစ်ရန် ss ကို Youtube အနောက်တွင် ထည့်ပေးပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၁)
သစ်ထူးလွင်
Friday, November 29, 2013
ဘ၀၏ ထူးခြားသော ရိုက်ချက်
Photo: ဘ၀၏ ထူးခြားသော ရိုက်ချက်
မကြာသေးမီက ဂျာမဏီနိုင်ငံရှိ တီဗွီ အသံလွှင့်ငှာန တခုတွင် “၁၀စက္ကန့် လျှပ်တစ်ပြက်ရိုက်ချက်” ဟုသော ပြိုင်ပွဲ တစ်ရပ်ကို ဆုကြေးငွေ ကြီးကြီးပေးပြီး ပြုလုပ်ခဲ့သည်။ ထိုပြိုင်ပွဲကို သတင်းဆရာများ ပါဝင် ယှဉ်ပြိုင်ကြပြီး လူအများ၏ စိတ်ဝင်စားမှုကို ခံရသော အစီအစဉ်ဖြစ်ခဲ့သည်။ ပြိုင်ပွဲဝင်များထဲတွင် “လဲချ”ဟု အမည်ရှိသော ရိုက်ချက်က အကောင်းဆုံး ပထမဆုကို ရခဲ့သည်။
ထိုဆုရ ရိုက်ချက်ကို ရိုက်သောသူမှာ လုပ်ငန်းခွင်ဝင်စ တက်သစ်စ လူငယ်တစ်ဦးဖြစ်သည်။ လူအများက ထိုဆုရရိုက်ချက်ကို ကြည့်လို၊ ဝေဖန်လို၍ စောင့်စားခဲ့ကြသည်။ သို့သော် ကြည့်ပြီး ၁၀စက္ကန့် နောက်ပိုင်းတွင် လူတိုင်း၏ မျက်ဝန်းတွင် မျက်ရည်များ တွဲခိုခဲ့ရသည်။ ၁၀စက္ကန့်သာ ကြာသော ရိုက်ချက်ကို ကြည့်ပြီး ဂျာမဏီနိုင်ငံသည် ၁၀ မိနစ်မျှ တိတ်ဆိတ် သွားခဲ့သည်ဟုလဲ ဆိုနိုင်သည်။
ထိုရိုက်ကွင်းမှာ မီးရထား ဘူတာရုံ တစ်ခုတွင်ဖြစ်သည်။ ရထားသံလမ်းခွဲ လုပ်သားတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်နေသော အချိန်တွင်ဖြစ်သည်။ ဘူတာရုံသို့ ဖြေးဖြေးချင်း ခုတ်မောင်းလာ ရထားအား လမ်းခွဲပေးရန်ဖြစ်သည်။ ထိုအချိန်တွင် ဆန့်ကျင်ဖက်မှ ရထား တစ်စီးလည်း ဘူတာရုံသို့ ဦးတည် လာနေသည်။ အကယ်၍ သူသည် သံလမ်းကို အချိန်မီမခွဲခဲ့သော် ရထားနှစ်စီးမှာ မျက်နှာချင်းဆိုင် တိုက်ကြတော့မည် ဖြစ်သည်။
ထိုခဏ၌ သူသည် ဘေးဘီကို တစ်ချက် လှည့်ကြည့်မိရာ ရထားသံလမ်းဘေးတွင် ဆော့ကစားနေသော သားကို တွေ့လိုက်မိသည်။ဘူတာသို့ စ၀င်လာသော ရထားသည် ထိုသံလမ်းပေါ်တွင် ဖြစ်သည်။ သားကို ပြေးကယ်ရမည်လော.... သံလမ်းကို ခွဲရမည်လော... သူ့အတွက် ရွေးချယ်ဖို့ အချိန်မှာ အနည်းငယ်သာရှိသည်။
လျှပ်တစ်ပြက်အတွင်း သူသည် သားအား “လဲချ” ဟု အသံကုန် အော်လိုက်ပြီး တစ်ပြိုက်နက် သံလမ်းခွဲ ခလုတ်ကို ဆွဲချလိုက်လေသည်။ မျက်စိ တစ်မှိတ်အတွင်း ရထားမှာ အခြားလမ်းကြောင်းပေါ်သို့ လမ်းခွဲ သွားခဲ့သည်။ ဆန့်ကျင်ဖက်မှ ရထားလည်း ဥသြဆွဲပြီး ဘူတာကို ကျော်ဖြတ်သွားခဲ့သည်။ ရထားပေါ်ရှိ ခရီးသည်များက ထိုအဖြစ်အပျက်ကို မသိကြပေ။ သူတို့အသက်သည် သေမင်းဘေးမှ သီသီလေး လွတ်သွားခဲ့သည်ကိုလဲ မသိခဲ့ကြပေ။ အသက်တစ်ချောင်းက အရှိန်ပြင်းပြင်းနှင့် ခုတ်မောင်းသွားသော ရထား သံလမ်းဘေးတွင် ထိခိုက်ဒဏ်ရာ မရှိဘဲ လဲလျောင်း အနေအထားဖြင့် ကျန်ရစ်ခဲ့သည်။
ထိုမြင်ကွင်းကို ဘေးမှဖြတ်သွားသော သတင်းထောက်လူငယ်က ရိုက်ယူလိုက်ခြင်းဖြစ်သည်။ ထိုသံလမ်းတွင် အမှုထမ်းသောသူမှာ အလွန်ထက်မြက်သောသူ တစ်ဦးဖြစ်မည်ဟု လူအများက ခန့်မှန်းကြသည်။ သို့သော် ထိုသူမှာ သာမန် လူတစ်ဦးမျှသာဖြစ်သည်။ သူ၏အရည်အချင်းမှာ အလုပ်အပေါ် သစ္စာရှိမှု၊ တာဝန်ကျေပွန်မှု၊ အချိန်တိကျမှု ပင်ဖြစ်သည်။ လူအများ မထင်ခဲ့သောအရာမှာ သူ၏သားသည် ဦးနှောက်မပြည့်သောသူ ဖြစ်သည်။
သတင်းထောက် လူငယ်အား သူသည် ဤကဲ့သို့ ပြောပြခဲ့သည်။ သားကို သူအမြဲပြောဆို ဆုံးမသော စကားမှာ “ သားကြီးလာရင် သားလုပ်နိုင်မယ့် အလုပ်ဟာ အလွန်နည်းတယ်။ ဒါပေမဲ့ ထူးခြားတာ တစ်ခုတော့ သားလုပ် နိုင်ရမယ်” ဟုဖြစ်သည်။ အဖေ့စကားကို ဦးနှောက်မပြည့်သောသားက နားမလည်ခဲ့ပေ။ သို့သော် အသက်ဘေးနှင့် နီးကပ်လာသော အချိန်တွင် သူသည် “လဲချ” နိုင်ခဲ့သည်။ ထို “လဲချ” ဟုသော စကားမှာ အဖေနှင့်အတူ စစ်တိုက်တမ်းကစားသည့် အချိန်တွင် သူနားလည်သည့် တစ်ခွန်းတည်းသော စကားဖြစ်ပြီး ထူးခြားအောင်လည်း လုပ်နိုင်ခဲ့သော အပြုအမှုဖြစ်သည်။
ဘယ်လောက်ပဲ တုံးအနေပါစေ...ဘယ်လောက်ပဲ သာမန်နေပါစေ... ထူးခြားတဲ့ လုပ်ရပ် တစ်ခုကတော့ လူတိုင်းမှာ ရှိသင့်ပါတယ်။ 
နိုင်းနိုင်းစနေ
Nine Nine Sanay @ နိုင်းနိုင်းစနေ ( < --- Credit )
မကြာသေးမီက ဂျာမဏီနိုင်ငံရှိ တီဗွီ အသံလွှင့်ငှာန တခုတွင် “၁၀စက္ကန့် လျှပ်တစ်ပြက်ရိုက်ချက်” ဟုသော ပြိုင်ပွဲ တစ်ရပ်ကို ဆုကြေးငွေ ကြီးကြီးပေးပြီး ပြုလုပ်ခဲ့သည်။ ထိုပြိုင်ပွဲကို သတင်းဆရာများ ပါဝင် ယှဉ်ပြိုင်ကြပြီး လူအများ၏ စိတ်ဝင်စားမှုကို ခံရသော အစီအစဉ်ဖြစ်ခဲ့သည်။ ပြိုင်ပွဲဝင်များထဲတွင် “လဲချ”ဟု အမည်ရှိသော ရိုက်ချက်က အကောင်းဆုံး ပထမဆုကို ရခဲ့သည်။
ဟာသ အမှတ်စဉ် ၈၉၂
မျက်မမြင်တယောက် စားသောက်ဆိုင် အတွင်းသို. ၀င်ထိုင်လိုက်ပါတယ်။ ဒါနဲ. စားသောက်ဆိုင် ပိုင်ရှင် က ကိုယ်တိုင်ထပြီး ဟင်း menu ထိုးပေးလိုက်ပါတယ်။ မျက်မမြင်က ‘ကျွန်တော် က မျက်စိမမြင်တဲ. အတွက် ကြည်.လို.မရပါဘူး ။ ကျေးဇူးပြုပြီး ရှေ.ကလူတွေစားသွားတဲ. မဆေးရသေးတဲ. ဇွန်း သာပေးပါ။ ကျွန်တော် အနံ.ရူပြီး ဘာစားမယ်ဆိုတာ မှာပါရစေ’ ။
ဆိုင်ရှင် လဲ စိတ်ရူပ်သွားပြီး မဆေးရသေးတဲ. ဇွန်း၊ခတ်ရင်းတွေ ကို ယူလာပြီး မျက်မမြင်ကို ရူခိုင်းပါတယ်။ မျက်မမြင် က
ဇွန်း၊ခတ်ရင်း တွေကို ရူ ပြီး အမဲဆီပြန် စားမယ်လိုပြောပါတယ်။
ထိုအခါဆိုင်ရှင်က ခေါင်းကုတ်ပြီး စာ:ဖိုမူး သူ.မိန်းမ ကို ဖြစ်ကြောင်းကုန်စင်ပြောပြပါတယ်။
မျက်မမြင် လဲ စားပြီး ပြန်သွားပါတယ်။
နောက် အချိန် အတန်ကြာမှာ ထိုစားသောက်ဆိုင်ကိုပြန်လာပါတယ်။ ဆိုင်ရှင် က လဲ မမှတ်မိတော.လို. menu ကို ထိုးပေးပြန်ပါတယ်။ ဒါနဲ. မျက်မမြင် က ပထမအကြိမ်က အကြောင်းကို ပြန်ပြောပြလိုက်တော. ဆိုင်ရှင် က လဲ အမှတ်ရပြီး မဆေးရသေးတဲ. ဇွန်း၊ခတ်ရင်းတွေ ကို ယူလာပေးပြီး ရူစေခဲ.ပါတယ်။ မျက်မမြင်ကလဲ အားပါးတရ ရူရှိုက်ပြီး
ကြက်ကောင်လုံးကြော် ကို အရက်နဲ. မြည်းမယ် ဆိုပြီး မှာလိုက်ပြန်ပါတယ်။ 
ဆိုင်ရှင် က လဲ ၂ခါ တွေ.ကြုံလိုက်ရတော. အင်မတန် ညစ်သွားပြီး ဒါဟာ သူနဲ. သူ.မိန်းမ ကို တမင် လာပြီး အနှောက် အယှက်ပေးနေတာများလား လို.တွေးမိပါတယ်။ ပထမအကြိမ်လိုပဲ စားသောက်ပြီး ပြန်သွားပါတယ်။
လာပြန်ပြီ တတိယအကြိမ်။ ဆိုင်ရှင် က မျက်မမြင် ဆိုင်ထဲဝင်လာတာနဲ. မီးဖိုဆောင်ထဲက သူ.မိန်းမ ဆီပြေးပြီး ‘မိန်းမ ဟို မျက်ကန်းလာနေပြီ ၊ ရော. ဒီဇွန်းနဲ. ခက်ရင်းတွေ ကို နင်. အတွင်းခံဘောင်းဘီနဲ. ပွတ်ခဲ.လိုက်၊ ငါတို. အဲ.လူကို ပညာပြရမယ်’။ မိန်းမကလဲ ယောက်င်္ကျားပြောသလိုလုပ်ပြီး ဇွန်း၊ခတ်၇င်းတွေကိုပေးလိုက်ပါတယ်။
ဒါနဲ. ဆိုင်ရှင် က မျက်မမြင်ကို ‘မင်္ဂလာပါ၊ ဒီတခါတော. ကျွန်တော်ကောင်းကောင်းမှတ်မိပါပြီ၊ ဇွန်း ခတ်ရင်း အဆင်သင်.ပါပဲ’။
မျက်မမြင် က အားပါးတရရူရိုက်လိုက်ပြီး ‘ဟေ မိအေး ဒီဆိုင်မှာ အလုပ်လုပ်နေတာပါလား’။ ထိုအခါ ဆိုင်ရှင် က “ဗျာ "
တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................
Credit - Original Writer
ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...
မျက်မမြင်တယောက် စားသောက်ဆိုင် အတွင်းသို. ၀င်ထိုင်လိုက်ပါတယ်။ ဒါနဲ. စားသောက်ဆိုင် ပိုင်ရှင် က ကိုယ်တိုင်ထပြီး ဟင်း menu ထိုးပေးလိုက်ပါတယ်။ မျက်မမြင်က ‘ကျွန်တော် က မျက်စိမမြင်တဲ. အတွက် ကြည်.လို.မရပါဘူး ။ ကျေးဇူးပြုပြီး ရှေ.ကလူတွေစားသွားတဲ. မဆေးရသေးတဲ. ဇွန်း သာပေးပါ။ ကျွန်တော် အနံ.ရူပြီး ဘာစားမယ်ဆိုတာ မှာပါရစေ’ ။
Different types of boredom
Different types of Boredomပျင်းနေ ပါသလား။ ၀ါးးး .. သင်ခံစား နေရတဲ့ ပျင်းတယ်ဆိုတဲ့ ခံစားချက် အမျိုးအစားဟာ သင့်စိတ်နေစိတ်ထားနဲ့ ဆက် နွယ် နေတယ်လို့ သုတေသီ များက ဆိုပါတယ်။
ပျင်းတယ်ဆိုတဲ့ ခံစားချက်ဟာ စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာ ဘယ်သူတွေများ သိကြပါသလဲ။ ပျင်းတယ် ဆိုရုံတင် မဟုတ်ပါဘူး။ ဘယ် ပုံ ဘယ်နည်း ပျင်းတတ် ကြတယ် ဆိုတာက သုတေသီ တွေကို စိတ်ဝင်စား စေပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းက ဗမာမိန်းကလေးများ၏ အသုံးချခံဘဝ
နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာမိန်းကလေးတွေ အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့်အရောင်းစားခံနေရပါတယ်။ ငွေဝယ်ကျွန်ဘဝကိုရောက်နေကြတယ်။ လူတကာသုံးတဲ့ သောက်ရေအိုးလိုဖြစ်နေတယ်။ ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်ကစော်ကားနဲ့ အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။
နောင်တမရှိသောဘဝ (မနက်ဖြန်ဆိုတာ မသေချာ)
 Thursday, November 28, 2013
 ဒီနေ့က သူမတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ပါ။ သူမကတော့ ခင်ပွန်းသည် ဖြစ်သူ သောမတ်စ် အိမ်ပြန်အလာကို စောင့်နေပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့ကို အတူဆင်နွှဲဖို့ အတွက်ပေါ့။ လက်ထပ်ပြီးနောက်ပိုင်းမှာ အရာရာဟာ ပြောင်းလဲလို့လာခဲ့ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့ နှစ်ယောက်သား ခဏခဏ စကားများကြပါတယ်။
အချိန်ပေးလိုက်ပါ
Friday, November 29, 2013
တစ်ခါတုန်းက ပညာရှိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူထွက်လာခဲ့ကြတယ် ။ လမ်းခရီးတစ်ခုမှာ တောနက်ထဲရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ် ။ 
သောက်စရာရေလည်းကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်း မှာ ရှိတဲ့အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ် ။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကိုသွားကြတယ် ။ 
အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင် ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေထနေတာတွေ့လိုက်ရတယ် ။ ဒီတော့ တပည့်တွေလည်းစိတ်ပျက်လက်ပျက်နဲ့အဖိုးအိုဆီပြန်လာခဲ့ကြတယ် ။ 
အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေတယ် ။ နောက်တစ်နာရီလောက်ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်းပြန်တယ် ။ ဒီတစ်ခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကေ ရတွေ ကြည်လင်နေတာကိုတွေ့လိုက်ရတယ် ။ 
ဒီတော့ ၀မ်းသာအားရနဲ့ တပည့်တွေအားလုံးရေခပ်ပြီး ပြီးပြန်လာကြတယ် ။ ဒီတော့အဖိုးအိုက မေးတယ် ။ 
“ ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ ” 
“ ဘာမှမလုပ်ပါဘူး ” တပည့်တွေအားလုံး ၀ိုင်းဖြေကြတယ် ။ အဲဒီထဲကမှ တပည့်တစ်ယောက်က ဖြေတယ် ။ 
“ အချိန်စောင့်လိုက်ရပါတယ် ” 
အဖိုးအိုကပြုံးပြီး ပြောတယ် ။ 
“ ဟုတ်တယ် ရေကန်ထဲကရေတွေအားလုံးကြည်လင်ဖို့ ဘာမှမလုပ်ပဲအချိန်တစ်ခုကိုစောင့်ရပါတယ် အဲဒီလိုပဲတစ်စုံတစ်ခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင်ပြုလုပ်ဖို့ သင်တို့ စိတ်တွေနောက်ကျိနေပြီဆိုရင် .. ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ ။ အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေမရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ် ” 
==============================
“ သင့်စိတ်ကို တစ်စုံတစ်ယောက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင်ပြုလုပ်လို့ သင့်စိတ်နောက်ကျိနေပြီဆိုရင်တော့ .. 
Let it be .. ထားလိုက်ပါ ဘာမှမလုပ်ဲ ဒီအတိုင်းပဲထားလိုက်ပါ ... အချိန်ပေးလိုက်ပါ
အချိန်ကာလတစ်ခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ ပြန်လည်ကြည်လင် သွားပါလိမ့်မယ် ” 
သက်တန့်ချို
Friday, November 29, 2013
တစ်ခါတုန်းက ပညာရှိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူထွက်လာခဲ့ကြတယ် ။ လမ်းခရီးတစ်ခုမှာ တောနက်ထဲရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ် ။
သောက်စရာရေလည်းကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်း မှာ ရှိတဲ့အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ် ။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကိုသွားကြတယ် ။
ဂျပန်ဟင်းလျာတွင် ပါဝင်ပစ္စည်းများ
ဂျပန်ဟင်းလျာတွင် ပါဝင်ပစ္စည်းများ
ဂျပန် ဟင်းလျာ ပါဝင်တဲ့ ပစ္စည်းတွေက အများစုနှင့် မရင်းနှီးတာမို့။ ဂျပန်ဟင်းလျာထဲတွင် ထည့်သုံးမည့် ပါဝင်ပစ္စည်း တစ်ခုခြင်းစီရဲ့ အသုံးဝင်ပုံ၊ မည်သည့်နေရာတွင် ၀ယ်ယူနိုင်သည် အချက်အလက်တွေပါ ပြန်လည် မျှဝေပေးလိုက်ပါတယ်..
Wasabi
-ဂျပန် ၀ါဆာဘီကို mustard လို့လည်း လူသိများပါတယ်။ ဆူရှီရဲ့ ပါဝင်ပစ္စည်း တစ်ခုပါ။ ၀ါဆာဘီ များများ စားမိရန် ပူပြီ မျက်ရည်တောင် ပေါက်ပေါက်ကျရတဲ့ အဆင့်ပါပဲ။ ၀ါဆာဘီကို စူပါမတ်ကတ်တိုင်းတွင် ၀ယ်ယူနိုင်သည်။
———————————————————————
ဆန်ဝိုင် အချို (Mirin)
Mirin ကို တချို့ကို ဆာကေး အချိုလို့ လည်း ခေါ်ကြပါတယ်။ အယ်ကိုဟောပါတဲ့ ဟင်းချက်ဝိုင် တစ်မျိုးပါ။ ချိုတဲ့ အရသာရစေပါတယ်။ mirin မရှိပါက သကြား(၆၀မီလီလီတာ) နဲ့ ဆာကေး(၁ရ၅မီလီလီတာ) ကို ရောပြီ အသုံးပြုလို့လည်း ရပါတယ်။ mirin ကို City Mart ၀ယ်ယူနိုင်ပါသည်။
————————————————————————–
ဆန်ဝိုင် (ဆာကေး)
ဂျပန်မှာ လူကြိုက်များတဲ့ အရက်တစ်မျိုးပါ။ ဆူရှီစားမယ်ဆိုရင်တော့ ဆာကေးထက် ဂျပန် လက်ဖက်ရည်နဲ့က ပိုလိုက်ဖက်ပါတယ်။ ဟင်းချက်ရာမှာ ဆာကေးကို ထည့်သုံးကြပါတယ်။ ဆာကေး အစား dry sherry ကို အစားထိုး အသုံးပြုလို့ရပါတယ်။ sake ကို City Mart ၀ယ်ယူနိုင်ပါသည်။
—————————————————————————
ပဲငံပြာရည်
ဂျပန် ပဲငံပြာရည် ဟင်းတော်တော်များများမှာ အသုံးပြုထား တွေ့ရမှာပါ။ ပဲငံပြာရည်ကို ပုံစံမျိုးစုံ၊ ဘူးမျိုးစုံ နဲ့ တွေ့ရမှာပါ။ ၀တ်ရည် အသုံးများတဲ့ ဂျပန် ပဲငံပြာရည် တံဆိပ်က Kikkoman ပါ။ ဂျပန် ပဲငံပြရည် အစား တရုတ် ပဲငံပြာရည် (အကြည်၊ အနောက်) အစားထိုးသုံးဖို့ မသင့်လျော်ပါဘူး။ စူပါမတ်ကတ်တိုင်းမှာ ၀ယ်ယူနိုင်ပါသည်။
———————————————————————
ရေညှိခြောက် (Wakame)
Wakame က ရေညှိခြောက်ပါ။ ရေညှိခြောက်တွေကို ၅မိနစ် ရေစိမ်ပြီ ဟင်းချို၊ အသုပ် တွေမှာ အသုံးများပါတယ်။ ဟင်းအကြာကြီးချက်ဖို့ မသင့်လျော်ပါဘူး။ ရေညှိခြောက်တွေကို Wakame (City Mart) တွင် မေးဝယ်နိုင်ပါသည်။
—————————————————————–
ရေညှိရွက်
ဆူရှီလိပ်ရန် အတွက် အသုံးပြုတဲ့ ရေညှိရွက်တွေပါ။ City Mart တွင် ၀ယ်ယူနိုင်သည်။
———————————————————————-
ဝါးယင်းလိပ်
ဆူရှီလိပ်လျှင် အသုံးလိုသည့် ၀ါးယင်းလိပ်ကို စူပါးမတ်ကတ်များတွေ ၀ယ်ယူနိုင်ပါသည်။
——————————————————————-
Soba ခေါက်ဆွဲ
ခေါက်ဆွဲ သေးအမျိုးစားပါ။ buckwheat flour နဲ့ soba ခေါက်ဆွဲကို ပြုလုပ်ထားတာ ဖြစ်ပြီ။ soba ခေါက်ဆွဲကို အပြုတ်ပူပူနွေးနွေး သုံးဆောင်ကြသလို၊ အသုပ် အဖြစ်လည်း သုံးဆောင်ကြပါတယ်။ Soba ခေါက်ဆွဲထုပ်ခြောက်များကို CityMart, Ocean မှာ ၀ယ်ယူနိုင်ပါတယ်..
ဂျပန် ဟင်းလျာ ပါဝင်တဲ့ ပစ္စည်းတွေက အများစုနှင့် မရင်းနှီးတာမို့။ ဂျပန်ဟင်းလျာထဲတွင် ထည့်သုံးမည့် ပါဝင်ပစ္စည်း တစ်ခုခြင်းစီရဲ့ အသုံးဝင်ပုံ၊ မည်သည့်နေရာတွင် ၀ယ်ယူနိုင်သည် အချက်အလက်တွေပါ ပြန်လည် မျှဝေပေးလိုက်ပါတယ်..
သာမန်ပြည်သူတယောက်
ဘယ်သူ့ဂရုစိုက်ရမှာလဲ
ငါတို့အခုရောက်နေတာ
အရက်သောက်ဖို့နဲ့စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့
ခေတ်ကြီး အခါကြီး သမယကြီဲး
"Come's Idioms "
Date : 30.11.2013
1. come = လာသည် ၊ ရောက်လာသည်။
2. come across = တွေ့ဆုံသည်။
3. come along = မြန်မြန်လုပ်သည်၊ လိုက်လာသည်။
4. come back = ပြန်လာသည်။
5. come down = ဆင်းလာသည် ၊တန်ဖိုးကျသည်။
6. come for = လာယူသည်။
7. come from = မှလာသည် ၊ ဇာတိဖြစ်သည်။
ဗိုလ်ကြီးငမွဲ ပြာပုံထဲက ထွက်ခွာခြင်း
တပ်ထဲမှာ နေတုန်း ပြောခံရတာ။ ပြောတာက တစ်ခြားသူမဟုတ်။ ညီမအရင်းကိုယ်တိုင်။ ပြောလည်း ပြောစရာ။ တစ်လတစ်လ မှိုင်နေရတဲ့အချိန်ကများ သကိုး။ မျက်နှာမကောင်းတော့ဘူးဆို ညီမကသိပြီ။ အစ်ကို ဘိုင်ပြတ်နေပြီမဟုတ်လား။ ယူထားဦးမလား မေးလာရင် မယူချင်သလို၊ ယူချင်သလို လက်က ကမ်းထားပြီးသား။ ရန်ကုန်မြို့ကြီးပြကြီးမှာတော့ တာဝန်ထမ်းရပါတယ်။ မနက်ည လိုင်းကားခတင် ၈၀၀ ကျပ်၊ ဆိုင်ကယ် ကယ်ရီက တစ်ကြောင်း ၅၀၀၊ ညနေစောင်းရင် ကားကြုံလေးမျှော်လို့။ လူကြီးများကလည်း စာနာ နားလယ်ပေးပါတယ်။ အကုန်အကျ သက်သာအောင် တပ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေးတယ်။ လူပျိုတုန်းက ပြသနာမရှိပေမယ့် ဇနီးနဲ့ သမီးမျက်နှာမြင်လာတော့ ညနေစောင်းဆို ရွပိုးထိုးနေပြီ။
အချစ်ဆိုတာ ဘာလဲ?
အချစ်ဆိုတာ ဘာလဲ?
ကျွမ်းကျင်သူပညာရှင်တစ်စုက အသက်(၄)နှစ်က (၈)နှစ်အရွယ်ထိ ကလေးတွေကို
"အချစ်ဆိုတာ ဘာလဲ?"ဆိုတဲ့မေးခွန်းကို မေးခဲ့ကြတယ်။
လူတွေထင်မှတ်မထားလောက်တဲ့ ကလေးတွေရဲ့ ကျယ်ပြန့်လေးနက်တဲ့အဖြေကို
တွေ့ခဲ့ရပါတယ်။ သင့်ရော.. အချစ်ကို ဘယ်လိုသတ်မှတ်ထားသလဲ?
(၁) သမီးရဲ့ဘွားဘွားက အဆစ်ရောင်ရောဂါရှိတယ်။ သူက
ခါးကုန်းပြီးခြေသည်းမညှပ်နိုင်ဘူး။ ဒါကို ဘိုးဘိုးကညှပ်ပေးတယ်။ ဘိုးဘိုးက
သူ့လက်ဆစ်ရောင်တာကိုတောင်မမူဘဲ လုပ်ပေးတယ်။ ဒါဟာ အချစ်ဖြစ်တယ်။ ---
Rebecca (၈)နှစ်
(၂) လူတစ်ယောက်က သင့်ကိုချစ်မိပြီဆိုရင် သင့်နာမည်ကိုခေါ်တဲ့
သူ့အခေါ်ကပြောင်းသွားတယ်။ သူ့ပါးစပ်ကနေ ထွက်လာတဲ့ သင့်နာမည်က
သင့်ကိုခံစားမှုကောင်းတွေပေးတယ်။ --- Billy (၄)နှစ်
(၃) အချစ်ဆိုတာ မိန်းကလေးက ရေမွှေးဆွတ်၊ ယောက်ျားလေးက
အော်ဒီကလုံးရေမွှေးဖြန်း.. အဲဒီနောက် သူတို့ချိန်းတွေကြပြီး အချင်းချင်း
အနံ့ခံကြတာဖြစ်တယ်။ ---- Carl (၅)နှစ်
(၄) အချစ်ဆိုတာ အပြင်ထွက်အစာစားချိန် သင်က
သင့်ရဲ့အာလူးချောင်းကြော်တွေကို တစ်စုံတစ်ယောက်ကို ပေးလိုက်တယ်။
အဲဒီတစ်စုံတစ်ယောက်က သူ့ရဲ့အစားအစာတွေ သင့်ကိုပြန်ပေးမပေးဆိုတာကို
သင်ဂရုမစိုက်ခဲ့ဘူး။ ----- Krist (6)နှစ်
(၅) အချစ်ဆိုတာ သင်ပင်ပန်းတဲ့အချိန် သင့်ကိုပြုံးစေ၊
ရယ်မောစေတဲ့အရာဖြစ်တယ်။ --- Terry (၄)နှစ်
(၆) အချစ်ဆိုတာ မေမေကဖေဖေကို ကော်ဖီဖျော်ပေးပြီး ဖေဖေ့ကိုမပေးခင်
အရသာကောင်းမကောင်း တစ်ငုံအရင်သောက်ကြည့်တာဖြစ်တယ်။ --- Danny (၇)နှစ်
(၇) အချစ်ဆိုတာ သင်တို့အချင်းချင်း နမ်းရှုံ့ကြတယ်။ အဲဒီနောက်
နမ်းရှုံ့ဖို့ကို သင်တို့ငြီးငွေ့သွားကြတယ်။ ဒါပေမဲ့
သင်တို့အတူရှိနေကြတယ်။ သင်တို့စကားတွေ အများကြီးပြောကြတယ်။ ဖေဖေနဲ့မေမေက
အဲဒီလိုပဲ။ သူတို့နမ်းတဲ့အခါ မြင်ရသူအဖို့ အရမ်းညစ်ပတ်တယ်။ --- Emily
(၈)နှစ်
(၈) အချစ်ဆိုတာ သင့်အခန်းထဲမှာ သင်ခရစ္စမတ်လက်ဆောင်ဖြည်နေတဲ့အချိန်
ဖြည်နေတာကိုရပ်ပြီး သင့်ကို နားစွင့်စေတဲ့အရာဖြစ်တယ်။ --- Bobby (၇)နှစ်
(၉) တကယ်လို့ ပိုချစ်တတ်အောင် သင်, သင်ယူချင်ရင် သင်မုန်းတဲ့လူကနေ စပြီး
သင်ချစ်သင့်တယ်။ --- Monica (၆)နှစ်
(၁ဝ) အချစ်ဆိုတာ ကောင်လေးတစ်ယောက်ကို နင်ဒီအင်္ကျီနဲ့အရမ်းလိုက်တယ်လို့
သင်ပြောပြီးတဲ့နောက် သူဟာအဲဒီအင်္ကျီကို နေ့တိုင်းဝတ်နေတာပဲဖြစ်တယ်။ ---
Noel (၇)နှစ်
(၁၁) အချစ်ဆိုတာ အဘွားအိုလေး၊ အဘိုးအိုလေးနဲ့တူတယ်။ သူတို့ဟာ
အချင်းချင်းဘယ်လောက်ပဲ နားလည်နားလည် သူတို့ဟာသူငယ်ချင်းပဲဖြစ်တယ်။----
Tommy (၆)နှစ်
(၁၂) စန္ဒားယားဖြေဖျော်တဲ့စင်ပေါ်မှာ ကျွန်မတစ်ယောက်ထဲ၊
ကျွန်မအရမ်းစိတ်လှုပ်ရှားနေတယ်။ စင်အောက်ကိုကြည့်တော့
စင်အောက်ကလူတွေအားလုံး ကျွန်မကိုကြည့်နေတယ်။ ဖေဖေကို
ကျွန်မလှမ်းမြင်လိုက်တယ်။ ဖေဖေက လက်ဝှေ့ယမ်းပြီး ပြုံးပြတယ်။
ဖေဖေတစ်ယောက်ပဲ ကျွန်မကို ဒီလိုလုပ်ပြတယ်။ ကျွန်မ မကြောက်ရွံ့တော့ဘူး။
----- Cindy (၈)နှစ်
(၁၃) မေမေက တခြားလူတွေထက် ကျွန်မကို ပိုချစ်တယ်။ ကျွန်မကို နမ်းပြီး
အိမ်မောကျစေတာ မေမေတစ်ယောက်တည်းပဲရှိတယ်။ ---- Claire (၆)နှစ်
(၁၄) အချစ်ဆိုတာ အကောင်းဆုံးကြက်သားတစ်တုံးကို မေမေက ဖေဖေ့ပန်းကန်ထဲ
ထည့်ပေးတဲ့အချိန်ဖြစ်တယ်။ ---- Elaine (၅)နှစ်
(၁၅) အချစ်ဆိုတာ ချွေးတွေနဲ့ တစ်ကိုယ်လုံးနံစော်နေတဲ့ဖေဖေကို မေမေက
Charles Robert Redford ထက်ပိုချောတယ်လို့ ပြောတာဖြစ်တယ်။ --- Christine
(၇)နှစ်
(၁၆) အချစ်ဆိုတာ သင့်ခွေးကလေးကို သင်တစ်နေကုန်ပစ်ထားပြီး
ဂရုမစိုက်ခဲ့လည်း သင့်ခွေးကလေးက သင့်ပါးကို လာလျက်နေတုန်းဖြစ်တယ်။---
Mary Ann (၄)နှစ်
(၁၇) ကျွန်မရဲ့မမ ကျွန်မကိုချစ်မှန်း ကျွန်မသိတယ်။ မမက
သူ့အဝတ်အစားဟောင်းတွေ ကျွန်မကိုပေးပြီး သူက အဝတ်အစားအသစ်
မဖြစ်မနေထွက်ဝယ်ရတယ်။ ---- Lorine (၄)နှစ်
(၁၈) လူတစ်ယောက်ကို သင်ချစ်မိတဲ့အခါ သင်မျက်လုံးက မှိတ်တုတ်မှိတ်တုတ်နဲ့
မျက်လုံးထဲကနေ ကြယ်တွေထွက်လာတာဖြစ်တယ်။ ---- Kiven (၇)နှစ်
(၁၉) အချစ်ဆိုတာ မေမေက ဖေဖေ့ကိုအိမ်သာထဲမှာတွေ့သည့်တိုင် မေမေက
ဒါကိုရွံ့စရာကောင်းတယ်လို့ မထင်တာဖြစ်တယ်။--- Mark (၆)နှစ်
(၂ဝ) "နင့်ကိုငါချစ်တယ်" လို့ မပြောပါနဲ့။ တကယ်လို့ သင်ပြောခဲ့ပြီဆိုရင်
ဒါကိုသင်တကယ်လုပ်တော့မှာပါ။ တကယ်လုပ်ပြီဆိုတာနဲ့ "နင့်ကိုငါချစ်တယ်"လို့
မကြာခဏ သင်ပြောသင့်ပါတယ်။ လူတွေက ဒါကိုအမြဲမေ့နေခဲ့လို့ပါ။ ---- Jessica
(၈)နှစ်
(၂၁) စာရေးဆရာတစ်ဦးက ပြိုင်ပွဲတစ်ခုမှာ သူဒိုင်လူကြီးလုပ်ခဲ့တဲ့
အတွေ့အကြုံကို ပြောပြတယ်။ အဲဒီပြိုင်ပွဲက ချစ်စိတ်အရှိဆုံးကလေးကို
ရွေးထုတ်တာဖြစ်တယ်။ နောက်ဆုံးမှာ (၄)နှစ်အရွယ်ကလေးတစ်ယောက်
အရွေးခံလိုက်ရတယ်။ အဲဒီကလေးငယ်ရဲ့အိမ်နီးချင်းက အသစ်ပြောင်းလာတဲ့
အဘိုးအိုတစ်ဦးဖြစ်တယ်။ တစ်နေ့မှာ အဘိုးအိုငိုနေတာကို ကလေးငယ်ကမြင်တော့
အဘိုးအိုရဲ့ခြံထဲဝင်ပြီး အဘိုးအိုရဲ့ပေါင်ပေါ်ထက်ထိုင်နေလိုက်တယ်။
နောက်တော့ ကလေးငယ်မေမေက ကလေးငယ်ကိုမေးတယ်။ အဘိုးအိုကို
ဘာတွေသွားပြောသလဲဆိုတော့ ကလေးငယ်က "ဘာမှမပြောပါဘူး... သူ့ကို
ကူငိုပေးလိုက်တယ်"လို့ ပြောခဲ့တယ်။
မူရင်း-- http://www.douban.com/group/topic/19554426/
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Credit to: http://www.99sanay.com/2011/09/blog-post_3850.html
ကျွမ်းကျင်သူပညာရှင်တစ်စုက အသက်(၄)နှစ်က (၈)နှစ်အရွယ်ထိ ကလေးတွေကို
"အချစ်ဆိုတာ ဘာလဲ?"ဆိုတဲ့မေးခွန်းကို မေးခဲ့ကြတယ်။
လူတွေထင်မှတ်မထားလောက်တဲ့ ကလေးတွေရဲ့ ကျယ်ပြန့်လေးနက်တဲ့အဖြေကို
တွေ့ခဲ့ရပါတယ်။ သင့်ရော.. အချစ်ကို ဘယ်လိုသတ်မှတ်ထားသလဲ?
“သုံးဘွာ”
1.
ထိုက်ကြီးတဲ့… …
နာမည်ရင်းကတော့ သန်းထိုက်
ခင်တဲ့လူတွေက ထိုက်ကြီးလို့ ခေါ်ကြတယ်။
နောက်တော့ တအိမ်ထဲ အတူငှားနေတဲ့ ရခိုင်သားနိုင်နိုင်ကျော်နဲ့တွေ့မှ ‘သုံးဘွာ’ ဖြစ်သွားရရှာတာ။
လိပ်ပြာတွေပျံဝဲနေချိန်မှာ (၁)
ဝတ္တုကို ဖတ်ဖို့ အခက်အခဲရှိနေသူတွေအတွက် ရုပ်ရှင်ကားတကားရှိတယ်။ လက်တင်မင်းသမီး ဆယ်မာဟိုက် ပါဝင်ထားတဲ့ ကားလေးပါ။ ရုပ်ရှင်ဆိုတော့လည်း ဝတ္ထုကို မမှီဘူးပေါ့။
အဓိက ပြောချင်တဲ့ စကားတွေ ပျောက်ကုန်တယ်။ ခုလည်း ဖေ့ဘွတ်မှာ ဆိုတော့ ဇာတ်လမ်းတခုလုံးကို ချုပ်ပြီး စကားလုံးတွေကို အကျဉ်းချုပ်ပစ်လိုက်တယ်။ ဇာတ်လမ်းကို စလိုက်ကြရအောင်။
လေယာဉ်ခရီးစဉ်အတည်ပြုခြင်း
    Posted by Soe Soe Win on November 28, 2013 at 16:21 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ
လေယာဉ်နဲ့ ခရီးသွားတဲ့အခါ မိမိနိုင်ငံမှာဘဲ ခရီးသွားကုမ္ပဏီကို တယ်လီဖုန်းဆက်ပြီးတော့ လက်မှတ် ၀ယ်ရ ပါမယ်။ အဲဒီအပိုင်းကိုတော့ ကိုယ့်ဘာသာစကားနဲ့ ပြောနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ထည့် မရေးတော့ပါဘူး။ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံဘက်ကို ရောက်လာပြီးချိန်မှ လေယာဉ်ခရီးစဉ်ပြောင်းဖို့ လိုအပ်လာပြီ ဆိုရင်တော့ အင်္ဂလိပ်လို ပြောဖို့ဆိုဖို့ လိုလာနိုင်ပါတယ်။ အခြားနိုင်ငံမှာလည်း မိမိဘာသာစကားကိုပြောတတ်တဲ့လူတွေ ရှိဖို့ များပါတယ်။ ဒါပေမယ့် လိုလိုမယ်မယ် လေယာဉ်နဲ့ခရီး သွားတဲ့အခါ အသုံးပြုနိုင်မယ့် အထွေထွေ အကြောင်းအရာတွေကို အခု ဖော်ပြသွားပါမယ်။
Kali Installation !
 အရင်ဦးဆုံးလုပ်ရမှာကတော့ Kali ကို http://www.kali.org/downloads/ မှာ ဒေါင်းရမှာပေါ့ 
2 GB လောက်ပါပဲ ဟီး... စိတ်ရှည်လက်ရှည်ဒေါင်းပေါ့မဟုတ်ရင်လဲ အခွေဝယ်လိုက်ပေါ့ဗျာ ကျွန်တော်ကတော့ အခွေဝယ်တာ အခွေဆိုင်တွေကောင်းချက်ကတော့ အဲဒါဘာလဲမေးခံလိုက်ရတာ ရင်ကိုနာလို့ဘယ်အခွေဆိုင်မှကို မ၀ယ်တော့ဘူးဗျာ။
“စိတ်ဓါတ်ရင့်ကျက်လာဖို့”
By Ko Nyo Win
(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။
(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။
(၃) ငါ သေရအုံးမှာ..အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။
(၄) ငါဘာတွေတွေးနေလဲ?ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။
Right Click & Select ပိတ်ထားတဲ့ ဆိုဒ်တွေကို ဒီလို ဖွင့်မယ်
ဟုတ်ပါတယ် အချို့ တော့ဝက်ဆိုက်တွေ မှာ Right Click နှိပ်မရအောင် ဒါမှမဟုတ် Select
လုပ်မရအောင်ပိတ်ထားတာမျိုးတွေရှိတတ်ပါတယ်အဲဒါမျိုးတွေကြုံလာတဲအခါအလွယ်
တကူဖြေရှင်းနိုင်မဲံနည်းလေးဝေမျှချင်တာပါသိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပဲကျွန်တော်ကတော့
မသိသေးသောသူငယ်ချင်းများတွက်ဝေမျှခြင်းပါ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၁)
သစ်ထူးလွင်
Thursday, November 28, 2013
မျက်စိနဲ့ချစ်တဲ့ အချစ်
"လမ်းခွဲရအောင်"လို့ ကျွန်မကဆိုတော့ ဖုန်းတစ်ဖက်က မောင့်ရဲ့စကားသံက ကျွန်မတွေးထင်ထားသလောက် တုန်လှုပ်ချောက်ချားဟန် မပြခဲ့ဘူး။ တအောင့်လောက် ငြိမ်သက်သွားပြီးမှ "ကောင်းပြီလေ.. ဒါပေမယ့် မောင် နောက်ဆုံးအနေနဲ့ တစ်ခုတောင်းဆိုချင်တယ်။ ရတီတို့ကျောင်းကိုလာပြီး..... ရတီ့ကိုမောင်တွေ့ချင်တယ်။
ဗုဒ္ဓဝင် မှတ်တမ်း အကျဉ်းချုပ်……………
 ၁။ လူအမည်-သိဒ္ဓတ္ထ။
၂။ ဘုရားဘွဲ့တော်-အရှင်ဂေါတမ။
၃။ ခမည်းတော်(ဖခင် )-သုဒ္ဓေါဒနမင်း။
၎။ မယ်တော်-မာယာဒေဝီ။
၅။ ကြင်ယာတော်-ယသောဓရာ။  
နှစ်ငါးဆယ်
By May Zaw
ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ယောက်ရဲ့
ခန္ခာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့ မီးတစ်စဟာ
အာရပ်ကမ္ဘာကို ကူးစက်လို့
အာရပ်နွေဦးဟာ နိုးထခဲ့
ငါငေးမောခဲ့။
ပြသနာတွေကို ဘယ်လိုကျော်လွှားမလဲ Learning English From an Inspirational Story
တစ်ခါတုန်းက စိတ်မချမ်းမမြေ့ဖြစ်နေရှာတဲ့ လူငယ်တစ်ဦးဟာ ပညာရှိကြီးတစ်ဦး ထံရောက်လာပြီး သူ့ရဲ့စိတ်ဆင်းရဲမှုတွေကို ဖြေရှင်းပေးနိုင်မဲ့နည်းလမ်းကိုလာရောက်
တောင်းခံ ပါသတဲ့။ အဲဒီအခါ ပညာရှိကြီးက သောက်ရေဖန်ခွက်တစ်ခွက်ထဲကို ဆားလက်တစ်ဆုပ်စာလောက် ထည့်လိုက်ပြီး လူငယ်ကိုသောက်ခိုင်းပါတယ်။
Mobile phone ကို အကောင်းဆုံးနဲ့ အလွယ်ဆုံးပြုပြင်နည်းများ...
နေ့တိုင်းအမေးခံနေရတဲ့မေးခွန်းတွေကိုဒီနေရာနေပဲပြန်ဖြေပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ...
မေး။ ဖုန်းကအရမ်းလေးနေလို့ဘယ်လိုလုပ်ရမလဲ ?
ဖြေ။ မည်သည့်ဖုန်းအမျိုးစားတွင်မဆို (Model နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ)
မိမိတို့၏ဖုန်းအရမ်းလေးနေပြီဆိုပါက ဖုန်း၏အနောက်မှ Battery အဖုံးကိုဖွင့်ပါ။
ဝက်သားလုံး ငုန်းဥ အစာသွပ်
ဝက်သားလုံး ငုန်းဥ အစာသွပ်
-------------------------------------------
ဝက်သားလုံး ငုန်းဥ အစာသွပ် လုပ်နည်းလေးပါ။ ၀က်သားလုံးကို တာကီယာကီဆော့နဲ့ ချက်ထားမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်ပြီ စားလို့ ကောင်းပါတယ်။ ထမင်းနဲ့ တွဲဖက် စားသုံးမယ်ဆိုလည်း အရမ်းလိုက်ဖက်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
-------------------------------------------
လုပ်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=6566/ မှာကြည့်နိုင်ပါတယ်.. 
-------------------------------------------
ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ
    ငုန်းဥ – အလုံး ၂၀ (ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပေးပါ)
    ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
    ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
    ငရုတ်ကောင်းမှုန့် – အနည်းငယ်
    ပါမုန့်ခြောက် – ၅၀ ဂရမ်
    နွားနို့- စားပွဲတင်ဇွန်း ၂ဇွန်း
    ကြက်ဥ – ၁လုံး
    ဂျုံမှုန့် – ၅၀ ဂရမ်
    ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က် (ရေဖြင့် ရောဖျော်ထားပေးပါ)
-------------------------------------------
ဆော့တွင် ပါဝင်ပစ္စည်းများ
    သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
    Mirin (ဆန်ဝိုင်အချို) – စားပွဲတင်ဇွန်း ၂ဇွန်း
    ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
    ဆာကေး(ဆန်ဝိုင်) – စားပွဲတင်ဇွန်း ၁ဇွန်း
-------------------------------------------
ဆော့ပြုလုပ်နည်း
၁။ ဆော့တွင် ပါဝင်ပစ္စည်းများဖြစ်သော (ဆန်ဝိုင်အချို၊ သကြား၊ ဆန်ဝိုင်၊ ပဲငံပြာရည်) များကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။
-------------------------------------------
ဝက်သားလုံး ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ပါမုန့်ခြောက် နှင့် နွားနို့ကို ရောမွှေလိုက်ပါ။
၂။ ပြီမှ ဇောက်ခွက်ထဲ (၀က်သား၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ပါမုန့်ခြောက်၊ နွားနို့၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို ထည့်ပြီ သမအောင် ရောနုယ်ပေးပါ။
၃။ ထို့နောက် ရောနုယ်ထားသော ၀က်သား(စားပွဲတင်ဇွန်း ၁ဇွန်း) ငုန်းဥ အစာသွပ်ပြီ အ၀ိုင်းလုံးလေးတွေ ရအောင် လက်ဖြင့် လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်ဝက်သားနဲ့ ငုန်းဥများကို အလုံးလုံးပေးပါ။
၎။ ပြီလျှင် ငုန်းဥ အစာသွပ်ထားသော ၀က်သားလုံးများကို ဂျုံအနည်းငယ် ကပ်ပေးပါ။
၅။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ၀က်သားလုံးများ အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
၆။ ထို့နောက် ဒယ်ထဲ ဆော့ရည်များ ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ၀က်သားလုံးများကို ထည့်ပြီ ဆော့ရည်ဖြင့် သမအောင် ရောမွှေပေးပါ။
ရ။ ပြီမှ ကော်ရည်ကို ထည့်ပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
-------------------------------------------
Wutyee Food House
-------------------------------------------
ဝက်သားလုံး ငုန်းဥ အစာသွပ် လုပ်နည်းလေးပါ။ ၀က်သားလုံးကို တာကီယာကီဆော့နဲ့ ချက်ထားမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်ပြီ စားလို့ ကောင်းပါတယ်။ ထမင်းနဲ့ တွဲဖက် စားသုံးမယ်ဆိုလည်း အရမ်းလိုက်ဖက်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ချစ်တတ်သောအမျိုးသားများ၏ အမူအကျင့် ၁၀၀
အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြရာမှာ အမျိုးသားတွေဟာ စကားနဲ့ မဟုတ်ဘဲ အပြုအမူနဲ့ ပြတတ်ကြပြီး အမျိုးသမီးတွေကနှုတ်ကနေ ဖွင့်ဟပြောဆိုတတ်ကြပါတယ်။ အမျိုးသားအများစု ပြုလုပ်တတ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အပျိုစင်
ကျွန်တော် ဒီစာရေးလို. ဒီဇာတ်လေးရေးလို. မိန်းမတွေဘက် မျက်နှာလိုက်တယ်လို.ထင်ချင်ထင်မယ်။ ဒါပေမယ့် ကျွန်တော့်နားထဲမှာ ပြန်ပြန်ကြွားနေတဲ့အသံတွေ ကြားနေရလို.ပါဗျာ။ အားလုံး ဖြူစင်သန်.ရှင်း အပြစ်ကင်းစွာ ချစ်နိုင်ကြပါစေဗျားးးးးးးးးးးးးးးး။
မှားပြီ
ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက်စလေး ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်..
ဆရာပေါက်စလေး၂ ယောက် က ခွက် ပုံး ကစ် ရင်းအ၇က်သောက်ရင်း စစ် နေ ကြခြင်းဖြစ် သည်...
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်...
ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း
  • ရေးသားသူ- အောင်သူရ
    ဦးသိန်းစိန်အစိုးရ တာဝန်ယူလာခဲ့သည်မှာ သုံးနှစ်နီးပါးရှိလာခဲ့ပါပြီ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ အစိုးရအဖွဲ့အပေါ် ဝေဖန်မှုများမှာလည်း ခပ်စိပ်စိပ်ကြားလာရသည်။ အထူးသဖြင့် သမ္မတ၏ရည်မှန်း ချက်များ အောင်မြင်ရန် အဓိကအကောင်အထည်ဖော်ပေးနေသော သမ္မတရုံးဝန်ကြီး ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့အပေါ် ဝေဖန်မှုများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မကြာခဏ ဆိုသလို မီဒီယာများတွင် တွေ့လာရသည်။
“ဇာတိနွယ်”
Soe Min November 28, 2013 at 9:07am
           သမီးလေး သူငယ်တန်းတက်ကတည်းက သူ့အဖေဟာ လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်နေရတဲ့အတွက် ဧည့်သွားဧည့်လာ၊ ဘာလိုချင်လဲ၊ ဘယ်သွားချင်လဲလောက်သာ အနိုင်နိုင် အလိုလိုက်နေရတာမို့ သမီးကို သူ့အသက်သူ့အရွယ်အလျောက် သိသင့်သိထိုက်တဲ့ မြန်မာမှု မြန်မာ့ဓလေ့တွေနဲ့ ယဉ်ပါးအောင် သွန်သင်ရတာ တော်တော်တော့ ခက်ခဲပါတယ်။ သူကျင်လည်ရာပတ်ဝန်းကျင်မှာ အဲဒီမြန်မာစရိုက်ကလေးတွေက တဖြေးဖြေး ပျောက်ကုန်တာကိုး။ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင် ပွဲဈေးတန်းကြီးခေါ်သွားတာတောင်မှ သူစားတတ်တဲ့ မုန့်ပဲသွားရည်စာ တစ်ခုတလေ ရှာမရဘူး။ ကစားစရာ တစုံတရာ လိုချင်စရာ မရှိဘူး။ သူ့ကို မုန့်ကျွေးချင်ရင် Chewy Junior တို့၊ B & B Bakery တို့လိုဆိုင်မျိုး၊ ဒါမှမဟုတ် အနည်းဆုံးတော့ ပီဇာ၊ ဆူရှီ၊ ဒင်းဆမ်း၊ဘာဂါရတဲ့ဆိုင်မှပဲ ဖြစ်လိမ့်မယ်။ မြန်မာအဖေအမေကမွေးပြီး မြန်မာပြည်မှာ ကြီးပြင်းလာတဲ့ သမီးလေးဟာ ဘယ်လိုဖြစ်လို့ နိုင်ငံခြားသူတစ်ယောက်လို မြန်မာအစားအသောက်တွေနဲ့ စိမ်းနေမှန်းမသိပါဘူး။
အခြေခံဥပဒေနှင့်ပတ်သက်၍ ...
ဒေါ်စုသြစတျေးလျနိုင်ငံဆစ်ဒနီမြို့တွင် ယနေ့ပြောသွားသောမိန့်ခွန်းတွင် အခြေခံဥပဒေနှင့်ပတ်သက်၍ အဓိကကျသောအချက်ကို ထောက်ပြပြောဆိုသွားခဲ့သည်။ ဒီမိုကရေစီကျသောအခြေခံဥပဒေတခု၏ အဓိကစံနှုံးမှာ လိုအပ်လာလျှင် ပြည်သူလူထုအများစုဆန္ဒဖြင့် ပြုပြင်ပြောင်းလဲနိုင်ရမည်ဖြစ်သည်။ အခြားနိုင်ငံများ၏အခြေခံဥပဒေများ သည်လည်းလိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့ကြတာဖြစ်သည်။
အချစ်အိမ်
စိတ်ကူးယဉ်တဲ့အရွယ်က အိမ်မက်ထဲက လက်တွဲဖော်က
စံနှုန်းတွေမျိုးစုံ သတ်မှတ်ထားခဲ့ပါလိမ့်မယ် ....
တည်ငြိမ်တဲ့ အရွယ်ရောက်လို့
အသက်လေးတွေက အက္ခရာကြီးသွားပြီဆို....
စီးပွားရေးနှင့် လူမှုပြောင်းလဲမှုအတွက် အခြေခံမူဘောင်
စာရေးဆရာကျော်ဝင်းနှင့် တွေ့ဆုံခြင်း
November 26, 2013 at 10:03am
ဉာဏ်လှိုင်လင်း၊ အေးမြင့်စန်း
နိုင်ငံရေးအရ ပြင်ချင်တဲ့ဆန္ဒရှိရင် အခြေခံဥပဒေပြင်ဆင်ရေးက အလွန်လွယ်ပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပထမ ငါးနှစ်သက်တမ်း၏ သုံးပုံနှစ်ပုံသို့ ရောက်ချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး အရှိန်တင်ကြိုးပမ်းလာခြင်းနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဦးတည်လှုပ် ရှားမှုများလည်း ပေါ်ပေါက်လာသည်။
တစ်ချိန်တည်းတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်လို သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာပြည်မှ ရုပ်မြင်သံကြားအစီအစဉ်များကို ကွန်ပျုတာမှ ကြည့်ရှုနည်း
မင်္ဂလာပါ
နိုင်ငံခြားရောက်ဘ၀တူသူငယ်ချင်းများအတွက်
မြန်မာပြည်မှရုပ်မြင်သံကြားအစီအစဉ်များကို
ကွန်ပျုတာမှ ကြည့်ရှုနည်းကိုဝေမျှလိုက်ပါတယ်။
ထိုင်းလိုနီးတဲ့နိုင်ငံကတော့ Package အနေနဲ့
ကြည့်လို့ရပေမယ့် အဝေးကြီးရောက်နေသူများ
ကတော့ရံဖန်ရံခါ မြန်မာ့သတင်းများနဲ့တချို့သော
အစီအစဉ်များကိုလိုအပ်လျှင်ကြည့်နိုင်ရန်ပါ...
၁။ VLC Player ကို Install လုပ်ပါ။
http://www.filehippo.com/download_vlc_32/
၂။ VLC Player မှာ Setting တချို့ကိုထည့်သွင်းရပါမယ်။
Tools>
Preferences Ctrl + P >
Input / Codecs >
RTP Over RTSP ( TCP ) နေရာမှာ အမှတ်ချစ်ပါ 
Save ကိုနှိပ်ပါ။
VLC Player အပေါ်ဘယ်ဘက်ဒေါင့်မှာ
Media >
Open Netwrork Stream Ctrl + N >
Please enter a network URL နေရာမှာ
အောက်ဖေါ်ပြပါ URL များကိုဖြည့်ပေးပါ
ပြီးလျှင် Play ကိုနှိပ်ပါ။
ကြည့်လို့ရပါပြီ။
ကြည့်နိုင်သောလိုင်းများ
မြ၀တီရုပ်မြင်သံကြား
http://www.myawaddy.net.mm/mwdlive
MRTV 4 ရုပ်မြင်သံကြား
rtsp://50.7.230.90:1935/liveedge/channel1
France 24 Hours Live TV
mms://stream1.france24.yacast.net/f24_liveen
MTV Euroupe
rtsp://173.193.20.150:1935/mtv/43
Russia Live TV
rtsp://fms.pik-tv.com/live/piktv3pik3tv
B4U Music TV
rtsp://46.249.213.87:554/playlists/4musictv_hvga.hpl.3gp
အလွမ်းပြေပေါ့ဗျာ...
ဦးအောင်သန်းဦး 
MMiTD
မင်္ဂလာပါ
နိုင်ငံခြားရောက်ဘ၀တူသူငယ်ချင်းများအတွက်
မြန်မာပြည်မှရုပ်မြင်သံကြားအစီအစဉ်များကို
ကွန်ပျုတာမှ ကြည့်ရှုနည်းကိုဝေမျှလိုက်ပါတယ်။
အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ?
By Ko Nyo Win
လျှို့ဝှက်ချက် (၁)
တွေးတောခြင်း မပြုပဲ အင်္ဂလိပ်စကားကို အလိုအလျှောက်ပြောခြင်း စကားလုံးများသည် မိမိ၏ ပါးစပ်အတွင်းမှ အလိုအလျှောက်လွယ်ကူစွာထွက်လာခြင်းတို့သည် ကျွန်တော်တို့ အင်္ဂလိပ် စကားပြောလေ့လာသူတိုင်း၏ ပန်းတိုင်ပင် ဖြစ်ပေသည်။ အဖြေမှာ . You understand instantly. ထိုကဲ့သို့ ပြုလုပ်ရန် ကျွန်တော်တို့၏ အင်္ဂလိပ်စာ လေ့လာခြင်းနည်းလမ်းကို ပြောင်းရန် လိုအပ်ပေသည်။ ပထမဆုံး လုပ်ရမည့် အချက်မှာ English words တွေကို လေ့လာခြင်း အလုပ်ကို ရပ်တန့်ဖို့ပါပဲ။ဒါဟာ မှန်ကန်တဲ့ အချက်ပါပဲ။ words တွေကို မမှတ်သားသင့်ပါ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရဲ့ ပညာရေး စနစ်ကို စတင်ပြောရပါလိမ့်မယ်။ ကျွန်တော့်တို့ ပညာရေးစနစ်ဟာ factory English learning system ပါပဲ။ text book ထဲမှ vocabulary များအားကျက်ခြင်း meaning ကျက်ခြင်းတို့ကို ကျွန်တော် တို့ နှစ်ပေါင်း တော်တော်ကြာကြာ လုပ်ခဲ့ကြပြီးပါပြီး။ သို့သော်…ကျွန်တော်တို့သည် ဒီလောက် များပြား လှသော words တွေကို တကယ့်အပြင် လက်တွေ့ဘ၀တွင် အသုံးမပြုနိုင်ပေ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၁)
သစ်ထူးလွင်
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...