Monday, November 25, 2013

ထိုင်းနိုင်ငံရေးတင်းမာမှု နောက်ဆုံးအခြေအနေ (၂၅၊၁၁၊၂ဝ၁၃)

 ဆန္ဒပြပွဲတွေဖြစ်နေတဲ့ ဘန်ကောက်ခရိုင်၊ အနီးအနားကနွန်ထဘူရီ ခရိုင်နဲ့ မြို့ နယ် ၂ ခု ကို ပြည်တွင်းလုံခြုံရေးအရေး ပေါ်ကြေညာချက် အမိန့် ကို ဝန်ကြီးချုပ်ယင့်လတ်ချင်နဝပ်က (၂၅၊၁၁၊၂ဝ၁၃) ရက်နေ့ ည ၉နာရီခွဲ အချိန်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေအရ လူစုလူဝေး နဲ့ ဆန္ဒ္ဒပြရင် တာဝန်ရှိသူတွေက အရေးယူခွင့်ရှိသွားပြီးဖြစ်ပါတယ်။ အစိုးရရုံးနဲ့ အများပြည်သူကိုကာကွယ်ဖို့ သာဖြစ်တယ်။ ဆန္ဒ္ဒပြသူနေသူတွေကို အင်အားသုံးပြီး လူစုကွဲမှာမဟုတ်ဘူး။ မိမိသဘောနဲ့သာ လူစုခွဲဖို့ နဲ့  တွေ့ ဆုံ ဆွေးနွေးအဖြေရှာဖို့ ကို ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်က တောင်း ဆိုခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းတုန်းကတော့ အစိုးနှုတ်ထွက်ပေးရေးနဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့် ကျင် ဆန္ဒ္ဒပြသူတွေဟာ ဘန်ကောက်မြို့ က အရေးပါတဲ့ နေရာ ၁၃ နေရာကို ကိုချီတက်ဆန္ဒ္ဒပြကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဘတ်ဂျက်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကြည်းတပ်ဦးစီးချုပ်ရုံး၊ ဘန်ကောက်တိုင်းရဲတပ်ဖွဲ့ ရုံးချုပ် အစရှိတဲ့အစိုးရရုံးတွေနဲ့  အစိုးရနဲ့ သက်ဆိုင်တဲ့ ရုပ်မြင်သံကြားဌာနတွေကို ချီတက်တက်ဆန္ဒ္ဒပြကြပါတယ်။ ဒီမိုကရက်ပါတီဒုတိယဥက္ကဌဟောင်း စူထေ့ပ် ထူယပ်စူဝမ်းဦးဆောင်တဲ့ ဆန္ဒ္ဒပြသူတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာန ခြံဝင်းအတွင်းဝင်ရောက်ပြီး သပိတ်စခန်းဖွင့်ထားလိုက်ပါတယ်။ လူထုသိန်းချီတဲ့ ဗဟိုသပိတ်စခန်းကိုတော့ ဘန်ကောက်မြို့ ဒီမိုကရေစီ ကျောက်တိုင်မှာပဲ ဆက်လက်ထားရှိပါတယ်။ အစိုးရဆန့်ကျင်ဆန္ဒ္ဒပြပွဲကို ဦးဆောင်နေတာကတော့ လက်ရှိအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင်ဟောင်းတွေဖြစ်ပါတယ်။ ဆန္ဒ္ဒပြမှုတွေပြန်လည်ဖြစ်ပေါ်လာတာကတော့ နိုင်ငံခြားမှာ တိန်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ထိုင်းနိုင်ငံကို ပြန်လာနိုင်ရေးအတွက် လွှတ်ငြိမ်းချမ်းသားခွင့် ဥပဒေကြမ်းကို ညီမဖြစ်သူ ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ် အစိုးရက လွှတ်တော်မှာတင်သွင်းအတည်ပြုခဲ့တာကို ကန့် ကွက်ဆန္ဒပြရာကနေ အစိုးရနှုတ်ထွက်ပေးဖို့ အထိ တောင်းဆိုမှုတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုဖိအားပေး ဆန္ဒ္ဒပြနေပေမယ့်လည်း ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်ကတော့ နှုတ်ထွက်မှာမဟုတ်သလို လွှတ်တော်ဖျက်သိမ်းဖို့ လည်းအစီအစဉ်မရှိဘူး။ လွှတ်တော်ထဲမှာပဲ ဖြေရှင်းတာ အကောင်းဆုံးလို့  သတင်းထောက်တွေကို အခိုင်အမာ ပြောကြားပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၂၆ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ အတိုက် အခံပါတီဖြစ်တဲ့ ဒီမိုက်ကရက်ပါတီက ဦးဆောင်ပြီး အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းမှာဖြစ်တယ်။ တဖက်မှာလည်း အစိုးရနဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက ဘန်ကောက်မြို့ အားကစားရုံတခုမှာ အစိုးရကို ထောက်ခံပွဲပြုလုပ်နေပါတယ်။ ရွေးကောက်ပွဲက လာတဲ့ အစိုးရကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖြုတ်ချတာကို ရှပ်နီတွေက လုံးဝလက်မခံဘူး။ ဒီမိုကရက်ပါတီဟာ လွန်ခဲ့တဲ့ ၃ နှစ်က ရှပ်နီဆန္ဒ္ဒပြသူတွေကို ပစ်သတ်ပြီး လူစုခွဲခဲ့သူတွေဖြစ်တယ်။ သွေးစွန်းတဲ့လက် ဒီမိုကရက်ပါတီ အစိုးရဖြစ်တာကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့  ရှပ်နီတွေက ကြွေးကြော်နေပါတယ်။ လွန်ခဲ့ ၇ နှစ် အာဏာမသိမ်းခင်ကတည်းက ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ထောက်ခံသူတွေနဲ့  ဆန့် ကျင်သူတွေအဖြစ် ပါတီတွေကြားမှာရော အများပြည်သူတွေ အကြားမှာပါ အကြီးအကျယ် စိတ်ဝမ်းကွဲနေပါတယ်။ လင်မယားကွဲသူတွေရှိသလို ကိုယ်ထိလက်ရောက် အငြင်းပွားမှုတွေ အထိဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လူများစုနေထိုင်ပြီး အခြေခံလူတန်းစားများတဲ့ ထိုင်းနိုင်ငံအရှေ့  မြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေဟာ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်နဲ့ လက်ရှိအစိုးရကို ထောက်ခံသူများပါတယ်။ ဘန်ကောက်မြို့ နဲ့  ထိုင်းနိုင်ငံတောင်ပိုင်းဒေသကတော့ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်နဲ့  လက်ရှိအစိုးရကို ဆန်ကျင့်သူတွေများပါတယ်။ ဒီလိုစိတ်ဝမ်းကွဲမှုတွေဖြစ်လာခဲ့ရတာကတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကစပြီး ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ရဲ့  နိုင်ငံရေးရေးအုပ်ချုပ်မှုပေါ်လစီအရ ရောဂါတစ်မျိုး ဘတ် ၃ဝ နဲ့ ကုသခွင့်ပေးခဲ့တာ၊ ကျေးရွာတခု ရန်ပုံငွေ ဘတ် ၁ သန်း ပေးခဲ့တာ စတဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးကို အလေးထားဆောင်ရွက်ပေးခဲ့တာတွေကြောင့် အခြေခံလူတန်းစားတွေက ၀န်ကြီးချုပ်ဟောင်းထပ်စင် ချင်န၀ပ်ကို ထောက်ခံအားပေးကြတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့် ကျင်သူတွေကတော့ တိုင်းပြည်ဘဏ္ဍာငွေ ကို အလွဲသုံးစားလုပ်တယ်။ တိုင်းပြည်ကိုလိမ်လည်ပြီး ကိုယ်ကျိုးစီးပွားရှာခဲ့တယ်။ ၂ဝဝ၆ ခု နှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ဆေးမှုတွေလုပ်တဲ့အခါ ထိုင်းဘတ်ငွေ သန်းပေါင်း ၄ သောင်း ၆ ထောင်ကျော်( အမေရိကန်ဒေါ်လာ သန်းပေါင်း 1500 ကျော်ခန့် ) ကို ပြည်သူပိုင်ဘဏ္ဍာငွေအဖြစ်သိမ်းပိုက်နိုင်ခဲ့တာဟာ သက်သေထင် ရှားနေတယ်။ အာဏာအလွဲသုံးစားမှုတခုနဲ့ ထောင်ဒဏ် ၂ နှစ်အပြစ်ပေးခံရပေမယ့် ပြစ်ဒဏ်ကို ရင်မဆိုင်ပဲ နိုင်ငံခြားမှာတိန်းရှောင်နေပြီး သူ့ ပါတီကိုနောက်ကွယ်ကနေကြိုး ကိုင်နေတယ်။ ညီမဖြစ်သူယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ အစိုးရကလည်း ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ရဲ့ ရုပ်သေးအစိုးရဖြစ်တယ်လို့  စွတ်စွဲပြောဆိုနေပါတယ်။ ဒီလိုနိုင်ငံရေး တင်းမာမှုတွေဖြစ်နေတာ ၇ နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့် ထွက်ပေါက်ကို ရှာမတွေ့ သေးပဲဖြစ်နေပါတယ်။ နိုင်ငံရေးတင်းမာမှုကြောင့် စစ်တပ်က အာဏာသိမ်းပြီး ကြားဖြတ်အစိုးရနဲ့ အုပ်ချုပ်ခဲ့ဘူးပေမယ့်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလုပ်နိုင်ခဲ့ဘူး။ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ထောက်ပံ့တဲ့ ပါတီက အစိုးရဖြစ်ရင် သူကိုဆန့် ကျင်သူတွေက ဆန္ဒ္ဒပြတယ်။ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့် ကျင်တဲ့ ပါတီက အစိုးရဖွဲ့ ရင် ထပ်စင် ချင်နဝပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက ဆန္ဒပြတယ်။ လက်ရှိမှာလည်း ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ရဲ့ ညီမဖြစ်သူ ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ အစိုးရနှုတ်ထွက်ပြီး ရွေးကောက်ပွဲ အသစ်လုပ်မယ်ဆိုရင်လည်း သူ့ ရဲ့ ပါတီဖြစ်တဲ့ ဖုယာထိုင်းပါတီကပဲ ထောက်ခံမဲအများစုနဲ့ လွှတ်တော်ထဲကို ပြန်ရောက်လာ ပြီး အစိုးရဖွဲ့  နိုင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရေး တင်းမာမှုထွက်ပေါက်မရှိပဲဖြစ်နေတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ ဆုံဆွေးနွေးဖို့  တိုက်တွန်းမှုတွေရှိနေပေမယ့်လည်း ဆွေးနွေးနိုင်မယ့် အနေအထားကို အခုအချိန်အထိ မတွေ့ ရသေးပါဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...