Thursday, November 28, 2013

အပျိုစင်



ကျွန်တော် ဒီစာရေးလို. ဒီဇာတ်လေးရေးလို. မိန်းမတွေဘက် မျက်နှာလိုက်တယ်လို.ထင်ချင်ထင်မယ်။ ဒါပေမယ့် ကျွန်တော့်နားထဲမှာ ပြန်ပြန်ကြွားနေတဲ့အသံတွေ ကြားနေရလို.ပါဗျာ။ အားလုံး ဖြူစင်သန်.ရှင်း အပြစ်ကင်းစွာ ချစ်နိုင်ကြပါစေဗျားးးးးးးးးးးးးးးး။

သာယာလှပသော ညချမ်းလေးတွင် ငယ်လေးတို.မောင်နှမနှစ်ယောက် စကားကောင်းနေကြသည်။ ဖေဖေ၊ မေမေတို.က အလုပ်ပင်ပန်းလာသည်မို. စောစောအိပ်ရာဝင်နှင့်ပြီ။ စစ်နောင်က “ငယ်လေး…. ညီမလေးက အခုဆို ၁၈နှစ်ပြည့်ပြီနော်။ ညီမလေးက အခုထိ ကလေးလေးလိုပဲ။ ကိုကြီးမျက်လုံးထဲမှာလည်း ကလေးလေးပါပဲကွာ။ ဒါပေမယ့် ညီမလေးက အရွယ်ရောက်လာပြီဆိုတော့ ကိုကြီး ပြောသင့်ပြောထိုက်တာတော့ ပြောထားရဦးမယ်ကွာ…….” “ ပြောလေ ကိုကြီး” စစ်နောင် ဖတ်လက်စစာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ရင်း “ ကိုကြီးတို.ယောက်ျားလေးတွေက ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ချင်တယ်လို.ထင်လဲ။” “ အင်း…..ငယ်လေးထင်တာတော့ အလှဆုံးအချောဆုံးကောင်မလေးပေါ့ ကိုကြီးရ” “ ဟုတ်သင့်သလောက်ဟုတ်မယ်။ ဒါပေမယ့် ယောကျာ်းလေးအများစုလက်ထပ်ချင်တာကတော့ အပျိုစင်………..” “ အပျိုစင်……………..ဟုတ်လား” “ဟုတ်တယ် ညီမလေး။ ကိုကြီးတို.ယောက်ျားလေးတွေက ကိုယ်ရှုပ်ချင်သလောက်ရှုပ်၊ နောက်ဆုံးကျရင်တော့ အပျိုစင်ကိုပဲ လက်ထပ်ချင်ကြတာကွ” “ငယ်လေး သိပ်နားမလည်ဘူး ကိုကြီး။ အပျိုစင်မဟုတ်လည်း ကိုယ်ကျင့်တရားကောင်းတဲ့ကောင်မလေး၊ စိတ်သဘောထားကောင်းတဲ့ကောင်မလေးဆိုရင် လက်ထပ်သင့်တယ်မဟုတ်လား……” “ ညီမလေး ပြောတာ မှန်သင့်သလောက်တော့မှန်တယ်။ ဒါပေမယ့် ကိုကြီးတို. အပျိုစင်ကိုလိုချင်တယ်ဆိုတာ အပျိုစင်မို.လို. လိုချင်တာမဟုတ်ဘူး။ ဒီမိန်းကလေးဟာ သူ.ကိုယ်သူ ထိန်းသိမ်းနိုင်တယ်၊ သူ.ကိုယ်သူ ကာကွယ်စောင့်ရှောက်တတ်တဲ့အမျိုးကောင်းသမီးမို.လို. သဘောကျတာ ညီမလေးရ။ ကံတရားကြောင့် ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းချင်ရဲ.သားနဲ. မထိန်းသိမ်းနိုင်ခဲ့တဲ့ အမျိုးသမီးတွေကတော့ ချွင်းချက်ပေါ့ကွာ” “ ငယ်လေး သဘောပေါက်ပါပြီ ကိုကြီးရ။ ကိုကြီး ဘာပြောချင်လည်းဆိုတာ ငယ်လေးနားလည်ပါတယ်။ ငယ်လေးကြောင့် မိဘတွေနဲ. ကိုကြီး ဘယ်တော့မှစိတ်မညစ်စေရဘူးနော်….ကိုကြီး” စစ်နောင် ငယ်လေး၏ဆံပင်များကိုဖွလိုက်ရင်း “ အော် ချစ်ဖို.ကောင်းလိုက်တဲ့ ညီမလေးကွာ…….” “ ကိုကြီး ညီမပဲဟာ။ ချစ်ဖို.ကောင်းမှာပေါ့ ………” အိမ်ကလေးအတွင်းဝယ် ကြည်နူးဖွယ်ကောင်းသောချစ်ခြင်းမေတ္တာတရားကြောင့် ထိုမိသားစုလေးမှာ အေးချမ်းနေခဲ့ပါသည်။
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ဆိတ်ငြိမ်သောပန်းခြံအတွင်း တစ်နေရာတွင် မိုးထက်မြင့်နှင့်ငယ်လေးတို. ချစ်သူဘာသာဘာဝ စကားပြောနေကြသည်။ လေညင်းများတိုက်ခတ်နေသောကြောင့်လည်းကောင်း၊ ချစ်သူနှင့်တွေ.ရသောကြောင့်လည်းကောင်း ငယ်လေး၏ရင်ထဲတွင် အေးချမ်းမှုကိုခံစားနေရသည်။ မိုးထက်မြင့်တစ်ယောက်မှာတော့ စိတ်ထဲတွင်အတွေးများနှင့် ပူလောင်နေပါသည်။ သူနှင့်ငယ်လေးတို. ချစ်သူဖြစ်ခဲ့သည်မှာ ၂နှစ်ခန်.ရှိပြီ။ ဘာ…….ဘာမှ မဘာရသေး။ “ မင်းယောက်ျားမဟုတ်ဘူးလား” ဟူသော သူငယ်ချင်းကိုကောင်း၏အသံကို ပြန်ကြားယောင်နေမိသည်။ သူတို.သူငယ်ချင်းတွေအကြားတွင် သူ.မှာမျက်နှာငယ်နေရသည်။ ငယ်လေးက ထိန်းသိမ်းလွန်းသဖြင့် သူ.မှာ ကြွားခွင့်မရ….။ဒီနေ.တော့ ရဲဆေးနည်းနည်းတင်လာပါသည်။ သူ ငယ်လေးကိုပိုင်ဆိုင်ဖို. ကြိုးစားသည်။ ငယ်လေးက တားသည်။ ကိုကောင်း၏စကားက နားထဲဝင်လာပြန်ပါသည်။ မိန်းကလေးတွေက ဟင့်အင်းဆိုရင် ရှေ.သာဆက်တက်ပါဟူ၏။ သူ.အတွက် အခြေအနေနှင့်အချိန်အခါပေးနေပါသည်။ တစ်နာရီခန်.အကြာတွင် သူလိုချင်ရာရလိုက်သည်။ သို.သော် ငယ်လေး၏မျက်နှာရိပ်မျက်နှာကဲကို အကဲမခတ်တတ်။ တစ်ခုခုတော့ ဖြစ်နေသည်မှာ သေချာသည်။ ငယ်လေးကို ချော့မြူကာ အိမ်ပြန်ပို.လိုက်သည်။ ထို.နောက် သူ.ကားကလေးက ကိုကောင်းတို.ထိုင်နေကျ ဘီယာဆိုင်ဆီသို…………………..ကြွားလို.ရပြီလေ။သူ ………….လူလားမြောက်သွားပြီဟု။ 
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx စစ်နောင်

 ငယ်လေးပြန်လာချိန်တွင် တွေ.လိုက်သည်။ ညီမလေး မျက်နှာသိပ်မကောင်း………။ မေးကြည့်မိသည်။ ခေါင်းကိုက်နေလို.ပါဟုပြောသဖြင်
့ ဆေးသောက်ရန်ပြောပြီး စိတ်ချလက်ချပင် ရေချိုးနေလိုက်သည်။ ငယ်လေး အိပ်ရာထဲသို.ရောက်မှ တင်းထားသမျှ လျော့ချလိုက်သည်။ မျက်ရည်တို.က ပေါက်ပေါက်ပေါက်ပေါက်ကျလာသည်။ ငယ်လေးရင်ထဲတွင် တင်းကျပ်နေသည်။ ကိုကြီး ပြောနေကျစကားတို.က နားထဲတွင် ကြားယောင်လာသည်။ အပျိုစင်………..အပျိုစင်………….အပျိုစင်……ထိုဘ၀ကို ငယ်လေးပြန်မရနိုင်တော့ပါ။ ထိုခဏ၀ယ် ဖုန်းမြည်လာသည်။ သူငယ်ချင်း မျိုးယုထံမှ………….။ မျိုးယုအစ်ကိုနှင့် မိုးထက်မြင့်တို.က သူငယ်ချင်းတွေဖြစ်သည်။ မိုးထက်မြင့်က မျိုးယုအစ်ကိုကို ဖုန်းဆက်ကြွားသည်တဲ့။ မျိုးယုက ဖုန်းပြောနေသည်ကိုကြားသဖြင့် ငယ်လေးကိုပြန်ပြောပြခြင်း။ 

သူ ငယ်လေးကိုရပြီးပြီဆိုပါလား………………။ တစ်လောကလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ သွားပြီ။ ငယ်လေးဘ၀တော့ သွားလေပြီ…….။ မျိုးယုအစ်ကိုနှင့် ကိုကြီးကလည်း သူငယ်ချင်းတွေဖြစ်သည်။ ကိုကြီးသာပြန်သိသွားလျှင်………………ငယ်လေး မွန်းကျပ်လာသည်။ သေချင်လောက်အောင် ခံစားရသည်။ ငယ်လေး သေလို.မဖြစ်သေးပါ။ ငယ်လေးသည် စိတ်ဓာတ်ပျော့ညံ့သောမိန်းကလေးမဟုတ်။ မျက်ရည်တို.ထပ်မထွက်နိုင်လောက်အောင် ခန်းခြောက်သွားသောအချိန်တွင် ဆုံးဖြတ်ချက်တစ်ခုကို ချကာ facebook ဖွင့်လိုက်သည်။ မိုးထက်မြင့်အတွက် သီးသန်. Message…… “ ကို ငယ်လေး နောက်ဆုံးအနေနဲ.စာရေးလိုက်ပါတယ်။ ငယ်လေးဘ၀မှာ အပျိုစင်ဆိုတဲ့သိက္ခါကိုစောင့်ထိန်းဖို. ကြိုးစားခဲ့ပါတယ်။ ကို.ကိုချစ်လို. ငယ်လေးဘ၀ကို ပေးခဲ့ပါတယ။် ဒါဟာ ကို.ကိုချစ်လို.ပါ။ ဒါပေမယ့် ကိုမိုးထက်မြင့်…………..ကိုမိုးထက်မြင့်လို.ပဲသုံးပါရစေတော့။ တဒင်္ဂသာယာမှုနောက်ကိုလိုက်ပြီး လူတစ်ယောက်ရဲ.တစ်ဘ၀တာပျော်ရွှင်ချမ်းမြေ့မှုမျိုးကို ဖျက်ဆီးတတ်တဲ့ရှင့်လိုလူမျိုးကို နောက်ထပ် ချစ်လည်းမချစ်နိုင်၊ လက်လည်းလက်မထပ်နိုင်တော့ပါဘူး။ ကြွားဝါလိုမှုအတွက် လူတစ်ယောက်ရဲ. ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ.သိက္ခါကိုထိပါးပျက်စီးစေတဲ့ ယောက်ျားမျိုးကို အရမ်းရွံတယ် ကိုမိုးထက်မြင့်။ ရှင့်ကိုယ်ရှင် ပြန်မေးကြည့်လိုက်ပါဦး။ ယောက်ျားဆိုတာ ဘာလဲလို.။ ကိုယ့်ချစ်သူရဲ. မိန်းကလေးတစ်ယောက်ရဲ.ဖြူစင်မှုသိက္ခါကို ဖျက်ဆီးနိုင်တာက ယောက်ျားလား။ ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့သူက ယောက်ျားလားဆိုတာ………။ ရှင်…………….ယောက်ျားရောစစ်ရဲ.လား?”

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...