သေတ္တာလေး၏ ချစ်ခြင်းပြယုဂ်
Author: lubo601 | 9:12 PM | No မှတ်ချက် |
တခါတရံမှာ “အချစ်” ဆိုတဲ့ အရာဟာ ကျမတို့ဘ၀တွေထဲကို သတ်ပုံမှားပြီး ၀င်ရောက်လာတတ်တယ်။ ကျမမှာ အခါခါ ကြည့်မိတိုင်း ဒေါသတွေ၊ နှမြောတသမှူတွေ၊ ၀မ်းနည်းမှူတွေ
ရောပြွန်းခံစားမိစေတဲ့ သေတ္တာလေးတလုံးရှိတယ်။
အင်း … အဲ့ဒီထဲမှာ
ဘာတွေရှိမလဲ။ ဖန်ခွက်လှလှလေးတချို့ရယ်၊ မိန်းမပတ် လက်ပတ်နာရီလေးတလုံးရယ်၊
Fancy အရုပ်သေးသေးလေးတချို့ရယ်၊ နှင်းဆီပန်းခြောက်တချို့ရယ်၊ အို စသည်
စသည်ဖြင့် ကျမကိုယ်တိုင် သေချာမမြင်ဘူးသေးတဲ့ ပစ္စည်းတချို့လည်းရှိပါရဲ့။
ဒါတွေကတော့ မောင့်ဆီက ကျမတခါမှ မရရှိခဲ့ဘူးတဲ့ လက်ဆောင်သေတ္တာလေးတလုံးပေါ့။
----------- ။ ----------------။ ---------------
သူငယ်ချင်းသံယောဇဉ်ကနေ ရစ်ပတ်နှောင်တိုးလာတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့
ထောင်ချောက်ထဲမှာ ကျမဟာ ပျော်ရွှင်စွာနဲ့ အမိခံချင်နေမိတဲ့
သားကောင်တကောင်ပါ.. မောင်။ ကျမရဲ့ ချစ်မြတ်နိုးမှူကို တခါတလေ မောင်
ရိပ်မိသိရှိသွားမှာ စိုးရွံ့မိသလို၊ တခါတရံမှာလည်း မောင့်ရဲ့ အချစ်ကို
ကျမရင်ခုန်စွာနဲ့ မျှော်လင့်မိပါရဲ့။ ကျမရဲ့ မောင်က
သူ့ရဲ့မြတ်နိုးမှူတွေကို ကျမနဲ့ ယှဉ်ထိုးပြီး ပြောတဲ့ အခါလည်း ပြောရဲ့လေ။
“နင့်ရဲ့ ဆံပင်ရှည်ရှည်လေးတွေကို ငါသိပ်ကြိုက်တာပဲ” ဆိုတာမျိုး
“မိန်းကလေးဆိုပေမယ့် အရပ်ပုရင်လည်း ငါမကြိုက်ဘူး၊သိပ်ရှည်လွန်းရင်လည်း
မကောင်းဘူးဟ၊ ညို… နင့်အရပ် လောက်ဆို ငါသဘောကျတယ်.. သိလား” ဆိုတာမျိုး
“လက်သည်းရှည်နဲ့ မိန်းကလေးတွေဆို ငါသဘောမကျဘူးဟ။ နင့်လက်ချောင်းလေးတွေမှာ
လက်သည်းရှည်မရှိတာ ကောင်းတယ်၊ နင့်လက်ချောင်းလေးတွေကို ကြည့်လိုက်တိုင်း
ရှင်းသန့်နေတာပဲ” ဆိုတာမျိုးပေါ့။ တခါတလေ ကျမလက်သည်း မညှပ်ဖြစ်လို့
နဲနဲလောက် ရှည်နေရင်ကိုပဲ .. မောင်က
“ဟင် … နင်
လက်သည်းရှည်ထားနေတာလား၊ ညှပ်လိုက်စမ်းပါဟာ၊ လက်သည်းနီလည်း မဆိုးနဲ့နော်၊
ငါမကြိုက်ဘူး” ဆိုပြီး ကျမရဲ့ လွတ်လပ်ခွင့်တွေကိုတောင် အမှူမဲ့ အမှတ်မဲ့
လိုက်ပိတ်ပင်တတ်သေးတယ်။
အသားဖြူဖြူမိန်းကလေးတွေရဲ့ အလှကို ကျမ အားကျငေးမောမိတဲ့အခါဆိုရင်လည်း
“အသားဖြူတာက ဘာများထူးပြီး လှနေလို့လဲ.. ညိုရယ်၊ ငါတော့
မိန်းကလေးတယောက်ကို နင့်လို ညိုညက်ညက်မျိုးကိုမှ လှတယ်ထင်တယ်..သိလား၊
နင်ကနာမည်နဲ့လိုက်အောင်ကို ညိုချောလေးဟ” လို့ ရီမောပြောဆိုတတ်သေးရဲ့လေ။
ကျမအတွက်တော့ မောင်ဟာ ကျမနှစ်လိုခြင်းမရှိတဲ့ အရာတော်တော်များများကို
နှစ်သက်တတ်လာအောင် ဆွဲဆောင်နိုင်တဲ့ လူတယောက်ပေါ့။
ချစ်ခြင်းမေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့သဘောရှိလေတော့ “ မောင်ရော၊ ကျမကို
တိတ်တိတ်လေး ချစ်နေပြီလား” လို့တွေးရင်း ရင်ခုန်နေခဲ့မိတယ်..မောင်။
မောင့်ရဲ့မျက်လုံး၊ မောင့်ရဲ့စကား၊ မောင့်ရဲ့အပြုအမှူတွေထဲကနေ ကျမအတွက်
ချစ်ခြင်းတစုံတရာကို မမောနိုင် မပန်းနိုင် ကျမရှာဖွေနေတတ်တယ်။
အဲ့ဒီတုန်းကတော့ ဒါတွေဟာ တဖတ်သက်ဆန်လွန်းနေလိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့
မောင်ရယ်။
ဒီလိုနဲ့ နှစ်တနှစ်ရဲ့ Valentine နေ့လေးကို ရောက်ဖို့ တပတ်လောက်အလိုမှာ မောင်နဲ့အတူ Super Market တခုကို ရောက်ခဲ့တယ်။
“ညို .. နင်ကြိုက်တဲ့ ရင်ထိုးလေးတခု ရွေးပေးဟာ” ဆိုတော့
ကျမ ရင်တွေ အရမ်းခုန်သွားတယ်၊ မောင့်ရဲ့ ချစ်ရေးဆိုမှူတခုကို
စိတ်ကူးယဉ်များစွာနဲ့ ကျမစောင့်မျှော်နေခဲ့မိပေမယ့် တကယ်တမ်းတော့
ဒီရင်ထိုးလေးဟာ Valentine နေ့လေးမှာ ကျမဆီ ရောက်မလာခဲ့ပါဘူး။
အချိန်တွေသာ တရက်ပြီးတရက် ပြောင်းလာခဲ့ပေမယ့် ကျမရင်ထဲက မောင့်အတွက်
အချစ်တွေ မပြောင်းလဲခဲ့သလို၊ မောင်ကလည်း ကျမအပေါ် ဘာမှ မပြောင်းလဲခဲ့ပါဘူး။
မောင့် မျက်ဝန်းထဲက အချစ်ရိပ်ကိုလည်း ကျမ ရှာဖွေနေဆဲပါပဲ။
ဒီလိုနဲ့ ပြက္ခဒိန်တခုရဲ့ တရက်တည်းသော နောက်ထပ် Valentine နေ့လေးတနေ့မှာ …
“ညို… ဒီမှာ ကြည့်စမ်း။ မလှဘူးလား” တဲ့။
ကျမ လက်ထဲရောက်လာတာက အသဲပုံလေးတွေနဲ့ ဆက်ထားတဲ့
ရွှေဆွဲကြိုးမျှင်မျှင်လေးတကုံးပေါ့။ ကျမအတွက် မဟုတ်ဘူးဆိုတာ ကျမ နှလုံးသားက
အလိုလို ခံစားမိနေခဲ့တယ်။ နှစ်နှစ်ဆက်တိုက် ကျမ မရရှိခဲ့တဲ့ Valentine
လက်ဆောင်လေးဟာ ဘယ်သူ့အတွက်လဲဆိုတာ ကျမသိချင်လာမိတယ်။
တရက်မှာတော့ ကျမရဲ့သူငယ်ချင်းလည်းဖြစ်၊ မောင့်ရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ ထူးနိုင်ရောက်လာပြီး
“ညို.. နင် အောင့်ကို ဘာမှ မပြောတော့ဘူးလား။ အောင် ဒီလိုမိန်းမမျိုးကို
ကြိုက်နေတာ နင်ကပါ အလိုတူ၊ အလိုပါ သဘောတူနေတာလား၊ အရင်ကတော့
သူတဖတ်သတ်ပဲချစ်နေတာဆိုပြီး ငါ.. ဘာမှမပြောခဲ့ဘူး၊ အခုတော့ ဒီကောင်က
ဖွင့်ပြောတော့မယ် တဲ့၊ အဲ့ဒါ နင်တားဦး”
“ဖြည်းဖြည်းပြောပါ ထူးနိုင်ရယ်၊ ဒီလိုမိန်းမမျိုးဆိုတော့ အောင်ကြိုက်တဲ့ကောင်မလေးက ဘာဖြစ်နေလို့လဲဟင်”
“တခုလပ်ဟ၊ သူ့ယောင်္ကျားနဲ့ရော သေသေချာချာ ရှင်းလင်းသေးရဲ့လားမသိတာကိုကွာ၊ ဒီကောင် … ”
ထူးနိုင် ဒေါသတွေ အရမ်းထွက်နေသလို၊ ကျမ နှလုံးသားတွေ
အေးစက်နာကျင်သွားပါတယ်။ ဒီအကြောင်း မောင့်ကို ကျမ ဘာမှ မမေးဖြစ်ခဲ့ပေမယ့်
နောက်ရက်အနည်းငယ်အကြာမှာ ထူးနိုင်အကူအညီနဲ့ ကျမ သူမကို
တိတ်တဆိတ်သွားကြည့်ခဲ့တယ်။
“အချစ်ဆိုတာ
ကိုယ်နှစ်သက်မှူတစုံတရာမရှိပဲနဲ့လဲ အရာရာကို ခွင့်လွှတ်ချစ်နိုင်ရဲ့”
ဆိုတာကို ကျမသိခွင့်ရခဲ့တယ်။ သူမဆီမှာ မောင်နှစ်သက်တဲ့ ဆံပင်ရှည်ရှည်၊
အသားညိုညိုတွေ မပိုင်ဆိုင်သလို သူမရဲ့လက်သည်းရှည်ရှည်လေးပေါ်မှာလည်း
ဆိုးဆေးလှလှလေးနဲ့ပါ။ ဆံပင်ကောက်ကောက်လေးနဲ့ အသားဖြူဖြူထက်ပိုပြီး
ဖျော့တော့တော့နိုင်တဲ့ အရပ်ရှည်ရှည်သူမဟာ တမျိုးတော့ ဆွဲဆောင်အားရှိတာကို
ကျမ မငြင်းနိုင်ပါဘူး။
သူမနဲ့မောင့်အကြောင်း ကျမ မောင့်ကို
တစွန်းတစမျှတောင် မပြောဖြစ်ခဲ့ပေမယ့် ကျမ မောင့်ကိုပိုင်ဆိုင်ရဖို့တော့
တိတ်တိတ်ကြိုးစားခဲ့ပါတယ်။ တရားမျှတမှူဆိုတာတွေ ကျမ ဘာမှ မတွေးနိုင်ခဲ့ဘူး၊
ကျမနဲ့ လက်ရည်မတူတဲ့ ပြိုင်ဘက်တယောက်ရဲ့လက်ထဲကို မောင့်ကို
အလွယ်တကူမစွန့်လွှတ်နိုင်တာ ကျမ မမှားနိုင်ပါဘူးနော်။ ထူးနိုင်ရဲ့
ပြောပြချက်အရ (တနည်း) တိုင်တန်းချက်အရ မောင့်မိဘတွေက မောင်နဲ့ကျမရဲ့
လက်ထပ်ပွဲကို အစောတလျင်စီစဉ်ခဲ့ကြတယ်။
မောင်ကတော့
ကျမနဲ့လက်ထပ်ပွဲကို ငြင်းဆန်မှူ မပြုခဲ့သလို၊ ပျော်ရွှင်မှူအရိပ်အယောင်လည်း
ကျမ မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အရင်သူငယ်ချင်းဘ၀ကထက်တော့
နွေးထွေးမှူလျော့ပါးသွားတယ်လို့တော့ ကျမ ၀မ်းနည်းစွာခံစားမိခဲ့တယ်။
ကျမပခုံးကို ထွေးဖက်ထားတဲ့ မောင့်စိတ်တွေဟာကျမဆီမှာ မရှိခဲ့ဘူး။
မောင်ဖန်တီးတဲ့ အချစ်ဝတ္ထုတွေထဲက ဇတ်ကောင်မင်းသမီးလေးဟာလည်း
သူမပုံစံပဲဖြစ်နေခဲ့တယ်။ လက်ထပ်စာချုပ်လေးတခုဟာ အသုံးမ၀င်တော့တဲ့
လက်မှတ်အဟောင်းတခုလို ဖြစ်ခဲ့လိမ့်မယ်လို့ ကျမ အဲ့ဒီအချိန်က
မတွေးမိခဲ့တာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့လေ။
----------- ။ ----------------။ ---------------
ကျမတို့လက်ထပ်ပြီး (၇)လလောက်အကြာမှာ ….
အရက်တွေ အရမ်းသောက်ထားတဲ့ မောင့်ကို ထူးနိုင် လိုက်ပို့ခဲ့တယ်။ မောင်ကတော့ ကျမကို ထူးနိုင်အမှတ်နဲ့
“သူငယ်ချင်းရာ.. မမ ငါ့ကို ပွင့်ပွင့်လင်းလင်း
ဖွင့်ပြောခဲ့ရင်ကောင်းမယ်ကွာ။ ဒါဆို ငါ.. သူ့အနားမှာ အချိန်နဲနဲပိုပြီး
နေပေးခဲ့မိမှာ။ အခုတော့ မမ..ငါ့ကိုထားသွားပြီကွာ။ သူ့ရောဂါအကြောင်း ငါ့ကို
တခွန်းတလေတောင် မပြောခဲ့ဘူး၊ သူ့ရဲ့ကွာရှင်းစာချုပ်ကို ပြပါဆိုတော့လည်း
မပြခဲ့ဘူး။ သူ ငါ့ကိုလှည့်စားတယ်ဆိုပြီး ငါ .. သူ့ကို
တချိန်လုံးနာကျည်းနေခဲ့မိတာကွာ” မျက်ရည်တွေနဲ့ ဗလုံးဗထွေးပြောနေတဲ့
မောင့်လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကွာရှင်းစာချုပ်တခုနဲ့
စာတိုလေးတစောင်ကို ကျမတွေ့တယ်။
စာချုပ်လေးကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွာရှင်းထားတဲ့ ကွာရှင်းစာချုပ်လေးရယ်ပါ။
စာလေးထဲမှာတော့ “မောင့်ဆီက ရရှိခဲ့တဲ့ အမြတ်တနိုးလက်ဆောင်လေးတွေက
သူမရဲ့ကျန်ရှိနေသေးတဲ့ ဘ၀ကို သတ္တိရှိရှိဖြတ်သန်းဖို့ အင်အားလေးတွေပါ” တဲ့။
----------- ။ ----------------။ ---------------
အဲ့ဒီအချိန်ကစပြီး မောင်က Valentine နေ့ရောက်တိုင်း လက်ဆောင်လေးတွေ
တခုပြီးတခု စုလာခဲ့တာ ခုဆို ဒီသေတ္တာလေးထဲမှာ အမျိုးပေါင်း ၂၀ ကျော်
ရှိလောက်ရောပေါ့။ မောင်ခရီးဝေးသွားတဲ့ အချိန်တိုင်း
ဒီသေတ္တာလေးကိုပဲဖြစ်ဖြစ်၊ ဒီသေတ္တာလေးထဲက ပစ္စည်းတခုခုကိုပဲဖြစ်ဖြစ်
မုန်းတီးစိတ်နဲ့ ဖျက်ဆီးပစ်ဖို့ ကျမ စဉ်းစားမိခဲ့ဖူးတယ်။ ဒါပေမယ့်
ဒီသေတ္တာလေးပျောက်ပျက်သွားရုံနဲ့မောင့်နှလုံးသားက ကျမကို ချစ်လာမှာတဲ့လား ?
ကျမအတွက်တော့ မောင်ဟာ ဒီသေတ္တာလေးထဲကို လက်ဆောင်တွေ
တနှစ်တကြိမ်စုနေတာကလွဲပြီး ကျမအပေါ်ဝတ္တရားမပျက်ခဲ့တဲ့
အမျိုးသားလေးတယောက်ပါကွယ် ..။
----------- ။ ----------------။ ---------------
အခုတော့ ဒီလောကကြီးထဲမှာ သူမလည်းမရှိတော့ဘူး၊ ကျမချစ်တဲ့ မောင်လည်း
မရှိတော့ပါဘူး။ မောင့်ကို ပိုင်ဆိုင်ခဲ့တယ်လို့ ထင်ယောင်ထင်မှားဖြစ်ခဲ့တဲ့
ဒီအခန်းငယ်ထဲမှာ ကျမ အမုန်းဆုံး ဒီသေတ္တာငယ်တခုကသာ မောင့်ရဲ့
ချစ်ခြင်းပြယုဂ်အဖြစ် ကျမနဲ့အတူ ကျန်ရစ်ခဲ့တယ်။
Nge
အင်း … အဲ့ဒီထဲမှာ ဘာတွေရှိမလဲ။ ဖန်ခွက်လှလှလေးတချို့ရယ်၊ မိန်းမပတ် လက်ပတ်နာရီလေးတလုံးရယ်၊ Fancy အရုပ်သေးသေးလေးတချို့ရယ်၊ နှင်းဆီပန်းခြောက်တချို့ရယ်၊ အို စသည် စသည်ဖြင့် ကျမကိုယ်တိုင် သေချာမမြင်ဘူးသေးတဲ့ ပစ္စည်းတချို့လည်းရှိပါရဲ့။ ဒါတွေကတော့ မောင့်ဆီက ကျမတခါမှ မရရှိခဲ့ဘူးတဲ့ လက်ဆောင်သေတ္တာလေးတလုံးပေါ့။
----------- ။ ----------------။ ---------------
သူငယ်ချင်းသံယောဇဉ်ကနေ ရစ်ပတ်နှောင်တိုးလာတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ထောင်ချောက်ထဲမှာ ကျမဟာ ပျော်ရွှင်စွာနဲ့ အမိခံချင်နေမိတဲ့ သားကောင်တကောင်ပါ.. မောင်။ ကျမရဲ့ ချစ်မြတ်နိုးမှူကို တခါတလေ မောင် ရိပ်မိသိရှိသွားမှာ စိုးရွံ့မိသလို၊ တခါတရံမှာလည်း မောင့်ရဲ့ အချစ်ကို ကျမရင်ခုန်စွာနဲ့ မျှော်လင့်မိပါရဲ့။ ကျမရဲ့ မောင်က သူ့ရဲ့မြတ်နိုးမှူတွေကို ကျမနဲ့ ယှဉ်ထိုးပြီး ပြောတဲ့ အခါလည်း ပြောရဲ့လေ။
“နင့်ရဲ့ ဆံပင်ရှည်ရှည်လေးတွေကို ငါသိပ်ကြိုက်တာပဲ” ဆိုတာမျိုး
“မိန်းကလေးဆိုပေမယ့် အရပ်ပုရင်လည်း ငါမကြိုက်ဘူး၊သိပ်ရှည်လွန်းရင်လည်း မကောင်းဘူးဟ၊ ညို… နင့်အရပ် လောက်ဆို ငါသဘောကျတယ်.. သိလား” ဆိုတာမျိုး
“လက်သည်းရှည်နဲ့ မိန်းကလေးတွေဆို ငါသဘောမကျဘူးဟ။ နင့်လက်ချောင်းလေးတွေမှာ လက်သည်းရှည်မရှိတာ ကောင်းတယ်၊ နင့်လက်ချောင်းလေးတွေကို ကြည့်လိုက်တိုင်း ရှင်းသန့်နေတာပဲ” ဆိုတာမျိုးပေါ့။ တခါတလေ ကျမလက်သည်း မညှပ်ဖြစ်လို့ နဲနဲလောက် ရှည်နေရင်ကိုပဲ .. မောင်က
“ဟင် … နင် လက်သည်းရှည်ထားနေတာလား၊ ညှပ်လိုက်စမ်းပါဟာ၊ လက်သည်းနီလည်း မဆိုးနဲ့နော်၊ ငါမကြိုက်ဘူး” ဆိုပြီး ကျမရဲ့ လွတ်လပ်ခွင့်တွေကိုတောင် အမှူမဲ့ အမှတ်မဲ့ လိုက်ပိတ်ပင်တတ်သေးတယ်။
အသားဖြူဖြူမိန်းကလေးတွေရဲ့ အလှကို ကျမ အားကျငေးမောမိတဲ့အခါဆိုရင်လည်း
“အသားဖြူတာက ဘာများထူးပြီး လှနေလို့လဲ.. ညိုရယ်၊ ငါတော့ မိန်းကလေးတယောက်ကို နင့်လို ညိုညက်ညက်မျိုးကိုမှ လှတယ်ထင်တယ်..သိလား၊ နင်ကနာမည်နဲ့လိုက်အောင်ကို ညိုချောလေးဟ” လို့ ရီမောပြောဆိုတတ်သေးရဲ့လေ။ ကျမအတွက်တော့ မောင်ဟာ ကျမနှစ်လိုခြင်းမရှိတဲ့ အရာတော်တော်များများကို နှစ်သက်တတ်လာအောင် ဆွဲဆောင်နိုင်တဲ့ လူတယောက်ပေါ့။
ချစ်ခြင်းမေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့သဘောရှိလေတော့ “ မောင်ရော၊ ကျမကို တိတ်တိတ်လေး ချစ်နေပြီလား” လို့တွေးရင်း ရင်ခုန်နေခဲ့မိတယ်..မောင်။ မောင့်ရဲ့မျက်လုံး၊ မောင့်ရဲ့စကား၊ မောင့်ရဲ့အပြုအမှူတွေထဲကနေ ကျမအတွက် ချစ်ခြင်းတစုံတရာကို မမောနိုင် မပန်းနိုင် ကျမရှာဖွေနေတတ်တယ်။ အဲ့ဒီတုန်းကတော့ ဒါတွေဟာ တဖတ်သက်ဆန်လွန်းနေလိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့ မောင်ရယ်။
ဒီလိုနဲ့ နှစ်တနှစ်ရဲ့ Valentine နေ့လေးကို ရောက်ဖို့ တပတ်လောက်အလိုမှာ မောင်နဲ့အတူ Super Market တခုကို ရောက်ခဲ့တယ်။
“ညို .. နင်ကြိုက်တဲ့ ရင်ထိုးလေးတခု ရွေးပေးဟာ” ဆိုတော့
ကျမ ရင်တွေ အရမ်းခုန်သွားတယ်၊ မောင့်ရဲ့ ချစ်ရေးဆိုမှူတခုကို စိတ်ကူးယဉ်များစွာနဲ့ ကျမစောင့်မျှော်နေခဲ့မိပေမယ့် တကယ်တမ်းတော့ ဒီရင်ထိုးလေးဟာ Valentine နေ့လေးမှာ ကျမဆီ ရောက်မလာခဲ့ပါဘူး။
အချိန်တွေသာ တရက်ပြီးတရက် ပြောင်းလာခဲ့ပေမယ့် ကျမရင်ထဲက မောင့်အတွက် အချစ်တွေ မပြောင်းလဲခဲ့သလို၊ မောင်ကလည်း ကျမအပေါ် ဘာမှ မပြောင်းလဲခဲ့ပါဘူး။ မောင့် မျက်ဝန်းထဲက အချစ်ရိပ်ကိုလည်း ကျမ ရှာဖွေနေဆဲပါပဲ။
ဒီလိုနဲ့ ပြက္ခဒိန်တခုရဲ့ တရက်တည်းသော နောက်ထပ် Valentine နေ့လေးတနေ့မှာ …
“ညို… ဒီမှာ ကြည့်စမ်း။ မလှဘူးလား” တဲ့။
ကျမ လက်ထဲရောက်လာတာက အသဲပုံလေးတွေနဲ့ ဆက်ထားတဲ့ ရွှေဆွဲကြိုးမျှင်မျှင်လေးတကုံးပေါ့။ ကျမအတွက် မဟုတ်ဘူးဆိုတာ ကျမ နှလုံးသားက အလိုလို ခံစားမိနေခဲ့တယ်။ နှစ်နှစ်ဆက်တိုက် ကျမ မရရှိခဲ့တဲ့ Valentine လက်ဆောင်လေးဟာ ဘယ်သူ့အတွက်လဲဆိုတာ ကျမသိချင်လာမိတယ်။
တရက်မှာတော့ ကျမရဲ့သူငယ်ချင်းလည်းဖြစ်၊ မောင့်ရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ ထူးနိုင်ရောက်လာပြီး
“ညို.. နင် အောင့်ကို ဘာမှ မပြောတော့ဘူးလား။ အောင် ဒီလိုမိန်းမမျိုးကို ကြိုက်နေတာ နင်ကပါ အလိုတူ၊ အလိုပါ သဘောတူနေတာလား၊ အရင်ကတော့ သူတဖတ်သတ်ပဲချစ်နေတာဆိုပြီး ငါ.. ဘာမှမပြောခဲ့ဘူး၊ အခုတော့ ဒီကောင်က ဖွင့်ပြောတော့မယ် တဲ့၊ အဲ့ဒါ နင်တားဦး”
“ဖြည်းဖြည်းပြောပါ ထူးနိုင်ရယ်၊ ဒီလိုမိန်းမမျိုးဆိုတော့ အောင်ကြိုက်တဲ့ကောင်မလေးက ဘာဖြစ်နေလို့လဲဟင်”
“တခုလပ်ဟ၊ သူ့ယောင်္ကျားနဲ့ရော သေသေချာချာ ရှင်းလင်းသေးရဲ့လားမသိတာကိုကွာ၊ ဒီကောင် … ”
ထူးနိုင် ဒေါသတွေ အရမ်းထွက်နေသလို၊ ကျမ နှလုံးသားတွေ အေးစက်နာကျင်သွားပါတယ်။ ဒီအကြောင်း မောင့်ကို ကျမ ဘာမှ မမေးဖြစ်ခဲ့ပေမယ့် နောက်ရက်အနည်းငယ်အကြာမှာ ထူးနိုင်အကူအညီနဲ့ ကျမ သူမကို တိတ်တဆိတ်သွားကြည့်ခဲ့တယ်။
“အချစ်ဆိုတာ ကိုယ်နှစ်သက်မှူတစုံတရာမရှိပဲနဲ့လဲ အရာရာကို ခွင့်လွှတ်ချစ်နိုင်ရဲ့” ဆိုတာကို ကျမသိခွင့်ရခဲ့တယ်။ သူမဆီမှာ မောင်နှစ်သက်တဲ့ ဆံပင်ရှည်ရှည်၊ အသားညိုညိုတွေ မပိုင်ဆိုင်သလို သူမရဲ့လက်သည်းရှည်ရှည်လေးပေါ်မှာလည်း ဆိုးဆေးလှလှလေးနဲ့ပါ။ ဆံပင်ကောက်ကောက်လေးနဲ့ အသားဖြူဖြူထက်ပိုပြီး ဖျော့တော့တော့နိုင်တဲ့ အရပ်ရှည်ရှည်သူမဟာ တမျိုးတော့ ဆွဲဆောင်အားရှိတာကို ကျမ မငြင်းနိုင်ပါဘူး။
သူမနဲ့မောင့်အကြောင်း ကျမ မောင့်ကို တစွန်းတစမျှတောင် မပြောဖြစ်ခဲ့ပေမယ့် ကျမ မောင့်ကိုပိုင်ဆိုင်ရဖို့တော့ တိတ်တိတ်ကြိုးစားခဲ့ပါတယ်။ တရားမျှတမှူဆိုတာတွေ ကျမ ဘာမှ မတွေးနိုင်ခဲ့ဘူး၊ ကျမနဲ့ လက်ရည်မတူတဲ့ ပြိုင်ဘက်တယောက်ရဲ့လက်ထဲကို မောင့်ကို အလွယ်တကူမစွန့်လွှတ်နိုင်တာ ကျမ မမှားနိုင်ပါဘူးနော်။ ထူးနိုင်ရဲ့ ပြောပြချက်အရ (တနည်း) တိုင်တန်းချက်အရ မောင့်မိဘတွေက မောင်နဲ့ကျမရဲ့ လက်ထပ်ပွဲကို အစောတလျင်စီစဉ်ခဲ့ကြတယ်။
မောင်ကတော့ ကျမနဲ့လက်ထပ်ပွဲကို ငြင်းဆန်မှူ မပြုခဲ့သလို၊ ပျော်ရွှင်မှူအရိပ်အယောင်လည်း ကျမ မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အရင်သူငယ်ချင်းဘ၀ကထက်တော့ နွေးထွေးမှူလျော့ပါးသွားတယ်လို့တော့ ကျမ ၀မ်းနည်းစွာခံစားမိခဲ့တယ်။ ကျမပခုံးကို ထွေးဖက်ထားတဲ့ မောင့်စိတ်တွေဟာကျမဆီမှာ မရှိခဲ့ဘူး။ မောင်ဖန်တီးတဲ့ အချစ်ဝတ္ထုတွေထဲက ဇတ်ကောင်မင်းသမီးလေးဟာလည်း သူမပုံစံပဲဖြစ်နေခဲ့တယ်။ လက်ထပ်စာချုပ်လေးတခုဟာ အသုံးမ၀င်တော့တဲ့ လက်မှတ်အဟောင်းတခုလို ဖြစ်ခဲ့လိမ့်မယ်လို့ ကျမ အဲ့ဒီအချိန်က မတွေးမိခဲ့တာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့လေ။
----------- ။ ----------------။ ---------------
ကျမတို့လက်ထပ်ပြီး (၇)လလောက်အကြာမှာ ….
အရက်တွေ အရမ်းသောက်ထားတဲ့ မောင့်ကို ထူးနိုင် လိုက်ပို့ခဲ့တယ်။ မောင်ကတော့ ကျမကို ထူးနိုင်အမှတ်နဲ့
“သူငယ်ချင်းရာ.. မမ ငါ့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့ရင်ကောင်းမယ်ကွာ။ ဒါဆို ငါ.. သူ့အနားမှာ အချိန်နဲနဲပိုပြီး နေပေးခဲ့မိမှာ။ အခုတော့ မမ..ငါ့ကိုထားသွားပြီကွာ။ သူ့ရောဂါအကြောင်း ငါ့ကို တခွန်းတလေတောင် မပြောခဲ့ဘူး၊ သူ့ရဲ့ကွာရှင်းစာချုပ်ကို ပြပါဆိုတော့လည်း မပြခဲ့ဘူး။ သူ ငါ့ကိုလှည့်စားတယ်ဆိုပြီး ငါ .. သူ့ကို တချိန်လုံးနာကျည်းနေခဲ့မိတာကွာ” မျက်ရည်တွေနဲ့ ဗလုံးဗထွေးပြောနေတဲ့ မောင့်လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကွာရှင်းစာချုပ်တခုနဲ့ စာတိုလေးတစောင်ကို ကျမတွေ့တယ်။
စာချုပ်လေးကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွာရှင်းထားတဲ့ ကွာရှင်းစာချုပ်လေးရယ်ပါ။
စာလေးထဲမှာတော့ “မောင့်ဆီက ရရှိခဲ့တဲ့ အမြတ်တနိုးလက်ဆောင်လေးတွေက သူမရဲ့ကျန်ရှိနေသေးတဲ့ ဘ၀ကို သတ္တိရှိရှိဖြတ်သန်းဖို့ အင်အားလေးတွေပါ” တဲ့။
----------- ။ ----------------။ ---------------
အဲ့ဒီအချိန်ကစပြီး မောင်က Valentine နေ့ရောက်တိုင်း လက်ဆောင်လေးတွေ တခုပြီးတခု စုလာခဲ့တာ ခုဆို ဒီသေတ္တာလေးထဲမှာ အမျိုးပေါင်း ၂၀ ကျော် ရှိလောက်ရောပေါ့။ မောင်ခရီးဝေးသွားတဲ့ အချိန်တိုင်း ဒီသေတ္တာလေးကိုပဲဖြစ်ဖြစ်၊ ဒီသေတ္တာလေးထဲက ပစ္စည်းတခုခုကိုပဲဖြစ်ဖြစ် မုန်းတီးစိတ်နဲ့ ဖျက်ဆီးပစ်ဖို့ ကျမ စဉ်းစားမိခဲ့ဖူးတယ်။ ဒါပေမယ့် ဒီသေတ္တာလေးပျောက်ပျက်သွားရုံနဲ့မောင့်နှလုံးသားက ကျမကို ချစ်လာမှာတဲ့လား ? ကျမအတွက်တော့ မောင်ဟာ ဒီသေတ္တာလေးထဲကို လက်ဆောင်တွေ တနှစ်တကြိမ်စုနေတာကလွဲပြီး ကျမအပေါ်ဝတ္တရားမပျက်ခဲ့တဲ့ အမျိုးသားလေးတယောက်ပါကွယ် ..။
----------- ။ ----------------။ ---------------
အခုတော့ ဒီလောကကြီးထဲမှာ သူမလည်းမရှိတော့ဘူး၊ ကျမချစ်တဲ့ မောင်လည်း မရှိတော့ပါဘူး။ မောင့်ကို ပိုင်ဆိုင်ခဲ့တယ်လို့ ထင်ယောင်ထင်မှားဖြစ်ခဲ့တဲ့ ဒီအခန်းငယ်ထဲမှာ ကျမ အမုန်းဆုံး ဒီသေတ္တာငယ်တခုကသာ မောင့်ရဲ့ ချစ်ခြင်းပြယုဂ်အဖြစ် ကျမနဲ့အတူ ကျန်ရစ်ခဲ့တယ်။
Nge
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment