ဟာသအမှတ်စဉ် ၈၈၆
ကိုဖိုးတေ တစ်ယောက်ဟာ အရက်ကို စမ်းသောက်ရင်းနဲ့ စွဲစွဲ မြဲမြဲ သောက်ဖြစ်သွား၏။
ထို့ကြောင့် ကျန်းမာ ရေးမှာ တနေ့တခြား ယိုယွင်းလာလေသည်။ သို့နှင့် နောက်ဆုံးတွင်
ဆေးခန်းသို့ သွားကာ ဆရာဝန်နှင့် ပြရသည့် အခြေအနေသို့ ရောက်ရလေ၏။
ဆရာဝန်။ ။ ကိုဖိုးတေ.....ခင်ဗျားတစ်နေ့ကို အရက်ဘယ်လောက်သောက်သလဲဗျ။
ကိုဖိုးတေ။ ။နှစ်ပုလင်း လောက်တော့ ရှိလိမ့်မယ် ဆရာ ။
ဆရာဝန်။ ။ဒါဆို အရက်ဖြတ်လိုက်ပါ။ မဟုတ်ရင် အသက် အန္တ ရာယ် ဖြစ်လာလိမ့်မယ်။
ကိုဖိုးတေ။ ။မလွယ်ဖူး ထင်ပါတယ် ဆရာ......အခြားနည်းလမ်းလေးများမရှိဖူးလား...ဗျာ။
ဆရာဝန်။ ။အဲဒီလိုဆို ........လျှော့သောက်ဗျာ။ ထမင်းစားကာ နီး တစ်ခွက်လောက် သောက်ပေါ့...ဟုတ်ပီလား။
ကိုဖိုးတေတစ်ယောက် တစ်လ ခန့်ကြာသော အခါ ဆေးခန်းသို့ ရောက်လာပြန်လေ၏။
ကိုဖိုးတေ။ ။ဆရာရေ...ကျနော့် ကျန်းမာ ရေး က ပိုချို့ယွင်း လာသလိုပဲဗျ။
ဆရာဝန်။ ။ဟာ...ကိုဖိုးတေ ရယ်။ခင်ဗျား ကျနော့် စကားကို နားမထောင်ဖူးထင်တယ်။ခင်ဗျား ကျန်းမာရေးက အရင်ထက်တောင် ပိုဆိုးလာပါလားဗျ။
ကိုဖိုးတေ။ ။ဟာ..ကျနော် ဆရာ့စကားနားထောင်ပါတယ်။ထမင်းစားကာနီးမှ တစ်ခွက်ပဲသောက်တယ်လေ။ဒါပေမဲ့
ကျနော်ခုသောက်နေတဲ့ ခွက်က နှစ်ပုလင်း ထည့်တာတောင် မပြည့် လို့ နောက်ထပ်တောင် ထဲ့ ရတယ် ခင်ဗျ။
တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely (ကိုလုံ )
တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ..........................

Credit - Original Writer
ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

0 comments:
Post a Comment