Tuesday, November 26, 2013

မိသားတစ်စု စာ စပါးစိုက်စားမယ်။




မိသားစုဝင် 5 ဦးရှိတဲ့ မိသားစု တစ်စုအတွက် တစ်နှစ်စားနိုင်တဲ့ စပါးစိုက်နည်းဖြစ်ပါတယ်။
နေရာတိုင်းမှာစိုက်နိုင်မယ်၊ မြေသြဇာလည်းသက်သာ ရေလည်းသက်သာတဲ့နည်းဖြစ်ပါတယ်။
စပါးစိုက်ပျိုးရာမှာ မရှိမဖြစ်လိုအပ်တာက မြေကြီး၊ မြေသြဇာနဲ့ ရေဖြစ်ပါတယ်။
စိုက်စရိတ် အသက်သာဆုံးနဲ့ စိုက်ချင်တဲ့နေရာမှာလည်း စိုက်လို့ ရအောင် မြေသြဇာနဲ့ ရေလည်း သက်သာအောင် တစ်နှစ်ကို အကြိမ်ကြိမ်စိုက် နိုင်ဖို့ စဉ်းစားရပါတယ်။
ထိုင်းနိုင်ငံက တောင်သူတွေ နည်းမျိုးစုံသုံးပြီးစပါး စမ်းစိုက်ရာမှာ အောက်မြင်မှု တွေရခဲ့ပါတယ်။ ရေလှောင်ထားနိုင်တဲ့နည်းတွေသုံးရာမှာ ပုံထဲမှာ မြင်တဲ့အတိုင်း ကားတာယာ ဘီးအဟောင်းနဲ့ စိုက်တယ်၊ ပန်းအိုးနဲ့ စိုက်တယ်၊ အရင်းအနှီးရှိသူက ကွန်ကရစ် ကန်လုပ်ပြီးစိုက်သူလည်းရှိပါတယ်။ တဦးချင်းရဲ့ ငွေအရင်းအနှီး နဲ့ ရှာဖွေလွယ်ကူမှုကို အခြေခံပြီး စိုက်ပျိုးကြပါတယ်။ ရေငံမြေ၊ သဲမြေ၊ ကျောက်မြေတွေပေါ်မှာလည်းစိုက်နိုင်တယ်။
ပန်းအိုးကို ရေမထွက်အောင်အလုံပိတ်ပြီးလည်း စိုက်ကြပါတယ်။ အင်္ဂတေ ကန်လုပ်ပြီးစိုက်ပျိုးတာက တကယ်ကို လယ်ထဲမှာ စိုက်ထားသလိုပါပဲ။ အင်္ဂတေကန်မှာကျတော့ ငါးပျင်မတို့ လို ငါးခူတို့ လို ငါးပါ လွှတ်မွေးလို့ ရတဲ့အတွက် စပါးလည်းရ ငါးလည်းရပေါ့။
အခုတော့ ကားတာယာဘီအဟောင်းမှာ စပါးစိုက်နည်းကို ဦးစားပေး ရှင်းပြမှာဖြစ်ပါတယ်။ ပုံနဲ့ စာကို ယှဉ်ပြီးကြည့်ပါ။ ကားတာယာအဟောင်း တဖက်ခြမ်းကို နှုတ်ခမ်းကျယ်အောင်ဖြတ်ထုတ်ရပါမယ်။ နှုတ်ခမ်းအစွန်းကို လက်နဲ့ ဖိပြီးတော့ဖြစ်စေ ခြေထောက်နဲ့ ဖြစ်စေ ဖိထားပါ။ အ၀အကျယ်ဆုံးဖြစ်မယ့်နေရာကို ဓါဦးထက်ထက်နဲ့  အရာပေးဖြတ်ရင်း ပေါက်သွားတဲ့အထိဖြတ်ပါ။ အပေါက်ဖြစ်သွားပြီးရင် တပတ်လုံးကို အလွယ်တကူဖြစ်လို့ ရပါပြီး။ အပေါက်အရာဖြစ်သွားပြီးရင် တံစဉ်နဲ့ ဆွဲဖြတ်တာကပိုလွယ်ပါတယ်။
တာယာအောက်ပိုင်းနှုတ်ခမ်းကို သံချောင်းအစထုတ်ထားပြီး ရိုက်သွင်းပါ။ ပြီးရင်ဘိလပ်မြေလောင်းပြီးရေလုံအောင်လုပ်ပါ။ ပြီးရင် စပါးစိုက်နိုင်တဲ့မြေကြီးထည့်၊ နွားချေးမြေဆွေးသဘာဝမြေသြဇာထည့်ပါ။ ရေဖြည့်ပြီး စိုက်ပျိုးနိုင်ပြီဖြစ်ပါတယ်။
မြေ ရေ မြေသြဇာ အဆင်သင့်ရင် တနှစ်ကို 4 ကြိမ်စိုက်နိုင်ပါတယ်။ စိုက်ခင်းတဲ့က စပါးပိုက်ကြီးပြီးဆိုတာနဲ့ ပျိုးထောင်ထားပါ။ စိုက်ခင်းက ရိတ်ပြီးတာနဲ့ ပျိုးထောင်ထားတဲ့ စပါးပင်ကို စိုက်ပါ။ တစ်နှစ်ကို 4 ကြိမ်စိုက်နိုင်ပါတယ်။ ရေကြီးတတ်နဲ့ နေရာမှာဆိုရင် ကားဘီး 3 ဘီး 4 ဘီးဆင့်ပြီး စိုက်လို့ ရပါတယ်။ နေရာအလိုက်သင့်တော်သလို စိုက်နိုင်ပါတယ်။
10 ဘီကားခွေ တစ်ခွေမှာ စပါး တစ်ကီလို ( 62ကျပ်ခွဲသား) ရပါတယ်။ 10 ဘီကားခွေ အလုံး 400 နဲ့ တစ်နှစ် 4 ကြိမ်းစိုက်မယ်ဆိုရင် မိသားစုဝင် 5 ဦးရှိတဲ့ မိသားစု တစ်စု နှစ်စားသုံးဖို့ ဖူလုံပါတယ်။ အကျယ်က တစ်ဧကရဲ့  4 ပုံ 1 သာ အကျယ်အ၀န်းလိုပါတယ်။ ထမင်း အစားနဲ အစားများတဲ့အပေါ်မူတည်ပြီးကွာ ဟမှုတော့ရှိနိုင်ပါတယ်။
ငွေကြေးတတ်နိုင်ရင်တော့ ကားဘီခွေ စပါးခင်းတခုလုံးရေပိုက်လိုင်းစွဲထားပြီး လိုအပ်သလိုရေပေးနိုင်မယ်ဆိုရင် အချိန်အကုန်သက်သာပြီး သက်သက်သာသာနဲ့  စပါးစိုက်နိုင်မှာဖြစ်ပါတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...