Monday, November 25, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၁)

သစ်ထူးလွင်



Posted: 25 Nov 2013 03:38 AM PST

အ ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး ​ကိ​စ္စ​ရပ်​တွေ​ကို  ​ဆွေး​နွေး​ဖို့ ​အ​တွက် ​အုပ်​ချုပ်​ရေး ​မ​ဏ္ဍိုင် ​အ​ကြီး​အ​ကဲ ​ဖြစ်​တဲ့ ​နိုင်​ငံ​တော်​သ​မ္မ​တ၊ ​လွှတ်​တော်​နဲ့ ​တပ်​မ​တော် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​တို့​နဲ့​  ​တွေ့​ဆုံ​ဖို့​အ​တွက် ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​မေ​တ္တာ​ရပ်​ခံ ​ကမ်း​လှမ်း​တဲ့​စာ​တွေ​ကို  ​ဒီ​က​နေ့​  ​နိုဝင်​ဘာ ၂၅ ​ရက်​နေ့​က ​ပေး​ပို့ ​လိုက်​ပါ​တယ်။ ​နိုဝင်​ဘာ ၂၅ ​ရက်​နေ့​မှာ ​မ​နက်​က ​သ​မ္မ​တ ​ဦး​သိန်း​စိန်၊ ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ် ​ဗိုလ်​ချုပ်​မှူး​ကြီး ​မင်း​အောင်​လှိုင်​နဲ့ ​ပြည်​သူ့ ​လွှတ်​တော်​တွေ​ကို ​လိပ်​မှု​ပေး​ပို့​လိုက်​တာ ​ဖြစ်​တယ်​လို့ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ပြော​ခွင့်​ရ ​ဦး​ဥာဏ်ဝင်း​က ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Nov 2013 03:27 AM PST

မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ၃၈ လမ်း၊ ၈၃ x ၈၄ လမ်း ကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟု ဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ အခင်းဖြစ်ပွားရာ အိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သိရ၍ ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်ကို ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း ၅၀ နှစ်သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 03:23 AM PST

ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခုနစ်သိန်းနီးပါးခန့်ကို ဆေးဝါး အပြည့်အစုံပါသည့် ယာဉ်ကြီးများဖြင့် လှည့်လည် ဆေးဝါး ကုသပေးမည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်ရန် ရှိကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။ အဆိုပါ အစီအစဉ်ကို အလုပ်သမားများ၏ နောင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်နှင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများ လျော့နည်းသွားအောင် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 02:31 AM PST

အင် ​ဒို​နီး​ရှား​နိုင်​ငံ​မှာ ၂၄၆၀ ​မီ​တာ ​အ​မြင့်​ရှိ​တဲ့ ​စီ​နာ​ဘန်​မီး​တောင်​ဟာ ​ဒီ​မ​နက်​မှာ ​ပေါက်​ကွဲ​တာ​ကြောင့် ​မီး​တောင်​နဲ့ ​င​လျင်​အ​န္တ​ရာယ် ​ကြို​တင်​ကာ​ကွယ်​ရေး​စင်​တာ​က ​အ​န္တ​ရာယ်​ရှိ ​အ​ဆင့်​အ​ဖြစ် ​အ​မြင့်​ဆုံး​အ​ဆင့် ​သတ်​မှတ်​လိုက်​ပါ​တယ်။စီ​နာ
ဘန်​မီး​တောင် ​စောင့်​ကြည့်​လေ့​လာ​ရေး​စ​ခန်း ​ရဲ့ ​တာဝန်​ခံ ​အာရ်​မန် ​ပူ​ထ​ရာ (Armen Putra ​က “​ဒီ​မ​နက် ၇ ​နာ​ရီ ၃၈ ​မိ​နစ်​က ​စ​ပြီး ​ပေါက်​ကွဲ​တာ​ပါ။ ​မီ​တာ ၂၀၀၀ ​အ​ကျယ်​ရှိ​တဲ့ ​ပြာ​တိုက်​ကြီး​ဟာ ​အေ​ရှ့​တောင်​ဘက်​မှာ ​ရှိ​တဲ့ ​ဘ​ရ​စ​တာ​ဂျီ​မြို့​ကိုေ​ရွ့​လျား​နေ​ပါ​တယ်။” ​လို့ ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 02:26 AM PST

အိုင်ယာ လန်နိုင်ငံမှ Mr. Mangan Nory သည် ခြေကျင်လမ်းလျှောက်ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ရန် နိုင်ငံ ၁၅ နိုင်ငံကို တောက်လျှောက်ဖြတ် သန်းလမ်းလျှောက်လျက်ရှိရာ ၎င်း၏ မြန်မာနိုင်ငံအတွင်း လမ်း လျှောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၃ရက်ညက မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ Mr. Mangan Nory မှာ အသက် ၅၆နှစ်အရွယ်ရှိပြီး ၎င်း၏လမ်းလျှောက်ခရီးစဉ်ကို မိခင်အိုင်ယာလန်နိုင်ငံမှ စတင် ထွက်ခွာခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 01:51 AM PST

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပပျောက်ရေး အတွက် စီမံချက်ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် နေ့စဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလျက်ရှိရာ ၂၃.၁၁.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ခမရ(၁၂၅)မှ တပ်ရင်းမှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော်
မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန်းနီမြို့နယ်၊ စယ်အူရွာအနီး သိန်းနီ- ကွမ်းလုံသွား ကားလမ်းတွင် သတင်းအရ ပိတ်ဆို့ရှာဖွေနေစဉ် ကိုအောင်(ခ) လောက်အယ် မောင်းနှင်လာသော အစိမ်းရောင်လင်ခရူဇာအား ရပ်တန့်ရှာဖွေရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လားရှိုးမြို့မရဲစခန်း မယ(ပ)၁၈၂/၂၀၁၃ မှ တရားခံနှင့် သက်သေခံပစ္စည်းများ


Posted: 25 Nov 2013 01:44 AM PST

ထိုင်း ​နိုင်​ငံ​ထဲ​မှာ ၇ ​နှစ်​ရွယ် ​က​လေး​တ​ဦး​ဆီ​က​နေ ​နိုဝင်​ဘာ ၂၂ ​ရက်​နေ့​က ​စိတ်​ကြွ ​ဆေး​ပြား​တွေ ​ဖမ်း​ဆီး​ရ​ရှိ​ခဲ့​ပါ​တယ်။ ​ဒါ​အ​ပြင် ​နိုဝင်​ဘာ ၂၄ ​ရက်​နေ့​က​လည်း ​ယု​ဇ​န ​လက်​ဖက်​ထုပ်​တွေ​ထဲ​က​နေ ​ရာ​ဘ​ဆေး​ပြား​  ​စု​စု​ပေါင်း ​အ​လုံး​ရေ ၆ ​သောင်း​ကျော်​ကို ​မဲ​ဆောက်​မြို့ ​ကမ်း​နား​ဈေး​အ​နီး​မှာ ​ဖမ်း​ဆီး​ရ​မိ​တယ်​လို့ ​ထိုင်း​သ​တင်း​တွေ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 01:31 AM PST

ရခိုင်မျိုးနွယ်စုဝင် တစ်ခု ဖြစ်တဲ့ ကမန် တိုင်းရင်းသားတွေ အနေနဲ့ သူတို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ သိရှိနိုင်ဖို့ လူဦးရေ စာရင်း ကောက်ယူုသွားမယ်လို့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ (ဗဟို)က နိုဝင်ဘာလ ၂၃ ရက်နေ့ ကျေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီ ကျေညာချက်ကို ပါတီရဲ့ ဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျေညာချက်ကို လက်ခံ ရရှိပြီးနောက် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးတင်နိုင်ဝင်းကို ဘာကြောင့် အခုလို ကမန် လူဦးစာရင်းကို ကောက်ယူဖို့ စီစဉ် ရပါသလဲလို့ မေးကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Nov 2013 01:30 AM PST
မြန်မာဘုရင်မင်း ၃၁ ဆက်၊ နှစ်ပေါင်း ၄၀၀ ကြာ နန်းစိုက်မြို့တော် ဖြစ်ခဲ့သော မင်းနေပြည်တော် အင်းဝမြို့ဟောင်းတွင် နိုင်ငံခြားသား ခရီးသွားများ၊ ဒေသခံများဖြင့် စည်ကား ရှုပ်ထွေးနေပြီး သက်ဝင်လှုပ်ရှားလျက် ရှိသည်။ အချို့သော ဒေသခံများက မြေသားဖြင့် ပြုလုပ်ထားသော ရှေးဟောင်းဆေးတံ၊ ခေါင်းလောင်းများနှင့် အမှတ်တရ ပစ္စည်းများစွာ ကိုင်ဆောင်ရင်း နိုင်ငံခြားသား ခရီးသည်များကို သူတို့ တတ်သမျှ၊ မှတ်ထား သမျှ ဘာသာစကား မျိုးစုံဖြင့် ရောင်းချနေကြသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Nov 2013 12:43 AM PST

ဧ ​ရာဝ​တီ​တိုင်း​ဒေ​သ​ကြီး ​ဟ​င်္သာ​တ​မြို့​နယ်​တွင်း​က  ​တောင်​သူ​လယ်​သ​မား​တွေ​ဟာ ​လယ်​ယာ​မြေ​တွေ ​ရေ​နစ်​မြုပ်​ခဲ့​ရ​မှု​အ​တွက် ​ဖြေ​ရှင်း​ဆောင်​ရွက်​ပေး​ဖို့ ​နိုဝင်​ဘာ​လ ၂၅ ​ရက်​နေ့​က ​ဟ​င်္သာ​တ​မြို့​တွင်း ​လှည့်​လည် ​ဆ​န္ဒ​ထုတ်​ဖော်​ခဲ့​ကြ​ပါ​တယ်။
 ဟ​င်္သာ​တ​မြို့​နယ် ​သာ​စည်၊ ​ကျောင်း​ကွင်း​နဲ့ ​သုံး​ခွ​ကျေး​ရွာ​အုပ်​စု​က ​တောင်​သူ​လယ်​သ​မား​တွေ​ဟာ ​အင်း​သူ​ကြီး​တွေ​ရဲ့​  ​ငါး​ဖမ်း​လုပ်​ကိုင်​မှု​ကြောင့်​  ​နှစ်​စ​ဉ် ​သူ​တို့​ရဲ့ ​လယ်​ယာ​မြေ​တွေ ​ရေ​နစ်​မြုပ်​တဲ့​အ​တွက် ​ရေ​စီး​ရေ​လာ ​ကောင်း​မွန်​ရေး ​ဆောင်​ရွက်​ပေး​ဖို့​နဲ့​  ​ဒီ​အင်း​သူ​ကြီး​တွေ​ကို ​အ​ရေး​ယူ​ပေး​ဖို့ ​တောင်း​ဆို  ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Photo by Himthata facebook

Posted: 25 Nov 2013 12:39 AM PST

အ ​ရှည် ၂၁ ​မိုင်၊ ​အ​ကျယ် ၁၂ ​မိုင်​ရှိ​တဲ့ ​ရေ​ခဲ​ပြင်​ကြီး​ဟာ ​အ​န္တာ​တိ​က​တိုက် ​ပိုင်း​အိုင်​လန် ​ပင်​လယ်​ကွေ့​က​နေ ​ကွဲ​ထွက်​လာ​တဲ့​ပုံ​တွေ​ကို ​အ​မေ​ရိ​ကန် ​အ​မျိုး​သား​အာ​ကာ​သ​အေ​ဂျင်
စီ (​နာ​ဆာ)​က ​နိုဝင်​ဘာ​လ ၂၄ ​ရက်​နေ့​က ​ပြ​သ​ခဲ့​တယ်။ရေ​ခဲ​ပြင်​ကြီး ​မ​ကွဲ​ထွက်​ခင်​က​ပုံ​တွေ​နဲ့ ​ကွဲ​ထွက်​လာ​ပြီး ​အာ​ကာ​သ​ဓာတ်​ပုံ​တွေ​ကို ​ပြ​သ​ခဲ့​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 12:28 AM PST

မြန်မာ့ရုပ်မြင်သံကြား (MRTV) က စမ်းသပ် ထုတ်လွှင့်နေသည့် Digital ရုပ်သံ ထုတ်လွှင့်မှု စနစ် Digital Video Broadcasting Terrestrial-2 (DVB-T2) ကို ဖမ်းယူ ကြည့်ရှုနိုင်မည့် စက်များကို SEA Games ပြိုင်ပွဲ မတိုင်မီ ဝင်ငွေနည်း မိသားစုများအား အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။ အဆိုပါစက်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပေးအပ်နိုင်ရန် စီစဉ်ထားပြီး စက်အလုံးရေ ၃၃၅,၀၀၀ ဝယ်ယူရန် မှာကြားပြီး ဖြစ်ကာ စက်အလုံးရေ ၃၀၄,၉၄၄ လုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ အစီအမံဖြင့် ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 12:22 AM PST

မန္တလေး၊ နိုဝင်ဘာ ၂၅

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နေအိမ်တစ်အိ
မ်တွင် လူသေအလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၂-၈၃လမ်းကြား၊ ၃၈-၃၉လမ်းကြားရှိ နေအိမ်တစ်အိမ်တွင်နေ့လယ် တစ်နာရီခန့်က ဓားခုတ်မှုဖြစ်ပွားကြောင်းသတင်း
ရရှိသဖြင့် သက်ဆိုင်ရာနယ်မြေရဲ့စခန်းမှ သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေအိမ်တွင်ကို မြင့်သိန်း ၄၀နှစ် ဦးခေါင်းနောက်စေ့ လည်ပင်းပြက်ရှ ဒဏ်ရာများဖြင့် လည်းကောင်း၊ နေအိမ်ရှေ့လမ်းပေါ်တွင်ကို ဇော်လတ် ၂၅နှစ်၊မှာ ၀ဲရင်အုံ၊ လည်ပင်း၊ ၀ဲလက်မောင်းစုတ်ပြဲ ပြက်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

 သေဆုံးသူ ကို ဇော်လတ်၏ ဖခင် ဦးစိုးမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နမစ(အမှတ်-၇)(ပ)၇၈၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂အရအမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရမိရေးအတွင် တိုင်းရဲအကူ တပ်ဖွဲ့ခွဲ (မှု/ကူ)၊ ခရရ(မှု/ကူ)၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြော
င်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal


Posted: 25 Nov 2013 12:19 AM PST

မန္တလေး၊ နိုဝင်ဘာ ၂၅

မန်းကျုံးရေပြင် လမ်း ၈၀၊ ၁၇-၁၈လမ်းကြားတွင် နိဝင်ဘာ၂၃ရက်နေ့ ညနေပိုင်း က အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
ူး ရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ သေဆုံးသူ မရွှေဇင်ဖြိုး၂၁နှစ်မှာ ယခုလ ၂၁ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် နေအိမ်မှ ဖုန်းဆက်ရန် ထွက်ခွာသွားခဲ့ပြီး ပြန်ရောက်လာခြင်းမရှိကြောင်း ၄င်းမိခင်၏ ထွက်ဆိုချက်အရသိရှိရသည်။

ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိေ
သာကြောင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး သေမှုသေခင်းအမှတ် ၆၃/၂၀၁၃ရအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal

Posted: 25 Nov 2013 12:10 AM PST

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း အခြေခံပညာ အထက်တန်းကျောင်းမှ အဌမတန်းကျောင်းသားကို ဖိနပ်ဖြင့်ပေါက်သည့် ဆရာမအား ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဇွန်လ ၁ ၁ရက် က အင်္ဂလိပ်စာသင်ချိန်တွင် ကျောင်းသားက စကားပြော၍ဆိုကာ အင်္ဂလိပ်စာပြဆရာမက ဖိနပ်ဖြင့် ပေါက်လိုက်ခြင်းကို ကျောင်းသားမိဘများက မကျေနပ်၍ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူး ရုံးများသို့ တိုင်ကြားထားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 12:07 AM PST

မြန်မာ့အစိုးရ၏ အမည်ပျက်စာရင်း (Black List)တွင် ကျန်ရှိနေသူ သုံးထောင်မှာ နိုင်ငံတကာအဖွဲ့အစည်းများ၏ အမည်ပျက်စာရင်းတွင် ပါရှိနေသည့်အတွက် မြန်မာအစိုးရအနေဖြင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေး၍ မရတော့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း
ကပြောသည်။ ““သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်တော့ Black List (အမည်ပျက်စာရင်း) ၂၈ ၀၀၀ ရှိတယ်။ ကျွန်တော်တစ်ဦးတည်း ၂၂၀၀၀ ဖြုတ်ပေးလိုက်တယ်။ ၆၀၀၀ ကျန်တယ်။ သမ္မတကြီးကို တင်ပြပြီး ၃၀၀၀ ဖြုတ်ပေးလိုက်တယ်။ ကျန်တဲ့ ၃၀၀၀ ကတော့ အင်တာပိုနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေက Black List လုပ်ထားတာဖြစ်တဲ့အတွက် ဖြုတ်လို့မရဘူး””ဟု ၀န်ကြီး ဦးအောင်မင်းကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Nov 2013 12:02 AM PST

မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ၂ လမ်းတွင် လွန်ခဲ့သော ခြောက်ရက် (နိုဝင်ဘာလ ၁၈ ရက်နေ့) (သူခိုးကြီးည) က ဖြစ်ပွားခဲ့သော သားအမိနှစ်ဦး အသတ်ခံရသည့် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို စုံစမ်းရှာဖွေလျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖမ်းမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Nov 2013 11:59 PM PST

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီး (ဟောင်း) ပေါ်ရှိ သပြေဝ မြို့ဝင်ကြေး ကောက်ခံစခန်းတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိတ္ထီလာမြို့ခံ အမျိုးသမီး နှစ်ဦးကို စည်းရုံး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပို့ဆောင်မည့် လူကုန်ကူးသူ အမျိုးသမီး တစ်ဦးကို လက်ရ ဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော မိတ္ထီလာခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် ဇင်ကိုကိုက The Voice သို့ အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Nov 2013 11:52 PM PST

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပိုင် ရုံးဝင်းအတွင်းမှာ MTV EXITရဲ့ Roadshow အစီအစဉ်နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ပွဲတော်တစ်ရပ်ကို ဒေသတွင်း တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂၄ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပွဲတော် ကျင်းပရတာနဲ့ ပတ်သက်လို့ ပွဲတော်အခမ်းအနားကို တက်ရောက်လာတဲ့ တပ်ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဇုရီဝမ် စိုင်စီထောင်က “ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့အတွက် မြန်မာအမြောက်အများ ထိုင်းနိုင်ငံတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်တဲ့နေရြာ
ဖစ်သလို၊ ဝင်ရောက်လာတဲ့ အလုပ်သမားတွေ ရောင်းစားခံရတာ၊ အလုပ်ရှာဖွေဖို့ သွားလာရင်း တစ်ယောက်နဲ့ တစ်ယောက် လိမ်လည်ပြီးတော့ လူကုန်ကူးခံရတာတွေ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက အမြောက်အများ ဖြစ်ပေါ်နေခဲ့တဲ့ နေရာလည်းဖြစ်တာကြောင့် အခုလို လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပွဲတော် ကျင်းပပေးတာပါ” လို့ ပြောကြားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Nov 2013 11:46 PM PST

ဝါရင့်နိုင်ငံရေး သမားဟောင်းကြီး ဦးထွေးမြင့်သည် ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း သိရပါသည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) ညနေ(၄း၀၀)နာရီအချိန်တွင် ရေဝေး အအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီး သဂြိုလ်မည်ဖြစ်ပါသည်။ လိပ်စာ - အိမ်အမှတ် (၂၂၇၉)၊ ဟေမာဂနိုင်လမ်း၊ မင်းကွန်းတောရ အလယ်ပေါက်၊ အင်းစိန်၊ ဘို့ကုန်း။ ဦးထွေးမြင့်၏သား ဦးစန်းမြင့်အေး ဖုန်း - ၀၉ ၇၃၀၆၆၂၄၇၊ ဦးအောင်ကြည် - ၀၁ ၆၄၀၄၆၁။
ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်/၈၈ 

Posted: 24 Nov 2013 11:35 PM PST

လှိုင်သာယာမြို့နယ် (၁၁) ရပ် ကွက်နေ ပြည်သူ ၃၀၀ ခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေး ချယ်ပေးရေးနှင့် တန်ဖိုးနည်း ဖုန်းအလွဲသုံး စားပြုမှုများ အရေးယူပေးရေးအတွက် နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် အဝေရာလမ်းနှင့် အနော်ရထာလမ်း ထောင့်မှစ၍ မြို့နယ်အားကစားကွင်းသို့ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ ဆန္ဒထုတ်ဖော်သူများသည် " ရာဇ ၀တ်ပြစ်ဒဏ်ကျဖူးသော အုပ်ချုပ်ရေးမှူး အလိုမရှိ " ၊ " အပက ၆(၁) ပြစ်ဒဏ်ကျခံဖူး သူများ အုပ်ချုပ်ရေးမှူးမဖြစ်စေရ " ၊ " ၁၅၀၀ တန် တန်ဖိုးနည်းဖုန်း အလွဲသုံးစား ပြုသူများအလိုမရှိ " ၊ " အဂတိလိုက်စား မမျှတသောရပ်မိရပ်ဖ ငါးဦးအလိုမရှိ " ဆိုင်းဘုတ်များကိုင်ဆောင်ကာ " အများ ပြည်သူ ကြည်ညိုလေးစားသော အုပ်ချုပ် ရေးမှူးပြန်ရွေးပေး " စသည့် ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Nov 2013 11:25 PM PST

နိုဝင် ဘာ ၂၃ရက် ညနေ ၇ နာရီ၁ဝမိနစ် အချိန်တွင် မောင်တောမြို့မြို့မ စည်ပင်သာယာဈေးကြီးအတွင်း ရှိ ဈေးအဆောင်အမှတ် 2B တွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြော
င်း သိရသည်။ ဖြစ်စဉ်မှာ မြို့မ စည်ပင် သာယာဈေးကြီးဈေးအဆောင် အမှတ် 2B ရှိဆိုင်ခန်း အမှတ် 2B 11 အလှကုန်နှင့် ဖိနပ်အ ရောင်းဆိုင်မှ စတင်လောင်ကျွမ်း ခဲ့သောမီးမှာ အနီးရှိ ဆိုင်ခန်းအ မှတ် 2B 12 ဆိုင်ခန်းသို့ပါ ကူး စက်လောင်ကျွမ်းခဲ့ရာ ဒေသခံ များ၊ မီးသတ် တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ၇ နာရီ၁၅မိနစ်အချိန် တွင် မီးညွန့်ကျိုးခဲ့ပြီး ၇ နာရီ၂၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုဝင်ဘာ ၂၃ရက်နေ့က မောင်တောမြို့မဈေး မီးလောင်မှုအား ငြှိမ်းသတ်နေကြစဉ်။ ဓာတ်ပုံ - ညိုသဏ်း


Posted: 24 Nov 2013 11:15 PM PST

ဒေသခံ တိုင်းရင်းသားများက ဆေးကျောင်း များဟု အမည်ပြောင်းခေါ်ရ သည် အထိ တိုင်းရင်းသားဒေသ များရှိ တက္ကသိုလ် များတွင် မူးယစ် ဆေးဝါးပျံ့နှံ့မှုအရှိန်အဟုန် မြင့် မားနေကြောင်း ပအိုးဝ်အမျိုး သား အဖွဲ့ချုပ် ၏ပြောကြားမှု အရသိရသည်။ ''အခု မူးယစ်ဆေးဝါးက အရင်က မီဒီယာတွေ မလွတ်လပ် လို့လူတွေသိပ်မသိတာ။ ဒါပေမဲ့ ပြည်နယ်ကလူတွေကတော့ အ ကုန်သိတယ်။ ဒီမူးယစ်ဆေးဝါး အခြေအနေ ဘယ်လောက်အထိ ဆိုးနေ တယ် ဆိုတာကိုပေါ့။ ပြည်နယ်တွေမှာရှိ တဲ့ တက္ကသိုလ်တွေ မှန်သမျှကို ပြည် နယ်ကလူတွေက ဆေးကျောင်း လို့ခေါ်တယ်''ဟု ပအိုးဝ်အမျိုး သားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးခွန်သိန်းဖေက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Nov 2013 10:55 PM PST

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သပြေဝကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းခန့် က လင်မယားချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖခင်က မူလတန်း ကျောင်းသူအရွယ် သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သပြေဝကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့် ယင်းကျေးရွာနေ အမဲသား ရောင်းချသူ ဦးမင်းဦး (ခ) ဒါဂျေ (၃၀) နှစ်သည် နေအိမ် ထုပ်တန်းတွင် ငါးမူးလုံး အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Nov 2013 10:45 PM PST

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ အမှတ် (၆) ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေး ခန်းမ၌ နိုဝင်ဘာလ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်း အပါအဝင် တာဝန်ရှိသူများနှင့် လက်ပံတောင်း ဒေသခံများ ထပ်မံတွေ့ဆုံခဲ့သော်လည်း တိကျ ရေရာသည့် အဖြေတစ်ခု ထွက်ပေါ်လာခြင်း မရှိသေးကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဒေသခံများက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...