Wednesday, November 27, 2013

ဆိုဗီယက် နဲ့ ဘာကွာသလဲ/ ဘိုဘိုကျော်ငြိမ်း

 
ဆိုဗီယက် နဲ့ တရုတ်တွေ ကွာတာက ဆိုဗီယက် တွေက မာ့က်စ် စိတ်ကူးယဉ်တာ
မဖြစ်နိုင်ဖူး ဆိုတာကို နားမလည်ခဲ့ဖူး။ လူတန်းစားတိုက်ပွဲက
မထွက်နိုင်ဖူး။ အပြင်က စူပါပါဝါ ဆိုပြီး ဟန် လုပ်နေပေမဲ့ အတွင်းမှာ အဆံ
မရှိဖူး။ စီပွားရေး က ချူန်းချုန်းကျနေပြီ။ တိန်က လျှင်တယ်။


ကွန်မြူနစ်စနစ်တွေ၊ အင်တာနေရှင်နယ် အော်နေချိန်မှာ တရုတ်က အမျိုးသားရေး
Nationalism ကို မမေ့ဖူး။ တရုတ်တွေကောင်းစားရေးက ပထမပဲ။ ဒါကြောင့်
နိုင်ငံရေး အရ ကွန်မြူနစ်ကွလို့ အော်နေပေမဲ့ စီးပွားရေး အရ
အရင်းရှင်စနစ်ရဲ့  ဈေးကွက်စီးပွားရေး ကို ပြောင်းလိုက်ပြီး နိုင်ငံရေး
အရ အုပ်ချုပ်ရေးအာဏါကို ဆက်ကိုင်ထားတယ်။

တရုတ်က ငွေမရှိခင် ကုတ်ကပ်ကြီုးစားပြီး ငွေ ရှိမှ ခေါင်းထောင်လာတာ။
ဆိုဗီယက်တွေက လက်နက်နဲ့ စူပါပါဝါလုပ်တာ။
အမေရိကန်တွေက ငွေချေးပြီး စူပါပါဝါ လုပ်တာ။
တရုတ်တွေက ငွေစုပြီး ငွေရှိမှ စူပါပါဝါ လုပ်တာ။

(၁၂)

အကျိုးမပါရင် မကြည့်

ဘယ်နိုင်ငံ ၊ ဘယ်မိသားစု မှ ၀င်ငွေ မရှိပဲ ကြာကြာ ဟန်မလုပ် နိုင်ပါဖူး။
ဒါကြောင့် ဆိုဗီယက် တွေ ပြိုကွဲခဲ့ရတာပဲ။
တရုတ်က ငွေ  မပြည်စုံခင်မှာ ငြိမ် နေတယ်။
ဥပမာ တရုတ်ရဲ့ စစ်ရေးပေါ်လစီ မှာ တရုတ်ပင်လယ်တွေကို ကာကွယ်ရာမှာ
တရုတ်အကျိုး (China Interest) ဆိုတာကို  သုံးတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်က
အထိ စပက်တလီ (Spratley) ကျွန်းတွေ မှာ ရန်မဖြစ်ကြပါနဲ့၊ အေးအေးချမ်းချမ်း
စီးပွားရေး အကျိုးတူ လုပ်ကြရအောင် ဆိုပြီး အဆိုပြုခဲ့တယ်။ ဟော
တရုတ်ရေတပ်ကြီးလည်း ကြီးလာရော တရုတ်က လေသံပြောင်းသွားတယ်။
မြောက်ဖက်မှာလည်း ဂျပန်ကို အားပြိုင်လျက်ရှိပြီး ဖိလစ်ပိုင်
ငါးဖမ်းသင်္ဘောတွေ အပေါ်က တရုတ်စစ်လေယဉ်တွေက နိမ့်နိမ့်လေးပျံပြီး
ချိမ်းခြောက်ခဲ့တယ်။
တရုတ်ရဲ့ အကျိုး ဆိုတာ အရင် ကတရုတ်ကမ်းခြေ အလွန်ပဲရှိတယ်။ အခု အမေရိကန်က
မ၀ိုင်းနိုင်ခင် တရုတ်က ၀ိုင်းလိုက်ပြီး အနားမကပ်နဲ့ ဖြစ်ရော။
မြန်မာနိုင်ငံဟာလည်း တရုတ်ရဲ့ အကျိုး စက်ဝိုင်းထဲမှာ ပါတယ်။ နောက်တဆင့်
ပစိဖိတ် သမုဒ္ဒရာ မာရီယးနား ကျွန်းတွေအထိ ဆွဲယူသွားလိမ့်မယ်။ အမေရိကန်
လေယဉ်တင်သင်္ဘောကို ဘယ်လိုနှစ်မယ် ဆိုပြီး ရေးပြထားတော့ အမေရိကန်တွေလည်း
အရမ်းဗိုလ်မကျရဲတော့ဖူး။
အမေရိကန်တွေက ချမ်းသာခဲ့တာတော့ ဟုတ်ပါရဲ။့  ငွေချေးပြီး
အသုံးမလျော့နိုင်တော့ အကြွေးထူဖြစ်နေပြီ။ အခု အကြွေး  ၁၆
ထရီလီယံကျော်သွားပြီ။ ကြွေးရှင်  က တရုတ်တွေ။
အမေရိကန်တွေက ဘ၀င်မြင့်ပြီး တကမ္ဘာလုံးကို လိုက်ကူရတာ အမော။တရုတ်က
တရုတ်အကျိုး မပါရင် လှည့်တောင်မကြည့်ဖူး။ မကြာခင် အမေရိကန်တွေ အင်္ဂလိပ်နဲ့
ပြင်သစ်တွေဖြစ်တာမျိုး ဖြစ်တော့မယ်။ တချိန်က ကိုလိုနီ ဆိုတဲ့မာန ကို မချ
နိုင်ပဲ ဟန်လုပ်ပြီး လိုက်ကူနေတာ အပေါ် မှာတော့ ရှိုးနဲ့ အောက်မှာ
ဟောင်းလောင်း။ ပိုဆိုးတာက ဘယ်သူကမှ ကျေးဇူးမတင်။
(၁၃)
တရုတ်တွေရဲ့ စီးပွားရေး ၊ စစ်ရေး မဟာမိတ်။
တချိန်က G7 လို့ခေါ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေက မှန်မှန်တွေ့ပြီး
ကမ္ဘာကြီးကို ချယ်လှယ်ခဲ့ ကြတယ်။ အခု G7 ကနိုင်ငံတွေ ဂျပန်ကလွဲပြီး
အကုန်အကြွေးနဲ့ ပိကုန်ပြီ။ ဒါကြောင့် G7 ကနေ G20 ဆိုတာပေါ်လာသလို BRICS
ဆိုတဲ့အုပ်စု ပေါ်လာတယ်။ ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် ၊ တောင်အာဖရိက
စတဲ့ ထွန်းပေါက်စနိုင်ငံတွေကို ခေါ်တာ။ စစ်ရေးအရလည်း SCO လို့ခေါ်တဲ့
ရုရှား နဲ့ တရုတ် ပေါင်းထားတဲ့ စစ်အုပ်စုပေါ်လာပြီ။
တိန်ရှောက်ပိန်လို ဥါဏ်ကြီးတဲ့ ခေါင်းဆောင်မျိုးရဲ့ ရေရှည် အကွက်ချ
ပေးနိုင်ခဲ့မှုကြောင့် တရုတ်တွေဟာ အောင်မြင် လျှက်ရှိတယ်။
ဆက်ထိန်းနိုင်ဖို့ ရှေ့ကိုကြိုမြင်နိုင်ဖို့ရာ နိုင်ငံရေး ၊ စစ်ရေး
၊စီးပွားရေး ကျွမ်းတဲ့ ၀ါရင့်ခေါင်း ဆောင်တွေလိုတယ်။
(၁၄)
သို့ပေမဲ့လည်း
တရုတ်ခေါင်းဆောင် တွေဟာ ဘယ်လိုပင် တော်ကြပါစေ ၊ လူ ဆိုတာ ဗိုက်ဝ
လာပြီးရင်  လွတ်လပ်မှု ကိုတောင်းဆိုလာမှာပဲ။ တရုတ်ပြည် ကြီးမှာ
စီးပွားရေးတိုးတက်မှု ဆိုတာ အားကျ စရာလို့ ပြောနိုင်ပေမဲ့ ၊ တစ်ပါတီ
အုပ်ချုပ်မှုကြောင့် ၊ လူမှုရေး မတရားမှုတွေ ဟာ အများကြီး။ လာဘ် စားမှု ၊
ခြစားမှုတွေကို လည်း မပယ်ဖျောက်နိုင်။ ဒါကြောင့် Forward thinkers
လို့ခေါ်တဲ့  ရှေ့  ကိုတွေးတတ်တဲ့ ပညာရှင်တွေက “လူထုကိုရွေးချယ်ခွင့်”
ပေးရမယ်ဆိုပြီး  စ ပြောနေကြပြီ။
ပညာရှင် တချို့ နဲ့ ဗိုလ်ချုပ်တစ်ချို့ က ဒီမိုကရေစီ ပေးရေးကို ၂၀၁၀
ခုမှာ ဇောင်းပေးရေးလာကြတယ်။ စိတ်ဝင်စား စရာကောင်းတာက ဗိုလ်ချုပ်  Liu
Yazhou  ဆိုသူ ဟာ သမ္မတဟောင်း Li Xinian ရဲ့ သားမက် ဖြစ်ပြီး
လေတပ်စစ်ကော်မီရှင်နာ က နေ ပြည်သူ့တပ်မတော် ကာကွယ်ရေးတက္ကသိုလ်မှ
စစ်ကော်မရှင်နာအဖြစ်ပြောင်းတာ

ဝန်ယူကာ မကြာခင်ကမှ ဗိုလ်ချုပ်ကြီး
အဆင့်ရာထုးတိုးမြှင့်ခြင်းခံ
ရတဲ့ ဗိုလ်ချုပ် ခြောက်ယောက်မှာ တစ်ယောက်
အပါအ၀င် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Liu Yazhou ဟာ သမ္မတဟူကျင်တောင်ကို
ထောက်ခံသူဖြစ်ပြီး အမေရိကန် တက္ကသိုလ်မှာရှိစဉ် က တရုတ်ပြည်ဟာ အမေရိကန်
ပုံစံ ဒီမိုကရေစီ မပြောင်းရင် ဆိုဗီယက်လိုပြိုကွဲမယ်လို့ ဆိုခဲ့တာမို့
နံမည်ကျော်ခဲ့သူလည်း ဖြစ်ပါတယ်။
ဘေဂျင်း စက်မှုတက္ကသိုလ် (BIT) မှ စီးပွားရေး ပါမောက္ခ ဟူဂင်ဒေါ (Hu
Xingdou) က သမ္မတဟူဂျင်တောင် သို့ရေးသော ဆောင်းပါးတွင်လည်း
တရုတ်ပြည်ကြီးတွင် လူမှုရေးညီမျှမှု နှင့် တရားမျှတမှု
ပျောက်ဆုံးလျှက်ရှိပါသည်။ တခုထဲသော ထွက်ပေါက်မှာ ပြည်သူတွေအတွက်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ ရပိုင်ခွင့် နှင့် လွတ်လပ်မှု တွေ
ကိုပေးရန် ပြန်လည်ပြင်ဆင်ရေး (reforms) တွေလုပ်ရမည် ဟု ဖေါ်ပြထားပါသည်။
တရုတ်ကြီးလည်း နောက်ဆုံးတော့ “ဒီမိုကရေစီ” လမ်းကြောင်းအပေါ်
တဖြေးဖြေးရောက်လာ မှာပါ။
တရုတ်တွေဆီက မြန်မာတွေ အတုယူစရာ အများကြီး ရှိပါတယ်။
အုပ်ချုပ်ရေးမှာ အတွေ့အကြုံ မရှိလို့မရ။
ဘယ်လို ခေါင်းဆောင်ကောင်းတွေ မွေးမလဲ ဆိုတာ စဉ်းစားစရာရှိတယ်။
စင်္ကာပူက လီကွမ်းယူ လုပ်တာကိုလ့လာသင့်တယ်။
ကြိုက်သော်ရှိ ၊ မကြိုက်သော် ရှိ ၊ နောက်ဆုံး  လူတော်  တွေတက်လာပြီး
အီလစ် elites လို့ခေါ်တဲ့ အုပ်ချုပ်သူ လူတန်းစား ဆိုတာပေါ်လာမှာပဲ။
ဒီတော့ အစောကြီးကတည်း က လူတော်တွေကို ရွေးပြီး လီကွမ်းယူ အုပ်ချုပ်ရေး
ကျောင်းခေါ်ပြီး မွေးပေတော့သည်။
နိုင်ငံတိုးတက် လာတာနဲ့ အမျှ ဒီလိုကျောင်းတွေ ကိုထောင်ပြီး နိုင်ငံရေး
စိတ်ဝင်စားမဲ့ တချိန် လူကြီးဖြစ်နိုင်တဲ့ သူတွေကို ရွေးပြီး
ပြင်ဆင်ပေးရမှာပဲ။
ယနေ့ မြန်မာနိုင်ငံ မှာ Capacity gap လို့ပြောနိုင်တဲ့  အသိပညာ  ကွာဟမှု
ကြီးနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၁၅ မှာ လူငယ် ၊ လူတော်တွေ ပေါ်လာပြီး တိုင်ပြည်ကို အကျိုးပြုနိုင်ကြပါစေ
လို့ ဆုတောင်းလိုက်ရပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...