Thursday, November 28, 2013

အချစ်အိမ်


စိတ်ကူးယဉ်တဲ့အရွယ်က အိမ်မက်ထဲက လက်တွဲဖော်က
စံနှုန်းတွေမျိုးစုံ သတ်မှတ်ထားခဲ့ပါလိမ့်မယ် ....

တည်ငြိမ်တဲ့ အရွယ်ရောက်လို့
အသက်လေးတွေက အက္ခရာကြီးသွားပြီဆို....


အိမ်ထောင်ဖက်ဆိုတာ
ရုပ်ရည်ချောဖို့ထက် သန့်ရှင်းသပ်ရပ်ကြည့်ကောင်းရင်ပဲ လက်ခံပြီ။
ဥစ္စာပေါတဲ့သူမဖြစ်ရင်တောင် အလုပ်အကိုင်မပျင်းဖို့ အရေးပါလာပြီ။
အလိုလိုက်အကြိုက်ဆောင်သူထက် အလိုက်သိတဲ့သူကို ခင်တွယ်လာပြီ။

ရေပန်းစားတဲ့မင်းသားထက် သစ္စာရှိမယ့် ယောကျာ်းကိုမက်မောလာပြီ။
မျက်လုံးစုံကန်း ချစ်ခြင်းယုံဖို့ခက်သွားပြီး နားလည်မှုနဲ့ တစ်သက်စာမေတ္တာကို
တပ်မက်လာပြီ။
လူတွေကြားက စံပြအတွဲဖြစ်ဖို့ထက် ၀တ္တရားတွေကြားက မိဘကောင်းဖြစ်ဖို့
ခံယူတတ်လာပြီ...

အတ္တနှောတဲ့ အကြင်နာတရားထက် နွေးထွေးတဲ့ သံယောဇဉ်ကြိုးကိုမြတ်နိုးတတ်လာတယ်....

အမျိုးသားတွေမှာလည်း ကိုယ့်အိမ်မှာ ဘုရင်မဖြစ်လိုသူထက်
ထက်မြက်တဲ့ အိမ်ရှင်မကိုပဲ မိဖုရား အဖြစ်ခန့်အပ်ချင်လာတယ်....

အမျိုးသမီးတွေဆိုရင်လည်း ကိုယ့်အိမ်ရဲ့ အာဏာဆန်တဲ့ ဘုရင်ထက်
အားကိုးလောက်တဲ့ အိမ်ဦးနတ်ကို ပိုအလိုရှိလာတယ်...

သေချာတာကတော့ ငယ်ရွယ်စဉ်က ရူးမိုက်တဲ့ အချစ်ကိုကိုးကွယ်ခြင်းဆိုတဲ
ခေါင်းစဉ်အောက်မှာမနေချင်ကြတော့ပဲ

ကိုယ်တိုးရင် သူလျှော့ သူတိုးရင် ကိုယ်လျှော့နဲ့ အချစ်အိမ်ကို နားလည်မှုနဲ့တည်ဆောက်မယ့် သစ္စာရှိတဲ့ လက်တွဲဖော်ကိုသာမျှော်လင့်တတ်ကြတော့တယ်...

မောင်ဖတ်ဖို့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...