Friday, November 29, 2013

နောင်တမရှိသောဘဝ (မနက်ဖြန်ဆိုတာ မသေချာ)


 Thursday, November 28, 2013

 ဒီနေ့က သူမတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ပါ။ သူမကတော့ ခင်ပွန်းသည် ဖြစ်သူ သောမတ်စ် အိမ်ပြန်အလာကို စောင့်နေပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့ကို အတူဆင်နွှဲဖို့ အတွက်ပေါ့။ လက်ထပ်ပြီးနောက်ပိုင်းမှာ အရာရာဟာ ပြောင်းလဲလို့လာခဲ့ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့ နှစ်ယောက်သား ခဏခဏ စကားများကြပါတယ်။
လက်ထပ်ပြီးနောက်ပိုင်း နှစ်ယောက်သားဆက်ဆံရေးက တဖြည်းဖြည်း စိမ်းကားလာခဲ့ပါတယ်။ အခုလည်း သူမတို့ရဲ့နှစ်ပတ်လည်နေ့ကို ခင်ပွန်းသည်များ မေ့နေမလား ဆိုတဲ့ အတွေးနဲ့ သောမတ်စ် ပြန်အလာကို သူမစောင့်နေခဲ့တာပါ။ ခဏကြာတော့ အိမ်ရှေ့က တံခါးခေါက်သံ ကြားရပါတယ်။ သွားဖွင့်ကြည့်တော့ ခင်ပွန်းဖြစ်သူ သောမတ်စ်ပါ။ လက်ထဲမှာ ပန်းစည်းကို ကိုင်ထားပြီး တစ်ကိုယ်လုံးလည်း မိုးရေတွေနဲ့ ရွှဲစိုလို့ နေပါတယ်။ သောမတ်စ်ပုံကို ကြည့်ရတာ လင်မယားနှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ရှိနေစေဦးတော့ ဒီနေ့ကိုတော့ ချွင်းချက်အဖြစ် သတ်မှတ်ထားပုံပါပဲ။ နောက်တော့ သူမတို့ နှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြန်ပြောကြတယ်။ ရန်ဖြစ်တဲ့ အကြောင်းတွေကောပေါ့။ ပြီးတော့ ရှန်ပိန်သောက်ကြတယ်။ ဂီတသံ ရွရွလေးဖွင့်ထားကြတယ်။ အပြင်ဘက်မှာလည်း မိုးတွေရွာနေတယ်။ တကယ့်ကို ပြီးပြည့်စုံတဲ့ နှစ်ပတ်လည်လေးပါပဲ။ ဒီလို အခိုက်အတန့်မျိုးဟာ လက်ထပ်ပြီးကတည်းက သူတို့နှစ်ယောက်ဆီမှာ အတော်ကြာအောင် ပျောက်ဆုံးနေခဲ့တာပါ။ အခုလိုနေ့ရက်မျိုးတွေ နေ့တိုင်းပိုင်ဆိုင်နိုင်ဖို့ သူမကိုယ်တိုင်လည်း စိတ်အားထက်သန်နေပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ပေါ်ထပ် အိပ်ခန်းထဲက ဖုန်းသံမြည်လာပါတယ်။ သူမလည်း ဖုန်းကို သွားနားထောင်ပါတယ်။ ဖုန်းထဲကပြောနေတာ ယောက်ျားတစ်ယောက်ရဲ့ အသံပါ။ "ဟုတ်ကဲ့ ခင်ဗျာ၊ ကျွန်တော်က ရဲစခန်းကပါ၊ ဒါ မစ္စတာသောမတ်စ်ရဲ့ ဖုန်းနံပါတ်လား ခင်ဗျ" "အော်၊ ဟုတ် ဟုတ်ပါတယ်ရှင့်" "စိတ်မကောင်းပါဘူး ခင်ဗျာ၊ ကားအက်စီးဒင့် တစ်ခုဖြစ်ပြီး၊ အမျိုးသားဖြစ်သူ သေဆုံးသွားပါတယ်။ အခု သေဆုံးသူဆီကပါလာတဲ့ ပိုက်ဆံအိတ်ထဲက နံပါတ်ကို ဆက်လိုက်တာပါခင်ဗျ၊ ပိုက်ဆံအိတ်ထဲက တွေ့ရှိတဲ့ အချက်အလက်တွေအရ သေဆုံးသူဟာ မစ္စတာသောမတ်စ်ဖြစ်တယ်လို့ ယူဆရပါတယ်ခင်ဗျ။ အမကြီး အနေနဲ့ ကျွန်တော်တို့ဆီကို လာပြီး သေဆုံးသူကို အတည်ပြုပေးဖို့ လိုပါတယ်" သူမ အသက်ရှူဖို့ မေ့နေပါတယ်၊ နှလုံးသားတစ်ခုလုံး ဗျောင်းဆန်နေပါတယ်။ "ဒါပေမယ့် ကျမ ယောက်ျားက ကျမနဲ့ အတူရှိနေတယ်ရှင့်" "စိတ်မကောင်းပါဘူး ခင်ဗျာ၊ ယာဉ်မတော်တဆမှုက နေ့လည် ၂ နာရီလောက်မှာ ဖြစ်သွားတာပါ" သူမအနေနဲ့ အသိစိတ်ကို မနည်းထိန်းထားရပါတယ်။ "ဘာတွေဖြစ်ကုန်တာပါလိမ့်" သူမ အိမ်အောက်ထပ်ကို ပြေးဆင်းသွားလိုက်ပါတယ်။ အောက်ထပ်မှာ ဘယ်သူမှ မရှိပါဘူး။ ဒါဆို ခုနလေးကမှ သူမ ပြောဆို မြင်တွေ့နေတဲ့ သူမခင်ပွန်း သောမတ်စ်က ဘယ်ရောက်သွားတာလဲ။ ဝိညာဉ်အဖြစ်နဲ့ သူမဆီလာခဲ့တာလား။ သောမတ်စ် ယာဉ်မတော်တဆမှုနဲ့ တကယ်သေဆုံးသွားပြီလား။ တမလွန်ကို မသွားခင် သူချစ်တဲ့ သူမဆီကို လာနှုတ်ဆက်သွားတာလား။ သူမ နောက်အခန်းတစ်ခန်းထဲကို ပြေးဝင်ရှာပါတယ်။ တိတ်ဆိတ်လို့သာ နေပါတယ်။ "သောမတ်စ် တကယ်မရှိခဲ့တာပဲ" သူမ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပါတယ်။ နောင်တကြီးစွာရနေပါတယ်။ ရှိနေစဉ်တုန်းက ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ နေ့စဉ် စကားများနေခဲ့တာတွေ အတွက်ပေါ့။ ဖြစ်နိုင်ရင် အချိန်တွေကို နောက်ပြန်ရွှေ့လိုက်ချင်နေပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ကြည်နူးစရာ နေ့သစ်တွေကို ပြန်တည်ဆောက်ချင်နေပါတယ်။ အခုတော့ အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။ အဲဒီအချိန်မှာပဲ ရေချိုးခန်းထဲက အသံတစ်သံထွက်လာပြီး၊ တံခါးပွင့်လာပါတယ်။ ပြီးတော့ ခင်ပွန်းဖြစ်သူ သောမတ်စ် ထွက်လာပါတယ်။ "မိန်းမရေ၊ မင်းကို ကိုယ်ပြောဖို့ တစ်ခုမေ့နေလို့၊ ဒီနေ့ မနက်တုန်းက ကိုယ့်ပိုက်ဆံအိတ် အခိုးခံလိုက်ရတယ်ကွ" ဘဝဆိုတာ သင့်ကို အမြဲတမ်း အခွင့်အရေး နှစ်ခါမပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ အမှားတွေနဲ့ အတူ ရှင်သန်ရင်း တိုတောင်းလှတဲ့ဘဝကို အဓိပ္ပာယ်မဲ့ အချိန်မဖြုန်းမိပါစေနဲ့။ အခုပဲ တို့တွေရဲ့ အမှားတွေကို အချိန်မှီ ပြင်လိုက်ကြရအောင်ပါ။ မနက်ဖြန်ဆိုတာကို ဘယ်သူမှ အာမမခံနိုင်ပါ။ နောင်တ မရှိသော ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
 ~~~~~~~~~~ အင်္ဂလိပ်မူရင်းအား Sarlar8 မှ မြန်မာမှုပြုသည် 
<< Pho Shann >> ဆာလာအိတ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...