Wednesday, November 27, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁၁)

သစ်ထူးလွင်



Posted: 27 Nov 2013 07:18 AM PST

ဆက်လက် စစ်ဆေးနေသော ငါးလောင်းပြိုင် လူ သတ်မှုမှ ရရှိထားသည့် သက် သေအထောက်အထား သဲလွန်စ များမှာ ယခင်စစ်အစိုးရမှ တာ ဝန်ရှိသူများနှင့် ပတ်သက် ဆက် နွှယ်မှုများ မတွေ့ရကြောင်း ပြည် ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ထုတ်ဖော်ပြောကြားလိုက်သည်။ နေပြည်တော်ရှိ Myanmar International Convention Center တွင် နိုဝင်ဘာ ၂၅ရက်က ဆူဇူကီးကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် မြန်မာ အစိုးရ သို့ ဆူဇူကီး ရဲတပ်ဖွဲ့ သုံးဆိုင်ကယ်များ ပေးအပ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ သီးသန့်တွေ့ ဆုံမေးမြန်းမှုကို ယခုကဲ့သို့ဖြေ ကြားခဲ့ခြင်းဖြစ်သည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Nov 2013 06:56 AM PST

အ​မျိုး​သား​ပ​ညာ​ရည်​မြင့်​မား
ရေး​အ​တွက် ​စည်း​လုံး​ညီ​ညွတ်​မှု​အင်​အား​ဖြင့် ​  ​ကြိုး​ပမ်း ​ဆောင်​ရွက်​သွား​ကြ​ဖို့ ​ဒီ​က​နေ့ ​နိုဝင်​ဘာ​လ ၂၇ ​ရက်​နေ့​မှာ  ​ကျ​ရောက်​တဲ့ ၉၃ ​နှစ်​မြောက် ​အ​မျိုး​သား​နေ့​မှာ ​မြန်​မာ​သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​တိုက်​တွန်း​ပြော​ကြား​လိုက်​ပါ​ တယ်။ သ​မ္မ​တ ​ဦး​သိန်း​စိန်​က  ​အ​မျိုး​သား​နေ့ ​အ​ထိမ်း​အ​မှတ် ​အ​ခမ်း​အ​နား​ကို​ပေး​ပို့​တဲ့ ​သ၀ဏ်​လွှာ​မှာ ​ခု​လို ​တိုက်​တွန်း​လိုက်​တာ​ဖြစ်​ပါ​တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Photo by Aye Mya Mya Myo Facebook

Posted: 27 Nov 2013 06:51 AM PST

ဩ ​စ​တြေး​လျ​နိုင်​ငံ​ကို ​ပ​ထ​မ​ဆုံး ​အ​ကြိမ် ​အ​လည်​အ​ပတ်​ရောက်​ရှိ​နေ​တဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​တိုင်း​ပြည်​အ​တွက် ​လို​အပ်​မယ့် ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်
ရဲ့​မူဝါ​ဒ​တွေ​ကို​အ​ကောင်​ထည်​ဖော်​လို​တဲ့ ​အ​တွက် ​သ​မ္မ​တ ​လုပ်​လို​တယ်​လို့ ​ပြော​ကြား​လိုက်​ပါ​တယ်။ဆစ်​ဒ ​နီ ​အော်​ပ​ရာ​ဟော့​စ်​ကို ​ရောက်​ရှိ​လာ​တဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ဩ​စ​တြေး​လျ​ရောက် ​မြန်​မာ​အ​သိုင်း​အ၀န်း​က ​စည်​တော်​တီး ​ကြို​ဆို​တဲ့ ​အ​သံ​တွေ​ကို ​ကြား​ခဲ့​ရ​တာ​ပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 06:44 AM PST

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ ကိုက်ညီအောင် ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ
့ ဆန္ဒသဘောထားပေါ်မှာ အဓိကမူတည်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့Opera House မှာ ကျင်းပတဲ့ တက္ကသိုလ် ၃ ခုပေါင်း ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဒေါ်အောင်ဆန်ုးစုကြည်က ပြောကြားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 06:29 AM PST

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာအုပ်စု ခနွဲ ကဘိုကျေးရွာရှိ လယ်သမားများမှာဖိုးလမင်းကုမ္ပဏီ
မှ ပြန်ပေးထားသော လယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုး ထားသော စပါးခင်းများသည် ရိတ် သိမ်းချိန် ကျရောက်မှ မြို့နယ်မြို့စာရင်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က နိုဝင်ဘာ ၁၀ ရက်က လယ်သမားများကို စပါးမရိတ်သိမ်းရန် တားဆီးမှုများ ရှိနေသောကြောင့် ဒေသခံလယ်သမား များမှာ အခက်တွေ့နေ ရကြောင်း တောင်သူလယ်သမားနှင့် ရေလုပ်သား သမဂ္ဂဥက္ကဋ္ဌ ဦးသိန်းဝင်းက နိုဝင်ဘာ ၂၆ ရက်က စံတော်ချိန်သို့ ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 27 Nov 2013 06:33 AM PST
အိမ်ခြံမြေစံနှုန်းများ သတ်မှတ်ထုတ်ပြန်ပြီးနောက် မန္တလေးမြို့ပေါ်ရှိ အိမ်ခြံမြေများ အရောင်းအ၀ယ် ရပ်တန့်သွားသော်လည်း မြို့အနီးရှိ လယ်ယာမြေနှင့် ရွာမြေများ အရောင်းအ၀ယ်သွက်နေကြောင်း သတင်းရရှိသည်။ မန္တလေးမြို့အနီးရှိ ဧရာဝတီမြစ်ကမ်းမှ ရှမ်းလေးကျွန်း၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လယ်ယာမြေများနှင့် ရွာမြေများ အရောင်းအ၀ယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တံတားဦးမြို့နယ်အတွင်းမှ ယခုနောက်ပိုင်းအရောင်းအ၀ယ်ကောင်းလာသော မြေနေရာအချို့ကို တွေ့ရစဉ် ဓာတ်ပုံ- မောင်တာ / 7day Daily

Posted: 27 Nov 2013 06:00 AM PST

သိမ်းဆည်းခံ လယ်ယာမြေများအတွက် ထားဝယ်လယ်သမားများ ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာသို့ တင်ပြရာတွင် ခွင့်ပြုချက်မရရှိကြောင်း လယ်သမားအဖွဲ့အစည်းထံမှ သတင်းရရှိသည်။ အဆိုပါနေ့များတွင် ထားဝယ်ဘုရားကြီးပြတိုက်ဖွင့်ပွဲ
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ထားဝယ်မှ သိမ်းဆည်းခံလယ်သမားများ ဆန္ဒထုတ်ဖော်ရန် သတ်မှတ်ထားသော ဒီဇင်ဘာ ၄ ရက်သည် ပုဒ်မ (၈)၊ ပုဒ်မ ခွဲ(င)ပါ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်စည်းကမ်းချက်တွင်ပါရှိသည့် အခမ်းအနားကြီးများနှင့် တိုက်ဆိုင်နေခြင်း၊ တပ်မတော်အကြီးအကဲ ရောက်ရှိမည့်ကာလဖြစ်ခြင်းတို့ကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လယ်ယာမြေအသိမ်းခံရမှုအတွက် ဆန္ဒပြနေသောလယ်သမားများကို နိုဝင်ဘာ ၁၁ ရက်ကတွေ့ရစဉ် ဓာတ်ပုံ - စိုးမိုးအောင် - 7day Daily

Posted: 27 Nov 2013 05:51 AM PST
သန်လျင်မြို့နယ် ရေနံချက်စက်ရုံမှ သာကေတမြို့နယ် ရေနံ သိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲသို့ ဓာတ်ဆီများ ပို့လွှတ်သည့် ပိုက်လိုင်း သွယ်တန်းထားသော လမ်းခုလတ်နေရာ ဖြစ်သည့် သန်လျင်တံတား တိုင်အမှတ် ၁၈ အောက်တွင် ဓာတ်ဆီပိုက် လိုင်းဖောက်၍ ဓာတ်ဆီများ ခိုးယူခံရမှုတစ်ခု နိုဝင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သန်လျင်မြို့နယ် ရေနံချက်စက်ရုံ

Posted: 27 Nov 2013 05:44 AM PST

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတစ...်ဦးက ပြောကြားသည်။ ရခိုင်ပြည်နယ်၏ အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သည့် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် အကာအကွယ် ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen က ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၅ က ထုတ်ပြန်သော ကြေညာချက်တွင် ယင်းသို့ ပြောကြားထားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 09:24 PM PST
ကြိုဆိုနေကြသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် (Credit: ABC) 

မြန်မာ့ ​ဒီမိုကရေစီ ​ခေါင်းဆောင် ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​သြစတြေးလျနိုင်ငံ ​ဆစ်ဒနီမြို့ကို ​ရောက်ရှိလာပါပြီ။

ဒေသစံတော်ချိန် ​မနက် ​၈ ​နာရီခန့်မှာ ​ရောက်ရှိလာခဲ့တာ ​ဖြစ်ပြီး ​မြန်မာ ​မိသားစုဝင် ​၁၀၀ ​လောက်က ​လာရောက် ​ကြိုဆို ​ခဲ့ကြတယ်လို့ ​သိရပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေး ​၀န်ကြီးဌာနရဲ့ ​ကြိုဆိုခွင့် ​တားမြစ်ခံခဲ့ရတဲ့ကြားက ​ဇွဲရှိရှိလာရောက်ကြတဲ့ ​မြန်မာ ​မိသားစုဝင်တွေကို ​ဒေါ်အောင်ဆန်းစုကြည်က ​လုံခြုံရေးတွေကို ​ကျော်ဖြတ်ပြီး ​တရင်းတနှီး ​နုတ်ဆက်ခဲ့ပါတယ်။

နိုဝင်ဘာ ​၂၇ ​ရက်နေ့ ​မွန်းလွဲပိုင်းမှာတော့ ​New ​South ​Wales ​ဘုရင်ခံချုပ်ရုံးမှာ ​ဂုဏ်ပြု ​နေ့လည်စာ ​စားသုံးပြီး ​မြန်မာ ​မိသားစုဝင်တွေနဲ့ ​နေ့လည် ​၃ ​နာရီမှာ ​တွေ့ဆုံမယ်လို့ ​သိရပါတယ်။

ညနေ ​၅ ​နာရီ ​အချိန်မှာတော့ ​ဆစ်ဒနီမြို့ရဲ့ ​​အထင်ကရနေရာတခုဖြစ်တဲ့ ​​Sydney ​​Opera ​​House ​​မှာပြုလုပ်မယ့် ​​တက္ကသိုလ် ​​၃ ​​ခုပေါင်း ​​ဘွဲ့နှင်းသဘင် ​​အခမ်းအနားမှာ ​​အမှာစကား ​​ပြောကြားဖို့ ​​ရှိပါတယ်။

အဲဒီအခမ်းအနားကို ​အွန်လိုင်းကနေ ​တိုက်ရိုက်ထုတ်လွှင့်သွားမှာ ​ဖြစ်ပြီး ​အောက်က ​လင့်ခ်မှာ ​ကြည့်ရှုနိုင်ကြပါတယ်။

http://www.abc.net.au/news/2013-11-26/aung-san-suu-kyi-speaks-at-the-sydney-opera-house/5115706

ABC Radio Australia
Posted: 26 Nov 2013 08:29 PM PST

အိမ်ရှင်မများ နှစ်သက်စွာ ချက်ပြုတ်လေ့ရှိသည့် အမဲသားသည် နှစ်ပေါင်း နှစ်ပေါင်း ၄၀အတွင်း စံချိန်တင်ဈေးအဖြစ် တစ်ပိသာကို ၉၀၀၀ ကျပ်အထိ... ဖြစ်လာပြီး ဆက်လက် ဈေးတက်ရန်ရှိ နေကြာင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ တစ်ရက်အတွင်း ပိသာ တစ်ရာကို ကျပ် သုံးသောင်းအထိ ခုန်တက်ခဲ့ကြောင်း လက်ရှိ အရိုးအသား ပိသာ ၁၀၀ကို ၄၉၀၀၀၀ ကျပ်ရှိနေပြီး လက်လီဈေး တစ်ပိသာ ၅၀၀၀ ကျပ်မှ တစ်ပတ်ခန့်အတွင်း ၉၀၀၀ ကျပ်ဖြစ်သွားကြောင်း သမိုင်းဈေးမှ အမဲသား ဆိတ်သား ရောင်းသူ ဦးမောင်ရွှေကပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Nov 2013 07:26 PM PST
ရေပိုင်နက် အငြင်းပွားနေကြတဲ့ အရှေ့တရုတ်ပင်လယ်ပေါ်ကနေ တရုတ်ကို ကြိုတင်အသိမပေးဘဲ အမေရိကန် စစ်လေယာဉ် ၂ စင်း ဖြတ်ပြီး ပျံသန်းခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ဖန်တီးဖို့ တရုတ်တို့ ကြိုးစားနေတာကို ပထမဆုံး တိုက်ရိုက် စိန်ခေါ်လိုက်တာလို့ မြင်နိုင်ပါတယ်။ အငြင်းပွားစရာဖြစ်နေတဲ့ ကျွန်းတွေအပေါ်မှာ တနင်္လာနေ့တုန်းက B52 ဗုံးကြဲလေယာဉ် ၂ စင်း ပုံမှန်လေ့ကျင့်ရေး လုပ်ခဲ့တယ်လို့ Pentagon စစ်ဌာနချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်က တစုံတရာ တုံ့ပြန်မှု မရှိသေးပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 08:19 PM PST
တစ်ထောင်ကျပ်တန်ငွေစက္ကူအတု ကျပ်နှစ်သိန်းကို ထုတ်လုပ်သုံးစွဲသူ အမျိုးသားငါးဦးတို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်ရေးယူထားကြောင်း သတင်းရရှိသည်။  သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးထံမှ တစ်ထောင်ကျပ်တန်အတု ၁၆ရွက်ကို စတင်ဖမ်းဆီးမိရာမှ ကွင်းဆက်တရားခံများကို ထပ်မံဖမ်းဆီးမိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တစ်ထောင်ကျပ်တန် ငွေစက္ကူများ ရေတွက်နေစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 7day Daily

Posted: 26 Nov 2013 07:09 PM PST

လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ်ဝိုင်ယာကြိုးကိုဖော
က်ကာ နေအိမ်သို့ မီးသွယ်ရန်ကြိုးစားသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန်(၄)အတွင်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ ၂၄ ရက် ကအမျိုးသားတစ်ဦး လျှပ်စစ်မီးသွယ်ရန် အလုပ်သမားတန်းလျားသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်စီးနေသည့် ခုနစ်ပင်လိမ် ၀ိုင်ယာကြိုးကြီးတစ်ကြိုးကို ဖောက်နေစဉ် ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 04:37 PM PST

ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ လက်ရှိ ထိုင်းအစိုးရဟာ အဂတိ လိုက်စားမှု ရှိနေတယ်၊ မိသားစု ကိုယ်ကျိုး ရှာနေတယ် ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အတိုက်အခံ ပါတီ ခေါင်းဆောင် ဝေ့ချား ချီဝါ့ ဦးဆောင်တဲ့ ဒီမိုကရက် ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ အစိုးရကို အယုံအကြည် မရှိ အဆို တင်သွင်းနေပါတယ်။ တဖက်မှာလည်း ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ အစိုးရ နှုတ်ထွက်ပေးရေး နဲ့ ယင့်လတ်ခ်ရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့်ကျင်တဲ့ သူတွေဟာ ဘန်ကောက်မြို့က ဒီမိုကရေစီ ကျောက်တိုင် ဝန်းကျင်မှာ ဆန္ဒပြပွဲကို ပိုမိုအရှိန်မြင့် လုပ်ဆောင်လာခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Nov 2013 04:02 PM PST

တနသာင်္ရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အတွင်းက မျှင်ငါးပိလုပ်ငန်း လုပ်ကိုင်နေတဲ့ ကျေးရွာတစ်ရွာဟာ စီမံကိန်းနယ်မြေကနေ ပြောင်းရွှေ့မပေးတဲ့အတွက် ရွာသားတချို့ တရားစွဲဆိုခံနေရပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 03:58 PM PST

နိုဝင်ဘာလ(၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 03:56 PM PST

နိုဝင်ဘာလ(၂၇)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 03:54 PM PST

နိုဝင်ဘာလ(၂၈)ရက်နေ့ ထုတ် မြန်မာ့ဘောလုံး သတင်းလွှာ အတွဲ-၂၊ အမှတ်-၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 03:50 PM PST
နိုဝင်ဘာလ(၂၅)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ-၁၃၊ အမှတ်-၄၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 03:47 PM PST

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ က မြေပိုင်ရှင်တွေ ဟာ တပ်ကသိမ်းယူထားတဲ့ မြေနေရာတွေပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အထက (၁) ကျောင်းရှေ့မှာ ၉ ကြိမ်မြောက်ဆန္ဒပြခဲ့ကြပြီး နေ့ လယ်ပိုင်းမှာတော့ ဘိုးဘွားပိုင် မိကျောင်းကန်မြေနေ ရာရှေ့မှာ ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 03:28 PM PST

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း (၁၊ ၂၊ ၃) ရပ်ကွက်က အသိမ်းခံထားရတဲ့ မြေနေရာတွေ ပြန်လည်ရှိဖို့အတွက် ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ မြေနေရာ တောင်းဆိုသူတွေကလည်း မိကျောင်းကန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 03:06 PM PST

မအူပင်မြို့နယ်၊ မလက်တို ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ပဋိ ပက္ခနှင့်ပတ်သက်၍အော့ချတ်(ဒ်) ကုမ္ပဏီလီမိတက်ပိုင်ရှင် ဒေါက် တာမြင့်စိန်ကိုယ်တိုင်ရှင်းလင်း
ပွဲ နှင့် တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၃ ရက်၊ နေ့လယ် ၁ နာရီက မှော်ဘီမြို့၊ ရွှေည၀ါတောရ သာသနာပြု  ကျောင်းတိုက်တွင်ကျင်းပခဲ့သည်။ အော့ချတ်(ဒ်) ကုမ္ပဏီလီမိ တက်ပိုင်ရှင် ဒေါက်တာမြင့်စိန်က မအူပင်မြို့နယ်၊ မလက်တိုကျေး ရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ မျိုး ထပ်မံဖြစ်ပွားကာ သွေးမြေ မကျစေချင်သောကြောင့်ရှင်းလင်း ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ စာ ချုပ်စာတမ်းအပြည့်အစုံရှိ၍လိုက် လံရှင်းလင်းနေရခြင်းဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်အောင် ခေါင်းဆောင် ခဲ့သူ ၄ ဦးရှိကြောင်း ၎င်းတို့၏ လယ်များကို ၎င်းတို့သဘောဆန္ဒ အရ မိမိထံလာရောက်ရောင်းချ သဖြင့်ဝယ်ယူထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Nov 2013 04:23 PM PST
လွတ်လပ်ရေးရပြီး ခေတ်က မန္တလေးတက္ကသိုလ် မှာ ကျောင်းသား ခေါင်းဆောင်ဟောင်း၊ ရှစ်ဆယ့်ရှစ်မှာ လည်း တက်တက်ကြွကြွ နဲ့ ဦးဆောင်ခဲ့တဲ့သူ၊ ကိုးဆယ် ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်၊ အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ကို စစ်အာဏာရှင်တို့ အဖိနှိပ်ဆုံးကာလတွေမှာ မန္တလေးတိုင်း NLD ဥက္ကဌ အဖြစ် ဦးဆောင်ခဲ့သူ ထောင်အတွင်းမှာ နှိပ်စက်ခံရလို့ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်ခဲ့ရသူ
လက်ရှိ ကျောက်ပန်းတောင်းမြို့နယ် NLD နာယကကြီးအဖြစ် ဆောင်ရွက်နေသူ ဘဘ ဦးဗိုလ်ဇံ တစ်ယောက် မနေ့က ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ပါတယ်။

မသေခင် ရက်ပိုင်းအထိ မြို့နယ် အလုပ်မှုဆောင်အစည်းအဝေးတွေကို မပျက်မကွက်တက်ရောက်ကာ လမ်းညွှန်ပြသခဲ့ သူ မသေခင် တစ်လလောက်က အထိ ဆရာမ ဒေါ်ခင်မမမျိုးရဲ့ နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်
းကို စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့သူ ဘဘ ဦးဗိုလ်ဇံ တစ်ယောက်ကွယ်လွန်သွားခဲ့တာဟာ ကျမတို့ ကျောက်ပန်းတောင်းမြို့နယ် သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုလုံးရဲ့ ဆုံးရှုံးမှုကြီး တစ်ခုပါပဲ။

မန္တလေး တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကို အခက်အခဲဆုံးကာလတွေမှာ ဘဘ ဦးဆောင်ပဲ့ကိုင်ခဲ့တာ ကြောင့်လည်း မန္တလေးတိုင်း တစ်ခုလုံး NLD ဟာ အချိန်ပြည့်ရှင်သန်လန်းဆန်းနေခဲ့တာပါ။

မနေ့က အမေစုက ဘဘအတွက် ပို့ပေးခဲ့ တဲ့ လွမ်းသူပန်းခြင်းလေး ထဲက ပန်းလေးတွေက ဒီနေ့မှာ ညှိုးသွားပြီဖြစ်ပေမဲ့ ဘဘပျိုးခဲ့ တဲ့ ဒီမိုကရေစီပန်းလေးတွေက ထာဝရ လန်းဆန်းနေမှာပါ။

ဘဘ ဦးဗိုလ်ဇံတစ်ယောက် ကောင်းရာသုဂတိလားပါစေ။

မေပုပ္ပား
၂၀၁၃ နိုဝင်ဘာ ၂၆ ရက်




Posted: 26 Nov 2013 07:54 AM PST

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ အင်္ဂါနေ့မှာ ပြည်ထဲရေးဝန်ကြီးရုံးကို ဝိုင်းထားပြီး တညလုံး ဆက်ပြီး ဆန္ဒပြမယ်လို့ ကြွေးကြော်နေကြပါတယ်။ ဘန်ကောက်က ဘဏ္ဍာရေးဝန်ကြီးရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးတွေရဲ
့ တချို့နေရာတွေကို ဆန္ဒပြသူတွေက တနင်္လာနေ့ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး တခြားအစိုးရ အဆောက်အဦး အတော်များများရဲ့ အပြင်ဘက်တွေမှာလည်း စခန်းချထားကြပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...